ကမ္ဘာပေါ်က ကားအသုံးမပြုတဲ့ မြို့ကြီး (၈) မြို့

ကမ္ဘာပေါ်မှာ ကားတွေကို အသုံးပြုခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ပါပြီ။ ကားတွေက သယ်ယူပို့ဆောင်ရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမယ့် လန်ဒန်မှာဆိုရင်တော့ သွားချင်တဲ့နေရာတွေကို စက်ဘီးနဲ့သွားတာက ကားနဲ့သွားတာထက် ပိုမြန်ဆန်ပါတယ်။ ကမ္ဘာပေါ်က တချို့မြို့တော်တွေမှာ ကားမသုံးဘဲ လမ်းလျှောက်သွားလာလို့ပဲ ရတဲ့ဇုန်တွေကို သတ်မှတ်ထားပါတယ်။

၁။ Copenhagen မြို့၊ ဒိန်းမတ်နိုင်ငံ

Copenhagen မြို့မှာ ကားအစီးရေ အနည်းငယ်သာ ရှိပါတယ်။ ၁၉၆၀ ခုနှစ်တွေလောက်ကစပြီး မြို့ထဲမှာ ခြေကျင်လျှောက်သွားလို့ရမယ့် လမ်းတွေကို တိုးချဲ့ပြီး ကားသွားလို့ရမယ့် လမ်းတွေကို ကျဉ်းလိုက်ပါတယ်။ အခုဆိုရင်တော့ Copenhagen မြို့မှာ စက်ဘီးစီးလို့ရတဲ့ လမ်းတွေကို ပေါင်းလိုက်ရင် မိုင် ၂၀၀ ကျော် ရှိပါတယ်။

၂။ Hamburg မြို့၊ ဂျာမနီနိုင်ငံ

မြို့ထဲမှာ ကားတွေ မသွားဖို့ တင်းတင်းကျပ်ကျပ် မတားမြစ်ထားပေမယ့် မြို့ထဲမှာ သွားလာသူတွေက လမ်းလျှောက်တာနဲ့ စက်ဘီးစီးတာကို ပိုပြီး ရွေးချယ်ကြပါတယ်။ လမ်းလျှောက်ခြင်းနဲ့ စက်ဘီးစီးခြင်းကို ဦးစားပေးပြီး ယာဉ်အသုံးပြုမှုတွေကို လျှော့ချမယ့် Green network project ကိုလည်း စတင်ပြီးပြီ။ နောင်နှစ် ၂၀ ဆိုရင် Hamburg မြို့မှာ ပန်းခြံတွေ၊ စက်ဘီးစီးတဲ့လမ်းတွေ၊ လမ်းလျှောက်ဖို့လမ်းတွေ ပေါများလာတော့မှာပါ။

၃။ Madrid မြို့၊ စပိန်နိုင်ငံ

Madrid မြို့က အဓိက လမ်းမကြီးအများစုဟာ car-free zone တွေပါ။ Car-free zone တွေထဲကို ကားနဲ့ဝင်လာတဲ့ ဘယ်သူမဆို ဒဏ်ကြေး ဒေါ်လာ ၁၀၀ ဆောင်ရပါတယ်။ နောက်ထပ် ၅ နှစ်မှာ မြို့လယ်ထဲ လမ်းလျှောက်လို့ ရအောင်ပဲ လမ်းတွေကို ဒီဇိုင်းပြန်ဆွဲထားပါတယ်။

၄။ ပဲရစ်မြို့၊ ပြင်သစ်နိုင်ငံ

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ပဲရစ်မှာ မီးခိုးမြူတွေက အံ့ဩစရာ ကောင်းလောက်အောင် များပြားလာပါတယ်။ မြို့တော်အစိုးရက ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ၃၀% အထိ လျှော့ချနိုင်ခဲ့ပါတယ်။ မြို့ထဲမှာ စက်ဘီးစီးတဲ့လမ်းတွေ တိုးလာအောင်လုပ်ပြီး လျှပ်စစ်ကားတွေကိုပဲ မြို့ထဲကို ဝင်ခွင့်ပြုပါတယ်။ အခုဆိုရင် ပဲရစ်မြို့ထဲမှာ လမ်းလျှောက်သွားလို့ ရမယ့်လမ်းတွေ များလာပါပြီ။ ပိတ်ရက်တွေမှာ ဒေသခံတွေကို ကားမောင်းခွင့် မပြုထားပါဘူး။

၅။ Helsinki မြို့၊ Finland နိုင်ငံ

ဖင်လန်နိုင်ငံရဲ့ လူဦးရေက နောက် ၁၀ နှစ်ဆိုရင် တိုးလာတော့မှာပါ။ အဲဒါကြောင့် ကားအစီးရေတွေကို လျှော့ချတော့မှာပါ။ ဆင်ခြေဖုံးရပ်ကွက်တွေမှာပဲ ကားမောင်းလို့ရမှာဖြစ်ပြီး မြို့လယ်မှာတော့ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေ ရှိပါတယ်။ စက်ဘီး အငှားဝန်ဆောင်မှုကို ဖုန်း apps တွေကနေ ပြုလုပ်လို့ ရပါတယ်။ အဲဒါကြောင့် နောက်ဆိုရင် Helsinki မြို့မှာ ကားတွေ သိပ်မလိုအပ်တော့ပါဘူး။

၆။ Chengdu မြို့၊ တရုတ်နိုင်ငံ

ဒီလို လမ်းလေးတွေက Chengdu က ဆင်ခြေဖုံးနေရာတွေမှာ ရှိပါတယ်။ အဲဒီလမ်းလေးတွေကနေ သွားရင် ဘယ်နေရာကိုမဆို ခြေလျင် ၁၅ မိနစ်နဲ့ ရောက်နိုင်ပါတယ်။ အဓိက လမ်းမကြီးရဲ့တစ်ဝက်ကို ကားမောင်းဖို့ ခွင့်ပြုထားပြီး ကျန်တစ်ဝက်ကိုတော့ စက်ဘီးစီးသူနဲ့ လမ်းလျှောက်သူတွေ အသုံးပြုနိုင်ပါတယ်။

၇။ Bogota မြို့၊ ကမ္ဘောဒီးယားနိုင်ငံ

Bogota မြို့မှာ စက်ဘီးလမ်းနဲ့ လမ်းလျှောက်ဇုန်ကို ၁၉၅၀ ခုနှစ်တွေတုန်းက ဖန်တီးခဲ့ပါတယ်။ အခုဆိုရင် စက်ဘီးလမ်းက စုစုပေါင်း ၃၀၀ ကီလိုမီတာ ရှည်လျားနေပါပြီ။ မြို့လယ်ခေါင်က လမ်းတွေမှာ ကားမရှိပါဘူး။ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေကိုတော့ ခွင့်ပြုထားပါတယ်။

၈။ Milan မြို့၊ အီတလီနိုင်ငံ

မြို့တော်အစိုးက ကားကို အိမ်မှာတမင်ထားခဲ့သူတိုင်းကို အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်လက်မှတ်တွေ အခမဲ့ပေးပါတယ်။ ကားတွေအားလုံးကို အထူးစနစ်နဲ့ မှတ်ပုံတင် ထားပါတယ်။ကားကို ရပ်ထားခဲ့ရင် ကားပိုင်ရှင်က ဘတ်စ်ကား သို့မဟုတ် ရထားစီးဖို့ ငွေရပါသေးတယ်။

Zombie (lovemedia)

Post a Comment

0 Comments