ချမ်းသာဖို့ ပဌမဆုံး လိုက်နာရမယ့် အချက်တချက်

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဆိုတဲ့ စာအုပ်ထဲမှာ လူတယောက် အနေနဲ့ ချမ်းသာချင်ရင် ပဌမဆုံး လိုက်နာ ကျင့်သုံးရမယ့် အချက် တချက် ရှိပါတယ်။

အဲ့တာ ဘာလဲ ဆိုတော့ "ငါရတဲ့ ဝင်ငွေရဲ့ တစိတ်တပိုင်းသည် ငါ့အတွက် ကိုယ်ပိုင် ဥစ္စာ ဖြစ်စေရမည်" ဆိုတာပါပဲ။ ကျွန်တော်တို့ ဝင်ငွေက ကျွန်တော်တို့ ကိုယ်ပိုင် ဟုတ်ပါရဲ့လား။ စာထဲမှာ ညွှန်းဆို ထားတာ ကတော့

"မင်း အဝတ်ထည်တွေ ရဖို့ အပ်ချူပ်သမားကို ပိုက်ဆံ မပေးရဘူးလား၊ ဖိနပ်စီးဖို့ ဖိနပ်ချူပ်သမားကို ငွေမပေးရ ဘူးလား၊ အဲ့ဒီလိုပဲ အစားသောက်တွေ အတွက်ကော ဘေဘီလုံမြို့မှာ မင်းပိုက်ဆံကို မသုံးရဘူးလား။

ပြီးခဲ့တဲ့ လက ရတဲ့ မင်းရဲ့ဝင်ငွေ ဘယ်နှစ်ပြား ကျန်သလဲ၊ ပြီးခဲ့တဲ့ တနှစ်လုံးက ရတဲ့ ငွေကော ဘယ်မလဲ၊ မရှိဘူး မို့လား။

တကယ်တော့ မင်းကိုယ်မင်းက လွဲပြီး လူတကာကို ပိုက်ဆံတွေ ပေးနေခဲ့တာပါ။ အဲ့လို မဟုတ်ပဲ မင်းရလာတဲ့ ဝင်ငွေရဲ့ ဆယ်ပုံ တပုံကို စုဆောင်းခဲ့မယ် ဆိုရင် ၁၀ နှစ် အတွင်းမှာ မင်းဟာ ဘယ်လောက် ချမ်းသာနေမလဲ"

အဓိက ဒီစာပိုဒ်လေးရဲ့ ဆိုလိုရင်း ဖြစ်တဲ့ "ငါရတဲ့ ဝင်ငွေရဲ့ တစိတ်တပိုင်းဟာ ငါ့အတွက် ကိုယ်ပိုင် ဥစ္စာ ဖြစ်ရမည်" ဆိုတာ ကိုယ့်ရဲ့ ဝင်ငွေတွေကို ဝင်သလောက် သုံးမပစ်ပဲ ဆယ်ပုံ တပုံလောက်ကို စုဆောင်းထားဖို့ပဲ ဖြစ်ပါတယ်။

အဲ့လို စုဆောင်းထားတဲ့ တဆင့်မှာပဲ မပြီးပဲ "ကိုယ်စုထားတဲ့ ငွေတိုင်းဟာ ကိုယ့်အတွက် အလုပ် လုပ်ပေးနိုင်မဲ့ ကျေးကျွန်တွေ ဖြစ်ရမယ်"

တနည်းအားဖြင့် စုဆောင်းရုံနဲ့ မပြီးဘူး၊ ပြန်လည် ရင်းနှီးပြီး ခိုင်းစေရမယ်။

အဲ့ဒီ ကျေးကျွန်ငွေသားတွေ ကနေ တဆင့် နောက်ထပ် အစွယ်ဖွား သားသမီးတွေ မွေးနိုင်အောင် လုပ်ဆောင်ရမယ်တဲ့။ မင်းဟာ ချမ်းသာချင်တဲ့လူ ဆိုရင် မင်းစုဆောင်းသမျှကို တိုးပွားအောင် လုပ်ရပါမယ်တဲ့။

ဒါကြောင့် ချမ်းသာချင်တဲ့ လူတယောက်အနေနဲ့ ပဌမဆုံး လိုက်နာ ကျင့်သုံးရမဲ့ အချက်ဟာ ကိုယ်ဝင်ငွေရဲ့ ဆယ်ပုံ တပုံကို ကိုယ့်အတွက်ပြန်လည် စုဆောင်းဖို့ပဲ ဖြစ်ပါတယ်။

Crd

ဆရာကြီးဖေမြင့် စာအုပ်ထဲမှ ကိုးကား၍

Post a Comment

0 Comments