စားသလောက် ကယ်လိုရီတွေ လျော့ကျစေဖို့ အားကစားစက်ဘီးတွေ တပ်ဆင်ပေးထားတဲ့ စားသောက်ဆိုင် (ရုပ်သံ)

အာလူးကြော်တွေ၊ ဘာဂါတွေက ကိုယ်အလေးချိန် အများကြီး တက်သွားစေတဲ့ အစားအစာတွေထဲက တစ်ခုပါပဲ။ ဒါပေမယ့် ဘာဂါစားရင်း ကယ်လိုရီတွေ လောင်ကျွမ်းမယ့်နည်းကိုတော့ တရုတ်နိုင်ငံက McDonald ဆိုင်က အကြံရသွားပါတယ်။

အဲဒီဆိုင်က ဆိုင်ထဲမှာ ထိုင်ခုံတွေ စားပွဲတွေမထားဘဲ အားကစားစက်ဘီးလေးတွေကို အစားထိုးထား လိုက်တာပါ။ အားကစားစက်ဘီးလေးတွေကို ပြန်လည်သုံးနိုင်တဲ့ ပလက်စတစ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားပါတယ်။ အဲဒါကြောင့် အစားအသောက်တွေစားရင်း လေ့ကျင့်ခန်းလုပ်လို့ ရသွားပါပြီ။

အဲဒီ စားသောက်ဆိုင်ကတော့ တရုတ်နိုင်ငံက Gunagdong မှာ တည်ရှိပါတယ်။ အစားစားရင်း စက်ဘီးစီးနိုင်တာကြောင့် စားလိုက်တဲ့ ကယ်လိုရီမှန်သမျှ လောင်ကျွမ်းသွားစေပါတယ်။ ဒါ့အပြင် ဆိုင်မှာ လာစားသူတွေအတွက် စက်ဘီးစီးရင်း ထွက်လာတဲ့ စွမ်းအင်ကနေ ဖုန်းအားသွင်းလို့ ရပါတယ်။

တရုတ်နိုင်ငံထဲမှာ အစားအသောက် မှာစားရင်း စက်ဘီးစီးလို့ရတဲ့ McDonald ဆိုင်နှစ်ဆိုင် ရှိပါတယ်။ တစ်ဆိုင်က Guangdong နဲ့ တစ်ဆိုင်က Shanghai မှာရှိပါတယ်။ နှစ်ဆိုင်ပေါင်းမှာ စက်ဘီး ၁၀ စီးရှိပါတယ်။

" စက်ဘီးက လျှပ်စစ်ကို ထုတ်လုပ်ပေးတာကြောင့် ဖုန်းအားသွင်းလို့ရတယ်။ ပြီးတော့ ပလက်စတစ်ပစ္စည်းတွေကို recycle ပြန်သုံးထားလို့ရကြောင့် တီထွင်ထားတာပါ" လို့ McDonald's China က ပြောပါတယ်။

ဘာဂါစားရင်း စက်ဘီးစီးနေတဲ့ video တစ်ခုကို အမျိုးသမီး တစ်ယောက်က tiktokမှာ တင်လိုက်တဲ့အခါ လူကြိုက် အရမ်းများသွားပါတယ်။ အခြားစားသောက်ဆိုင်တွေလည်း ဒီနည်းကို သုံးသင့်ကြောင့်လည်း အကြံပြုထားကြပါတယ်။

အစားအသောက်တွေ စားရင်း စက်ဘီးစီးနိုင်တာကြောင့် လာစားသူတွေကလည်း သဘောကျကြပါတယ်။ စက်ဘီးတွေကို စွန့်ပစ်ပလက်စတစ် ပစ္စည်းတွေကနေ ပြန်လည်တီထွင်ထားတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသားလည်း ဖြစ်စေပါတယ်။

video

Zombie (lovemedia)

Post a Comment

0 Comments