ခွေးလေးတစ်ကောင်လို့ အထင်ခံရလောက်အောင် ချစ်ဖို့ကောင်းပြီး ကြီးမားနေတဲ့ကြောင်ကလေး

Maine Coon အမျိုးအစား ကြောင်လေးဟာ အသက် ၂ နှစ်အောက် အသက်အရွယ်လောက်ပဲ ရှိပါသေးတယ်။ အလေးချိန်ကတော့ ၁၂.၅ ကီလိုဂရမ်ရှိပြီး ကမ္ဘာ့အကြီးဆုံးကြောင် ဖြစ်လာဖို့ ဦးတည်နေပါတယ်။

ပိုင်ရှင်ဖြစ်သူ Yulia Minina နှင့်အတူ ရုရှားနိုင်ငံ Stary Oskol မြို့ငယ်လေးမှာ နေထိုင်တဲ့ ကြောင်လေး Kefir ဟာ အလွန်ကြီးမားတာကြောင့် လူတွေက သူ့ကို ခွေးတစ်ကောင်လို့တောင် အထင်မှားတတ်ကြပါတယ်။

တစ်နှစ်နှင့် 10 လသား အရွယ်မှာပဲ အမွေးအဖြူရောင်ရှိတဲ့ ဒီကြောင်လေးဟာ Maine Coon ကြောင်တွေရဲ့ ပျမ်းမျှအရွယ် ရောက်ပြီး အလေးချိန်ကို ကျော်လွန်နေပြီပဲ ဖြစ်ပါတယ်။

Maine Coon ကြောင်ထီးတွေဟာ ပုံမှန်အားဖြင့်တော့ 6.8 kg ကနေ 11.3 kgs အတွင်း အလေးချိန် ရှိပါတယ်။ Kefir ဟာ သုံးနှစ် သို့မဟုတ် လေးနှစ်မပြည့်မချင်း သူရဲ့အရွယ်အစား ဖွံ့ဖြိုးနေတာကို တားဆီးနိုင်ဦးမှာ မဟုတ်ပါဘူး။

ပိုင်ရှင်ဖြစ်သူ Yulia Minina ကတော့ ဒီကြောင်လေးကို စတွေ့တွေ့ချင်းမှာပဲ နှင်းလို ဖွေးဖွေးဖြူနေတဲ့ အမွေးတွေကို ချစ်မိခဲ့ပါတယ်။ နို့ရည်ရည်လေးလို ဖွေးနုနေတာကို အစွဲပြုပြီး Kefir လို့ နာမည်ပေးခဲ့ပါတယ်။

ကြောင်လေးဟာ ဂျီးများတတ်ပြီး အစာခြောက်တွေကို မစားတာကြောင့် အသားနှင့် တခြားအစာတွေပဲ ကျွေးခဲ့ရပါတယ်။

Minina ကတော့ ဒီသာမန်ကလေးလေးဟာ ဒီလောက်ကြီးကြီး ဖြစ်လာနိုင်တယ်ဆိုတာ တွေးတောင် မတွေးနိုင်ခဲ့ပါဘူး။ အရွယ်အစား ကြီးပြင်းလာရုံသာမက ထက်မြက်ပြီး အမြဲတမ်း တည်တည်ငြိမ်ငြိမ် နေတတ်သူပါ။ Kefir က ကြောက်ဖို့ကောင်းတဲ့ ပုံစံပေါက်နေပေမယ့်လည်း အလွန် ချစ်ခင်ကြင်နာတတ်ပြီး ကျိုးနွံတဲ့ ကလေးလေး ဖြစ်ပါတယ်လို့ ဆိုပါတယ်။

သူစိမ်းတွေ အိမ်ကို လာလည်တိုင်း လူတိုင်းက သူ့ကို ခွေးတစ်ကောင်လို့ ထင်တတ်ကြပါတယ်။ သူငယ်ချင်းတွေနှင့် အသိမိတ်ဆွေတွေ အိမ်လာလည်တဲ့အခါမှာလည်း သူ့ပေါ်ကို အာရုံစိုက်အောင် တအားလုပ်တယ်လို့ ပြောပါသေးတယ်။

Boredpanda ရဲ့အဆိုအရ Kefir ဟာ အလွန်စမတ်ကျတဲ့ ကြောင်လေး ဖြစ်ပါတယ်။ အိမ်ထဲမှာဖြစ်နေတဲ့ ခံစားချက်တွေကိုလည်း ခံစားနိုင်ပါတယ်။ ပြီးတော့ တခြားကြောင်လေးတွေလို မှေးပြီးလည်း အိပ်မနေတတ်၊ အော်လည်းမအော်ဘဲ အိမ်တွင်းပရိဘောဂကိုလည်း မထိခိုက်စေတတ်ပါဘူး။ တကယ့်ကို ပြီးပြည့်စုံတဲ့ ကြောင်တစ်ကောင်ပါလို့ ဆိုထားပါတယ်။

သူ့မှာ နောက်ထပ် အလေ့အကျင့်တစ်ခု ရှိပါသေးတယ်။ ညဘက်ဆို လူပေါ်တက်ပြီး အိပ်ရတာကို သူ ကြိုက်ပါတယ်။ ကြောင်ကလေးတုန်းကတော့ အဆင်ပြေပါတယ်။ အခုအချိန်မှာတော့ သူကအရမ်းကို ကြီးမားပြီး လေးလံလာပါတယ်။ ဒါကြောင့် ညဘက်တွေ အိပ်ပျော်ဖို့တောင် ခက်ခဲလာပါတယ်လို့ Yulia က ပြောပါတယ်။

Maine Coon ကြောင်တွေဟာ လက်ရှိအချိန်မှာ အသက်အရှည်ဆုံး အိမ်မွေးကြောင်အဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်ကို နေရာယူထားပါတယ်။ အရှည် 120 စင်တီမီတာ အတိုင်းအတာနဲ့ အီတလီနိုင်ငံက ကြောင်လေး Barivelဟာ 2018 ခုနှစ် မေလကတည်းက ဂင်းနစ်စံချိန် ဝင်ခဲ့တာပါ။

ရုပ်သံ

Zombie (lovemedia)

Post a Comment

0 Comments