ပိတုန်းနှင့်ဆင်

သိပ္ပံပညာရှင်များရဲ့ လေ့လာချက် အရ ပိတုန်းတွေဟာ လေပေါ် ပျံတက်ဖို့ ဘယ်လိုမှ မဖြစ်နိုင် ပါဘူးတဲ့။ ပိတုန်းရဲ့ အတောင်ပံဟာ အရမ်းသေးငယ်ပြီး ခန္ဓာကိုယ်က ပိုကြီးတဲ့ အတွက် ဖြစ်ပါတယ်တဲ့။

သူ့ရဲ့ အတောင်ပံက သူ့ခန္ဓာကိုယ်ကို သယ်ပြီး ပျံသန်းဖို့က ဘယ်လိုမှ မဖြစ်နိုင် ပါဘူးတဲ့။ ဒါပေမယ့် ပိတုန်းက ဘာလို့ လေပေါ် ပျံနိုင်တာလဲ။ စိတ်ဝင်စားစရာပါ။

ပိတုန်းက သူ မပျံနိုင်တာကို မသိပဲနဲ့ ကြိုးစား ပျံသန်းရင်းနဲ့ ပျံလို့ ရသွားတာ ပါတဲ့။ သဘောက ကိုယ့်ကို သဘာဝတရား အရ ကန့်သတ်ထားတာကို မသိပဲ ကြိုးစား ပြုလုပ်ရင်းက လုပ်လို့ ရသွားတာပါ။

နောက်ထပ် စိတ်ဝင်စားစရာ တိရိစ္ဆာန်က ဆင်ပါ။ ဆင်တွေကို သံကြိုးနဲ့ ချည်ပြီး ချွန်းနဲ့ ထိုးကာ ခိုင်းကြ ပါတယ်။ တကယ်က ဆင်ကို ချည်ထားတဲ့ သံကြိုးကို ဆင်အားနဲ့ တချက် ရုန်းလိုက်ရင် သံကြိုးပြတ်ပြီး အနှောင်အဖွဲ့က လွတ်မြောက် သွားနိုင် ပါတယ်တဲ့။

ဒါပေမယ့် ဆင်တွေ အနေနဲ့ ရုန်းမကြည့် ကြပါဘူတဲ့။ သူတို့ရုန်းလည်း လွတ်မယ် မထင်လို့ ပါတဲ့။ ဘာလို့ သူတို့ အဲဒီလို ထင်လဲ ဆိုတော့ ဆင်တွေကို ငယ်စဉ် ကတည်းက ခိုင်ခံ့တဲ့ ကြိုးနဲ့ ချည်နှောင် ထားလို့ပါတဲ့။ သူတို့ ကြိုးစား ရုန်းကြည့်ပေမဲ့ မရပါဘူး။

အဲဒီလို ငယ်စဉ် ကတည်းက ရိုက်သွင်း ထားတဲ့ အတွက် ဆင်တွေ ကြီးလာလို့ ခွန်အားနဲ့ ပြည့်စုံချိန် မှာလည်း ငါ့တို့ ဒီသံကြိုးက လွတ်မှာ မ ဟုတ်ပါဘူးလို့ ယုံကြည်ပြီး ရုန်းမကြည့် တော့တာ ပါတဲ့။

ဒီတိရိစ္ဆာန် နှစ်မျိုးကနေ ဘာတွေ သင်ယူနိုင်မလဲ ဆိုတော့ ပိတုန်းလို သဘာဝတရားကြီးက ကန့်သတ် ထားတာတောင် ကြိုးစား ပြုလုပ်ရင်းက လုပ်လို့ ရသွားတယ်။ ဆင်ကတော့ ကိုယ့်မှာ လုပ်နိုင်စွမ်း ရှိတာတောင် ကိုယ်လုပ်နိုင်တာ မယုံကြည်တဲ့ အတွက် မလုပ်ကြည့် တော့ပါဘူးတဲ့။

ကျနော်တို့ လူ့အသိုင်းအဝိုင်းမှာ ပိတုန်းလို လူတွေလည်း ရှိပါတယ်။ ရိုက်ညီနောင် တို့လို လေယာဉ်ပျံ တီထွင်တဲ့ သူတွေ၊ မီးလုံး တီထွင်တဲ့ အက်ဒီဆင် တို့လို သူတွေ၊ ဂရေဟမ်ဘဲလ်လို တယ်လီဖုန်း ထွင်တဲ့ သူတွေပါ။ ပိတုန်းလိုပဲ မဖြစ်နိုင်ဘူး ထင်တဲ့ အရာတွေကို လုပ်ပြနိုင်တဲ့ သူတွေပါ။

တချို့တွေကတော့ ဆင်လိုမျိုး အရည်အချင်းတွေ ရှိပါတယ်။ ဒါပေ့မယ် မလုပ်ကြည့် တဲ့အတွက် မလုပ်နိုင်ဘူး ထင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ရည်မှန်းချက် အသစ်တွေ ချပါ။ ကြိုးစား အကောင်အထည် ဖော်ပါ။

ပိတုန်းတွေလို တိရိစ္ဆာန် ကတောင် သဘာဝတရားက ကန့်သတ်ချက်ကို လွန်ဆန်နိုင်ရင် ကျနော်တို့လို လူသားတွေက ကိုယ့်ဘဝမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရည်မှန်းချက်တွေ ဘာကြောင့် ကြိုးစား အကောင်အထည် မဖော်နိုင်ရမှာလဲဗျာ။

Crd

Zawgyi

ပိတုန္းႏွင့္ဆင္

သိပၸံပညာရွင္မ်ားရဲ႕ ေလ့လာခ်က္ အရ ပိတုန္းေတြဟာ ေလေပၚ ပ်ံတက္ဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ ပါဘူးတဲ့။ ပိတုန္းရဲ႕ အေတာင္ပံဟာ အရမ္းေသးငယ္ၿပီး ခႏၶာကိုယ္က ပိုႀကီးတဲ့ အတြက္ ျဖစ္ပါတယ္တဲ့။

သူ႔ရဲ႕ အေတာင္ပံက သူ႔ခႏၶာကိုယ္ကို သယ္ၿပီး ပ်ံသန္းဖို႔က ဘယ္လိုမွ မျဖစ္ႏိုင္ ပါဘူးတဲ့။ ဒါေပမယ့္ ပိတုန္းက ဘာလို႔ ေလေပၚ ပ်ံႏိုင္တာလဲ။ စိတ္ဝင္စားစရာပါ။

ပိတုန္းက သူ မပ်ံႏိုင္တာကို မသိပဲနဲ႔ ႀကိဳးစား ပ်ံသန္းရင္းနဲ႔ ပ်ံလို႔ ရသြားတာ ပါတဲ့။ သေဘာက ကိုယ့္ကို သဘာဝတရား အရ ကန႔္သတ္ထားတာကို မသိပဲ ႀကိဳးစား ျပဳလုပ္ရင္းက လုပ္လို႔ ရသြားတာပါ။

ေနာက္ထပ္ စိတ္ဝင္စားစရာ တိရိစာၦန္က ဆင္ပါ။ ဆင္ေတြကို သံႀကိဳးနဲ႔ ခ်ည္ၿပီး ခြၽန္းနဲ႔ ထိုးကာ ခိုင္းၾက ပါတယ္။ တကယ္က ဆင္ကို ခ်ည္ထားတဲ့ သံႀကိဳးကို ဆင္အားနဲ႔ တခ်က္ ႐ုန္းလိုက္ရင္ သံႀကိဳးျပတ္ၿပီး အေႏွာင္အဖြဲ႕က လြတ္ေျမာက္ သြားႏိုင္ ပါတယ္တဲ့။

ဒါေပမယ့္ ဆင္ေတြ အေနနဲ႔ ႐ုန္းမၾကည့္ ၾကပါဘူတဲ့။ သူတို႔႐ုန္းလည္း လြတ္မယ္ မထင္လို႔ ပါတဲ့။ ဘာလို႔ သူတို႔ အဲဒီလို ထင္လဲ ဆိုေတာ့ ဆင္ေတြကို ငယ္စဥ္ ကတည္းက ခိုင္ခံ့တဲ့ ႀကိဳးနဲ႔ ခ်ည္ေႏွာင္ ထားလို႔ပါတဲ့။ သူတို႔ ႀကိဳးစား ႐ုန္းၾကည့္ေပမဲ့ မရပါဘူး။

အဲဒီလို ငယ္စဥ္ ကတည္းက ႐ိုက္သြင္း ထားတဲ့ အတြက္ ဆင္ေတြ ႀကီးလာလို႔ ခြန္အားနဲ႔ ျပည့္စုံခ်ိန္ မွာလည္း ငါ့တို႔ ဒီသံႀကိဳးက လြတ္မွာ မ ဟုတ္ပါဘူးလို႔ ယုံၾကည္ၿပီး ႐ုန္းမၾကည့္ ေတာ့တာ ပါတဲ့။

ဒီတိရိစာၦန္ ႏွစ္မ်ိဳးကေန ဘာေတြ သင္ယူႏိုင္မလဲ ဆိုေတာ့ ပိတုန္းလို သဘာဝတရားႀကီးက ကန႔္သတ္ ထားတာေတာင္ ႀကိဳးစား ျပဳလုပ္ရင္းက လုပ္လို႔ ရသြားတယ္။ ဆင္ကေတာ့ ကိုယ့္မွာ လုပ္ႏိုင္စြမ္း ရွိတာေတာင္ ကိုယ္လုပ္ႏိုင္တာ မယုံၾကည္တဲ့ အတြက္ မလုပ္ၾကည့္ ေတာ့ပါဘူးတဲ့။

က်ေနာ္တို႔ လူ႔အသိုင္းအဝိုင္းမွာ ပိတုန္းလို လူေတြလည္း ရွိပါတယ္။ ႐ိုက္ညီေနာင္ တို႔လို ေလယာဥ္ပ်ံ တီထြင္တဲ့ သူေတြ၊ မီးလုံး တီထြင္တဲ့ အက္ဒီဆင္ တို႔လို သူေတြ၊ ဂေရဟမ္ဘဲလ္လို တယ္လီဖုန္း ထြင္တဲ့ သူေတြပါ။ ပိတုန္းလိုပဲ မျဖစ္ႏိုင္ဘူး ထင္တဲ့ အရာေတြကို လုပ္ျပႏိုင္တဲ့ သူေတြပါ။

တခ်ိဳ႕ေတြကေတာ့ ဆင္လိုမ်ိဳး အရည္အခ်င္းေတြ ရွိပါတယ္။ ဒါေပ့မယ္ မလုပ္ၾကည့္ တဲ့အတြက္ မလုပ္ႏိုင္ဘူး ထင္တဲ့ သူေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ ရည္မွန္းခ်က္ အသစ္ေတြ ခ်ပါ။ ႀကိဳးစား အေကာင္အထည္ ေဖာ္ပါ။

ပိတုန္းေတြလို တိရိစာၦန္ ကေတာင္ သဘာဝတရားက ကန႔္သတ္ခ်က္ကို လြန္ဆန္ႏိုင္ရင္ က်ေနာ္တို႔လို လူသားေတြက ကိုယ့္ဘဝမွာ ျဖစ္သင့္ျဖစ္ထိုက္တဲ့ ရည္မွန္းခ်က္ေတြ ဘာေၾကာင့္ ႀကိဳးစား အေကာင္အထည္ မေဖာ္ႏိုင္ရမွာလဲဗ်ာ။

Crd

Post a Comment

0 Comments