သင့်ကို အံ့ဩထိတ်လန့်သွားစေမယ့် ကမ္ဘာတစ်ဝှမ်းက အလှအပစံနှုန်း (၈) ခု

ကမ္ဘာပေါ်မှာတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယဉ်ကျေးမှုတွေ မတူသလို အလှအပစံနှုန်းတွေလည်း မတူပါဘူး။ တချို့နိုင်ငံက အလှအပစံနှုန်းတွေက သင့်ကို အံ့ဩသွားစေရုံမက ကြောက်လန့်သွားစေမှာပါ။

၁။ Yanomami လူမျိုးနွယ်စု ဘရာဇီးနိုင်ငံ

Yanomami လူမျိုးနွယ်စုက တောင်အမေရိကတိုက်ရဲ့ မိုးသစ်တောတွေထဲမှာ အနေများပြီး အခြားလူမျိုးစုတွေနဲ့ ထိတွေ့ဆက်ဆံမှု နည်းပါတယ်။ သူတို့ကို အန္တရာယ်အရှိဆုံး လူမျိုးနွယ်စုအဖြစ် သတ်မှတ်ထားတာကြောင့် ကျုးကျော်တာတွေ၊ ရောဂါတွေနဲ့ ပတ်သက်လာရင် ဘရာဇီးအစိုးရက သူတို့ကို အကာအကွယ် မပေးပါဘူး။

သူတို့တွေက မကြာခဏ ပြန်ပေးဆွဲခံရတာ၊ အရိုက်ခံရတာ၊ အကြမ်းဖက်ခံရတာတွေ ကြုံတွေ့ရပါတယ်။ သူတို့ လူမျိုးစုတွေက မျက်နှာမှာ သစ်သားချောင်းလေးတွေ ဖောက်ပြီး စိုက်ထားပါတယ်။ သစ်သားချောင်းလေးတွေ စိုက်ထားတာဟာ အရွယ်ရောက်ပြီးကြောင်း အမှတ်အသားဖြစ်ကြောင်း မနုဿဗေဒ ပညာရှင်တွေက ယုံကြည်ကြပါတယ်။

၂။ Daasanach လူမျိုးနွယ်စု၊ အီသီယိုးပီးယားနိုင်ငံ

Daasanch လူမျိုးနွယ်စုက အီသီယိုးပီးယားနိုင်ငံ Omo တောင်ကြားမှာ အများဆုံး နေထိုင်ကြပါတယ်။ သူတို့တွေက သဘာဝတရားကို တန်ဖိုးထားကြပါတယ်။ စွန့်ပစ်ပစ္စည်းတွေကို လက်ဝတ်ရတနာအဖြစ် ပြုလုပ်ပြီး ဝတ်ဆင်ကြပါတယ်။ သူတို့က ကမ္ဘာကြီးကို ရိုးရိုးရှင်းရှင်းပဲ ရှုမြင်ကြပါတယ်။

၃။ Apatani အမျိုးသမီးများ၊ အိန္ဒိယနိုင်ငံ

Apatani လူမျိုးနွယ်စုက အိန္ဒိယနိုင်ငံ၊ Aruncahal Pradesh ပြည်နယ်မှာ နေထိုင်ကြပါတယ်။ အနီးအနားက လူမျိုးနွယ်စုအကြားမှာတော့ Apatani အမျိုးသမီးတွေကို အလှပဆုံးလို့ သတ်မှတ်ထားကြပါတယ်။ အဲဒါကြောင့် အခြားအမျိုးသားတွေ သူတို့ကို စိတ်မဝင်စားအောင် နှာခေါင်းမှာ အပေါက်ဖောက်ပြီး အဆို့ဆို့ထားပါတယ်။

၄။ Afar လူမျိုးနွယ်စု၊ အီသီယိုးပီးယားနိုင်ငံ

အီသီယိုးပီးယားနိုင်ငံက Afar လူမျိုးနွယ်စုရဲ့ အလှအပ စံနှုန်းကတော့ အရမ်းကို ထင်ရှားပါတယ်။ အဲဒါကတော့ သွားကို ဆောက်နဲ့ထွင်းတာပါ။ ပြုံးလိုက်ရင် ချွန်ထက်နေတဲ့ သွားလေးတွေကို လှတယ်လို့ သတ်မှတ်ထားပါတယ်။ ဆံထုံးကိုလည်း ထူးထူးဆန်းဆန်း ထုံးတတ်ပြီး နှာခေါင်းမှာလည်း အပေါက်ဖောက်ကြပါတယ်။

၅။ Mursi လူမျိုးနွယ်စု၊ အီသီယိုးပီးယားနိုင်ငံ

Mursi လူမျိုးနွယ်စု အမျိုးသမီးတွေက နှုတ်ခမ်းမှာ အပေါက်ကြီးတွေ ဖောက်ထားတတ်ကြပါတယ်။ ခေါင်းမှာ ဦးချိုတွေနဲ့ အလှဆင်ပြီး မျက်နှာမှာလည်း ဆေးတွေ ရေးထားပါတယ်။ အစကတော့ ကျွန်ပြုတာ မခံရအောင် ဒီလိုလုပ်ခဲ့တာပါ။ အမျိုးသမီးတွေရဲ့ ကိုယ်လက်အင်္ဂါတွေကို ဖြတ်တောက်တာ၊ ပုံပျက်အောင်လုပ်တာက ကျွန်အဖြစ်ခိုင်းစေဖို့ မသင့်တော်အောင် လုပ်ခြင်းဖြစ်ပါတယ်။ ကာကွယ်ပေးတဲ့ဥပဒေ ပေါ်လာတဲ့အခါ နှုတ်ခမ်းမှာ အပေါက်ဖောက်တာ၊ ခေါင်းမှာ ဦးချိုတပ်တာက သူတို့လူမျိုးရဲ့ အလှအပစံနှုန်း ဖြစ်လာပါတယ်။

၆။ Lahui လူမျိုးနွယ်စု၊ ဗီယက်နမ်နိုင်ငံ

ကမ္ဘာပေါ်က တခြားလူမျိုးတွေက သွားဖြူအောင် တစ်နေ့သုံးကြိမ် သွားတိုက်နေချိန်မှာ ဗီယက်နမ်နိုင်ငံက Lahui လူမျိုးနွယ်စုကတော့ သွားကို မည်းအောင်လုပ်ကြပါတယ်။ သွားကိုမည်းအောင် လုပ်တာက လက်ထပ်ဖို့ အဆင်သင့်ဖြစ်ကြောင်း ပြတာပါ။

၇။ Dayak အမျိုးသမီးများ၊ အင်ဒိုနီးရှားနိုင်ငံ

နားပန်ကို ရှည်အောင်လုပ်တာက အင်ဒိုနီးရှားနိုင်ငံ၊ Dayak လူမျိုးနွယ်စု အမျိုးသမီးတွေ အတွက်တော့ အလှတစ်ပါးပါပဲ။ ငယ်ငယ်ကတည်းက နားဖောက်ပြီး နားပန်ရှည်လာအောင် အလေးချိန်များတဲ့ ကြေးနားကပ်ကြီးတွေကို ဝတ်ကြပါတယ်။ ဒီဓလေ့ကတော့ ကွယ်ပျောက်လုနီးနီး ဖြစ်နေပါပြီ။

၈။ မျက်အိတ်ဖောင်းခြင်း၊ တောင်ကိုရီးယားနိုင်ငံ

တောင်ကိုရီးယားနိုင်ငံက အမျိုးသမီးတွေက ကလေးလို ချစ်စရာကောင်းတဲ့ အသွင်ရအောင် ပြုလုပ်ကြပါတယ်။ မျက်အိတ်ဖောင်းနေရင် ချစ်စရာကောင်းတယ်လို့ တောင်ကိုရီးယား အမျိုးသမီးတွေက သတ်မှတ်ကြပါတယ်။ မျက်အိတ်ဖောင်းတာကို ရအောင်လို့ အဆီတွေကို ဆေးထိုးထည့်သလို မိတ်ကပ်နဲ့လည်း ဖန်တီးယူကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments