ရေချိုးတာက စိတ်ဖိစီးမှုကို အထိုက်အလျောက်တော့ လျော့ပါးစေပါတယ်။ တချို့က ရေကို စိမ်ပြေနပြေချိုးပြီး တချို့ကတော့ ခပ်မြန်မြန် ချိုးကြပါတယ်။ တချို့က ရေကို နေ့တိုင်းချိုးပြီး တချို့ကတော့ တစ်ပတ်မှ ၂ ခါ၊ ၃ ခါလောက်ပဲ ချိုးကြပါတယ်။ အဲဒါကြောင့် သိပ္ပံနည်းအရ တစ်ပတ်ကို ရေဘယ်နှကြိမ် ချိုးသင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ အသားအရေ
သင်က အဆီပြန်တတ်တဲ့ အသားအရေ ရှိသူဆိုရင် ရေကို နေ့စဉ် ချိုးသင့်ပါတယ်။ အသားအရေက ထိလွယ်ရှလွယ်ဆိုရင် တစ်နေ့ကို ရေတစ်ကြိမ်ထက်ပိုပြီး မချိုးသင့်ပါဘူး။ ရေတစ်ကြိမ်ထက် ပိုချိုးရင် အသားအရေ ရောင်ရမ်းတာကို ကြုံတွေ့လာရ နိုင်ပါတယ်။ အသားအရေ ရောင်ရမ်းသူတွေကို တစ်ပတ် ၂ ကြိမ် ၃ ကြိမ်လောက်သာ ရေချိုးဖို့ အရေပြားဆရာဝန်တွေက အကြံပေးကြပါတယ်။
၂။ ဆံပင်
မနက်အိပ်ရာထပြီးရင် ရေချိုး၊ ခေါင်းလျှော်လိုက်တဲ့အခါ အရမ်းကို လန်းဆန်းသွားမှာပါ။ ဒါပေမယ့် ခေါင်းကို နေ့တိုင်းလျှော်စရာတော့ မလိုပါဘူး။ သင်က ဆံပင်ကောက်သူ ဆိုရင် ဆံခွေလေးတွေ ရေဓါတ်ရှိနေအောင်လို့ တစ်ပတ်တစ်ခါ ခေါင်းလျှော်ရင် လုံလောက်နေပါပြီ။
၃။ ကိုယ်လက်လေ့ကျင့်ခန်း
သင်က ကိုယ်လက်လေ့ကျင့်ခန်း အမြဲလုပ်သူဆိုရင်တော့ ရေကို နေ့စဉ် ချိုးသင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်း ရေချိူးရင် ဝက်ခြံထွက်တာကို ကာကွယ်ပေးပြီး ကိုယ်ခံစားစနစ်ကိုလည်း တိုးတက်စေပါတယ်။ ဓါတုပစ္စည်းတွေနဲ့ နေ့စဉ်ထိတွေ့ နေရသူဆိုရင်လည်း နေ့စဉ်ရေချိုး သင့်ပါတယ်။
၄။ ရာသီဥတု
ရာသီဥတုပူတဲ့အခါ တစ်နေ့နှစ်ကြိမ် သို့မဟုတ် တစ်နေ့တစ်ကြိမ်ခန့် ရေချိုးတာက ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ရာသီဥတု အေးတဲ့အချိန်မှာ နေ့တိုင်းရေချိုးစရာတော့ မလိုပါဘူး။ အေးနေတာကို နေ့တိုင်းရေချိုးရင် အသားအရေ ပိုခြောက်သွေ့လာမှာပါ။
Bonus
- ရေနွေးနဲ့ အမြဲချိုးရင် ခန္ဓာကိုယ် အသားအရေအတွက် မကောင်းပါဘူး။
- ရေမွှေးနံ့မပါတဲ့ ရေချိုးဆပ်ပြာကိုသာ ရွေးချယ်သင့်ပါတယ်။
- ရေချိုးတဲ့အချိန်က အများဆုံး ၁၀ မိနစ်သာ ကြာသင့်တယ်လို့ အရေပြားဆရာဝန်တွေက အကြံပေးကြပါတယ်။
- ရေချိုးတဲ့အခါ ဆပ်ပြာကို မျက်နှာ၊ ချိုင်းနဲ့ private areas တွေကိုသာ တိုက်သင့်ပါတယ်။
Zombei (lovemedia)
0 Comments