ဉာဏ်ကောင်းတဲ့ ဗေဒင်ဆရာ

တခါတုန်းက ဘုရင်ကြီး တပါးမှာ သူအလွန် ယုံကြည် ကိုးကွယ်တဲ့ ဗေဒင်ဆရာ တယောက် ရှိတယ်။ တရက်မှာ ဗေဒင်ဆရာက ဘုရင်ကြီး အင်မတန် ချစ်မြတ်နိုးတဲ့ မိဖုရားငယ်လေးဟာ ၈ ရက် အတွင်း သေဆုံးမယ်လို့ ဗေဒင် ဟောလိုက်တယ်။

တကယ်လည်း မိဖုရားငယ်လေးဟာ ၈ ရက်မြောက် နေ့မှာ အသတ်ခံရပြီး သေဆုံး သွားတယ်။ ဘုရင်ကြီးဟာ စိတ်အရမ်း ထိခိုက် သွားတယ်။

ဗေဒင်ဆရာဟာ သူ ဟောပြောတာ မှန်တယ် ဆိုတာကို နန်းတွင်းက လူတွေ အားလုံးကို သိစေချင်လို့ မိဖုရားလေးကို သတ်လိုက်တာလား၊ ဒါမှမဟုတ် တစုံတယောက်ကပဲ သတ်သွားတာလား ဆိုတာ ဘုရင်ကြီး သေသေချာချာ မသိဘူး။ သက်သေ မရှိလို့ စွပ်စွဲလို့လည်း မရဘူး။

ဒါပေမဲ့ ဗေဒင်ဆရာ ဟောလိုက်လို့ သူမြတ်နိုးလှတဲ့ မိဖုရားလေး သေရတာ ဆိုပြီး ဘုရင်ကြီးဟာ ဗေဒင်ဆရာကို သတ်ပစ်ချင် နေတယ်။

နောက်တနေ့မှာ ဘုရင်ကြီးက သူ့အစောင့် စစ်သား တွေကို ခုလို မှာထားတယ်။ ဗေဒင်ဆရာ သူ့အခန်းထဲ ဝင်လာတဲ့ အခါ သူလက်နဲ့ အချက်ပြလိုက်မယ်။ အစောင့်အားလုံးက ဗေဒင်ဆရာကို ဝိုင်းဖမ်းချုပ် ကြပြီး နန်းတော် ပြတင်းပေါက်က ပစ်ချလိုက် ဖို့ပါ။ ဗေဒင်ဆရာကို ပေတရာအမြင့် ကနေ မြေပြင်ပေါ် ပြုတ်ကျ သေစေဖို့ပါ။

ထို့နောက် ဗေဒင်ဆရာ ရောက်လာတယ်။ ဘုရင်ကြီးက အစောင့်တွေကို လက်မပြခင် သူ့မှာ သိချင်တာ တခုရှိလို့ ဗေဒင်ဆရာကို "ဆရာဟာ ဗေဒင်ပညာကို အရမ်း ကျွမ်းကျင်တယ်။ သူများတွေရဲ့ ကံကြမ္မာကိုလည်း အတိအကျ ဟောနိုင်တယ်။ ဒါဆိုရင် ဆရာ့ ကံကြမ္မာကိုလည်း ဆရာ အတိအကျ သိမှာပေါ့နော်။ ဆရာ ဘယ်တော့ သေမလဲ ခင်ဗျာ" လို့ မေးလိုက်ပါတယ်။

ဗေဒင်ဆရာကလည်း ခုလို ပြန်ဖြေ လိုက်တယ်။ "အရှင်မင်းကြီး နတ်ရွာ မစံခင် ၃ ရက် အလိုမှာ ကျွန်တော်မျိုး သေဆုံးပါလိမ့်မယ်"

ထိုအခါမှာတော့ ဘုရင်ကြီးဟာ ဗေဒင်ဆရာကို ပြတင်းပေါက်က ပစ်ချဖို့ အစောင့်တွေကို လက်နဲ့ အချက် မပြတော့ပဲ ဗေဒင်ဆရာကို ငွေကြေးနဲ့ လက်ဆောင်တွေ အများကြီး ပေးပြီး ပြန်လွှတ်လိုက် ပါတော့တယ်။ ဒါတင် မကသေးပါဘူး၊ ဗေဒင်ဆရာ နည်းနည်း နေမကောင်း ဖြစ်တာနဲ့ နန်းတွင်းက အတော်ဆုံး ဆေးဆရာကြီးတွေ စေလွှတ်ပြီး အကောင်းဆုံး ဆေးဝါးတွေနဲ့ ကုပေးတယ်။

နောက်ပြီး ဗေဒင်ဆရာ သွားလေရာမှာ သူ့အသက် လုံခြုံရေးအတွက် ဘုရင့်စစ်တပ် တတပ်က အချိန်ပြည့် တာဝန်ယူ စောင့်ရှောက် ပေးထားတယ်။ ဘုရင်ကြီးကလည်း ညအိပ်ယာ ဝင်ခါနီးတိုင်း ဗေဒင်ဆရာ အသက်ရှည် ကျန်းမာစေဖို့ ဘုရား ရှိခိုး ဆုတောင်းပေးနေ ပါတယ်။

အမှန်က ဗေဒင်ဆရာက သူ့သေနေ့ကို ဗေဒင်ပညာနဲ့ ဟောလိုက်တာ မဟုတ်ပါဘူး။ သူဟာ ဘုရင်ကြီးရဲ့ အမူအရာ ပျက်နေတာကို အကဲခတ်မိတာကြောင့် ဥပါယ်တံမျဉ်နဲ့ ပြောလိုက်တာပါ။

BamawTheinPhe

Zawgyi

ဉာဏ္ေကာင္းတဲ့ ေဗဒင္ဆရာ

တခါတုန္းက ဘုရင္ႀကီး တပါးမွာ သူအလြန္ ယုံၾကည္ ကိုးကြယ္တဲ့ ေဗဒင္ဆရာ တေယာက္ ရွိတယ္။ တရက္မွာ ေဗဒင္ဆရာက ဘုရင္ႀကီး အင္မတန္ ခ်စ္ျမတ္ႏိုးတဲ့ မိဖုရားငယ္ေလးဟာ ၈ ရက္ အတြင္း ေသဆုံးမယ္လို႔ ေဗဒင္ ေဟာလိုက္တယ္။ တကယ္လည္း မိဖုရားငယ္ေလးဟာ ၈ ရက္ေျမာက္ ေန႔မွာ အသတ္ခံရၿပီး ေသဆုံး သြားတယ္။

ဘုရင္ႀကီးဟာ စိတ္အရမ္း ထိခိုက္ သြားတယ္။ ေဗဒင္ဆရာဟာ သူ ေဟာေျပာတာ မွန္တယ္ ဆိုတာကို နန္းတြင္းက လူေတြ အားလုံးကို သိေစခ်င္လို႔ မိဖုရားေလးကို သတ္လိုက္တာလား၊ ဒါမွမဟုတ္ တစုံတေယာက္ကပဲ သတ္သြားတာလား ဆိုတာ ဘုရင္ႀကီး ေသေသခ်ာခ်ာ မသိဘူး။ သက္ေသ မရွိလို႔ စြပ္စြဲလို႔လည္း မရဘူး။

ဒါေပမဲ့ ေဗဒင္ဆရာ ေဟာလိုက္လို႔ သူျမတ္ႏိုးလွတဲ့ မိဖုရားေလး ေသရတာ ဆိုၿပီး ဘုရင္ႀကီးဟာ ေဗဒင္ဆရာကို သတ္ပစ္ခ်င္ ေနတယ္။

ေနာက္တေန႔မွာ ဘုရင္ႀကီးက သူ႔အေစာင့္ စစ္သား ေတြကို ခုလို မွာထားတယ္။ ေဗဒင္ဆရာ သူ႔အခန္းထဲ ဝင္လာတဲ့ အခါ သူလက္နဲ႔ အခ်က္ျပလိုက္မယ္။ အေစာင့္အားလုံးက ေဗဒင္ဆရာကို ဝိုင္းဖမ္းခ်ဳပ္ ၾကၿပီး နန္းေတာ္ ျပတင္းေပါက္က ပစ္ခ်လိုက္ ဖို႔ပါ။ ေဗဒင္ဆရာကို ေပတရာအျမင့္ ကေန ေျမျပင္ေပၚ ျပဳတ္က် ေသေစဖို႔ပါ။

ထို႔ေနာက္ ေဗဒင္ဆရာ ေရာက္လာတယ္။ ဘုရင္ႀကီးက အေစာင့္ေတြကို လက္မျပခင္ သူ႔မွာ သိခ်င္တာ တခုရွိလို႔ ေဗဒင္ဆရာကို "ဆရာဟာ ေဗဒင္ပညာကို အရမ္း ကြၽမ္းက်င္တယ္။ သူမ်ားေတြရဲ႕ ကံၾကမၼာကိုလည္း အတိအက် ေဟာႏိုင္တယ္။ ဒါဆိုရင္ ဆရာ့ ကံၾကမၼာကိုလည္း ဆရာ အတိအက် သိမွာေပါ့ေနာ္။ ဆရာ ဘယ္ေတာ့ ေသမလဲ ခင္ဗ်ာ" လို႔ ေမးလိုက္ပါတယ္။

ေဗဒင္ဆရာကလည္း ခုလို ျပန္ေျဖ လိုက္တယ္။ "အရွင္မင္းႀကီး နတ္႐ြာ မစံခင္ ၃ ရက္ အလိုမွာ ကြၽန္ေတာ္မ်ိဳး ေသဆုံးပါလိမ့္မယ္"

ထိုအခါမွာေတာ့ ဘုရင္ႀကီးဟာ ေဗဒင္ဆရာကို ျပတင္းေပါက္က ပစ္ခ်ဖို႔ အေစာင့္ေတြကို လက္နဲ႔ အခ်က္ မျပေတာ့ပဲ ေဗဒင္ဆရာကို ေငြေၾကးနဲ႔ လက္ေဆာင္ေတြ အမ်ားႀကီး ေပးၿပီး ျပန္လႊတ္လိုက္ ပါေတာ့တယ္။ ဒါတင္ မကေသးပါဘူး၊ ေဗဒင္ဆရာ နည္းနည္း ေနမေကာင္း ျဖစ္တာနဲ႔ နန္းတြင္းက အေတာ္ဆုံး ေဆးဆရာႀကီးေတြ ေစလႊတ္ၿပီး အေကာင္းဆုံး ေဆးဝါးေတြနဲ႔ ကုေပးတယ္။

ေနာက္ၿပီး ေဗဒင္ဆရာ သြားေလရာမွာ သူ႔အသက္ လုံၿခဳံေရးအတြက္ ဘုရင့္စစ္တပ္ တတပ္က အခ်ိန္ျပည့္ တာဝန္ယူ ေစာင့္ေရွာက္ ေပးထားတယ္။ ဘုရင္ႀကီးကလည္း ညအိပ္ယာ ဝင္ခါနီးတိုင္း ေဗဒင္ဆရာ အသက္ရွည္ က်န္းမာေစဖို႔ ဘုရား ရွိခိုး ဆုေတာင္းေပးေန ပါတယ္။

အမွန္က ေဗဒင္ဆရာက သူ႔ေသေန႔ကို ေဗဒင္ပညာနဲ႔ ေဟာလိုက္တာ မဟုတ္ပါဘူး။ သူဟာ ဘုရင္ႀကီးရဲ႕ အမူအရာ ပ်က္ေနတာကို အကဲခတ္မိတာေၾကာင့္ ဥပါယ္တံမ်ဥ္နဲ႔ ေျပာလိုက္တာပါ။

BamawTheinPhe

Post a Comment

0 Comments