နောက်ကျော အဆီတွေကျစေဖို့ ရိုးရိုးရှင်းရှင်း နည်းလမ်း (၅) ခု

လူတစ်ယောက်ရဲ့ အသွင်အပြင်ဟာ မျက်နှာတင် မကပါဘူး။ ခန္ဓာကိုယ်ပါ လှပနေဖို့ လိုအပ်ပါတယ်။ ရင်အုပ်ကျယ်တာ၊ ပခုံးတောင့်တာ၊ အရပ်ရှည်တာ စတဲ့အချက်တွေအပြင် သင့်ရဲ့ နောက်ကျောက လှပနေဖို့ လိုအပ်ပါတယ်။

တချို့တွေဆိုရင် အရပ်ရှည်ပြီးတော့ ခါးကြီးကုန်း နေတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် သင့်ကို အရပ်ရှည်တယ် ထင်ရပြီး နောက်ကျောအဆီတွေ ကျစေမယ့် လေ့ကျင့်ခန်းတွေကို love media ကနေ ပြောပြပေးသွားပါမယ်နော်။

လည်ပင်းနှင့် ဦးခေါင်း

အရင်ဆုံး နံရံတစ်ခုနားမှာ ကပ်ရပ်ပြီးတော့ ခါးရိုးနဲ့ နံရံကို နီးနိုင်သလောက် နီးအောင် ကပ်ပါ။ ပြီးတော့ ရှေ့ဘက်ကို နည်းနည်းလောက် ခွာလိုက်ပါ။ မေးစေ့ကို ရှေ့ထုတ်ထားပြီးတော့ နံရံဘက်ကို ပြန်ပြီးကပ်လိုက်ပါ။ ဒီလေ့ကျင့်ခန်း လုပ်ချိန်မှာတော့ လည်ပင်းကို အနည်းငယ် ဆန့်သလိုခံစားရမှာ ဖြစ်ပါတယ်။

ကျောရိုးအပေါ်ပိုင်း

သင့်လက်နှစ်ဖက်ကို ဆန့်ဆန့်ထားပြီးတော့ နံရံတစ်ခုရဲ့ဘေးမှာ ရပ်လိုက်ပါ။ ပြီးတော့ လက်ဖဝါးတွေကိုလည်း သင့်ဘက် လှည့်ထားလိုက်ပါ။ တံတောင်ဆစ်တွေကို နံရံနှင့်ထိတဲ့အထိ ဖြည်းဖြည်းချင်း နောက်ပြန်ယူပါ။

ပုခုံးတွေကို ရှေ့ကို ကွေးကျမသွားဖို့နဲ့ ကျောကိုနံရံနဲ့ မကပ်မိစေဖို့ သတိထားပါ။ လေ့ကျင့်ခန်းကိုလည်း အကြိမ်ပေါင်းများစွာ ပြန်လုပ်နိုင်ပါတယ်။

ပခုံး

နံရံနှင့် ကျောကို ကပ်ထားပါ။ သင့်ရဲ့ ဘယ်ဘက်ပခုံးကို နံရံကနေ ဖြည်းဖြည်းချင်းခွာပြီး ညာဘက်ပုခုံးကို နံရံနဲ့ကပ်မိအောင် လုပ်ပါ။ ညာဘက်ပုခုံးကိုလည်း ဒီနည်းအတိုင်း ပြုလုပ်ပါ။

ကျောရိုးရဲ့ Lumbosacral အပိုင်း

သင့်ကျောကို နံရံမှာပဲဖြစ်ဖြစ်၊ ခုံတစ်လုံးမှာပဲဖြစ်ဖြစ် ကပ်လိုက်ပါ။ ဒူးကို အနည်းငယ် ကွေးထားပြီးတော့ ကျောကိုနံရံနဲ့ ကပ်နိုင်သလောက် ကပ်အောင် အားပြုပြီးကပ်ပါ။ ကျောကို မတ်ထားပြီး ဗိုက်ကြွက်သားတွေကို တင်းနေအောင် သင့်အောက်ပိုင်းကို ကွေးထားပါ။

ခြေထောက်တစ်ဖက်ကို ဖြည်းဖြည်းချင်း ဖြောင့်တန်းပြီး သင့်ကျောက နံရံကို တင်းတင်းကြပ်ကြပ် ဖိထားပါ။ နံရံကို ထိထားတာ ပိုမိုခံစားရစေဖို့ သင့်ခြေထောက်ကို ဖြောင့်တန်းနေချိန်မှာ သင့်လက်တွေကို တင်ပါးပေါ်တင်ပါ။

မှတ်ချက်- သင့်ကျောမှာ နာကျင်တာ ဒါမှမဟုတ် အဆင်မပြေသလို ခံစားရပါက ဒီလေ့ကျင့်ခန်းကို ရပ်လိုက်ပါ။

မြီးညှောင့်ရိုး

နောက်ကျောကို နံရံမှာမှီပြီး ၃၅-၄၀ စင်တီမီတာအကွာမှာ မတ်တပ်ရပ်လိုက်ပါ။ သက်တောင့်သက်သာရှိတဲ့ အနေအထားအထိ ဒူးတွေကို နံရံနဲ့ ထောက်ပြီး တင်ပါးတွေကို ဖြည်းဖြည်းချင်း ဖိလိုက်ပါ။ ဒီလို လေ့ကျင့်ခန်း လုပ်နေချိန်မှာတော့ နည်းနည်း မသက်မသာဖြစ်တာကို ခံစားရပါလိမ့်မယ်။ ဒါပေမယ့်လည်း ခဏလောက်သည်းခံပြီး အကြိမ်ရေများစွာ ပြုလုပ်ရင် နေသားကျလာပါလိမ့်မယ်။

Zombie (lovemedia)

Post a Comment

0 Comments