ပညာရှင်တွေ မဖြေနိုင်ခဲ့တဲ့ မေးခွန်းများ

ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းကို သတင်းထောက်တွေက မေးခွန်းတခု မေးပါတယ်။ မေးခွန်းက လွယ်လွယ်လေးပါ။ တမိုင်မှာ ပေပေါင်း ဘယ်လောက် ရှိသလဲ တဲ့။ အိုင်းစတိုင်း မဖြေနိုင်ပါဘူး။

မူလတန်း ကျောင်းသား တယောက် လွယ်လွယ် ကူကူ ဖြေနိုင်တာလေး ကိုတောင် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး မဖြေနိုင်ဘူး ဆိုပြီး သတင်းထောက်တွေက သူ့ကို ဟားတိုက် လှောင်ပြောင် ကြပါတယ်။

အိုင်းစတိုင်းက သူတို့ကို ခုလို ပြန်ပြော လိုက်ပါတယ်။ "ဒီမေးခွန်းရဲ့ အဖြေကို ငါ မသိဘူး။ သိစရာလည်း မလိုဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီအဖြေကို သင်္ချာစာအုပ်မှာ တမိနစ်အတွင်း ရှာလို့ရတယ်။ ဒီလို လွယ်လွယ် ကူကူ ရှာလို့ရတဲ့ အကြောင်းအရာကို ငါ့ခေါင်းထဲမှာ ဘယ်တော့မှ ထည့်မထားဘူး" တဲ့။

ကမ္ဘာပေါ်မှာ မော်တော်ကားကို ပထမဆုံး တီထွင် ထုတ်လုပ်ခဲ့တဲ့ မီလျံနာ သူဌေးကြီး ဟင်နရီဖို့ဒ်ကို ချီကာဂိုထရီဘွန်း သတင်းစာကြီးက "နလပိန်းတုံး" လို့ ရေးသား ဖေါ်ပြခဲ့လို့ သူဌေးကြီးဖို့ဒ်က သတင်းစာတိုက်ကို တရားစွဲပါတယ်။

တရားရုံးတော်ရဲ့ တရားခွင်မှာ သူဌေးကြီးက သတင်းစာတိုက်က သတင်းထောက်တွေကို သူ့ကို "နလပိန်းတုံး၊ ဘာမှ မသိသူ" လို့ ရေးသားဖေါ်ပြခဲ့တာ မှန်ကန်ကြောင်းကို သက်သေ ပြခိုင်းပါတယ်။ သတင်းထောက်တွေက သူဌေးကြီးကို လူတိုင်းနီးပါး ဖြေနိုင်တဲ့ ခုလို မေးခွန်းလေးတွေ မေးကြတယ်။

"အမေရိကန်နိုင်ငံရဲ့ ပထမဆုံးဗိုလ် ချုပ်ကြီးဟာ ဘယ်သူလဲ၊ အမေရိကန် ပြည်တွင်းစစ် ဘယ်နှခုနှစ်မှာ စတင် ဖြစ်ပွားခဲ့သလဲ" စတာတွေပါ။သူဌေးကြီးဟာ ငယ်စဉ်က ကျောင်းမနေခဲ့ဘူးလို့ အဲဒီမေးခွန်းတွေကို မဖြေနိုင်ပါဘူး။ သတင်းထောက်တွေကလည်း မေးခွန်းတွေ ထပ်မေးကြတယ်။

သူတို့ မေးခွန်းတွေကို မဖြေနိုင်တဲ့ သူဌေးကြီးဟာ စိတ်တိုလာပြီး သူတို့ကို ခုလို ပြောလိုက် ပါတယ်။ "မင်းတို့ မေးတဲ့ မေးခွန်းတွေကို ငါမဖြေနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီမေးခွန်းတွေကို ၂ မိနစ် အတွင်း ဖြေနိုင်ကြတဲ့ လူတွေ ငါ့မှာ ရှိတယ်။ မင်းတို့ အဲဒီအဖြေတွေကို သိချင်ရင် ငါ အခု ခေါ်ပေးမယ်" တဲ့။

အိုင်းစတိုင်းနဲ့ ဟင်နရီဖို့ဒ် တို့ဟာ အထွေထွေ ဗဟုသုတ သတင်း အချက်အလက်တွေကို ခေါင်းထဲ ထည့်ထားဖို့ စိတ်မဝင် စားကြပါဘူး။ သူတို့ စိတ်ဝင်စားကြတာက သတင်း အချက်အလက်တွေကို ဘယ်လို အသုံးချမလဲ ဆိုတာပါ။

ဒီအဖြစ်အပျက် နှစ်ခုဟာ ကျွန်တော်တို့ကို မှတ်သားစရာ အသိနှစ်ခု ပေးခဲ့ပါတယ်။ အဲဒါတွေကတော့ (၁) ဦးနှောက်ဆိုတာ အချက်အလက်တွေကို သိုမှီး သိမ်းဆည်း ထားရမယ့် နေရာ မဟုတ်ပါ။ စဉ်းစား တွေးတော အကြံထုတ်ရမယ့် နေရာပါ။

(၂) စာအုပ်ထဲမှာ လွယ်လွယ် ကူကူ ရှာလို့ ရတဲ့ အချက်အလက်တွေကို ခေါင်းထဲမှာ သိမ်းမထားပါနဲ့။ မလိုတာတွေ မှတ်ထားတာ များလာရင် ဦးနှောက်ဟာ မတွေးတတ် မစဉ်းစားတတ်တော့ပါဘူး။

Bamaw Thein Phe

Zawgyi

ပညာရွင္ေတြ မေျဖႏိုင္ခဲ့တဲ့ ေမးခြန္းမ်ား

ကမာၻေက် ာ္သိပၸံပညာရွင္ႀကီး အဲလ္ဘတ္အိုင္းစတိုင္းကို သတင္းေထာက္ေတြက ေမးခြန္းတခု ေမးပါတယ္။ ေမးခြန္းက လြယ္လြယ္ေလးပါ။ တမိုင္မွာ ေပေပါင္း ဘယ္ေလာက္ ရွိသလဲ တဲ့။ အိုင္းစတိုင္း မေျဖႏိုင္ပါဘူး။

မူလတန္း ေက်ာင္းသား တေယာက္ လြယ္လြယ္ ကူကူ ေျဖႏိုင္တာေလး ကိုေတာင္ ကမာၻေက်ာ္ သိပၸံပညာရွင္ႀကီး မေျဖႏိုင္ဘူး ဆိုၿပီး သတင္းေထာက္ေတြက သူ႔ကို ဟားတိုက္ ေလွာင္ေျပာင္ ၾကပါတယ္။

အိုင္းစတိုင္းက သူတို႔ကို ခုလို ျပန္ေျပာ လိုက္ပါတယ္။ "ဒီေမးခြန္းရဲ႕ အေျဖကို ငါ မသိဘူး။ သိစရာလည္း မလိုဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ အဲဒီအေျဖကို သခ်ၤာစာအုပ္မွာ တမိနစ္အတြင္း ရွာလို႔ရတယ္။ ဒီလို လြယ္လြယ္ ကူကူ ရွာလို႔ရတဲ့ အေၾကာင္းအရာကို ငါ့ေခါင္းထဲမွာ ဘယ္ေတာ့မွ ထည့္မထားဘူး" တဲ့။

ကမာၻေပၚမွာ ေမာ္ေတာ္ကားကို ပထမဆုံး တီထြင္ ထုတ္လုပ္ခဲ့တဲ့ မီလ်ံနာ သူေဌးႀကီး ဟင္နရီဖို႔ဒ္ကို ခ်ီကာဂိုထရီဘြန္း သတင္းစာႀကီးက "နလပိန္းတုံး" လို႔ ေရးသား ေဖၚျပခဲ့လို႔ သူေဌးႀကီးဖို႔ဒ္က သတင္းစာတိုက္ကို တရားစြဲပါတယ္။

တရား႐ုံးေတာ္ရဲ႕ တရားခြင္မွာ သူေဌးႀကီးက သတင္းစာတိုက္က သတင္းေထာက္ေတြကို သူ႔ကို "နလပိန္းတုံး၊ ဘာမွ မသိသူ" လို႔ ေရးသားေဖၚျပခဲ့တာ မွန္ကန္ေၾကာင္းကို သက္ေသ ျပခိုင္းပါတယ္။ သတင္းေထာက္ေတြက သူေဌးႀကီးကို လူတိုင္းနီးပါး ေျဖႏိုင္တဲ့ ခုလို ေမးခြန္းေလးေတြ ေမးၾကတယ္။

"အေမရိကန္ႏိုင္ငံရဲ႕ ပထမဆုံးဗိုလ္ ခ်ဳပ္ႀကီးဟာ ဘယ္သူလဲ၊ အေမရိကန္ ျပည္တြင္းစစ္ ဘယ္ႏွခုႏွစ္မွာ စတင္ ျဖစ္ပြားခဲ့သလဲ" စတာေတြပါ။သူေဌးႀကီးဟာ ငယ္စဥ္က ေက်ာင္းမေနခဲ့ဘူးလို႔ အဲဒီေမးခြန္းေတြကို မေျဖႏိုင္ပါဘူး။ သတင္းေထာက္ေတြကလည္း ေမးခြန္းေတြ ထပ္ေမးၾကတယ္။

သူတို႔ ေမးခြန္းေတြကို မေျဖႏိုင္တဲ့ သူေဌးႀကီးဟာ စိတ္တိုလာၿပီး သူတို႔ကို ခုလို ေျပာလိုက္ ပါတယ္။ "မင္းတို႔ ေမးတဲ့ ေမးခြန္းေတြကို ငါမေျဖႏိုင္ပါဘူး။ ဒါေပမဲ့ အဲဒီေမးခြန္းေတြကို ၂ မိနစ္ အတြင္း ေျဖႏိုင္ၾကတဲ့ လူေတြ ငါ့မွာ ရွိတယ္။ မင္းတို႔ အဲဒီအေျဖေတြကို သိခ်င္ရင္ ငါ အခု ေခၚေပးမယ္" တဲ့။

အိုင္းစတိုင္းနဲ႔ ဟင္နရီဖို႔ဒ္ တို႔ဟာ အေထြေထြ ဗဟုသုတ သတင္း အခ်က္အလက္ေတြကို ေခါင္းထဲ ထည့္ထားဖို႔ စိတ္မဝင္ စားၾကပါဘူး။ သူတို႔ စိတ္ဝင္စားၾကတာက သတင္း အခ်က္အလက္ေတြကို ဘယ္လို အသုံးခ်မလဲ ဆိုတာပါ။

ဒီအျဖစ္အပ်က္ ႏွစ္ခုဟာ ကြၽန္ေတာ္တို႔ကို မွတ္သားစရာ အသိႏွစ္ခု ေပးခဲ့ပါတယ္။ အဲဒါေတြကေတာ့ (၁) ဦးေႏွာက္ဆိုတာ အခ်က္အလက္ေတြကို သိုမွီး သိမ္းဆည္း ထားရမယ့္ ေနရာ မဟုတ္ပါ။ စဥ္းစား ေတြးေတာ အႀကံထုတ္ရမယ့္ ေနရာပါ။

(၂) စာအုပ္ထဲမွာ လြယ္လြယ္ ကူကူ ရွာလို႔ ရတဲ့ အခ်က္အလက္ေတြကို ေခါင္းထဲမွာ သိမ္းမထားပါနဲ႔။ မလိုတာေတြ မွတ္ထားတာ မ်ားလာရင္ ဦးေႏွာက္ဟာ မေတြးတတ္ မစဥ္းစားတတ္ေတာ့ပါဘူး။

Bamaw Thein Phe

Post a Comment

0 Comments