အပေါ်ယံကြည့်ပြီး မဝေဖန်ပါနဲ့

တခါတုန်းက တောအုပ်တခုရဲ့ အလယ်မှာ နှင်းဆီပင် တပင်ဟာ နှင်းဆီပန်းတွေနဲ့ လှပစွာ ဖူးပွင့်နေပါတယ်။ နှင်းဆီပန်းတွေကို ကြည့်ပြီး ဘေးမှာရှိတဲ့ ထင်းရူးပင်တွေဟာ အားကျနေ ပါတယ်။

"ဟယ် နှင်းဆီပန်းတွေက လှလိုက်တာ၊ ငါ့စိတ်အထင် ဒီတောအုပ် တခုလုံးမှာ ဒီနှင်းဆီပန်း ကသာ အလှဆုံး ထင်တယ်။ ငါတို့ ကတော့ ဘာမှကို လှပတာ မရှိပါလားနော်" လို့ ညဉ်းတွားလိုက်ပါတယ်။

အဲ့ဒီအသံကို ကြားတဲ့အခါ အခြားသော အပင်တွေက ဝိုင်းအားပေးကြ ပါတယ်။ "အိုး အားမငယ်ပါနဲ့ ထင်းရှုးပင်ရယ်၊ လောကမှာ အရာရာတိုင်းဟာ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ အားလုံး အားနည်းချက် အားသာချက် ဆိုတာ ရှိပါတယ်" လို့ ပြန်ပြောကြပါတယ်။

အဲ့ဒီအခါ နှင်းဆီပန်းက မခံနိုင်ပဲ "အို၊ ဒီတောထဲမှာ ငါက အလှဆုံးမို့ အလှဆုံး ပြောတာပေါ့။ အပင်တိုင်းက ငါ့ကို ကြည့်ပြီး အားကျနေ ကြတာပဲဟာ။ ဟိုမှာ ကြည့်လိုက်အုံး ဂန္တာရ ဆူးပင်တွေဆို ပိုဆိုးသေးတယ်။ သူတို့က ဒီတောထဲမှာ ရုပ်အဆိုးဆုံး အပင်တွေလေ။ သူတို့နဲ့ ယှဉ်ကြည့်ပါလား" လို့ မက်မောစွာ ပြန်ဖြေလိုက်တယ်။

မကြာခင်မှာပဲ အရမိးကို ပူပြင်းတဲ့ နွေရာသီကို ရောက်လာပါတော့တယ်။ နှင်းဆီပင်ဟာ အပူဒဏ်ကြောင့် ညိုးနွမ်းပြီး အပွင့်တွေ ကြွေကျပြီး မလှမပ ဖြစ်ကုန်ပါတော့တယ်။ မိုးမရွာတဲ့ အတွက် အပင်တွေဟာ ရေလိုချင်နေ ကြပါပြီ။

ငှက်လေးတွေဟာ ဆူးပင်ထံကို ရောက်လာကြပြီး နှုတ်သီးဖြင့် ဆူးပင်ကို ထိုးဆွကာ အပေါက်လေးတွေ ဖြစ်အောင် လုပ်နေကြတာကို မြင်တဲ့အခါ နှငိးဆီပင်က ထင်းရှူးပင်ကို မေးပါတယ်။ "အဲ့ ဒီငှက်တွေက ဆူးပင်ဆီကို လာလာပြီး ဘာလုပ်ကြတာလဲ"

"ဆူးပင်ရဲ့ ခန္ဓာကိုယ်ထဲ မှာ ရေတွေ ရှိတယ်လေ၊ ငှက်လေးတွေ ရေရဖို့ ဆူးပင်ဆီကို လာကြတာပေါ့" လို့ ထင်းရှူးပင်က ပြန်ဖြေပါတယ်။ အဲ့ဒီအခါကြမှ နှင်းဆီပင်ဟာ တအံ့တသြနဲ့ မေးလိုက်ပါတယ်။ "ဟယ် အဆူး တွေဟာ ရေရသလား ဟုတ်လား"

"ဟုတ်တာပေါ့။ အဲ့ဒါကြောင့် ပြောတာပေါ့ ဘုရားသခင်က အရာရာတိုင်းကို ရည်ရွယ်ချက် မရှိပဲ ဖန်တီးပေးခဲ့တာ မဟုတ်ဘူးလေ။ ဘယ်အရာမဆို အသုံးဝင်တဲ့ အရာတခုတော့ ရှိကြတာ ချည်းပဲ။ အားနည်းချက် အားသာချက် ရှိကြတာ ချည်းပဲ" လို့ ပြန်ဖြေလိုက် ပါတယ်။

ဘဝမှာ ကိုယ့်ကျမှ ရုပ်ဆိုးလိုက်တာ၊ အားနည်းချက်တွေ အများကြီးနဲ့မို့ အားငယ်လိုက်တာ ဆိုတာမျိူး ဖြစ်စရာ မလိုပါဘူးလို့ ပြောချင်တာပါ။

လူတိုင်းဟာ အားနည်းချက် ကိုယ်စီ ရှိသလို အားသာချက် ကိုယ်စီ ရှိပြီး သားပါ။ အဓိက ကိုယ့်ရဲ့ အားနည်းချက်ကို အားသာချက်ဖြင့် ကြိုးစားပြီး ဘဝကို ရှင်သန်ရမှာပါပဲ။

Crd

PMC

Post a Comment

0 Comments