သင့်ဖုန်းထဲမှာ မထည့်ထားသင့်တဲ့ apps (၈) ခု

Application တွေက နေ့စဉ် မရိုးနိုင်အောင် ထွက်နေပါတယ်။ ကောင်းကျိုးပြုတဲ့ app တွေရှိသလို ဆိုးကျိုးဖြစ်စေမယ့် app တွေကလည်း တစ်ပုံကြီးပါပဲ။ ကောင်းကျိုးမပြုတဲ့ app တွေကို ဖုန်းထဲမှာ ထားရင် ဆိုင်ဘာလုံခြုံရေးကို ထိခိုက်စေနိုင်သလို ဖုန်း storage လည်း ပြည့်သွားမှာပါ။ အဲဒါကြောင့် အသုံးမဝင်ဘဲ ဖျက်ပစ်သင့်တဲ့ app တွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ Free games

Game ဆော့တဲ့အခါ အနည်းနဲ့အများ အချိန်ကုန်ငွေကုန် ပါတယ်။ Free game တွေမှာ game developer တွေက ကြော်ငြာတွေ ခပ်များများ ထည့်ကြပါတယ်။ ပြီးတော့ free game တွေက မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူဖို့လည်း လွယ်ကူပါတယ်။ အဲဒါကြောင့် game တစ်ခုကို download မယ်ဆိုရင် user agreement ကို သေချာဖတ်ဖို့ လိုအပ်ပါတယ်။

၂။ အားသွင်းမြန်စေတဲ့ apps

ဒီ app လေးကို ဖုန်းထဲမှာ ထည့်ထားရင် အားသွင်းမြန်တယ်ဆိုပြီး ကြော်ငြာကြပါတယ်။ တကယ်တော့ အားသွင်းတာ မမြန်သွားပါဘူး။ အားသွင်းမြန်စေတယ် ဆိုတဲ့ app တွေက အလိမ်အညာတွေဖြစ်ပြီး ကြော်ငြာတွေပဲ အဆက်မပြတ် တက်နေမှာပါ။

၃။ Wi-fi apps

Wi-fi apps တွေကို download လုပ်တဲ့အခါ အရမ်းကို သတိထားဖို့ လိုပါတယ်။ Wi-fi apps တွေက သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ဘဏ်ကတ်အချက်အလက်တွေကို ခိုးယူတတ်ပါတယ်။

၄။ Developers နာမည်မပါတဲ့ music players apps

ဒီလို apps တွေက သင့်ဖုန်းဘက်ထရီကို အလွန်ကုန်စေပါတယ်။ ပြီးတော့ ဖုန်း storage လည်း အပြည့်မြန်စေမှာပါ။ Developers နာမည်မပါတဲ့ music players apps တွေကို virus တွေထည့်ပြီး တည်ဆောက်ထားတတ်ကြပါတယ်။ အဲဒါကြောင့် music player app တွေကနေတစ်ဆင့် hack လို့ရပါတယ်။

၅။ Location trackers

ဒီလို apps တွေက ဖုန်း battery သက်တမ်းကို ကြာကြာမခံစေတဲ့အပြင် သင့်ရဲ့ကိုယ်ရေး အချက်အလက်တွေလည်း ကူးယူခံရမှာပါ။ အဲဒီ apps တွေကနေတစ်ဆင့် သင့်ရဲ့ တည်နေရာကိုလည်း ထောက်လှမ်းလို့ရပါသေးတယ်။

၆။ Privacy issues

တချို့သော apps တွေက သင့်ရဲ့ ဖုန်းနံပါတ်၊ contact၊ message၊ ဓါတ်ပုံ၊ တည်နေရာ စသဖြင့် အပြည့်အစုံ တောင်းတတ်ကြပါတယ်။ အဲဒါကြောင့် မလိုအပ်တဲ့အခါ ဖုန်းထဲက app manager ထဲဝင်ပြီး ကိုယ်ရေးအချက်အလက်တချို့ကို ပိတ်ထားသင့်ပါတယ်။

၇။ Built-in browsers

Built-in browsers တွေက တစ်ခါတရံမှာ link တစ်ခုကို နှိပ်မိလိုက်တာနဲ့ အလိုအလျောက် ပွင့်သွားပါတယ်။ အဲဒီလို browsers တွေက viruses တွေ ပါတာများသလို ဖုန်းရဲ့ operating system ကိုပါ နှေးသွားစေပါတယ်။

၈။ အသုံးမပြုဖြစ်သော apps

ဖုန်းထဲမှာ installed လုပ်ထားပြီး အချိန်ကြာကြာ အသုံးမဖြစ်တဲ့ apps တွေက လူတိုင်းနီးပါးမှာ ရှိပါတယ်။ ဖုန်းထဲမှာ apps တွေ ထည့်ထားပြီး မသုံးဘဲ ထားရင် ဖုန်း battery သက်တမ်းတိုလာပြီး သုံးရတာ လေးလာတာပဲ ရှိပါလိမ့်မယ်။ အဲဒါကြောင့် အသုံးမလိုတဲ့ apps တွေကိုလည်း ဖျက်ပစ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments