ဒေါသဖြေ ဆေး

လူတယောက်က လာမေးတယ်။ "လူတယောက်ကို မြင်တိုင်း အဲဒီလူရဲ့ စကားသံကို ကြားရတိုင်း ဒေါသဖြစ်နေတယ်။ အဲဒီ ဒေါသထွက်နေတဲ့ စိတ်ကို ဘယ်လိုဖျောက်ရမလဲ။

သူက လေလုံး ထွားတယ်။ လက်တွေ့ ဘာမှ အဖြစ်ရှိအောင် မလုပ်နိုင်ပဲ နေရာတကာ သူသိ သူတတ် သူသာ ဆရာကြီး လုပ်နေတယ်" တဲ့။

တကယ်တော့ အဲဒီလူကို မြင်တိုင်း ဒေါသ ထွက်နေရတာက သူ့ကို ကိုယ်က သတိထားပြီး ကြည့်မိနေလို့ပါ။ သူပြောတဲ့ စကားတွေကို အာရုံစိုက်ပြီး နားထောင်နေ တတ်တာကြောင့် ဖြစ်ပါတယ်။

သူနဲ့ပတ်သက်ရင် မျက်စိကန်းသလို နားကန်းသလို နေပြီး သူ့ဘာသာ ပြောချင်တာပြော ကိုယ်က အာရုံမစိုက်ပဲ ထားရင် အဲဒီ ဒေါသထွက်တဲ့စိတ်က ဖြစ်မလာတော့ဘူး။ ဒေါသနဲ့ ပတ်သက်လို့ ဆရာကြီး ပါရဂူရေးတဲ့ နိတိပုံပြင် များထဲက ဒေါသဖြေနည်းဆေး ဆိုတဲ့ ပုံပြင်လေးရှိပါတယ်။

အမျိုးသမီးတယောက်ပေါ့။ အဲဒီအမျိုးသမီးဟာ ဒေါသ အလွန်ကြီးပါတယ်။ မပြောပလောက်သည့် အကြောင်းနှင့် ဖြစ်စေ ထောင်းခနဲ ဒေါသ ထွက်လာတတ်တယ်။ ဒေါသထွက်တဲ့ အခါတိုင်း မကြားဝံ့ မနာသာ အယုတ္တ အနတ္တများကို ပြောတတ်တယ်။

ဒေါသကြီးတဲ့ အဲ့ဒီ့အမျိုးသမီးကြောင့် သူ့တအိမ်လုံးသာမက တစ်ရပ်ကွက်လုံးပင် စိတ်ညစ်နေကြတယ်။ အဲဒီ ထိုအမျိုးသမီး ကိုယ်တိုင်ကလည်း ဒေါသကို ထိန်းမထားနိုင်သဖြင့် မကြံတတ် မစည်တတ် ဖြစ်နေတာပေါ့။

ဒေါသ ပြေပျောက်သွားတဲ့ အခါတိုင်းလည်း နောင်တတရား ရတတ်တယ်။ ဒါပေမဲ့လည်း အကြောင်းတခုခု ပေါ်လာတိုင်းလည်း သူမဟာ ဒေါသအိုး ပေါက်ကွဲနေတုန်းပါပဲ။

တနေ့တော့ ရသေ့တပါးဟာ ထိုအမျိုးသမီးအိမ်ကို ကြွလာပါတယ်။ အမျိုးသမီးက ရသေ့ကို သူ့အကြောင်း လျှောက်ထား ပြောပြတာပေါ့။ "ရသေ့ကြီး တပည့်တော်မဟာ ကိုယ့်ဒေါသကိုယ် မထိန်းနိုင်တဲ့အတွက် အလွန်တရာ ဒုက္ခရောက်နေပါတယ်။ ထစ်ခနဲဆိုရင် ဒေါသထွက်လာတတ်ပါတယ်။

ဒေါသထွက်လာရင်လည်း ဘာကိုမှ မစဉ်းစား မဆင်ခြင်တော့ပါဘူး။ မှားတာတွေ လုပ်မိပါတယ်။ ဒေါသ ဖြေဖျောက်တဲ့ နည်းလမ်းများရှိရင် တပည့်တော်မကို ညွှန်ကြားတော် မူပါဘုရား"

ရသေ့ကြီးက ပြန်ပြောလိုက်ပါတယ်။ "ကိစ္စမရှိပါဘူး၊ ကျုပ်ဆီမှာ ဒေါသ ပျောက်ကင်းသွားအောင် လုပ်တဲ့ဆေး ရှိပါတယ်။ မနက်ဖြန်ကျတော့ ယူလာခဲ့မယ်။ စိတ်မပူနဲ့"

နောက်တနေ့တွင် ရသေ့ကြီးသည် ထိုအမျိုးသမီး အိမ်သို့ ရောက်လာတယ်။ ရသေ့ကြီး၏ လက်ထဲတွင်လည်း ဆေးပုလင်း တပုလင်း ပါလာတယ်။ အမျိုးသမီးအား ရသေ့ကြီးက ဆေးပုလင်းပေးပြီး ပြောပါတယ်။

"ဒေါသထွက်လာတဲ့အခါ ဒေါသပျောက်သွားသည် အထိ ဒီပုလင်းထဲက ဆေးရည်ကို ဖြည်းဖြည်း သောက်ပါ။ နောက်တပတ် ကြာတဲ့အခါမှာ အကျိုးအကြောင်း သိရအောင် ကျုပ်တခါ လာခဲ့ပါဦးမယ်"

ယင်းသို့ပြောဆိုပြီး ရသေ့ကြီးဟာ ပြန်ကြွသွားပါတယ်။ ရသေ့ကြီး ပေးသွားသော ဆေးပုလင်းကို အမျိုးသမီးက သိမ်းထားပါတယ်။ အကြောင်း တခုကြောင့် ဒေါသ ထွက်လာတဲ့အခါ အမျိုးသမီးဟာ ရသေ့ကြီး ညွှန်ကြားသည့်အတိုင်း ပုလင်းထဲက ဆေးရည်ကို တစက်ချင်း ဖြည်းဖြည်း သောက်လိုက်တယ်။

နောက်တပတ် ကြာသောအခါ ရသေ့ကြီး ကြွလာပြန်ပါတယ်။ အမျိုးသမီးက ရသေ့ကြီးအား ရှိခိုးဦးတင် လုပ်လျှက် လျှောက်ထား ပြောပြလိုက်ပါတယ်။

"ရှင်ရသေ့ကြီး၊ ရှင်ရသေ့ကြီးဟာ တပည့်တော်မကို ကယ်တင်လိုက်ပါတယ် ဘုရား။ ရှင်ရသေ့ကြီး ပေးတဲ့ဆေးကို သောက်လိုက်တာနဲ့ တပည့်တော်မရဲ့ ဒေါသဟာ ပြေပျောက်သွားပါတယ် ဘုရား။ ဒေါသပြေတဲ့ ဘယ်လိုဆေးမျိုးကို ပေးတယ်ဆိုတာ တပည့်တော်မ သိချင်ပါတယ်ဘုရား"

ရသေ့ကြီးက ရယ်ပြီး ပြောပြပါတယ်။ "ပုလင်းထဲမှာ ဘာဆေးမှ မရှိပါဘူး။ ရေပဲ ထည့်ထားတယ်။ ပုလင်းထဲက ရေကို သောက်နေရတဲ့ အတွက် သိပ်စကားပြောချိန် မရဘူး မဟုတ်လား။ ဒေါသကို ပယ်ဖျောက်ပစ်တဲ့ အကောင်းဆုံးဆေးဟာ ပါးစပ်ပိတ်ထားခြင်းပဲ ဖြစ်ပါတယ်။ ပါးစပ်ပိတ်ထားရင် ဒေါသဟာ သူ့အလိုလို ပျောက်သွားပါလိမ့်မယ်" တဲ့။

Crd

Zawgyi

ေဒါသေျဖ ေဆး

လူတေယာက္က လာေမးတယ္။ "လူတေယာက္ကို ျမင္တိုင္း အဲဒီလူရဲ႕ စကားသံကို ၾကားရတိုင္း ေဒါသျဖစ္ေနတယ္။ အဲဒီ ေဒါသထြက္ေနတဲ့ စိတ္ကို ဘယ္လိုေဖ်ာက္ရမလဲ။

သူက ေလလုံး ထြားတယ္။ လက္ေတြ႕ ဘာမွ အျဖစ္ရွိေအာင္ မလုပ္ႏိုင္ပဲ ေနရာတကာ သူသိ သူတတ္ သူသာ ဆရာႀကီး လုပ္ေနတယ္" တဲ့။

တကယ္ေတာ့ အဲဒီလူကို ျမင္တိုင္း ေဒါသ ထြက္ေနရတာက သူ႔ကို ကိုယ္က သတိထားၿပီး ၾကည့္မိေနလို႔ပါ။ သူေျပာတဲ့ စကားေတြကို အာ႐ုံစိုက္ၿပီး နားေထာင္ေန တတ္တာေၾကာင့္ ျဖစ္ပါတယ္။

သူနဲ႔ပတ္သက္ရင္ မ်က္စိကန္းသလို နားကန္းသလို ေနၿပီး သူ႔ဘာသာ ေျပာခ်င္တာေျပာ ကိုယ္က အာ႐ုံမစိုက္ပဲ ထားရင္ အဲဒီ ေဒါသထြက္တဲ့စိတ္က ျဖစ္မလာေတာ့ဘူး။ ေဒါသနဲ႔ ပတ္သက္လို႔ ဆရာႀကီး ပါရဂူေရးတဲ့ နိတိပုံျပင္ မ်ားထဲက ေဒါသေျဖနည္းေဆး ဆိုတဲ့ ပုံျပင္ေလးရွိပါတယ္။

အမ်ိဳးသမီးတေယာက္ေပါ့။ အဲဒီအမ်ိဳးသမီးဟာ ေဒါသ အလြန္ႀကီးပါတယ္။ မေျပာပေလာက္သည့္ အေၾကာင္းႏွင့္ ျဖစ္ေစ ေထာင္းခနဲ ေဒါသ ထြက္လာတတ္တယ္။ ေဒါသထြက္တဲ့ အခါတိုင္း မၾကားဝံ့ မနာသာ အယုတၱ အနတၱမ်ားကို ေျပာတတ္တယ္။

ေဒါသႀကီးတဲ့ အဲ့ဒီ့အမ်ိဳးသမီးေၾကာင့္ သူ႔တအိမ္လုံးသာမက တစ္ရပ္ကြက္လုံးပင္ စိတ္ညစ္ေနၾကတယ္။ အဲဒီ ထိုအမ်ိဳးသမီး ကိုယ္တိုင္ကလည္း ေဒါသကို ထိန္းမထားႏိုင္သျဖင့္ မႀကံတတ္ မစည္တတ္ ျဖစ္ေနတာေပါ့။

ေဒါသ ေျပေပ်ာက္သြားတဲ့ အခါတိုင္းလည္း ေနာင္တတရား ရတတ္တယ္။ ဒါေပမဲ့လည္း အေၾကာင္းတခုခု ေပၚလာတိုင္းလည္း သူမဟာ ေဒါသအိုး ေပါက္ကြဲေနတုန္းပါပဲ။

တေန႔ေတာ့ ရေသ့တပါးဟာ ထိုအမ်ိဳးသမီးအိမ္ကို ႂကြလာပါတယ္။ အမ်ိဳးသမီးက ရေသ့ကို သူ႔အေၾကာင္း ေလွ်ာက္ထား ေျပာျပတာေပါ့။ "ရေသ့ႀကီး တပည့္ေတာ္မဟာ ကိုယ့္ေဒါသကိုယ္ မထိန္းႏိုင္တဲ့အတြက္ အလြန္တရာ ဒုကၡေရာက္ေနပါတယ္။ ထစ္ခနဲဆိုရင္ ေဒါသထြက္လာတတ္ပါတယ္။

ေဒါသထြက္လာရင္လည္း ဘာကိုမွ မစဥ္းစား မဆင္ျခင္ေတာ့ပါဘူး။ မွားတာေတြ လုပ္မိပါတယ္။ ေဒါသ ေျဖေဖ်ာက္တဲ့ နည္းလမ္းမ်ားရွိရင္ တပည့္ေတာ္မကို ၫႊန္ၾကားေတာ္ မူပါဘုရား"

ရေသ့ႀကီးက ျပန္ေျပာလိုက္ပါတယ္။ "ကိစၥမရွိပါဘူး၊ က်ဳပ္ဆီမွာ ေဒါသ ေပ်ာက္ကင္းသြားေအာင္ လုပ္တဲ့ေဆး ရွိပါတယ္။ မနက္ျဖန္က်ေတာ့ ယူလာခဲ့မယ္။ စိတ္မပူနဲ႔"

ေနာက္တေန႔တြင္ ရေသ့ႀကီးသည္ ထိုအမ်ိဳးသမီး အိမ္သို႔ ေရာက္လာတယ္။ ရေသ့ႀကီး၏ လက္ထဲတြင္လည္း ေဆးပုလင္း တပုလင္း ပါလာတယ္။ အမ်ိဳးသမီးအား ရေသ့ႀကီးက ေဆးပုလင္းေပးၿပီး ေျပာပါတယ္။

"ေဒါသထြက္လာတဲ့အခါ ေဒါသေပ်ာက္သြားသည္ အထိ ဒီပုလင္းထဲက ေဆးရည္ကို ျဖည္းျဖည္း ေသာက္ပါ။ ေနာက္တပတ္ ၾကာတဲ့အခါမွာ အက်ိဳးအေၾကာင္း သိရေအာင္ က်ဳပ္တခါ လာခဲ့ပါဦးမယ္"

ယင္းသို႔ေျပာဆိုၿပီး ရေသ့ႀကီးဟာ ျပန္ႂကြသြားပါတယ္။ ရေသ့ႀကီး ေပးသြားေသာ ေဆးပုလင္းကို အမ်ိဳးသမီးက သိမ္းထားပါတယ္။ အေၾကာင္း တခုေၾကာင့္ ေဒါသ ထြက္လာတဲ့အခါ အမ်ိဳးသမီးဟာ ရေသ့ႀကီး ၫႊန္ၾကားသည့္အတိုင္း ပုလင္းထဲက ေဆးရည္ကို တစက္ခ်င္း ျဖည္းျဖည္း ေသာက္လိုက္တယ္။

ေနာက္တပတ္ ၾကာေသာအခါ ရေသ့ႀကီး ႂကြလာျပန္ပါတယ္။ အမ်ိဳးသမီးက ရေသ့ႀကီးအား ရွိခိုးဦးတင္ လုပ္လွ်က္ ေလွ်ာက္ထား ေျပာျပလိုက္ပါတယ္။

"ရွင္ရေသ့ႀကီး၊ ရွင္ရေသ့ႀကီးဟာ တပည့္ေတာ္မကို ကယ္တင္လိုက္ပါတယ္ ဘုရား။ ရွင္ရေသ့ႀကီး ေပးတဲ့ေဆးကို ေသာက္လိုက္တာနဲ႔ တပည့္ေတာ္မရဲ႕ ေဒါသဟာ ေျပေပ်ာက္သြားပါတယ္ ဘုရား။ ေဒါသေျပတဲ့ ဘယ္လိုေဆးမ်ိဳးကို ေပးတယ္ဆိုတာ တပည့္ေတာ္မ သိခ်င္ပါတယ္ဘုရား"

ရေသ့ႀကီးက ရယ္ၿပီး ေျပာျပပါတယ္။ "ပုလင္းထဲမွာ ဘာေဆးမွ မရွိပါဘူး။ ေရပဲ ထည့္ထားတယ္။ ပုလင္းထဲက ေရကို ေသာက္ေနရတဲ့ အတြက္ သိပ္စကားေျပာခ်ိန္ မရဘူး မဟုတ္လား။ ေဒါသကို ပယ္ေဖ်ာက္ပစ္တဲ့ အေကာင္းဆုံးေဆးဟာ ပါးစပ္ပိတ္ထားျခင္းပဲ ျဖစ္ပါတယ္။ ပါးစပ္ပိတ္ထားရင္ ေဒါသဟာ သူ႔အလိုလို ေပ်ာက္သြားပါလိမ့္မယ္" တဲ့။

Crd

Post a Comment

0 Comments