ကြောက်တတ်သော ခြင်္သေ့

တခါတုန်းက ခြင်္သေ့တကောင်သည် လွန်စွာ စိတ်အား ငယ်လျက် ရှိသည်။ ခြင်္သေ့ ဟူသည် ခွန်အား ဗလလည်း ရှိသည်။ ရဲစွမ်း သတ္တိနှင့်လည်း ပြည့်စုံသည်။

သို့ပါလျက် သူသည် ဘာမဟုတ်သည့် ကြက်တွန်သံ ကိုမူ ကြောက်ရွံ့ ထိတ်လန့် နေသည်။ ကြက်တွန်သံ ကြားသည်နှင့် တပြိုင်နက် သူသည် ထိုအသံမှ ကင်းဝေးရာ အရပ်ဆီသို့ ထွက်ပြေး ပုန်းရှောင် နေရသည်။

ထို့ကြောင့် အဆိုပါ ခြင်္သေ့သည် သူတို့ကို ဖန်ဆင်းသော နတ်မင်းကြီးထံ သွားရောက်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ပြစ်တင် ပြောဆိုသည်။

နတ်မင်းကြီးက "ဤအချက်နှင့် စပ်လျဉ်း၍ သင်သည် ကျွန်ုပ်ကို အပြစ်မဆိုသင့်။ သင့်အတွက် အကျွန်ုပ်သည် တတ်စွမ်း ရှိသမျှ အစွမ်းကုန် ဖန်ဆင်း ပေးထားသည် မဟုတ်ပါလော။ သေချာစွာ သုံးသပ် ကြည့်ပါ။ သင့်အဖို့ ဤအချက် တခုမှ လွဲလျှင် အခြား ချို့ယွင်းချက်ဟူ၍ လုံးဝ မရှိပါ။ ကျေနပ်သင့်ပါသည်" ဟူ၍ နှစ်သိမ့် စကား ပြောကြား၏။

ဤသို့ နတ်မင်းကြီးက ဆိုသော်လည်း ခြင်္သေ့ကား နှစ်သိမ့်နိုင်ခြင်း မရှိ။ များစွာ စိတ်အား ငယ်လျက်သာ ရှိသဖြင့် အသက် မရှင်လို၊ သေသွား ရန်ပင် ဆန္ဒ ဖြစ်နေသည်။

ထိုသို့ရှိစဉ် တနေ့သ၌ သူသည် အလွန်တရာ ကြီးမားသော ဆင်ကြီးတကောင်ကို တနေရာ၌ တွေ့လိုက်ရသည်။ ဆင်ကြီးကို သတိထား၍ ကြည့်သောအခါ ဆင်ကြီးသည် သူ၏ နားရွက်တို့ကို ထောင်လျက် တစုံတခုသော အသံကို နားစွင့်လျက် ရှိသည်ကို တွေ့ ရလေသည်။

ဤတွင် ခြင်္သေ့က ဆင်ကြီးအား အကျိုးအကြောင်း မေးမြန်း၏။ ထိုသို့ မေးမြန်းခိုက် ယင်တကောင်သည် သူတို့ အနီးသို့ တဝီဝီ ပျံသန်း လာသည်ကို တွေ့လိုက်ရသည်။

ဆင်ကြီးက "အဆွေ၊ ယင်သတ္တဝါကို သင်မြင်သည် မဟုတ် ပါလော။ ကျွန်ုပ်အဖို့ ယင်ကောင်များကို လွန်စွာပင် ကြောက်လန့် လှပါသည်။ အကယ်၍ ကျွန်ုပ်၏ နားထဲသို့ ၎င်းတို့သာ ဝင်ရောက် လာမည် ဆိုပါက ကျွန်ုပ်သည် မုချသေ သေဆုံးရပါလိမ့်မည်။

သို့ဖြစ်၍ ၎င်းတို့ ရန်မှ ရှောင်ရှားနိုင်ရန် ကျွန်ုပ်သည် အစဉ် နားစွင့်လျက် ရှိရပါသည်" ဟု ဖြေကြားလေသည်။ ဆင်ကြီး၏ စကားကို ကြားသော် စိတ်အားငယ်လျက် ရှိသော ခြင်္သေ့အဖို့ အားသစ် ဝင်လာလေသည်။ ထို့ကြောင့် သူက..

"ဤမျှ ကြီးမားသော ဆင်ကြီး ပင်လျှင် လွန်စွာ သေးငယ်သော ယင်ကောင်လေးကို ကြောက်ရွံ့ နေပါက ငါ့အဖို့ ယင်ကောင်ထက် ဆယ်ဆ မက ကြီးမားသော ကြက်ငယ်ကို ကြောက်ရွံ့ မိသည်မှာ ဘာမျှ ရှက်ကြောက် အားငယ်ဖွယ်ရာ မရှိပါတကား" ဟူ၍ စိတ်တွင်းမှ ပြောဆို လိုက်လေတော့သည်။

ပြီးပြည့်စုံသော အရာဟူသည် လောကကြီးတွင် မရှိပါ။

Crd

Zawgyi

ေၾကာက္တတ္ေသာ ျခေသၤ့

တခါတုန္းက ျခေသၤ့တေကာင္သည္ လြန္စြာ စိတ္အား ငယ္လ်က္ ရွိသည္။ ျခေသၤ့ ဟူသည္ ခြန္အား ဗလလည္း ရွိသည္။ ရဲစြမ္း သတၱိႏွင့္လည္း ျပည့္စုံသည္။

သို႔ပါလ်က္ သူသည္ ဘာမဟုတ္သည့္ ၾကက္တြန္သံ ကိုမူ ေၾကာက္႐ြံ႕ ထိတ္လန႔္ ေနသည္။ ၾကက္တြန္သံ ၾကားသည္ႏွင့္ တၿပိဳင္နက္ သူသည္ ထိုအသံမွ ကင္းေဝးရာ အရပ္ဆီသို႔ ထြက္ေျပး ပုန္းေရွာင္ ေနရသည္။

ထို႔ေၾကာင့္ အဆိုပါ ျခေသၤ့သည္ သူတို႔ကို ဖန္ဆင္းေသာ နတ္မင္းႀကီးထံ သြားေရာက္သည္။ ထိုအေၾကာင္းႏွင့္ ပတ္သက္၍ ျပစ္တင္ ေျပာဆိုသည္။

နတ္မင္းႀကီးက "ဤအခ်က္ႏွင့္ စပ္လ်ဥ္း၍ သင္သည္ ကြၽႏ္ုပ္ကို အျပစ္မဆိုသင့္။ သင့္အတြက္ အကြၽႏ္ုပ္သည္ တတ္စြမ္း ရွိသမွ် အစြမ္းကုန္ ဖန္ဆင္း ေပးထားသည္ မဟုတ္ပါေလာ။ ေသခ်ာစြာ သုံးသပ္ ၾကည့္ပါ။ သင့္အဖို႔ ဤအခ်က္ တခုမွ လြဲလွ်င္ အျခား ခ်ိဳ႕ယြင္းခ်က္ဟူ၍ လုံးဝ မရွိပါ။ ေက်နပ္သင့္ပါသည္" ဟူ၍ ႏွစ္သိမ့္ စကား ေျပာၾကား၏။

ဤသို႔ နတ္မင္းႀကီးက ဆိုေသာ္လည္း ျခေသၤ့ကား ႏွစ္သိမ့္ႏိုင္ျခင္း မရွိ။ မ်ားစြာ စိတ္အား ငယ္လ်က္သာ ရွိသျဖင့္ အသက္ မရွင္လို၊ ေသသြား ရန္ပင္ ဆႏၵ ျဖစ္ေနသည္။

ထိုသို႔ရွိစဥ္ တေန႔သ၌ သူသည္ အလြန္တရာ ႀကီးမားေသာ ဆင္ႀကီးတေကာင္ကို တေနရာ၌ ေတြ႕လိုက္ရသည္။ ဆင္ႀကီးကို သတိထား၍ ၾကည့္ေသာအခါ ဆင္ႀကီးသည္ သူ၏ နား႐ြက္တို႔ကို ေထာင္လ်က္ တစုံတခုေသာ အသံကို နားစြင့္လ်က္ ရွိသည္ကို ေတြ႕ ရေလသည္။

ဤတြင္ ျခေသၤ့က ဆင္ႀကီးအား အက်ိဳးအေၾကာင္း ေမးျမန္း၏။ ထိုသို႔ ေမးျမန္းခိုက္ ယင္တေကာင္သည္ သူတို႔ အနီးသို႔ တဝီဝီ ပ်ံသန္း လာသည္ကို ေတြ႕လိုက္ရသည္။

ဆင္ႀကီးက "အေဆြ၊ ယင္သတၱဝါကို သင္ျမင္သည္ မဟုတ္ ပါေလာ။ ကြၽႏ္ုပ္အဖို႔ ယင္ေကာင္မ်ားကို လြန္စြာပင္ ေၾကာက္လန႔္ လွပါသည္။ အကယ္၍ ကြၽႏ္ုပ္၏ နားထဲသို႔ ၎တို႔သာ ဝင္ေရာက္ လာမည္ ဆိုပါက ကြၽႏ္ုပ္သည္ မုခ်ေသ ေသဆုံးရပါလိမ့္မည္။ သို႔ျဖစ္၍ ၎တို႔ ရန္မွ ေရွာင္ရွားႏိုင္ရန္ ကြၽႏ္ုပ္သည္ အစဥ္ နားစြင့္လ်က္ ရွိရပါသည္" ဟု ေျဖၾကားေလသည္။

ဆင္ႀကီး၏ စကားကို ၾကားေသာ္ စိတ္အားငယ္လ်က္ ရွိေသာ ျခေသၤ့အဖို႔ အားသစ္ ဝင္လာေလသည္။ ထို႔ေၾကာင့္ သူက "ဤမွ် ႀကီးမားေသာ ဆင္ႀကီး ပင္လွ်င္ လြန္စြာ ေသးငယ္ေသာ ယင္ေကာင္ေလးကို ေၾကာက္႐ြံ႕ ေနပါက ငါ့အဖို႔ ယင္ေကာင္ထက္ ဆယ္ဆ မက ႀကီးမားေသာ ၾကက္ငယ္ကို ေၾကာက္႐ြံ႕ မိသည္မွာ ဘာမွ် ရွက္ေၾကာက္ အားငယ္ဖြယ္ရာ မရွိပါတကား" ဟူ၍ စိတ္တြင္းမွ ေျပာဆို လိုက္ေလေတာ့သည္။

ၿပီးျပည့္စုံေသာ အရာဟူသည္ ေလာကႀကီးတြင္ မရွိပါ။

Crd

Post a Comment

1 Comments

  1. သတ်ပုံမှန်နဲ့ ရေးသားတင်ပြသူ ကွန်ဂရက်ကျူလေးရှင်း။

    ReplyDelete