ရင်သားကင်ဆာဖြစ်နေတဲ့ဇနီးသည် ပြုံးသွားအောင်လို့ စကတ်ပန်းရောင်ဝတ်ပြီး ဓါတ်ပုံတွေ ရိုက်ခဲ့တဲ့ အမျိုးသား

Bob နဲ့ Linda Carey တို့ ဇနီးမောင်နှံက ၂၀၀၃ ခုနှစ်မှာ အရှေ့ဘက်ကမ်းရိုးတန်းကို ရွေ့ပြောင်းခဲ့ကြပါတယ်။ ရွှေ့ပြောင်းသွားပြီး မကြာခင်မှာပဲ သူတို့နှစ်ယောက်ရဲ့ ကမ္ဘာကြီးကို ကပြောင်းကပြန် ဖြစ်စေမယ့် အရာတစ်ခုက ဝင်ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ Linda မှာ ရင်သားကင်ဆာ ဖြစ်နေကြောင်း သိလိုက်ရတာပါ။

Linda က ရောဂါကို ကြံ့ကြံ့ခံခဲ့ပေမယ့် ၂၀၀၆ ခုနှစ်မှာ ရင်သားကင်ဆာက တစ်ကျော့ပြန်ဖြစ်လာပါတယ်။ အဲဒီအခါ Bob က သူ့ဇနီးအတွက် တစ်ခုခုလုပ်ပေးဖို့ အကြံရသွားပါတယ်။ Bob ရဲ့ လုပ်ရပ်က သူများတွေရဲ့ မျက်လုံးထဲမှာတော့ ရယ်စရာဖြစ်နေရင် ဖြစ်နေမှာပါ။


ဘာလို့လဲ ဆိုတော့ Bob က ဘဲလေးအကမှာ ဝတ်တဲ့ စကပ်အတိုပန်းရောင်ကိုဝတ်ပြီး ကမ္ဘာပတ် ဓါတ်ပုံရိုက်ခဲ့တာပါ။ Bob ဒီလိုလုပ်ရတဲ့ အကြောင်းရင်းမှန်ကို သင်သိတဲ့အခါ ရင်ထဲနွေးထွေးသွားပါလိမ့်မယ်။


Bob က ပန်းရောင် စကတ်အတိုလေးကိုသာဝတ်ပြီး နေရာအမျိုးမျိုးမှာ ဓါတ်ပုံတွေ ရိုက်ပါတယ်။ ဓါတ်ပုံတွေက ကြည့်လိုက်ရင်တော့ ရယ်စရာကောင်းနေပြီး မြင်နေကျပုံတွေနဲ့ ကွဲထွက်နေပါတယ်။ ဒါပေမယ့် စကတ်ပန်းရောင်ကိုဝတ်ပြီး ဓါတ်ပုံတွေရိုက်တာက သူ့အမျိုးသမီးရဲ့ ကင်ဆာရောဂါကို တိုက်ထုတ်ဖို့ အကူအညီအများကြီး ဖြစ်စေပါတယ်။


သူတို့နှစ်ဦးရဲ့ကြိုးစားမှုက ကင်ဆာဖြစ်နေတဲ့ အမျိုးသမီးတွေကို အများအာရုံစိုက်လာအောင် လုပ်နိုင်ခဲ့ပါတယ်။ Bob ရဲ့ စကတ်ပန်းရောင်ဝတ်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေကို စာအုပ်အဖြစ် ထုတ်ဝေလိုက်ပါတယ်။ စာအုပ်နာမည်ကတော့ Ballerina လို့ခေါ်ပါတယ်။


အဲဒီစာအုပ်ထဲမှာ ဓါတ်ပုံတွေပဲ ပါတာမဟုတ်ပါဘူး။ Bob နဲ့ သူ့စကတ်ပန်းရောင်အတိုနဲ့ ပတ်သက်ပြီး ရယ်စရာဇာတ်လမ်းလေးတွေလည်း ပါဝင်ပါသေးတယ်။ စာအုပ်ကရတဲ့ အကျိုးအမြတ်တွေက သူတို့နှစ်ဦးရဲ့ ဖောင်ဒေးရှင်းဖြစ်တဲ့ Carey ဖောင်ဒေးရှင်းဆီကို ရောက်သွားပါတယ်။


Carey ဖောင်ဒေးရှင်းက ရင်သားကင်ဆာဖြစ်ပွားနေတဲ့ အမျိုးသမီးကို ကူညီနေတာပါ။ Carey ဖောင်ဒေးရှင်းက ရင်သားကင်ဆာဖြစ်နေတဲ့ အမျိုးသမီးတွေ သွားလာစရိတ်၊ ဆရာဝန်နဲ့ ပြသဖို့ ရက်ချိန်း၊ ဆံပင်တု၊ ကလေးစောင့်ရှောက်ရေးနဲ့ အခြားအရာတွေကို ကူညီပေးပါတယ်။


Bobရဲ့ ပန်းရောင်စကတ်နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေက ကင်ဆာဖြစ်နေတဲ့ အမျိုးသမီးတွေကို အားတက်စေခဲ့ပါတယ်။ ကင်ဆာရောဂါဖြစ်နေတာ မိမိတစ်ယောက်တည်း မဟုတ်ကြောင်းကို Bob က အားပေးနိုင်ခဲ့ပါတယ်။ ရံပုံငွေအတွက် ၂၀၁၅ က ပြက္ခဒိန်လည်း ရောင်းချခဲ့ပါသေးတယ်။


Bob နဲ့ Carey တို့ရဲ့ စိတ်ကူးက ကင်ဆာဖြစ်နေတဲ့ အမျိုးသမီးတွေကို ပျော်ရွှင်အောင် အများကြီး ကူညီပေးနိုင်ခဲ့ပါတယ်။

Zombie (lovemedia)

for zawgyi

ရင္သားကင္ဆာျဖစ္ေနတဲ့ဇနီးသည္ ၿပဳံးသြားေအာင္လို႔ စကတ္ပန္းေရာင္ဝတ္ၿပီးဓါတ္ပုံေတြ ႐ိုက္ခဲ့တဲ့ အမ်ိဳးသား

Bob နဲ႔ Linda Carey တို႔ ဇနီးေမာင္ႏွံက ၂၀၀၃ ခုႏွစ္မွာ အေရွ႕ဘက္ကမ္း႐ိုးတန္းကို ေ႐ြ႕ေျပာင္းခဲ့ၾကပါတယ္။ ေ႐ႊ႕ေျပာင္းသြားၿပီး မၾကာခင္မွာပဲ သူတို႔ႏွစ္ေယာက္ရဲ႕ ကမာၻႀကီးကို ကေျပာင္းကျပန္ ျဖစ္ေစမယ့္ အရာတစ္ခုက ဝင္ေရာက္လာခဲ့ပါတယ္။ အဲဒါကေတာ့ Linda မွာ ရင္သားကင္ဆာ ျဖစ္ေနေၾကာင္းသိလိုက္ရတာပါ။

Linda က ေရာဂါကို ႀကံ့ႀကံ့ခံခဲ့ေပမယ့္ ၂၀၀၆ ခုႏွစ္မွာ ရင္သားကင္ဆာက တစ္ေက်ာ့ျပန္ျဖစ္လာပါတယ္။ အဲဒီအခါ Bob က သူ႔ဇနီးအတြက္ တစ္ခုခုလုပ္ေပးဖို႔ အႀကံရသြားပါတယ္။ Bob ရဲ႕ လုပ္ရပ္က သူမ်ားေတြရဲ႕ မ်က္လုံးထဲမွာေတာ့ ရယ္စရာျဖစ္ေနရင္ ျဖစ္ေနမွာပါ။ ဘာလို႔လဲ ဆိုေတာ့ Bob က ဘဲေလးအကမွာ ဝတ္တဲ့ စကပ္အတိုပန္းေရာင္ကိုဝတ္ၿပီး ကမာၻပတ္ ဓါတ္ပုံ႐ိုက္ခဲ့တာပါ။ Bob ဒီလိုလုပ္ရတဲ့ အေၾကာင္းရင္းမွန္ကို သင္သိတဲ့အခါ ရင္ထဲေႏြးေထြးသြားပါလိမ့္မယ္။

Bob က ပန္းေရာင္ စကတ္အတိုေလးကိုသာဝတ္ၿပီး ေနရာအမ်ိဳးမ်ိဳးမွာ ဓါတ္ပုံေတြ ႐ိုက္ပါတယ္။ ဓါတ္ပုံေတြက ၾကည့္လိုက္ရင္ေတာ့ ရယ္စရာေကာင္းေနၿပီး ျမင္ေနက်ပုံေတြနဲ႔ ကြဲထြက္ေနပါတယ္။ ဒါေပမယ့္ စကတ္ပန္းေရာင္ကိုဝတ္ၿပီး ဓါတ္ပုံေတြ႐ိုက္တာက သူ႔အမ်ိဳးသမီးရဲ႕ ကင္ဆာေရာဂါကို တိုက္ထုတ္ဖို႔ အကူအညီအမ်ားႀကီး ျဖစ္ေစပါတယ္။

သူတို႔ႏွစ္ဦးရဲ႕ႀကိဳးစားမႈက ကင္ဆာျဖစ္ေနတဲ့ အမ်ိဳးသမီးေတြကို အမ်ားအာ႐ုံစိုက္လာေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ Bob ရဲ႕ စကတ္ပန္းေရာင္ဝတ္ၿပီး ႐ိုက္ထားတဲ့ ဓါတ္ပုံေတြကို စာအုပ္အျဖစ္ ထုတ္ေဝလိုက္ပါတယ္။ စာအုပ္နာမည္ကေတာ့ Ballerina လို႔ေခၚပါတယ္။ အဲဒီစာအုပ္ထဲမွာ ဓါတ္ပုံေတြပဲ ပါတာမဟုတ္ပါဘူး။ Bob နဲ႔ သူ႔စကတ္ပန္းေရာင္အတိုနဲ႔ ပတ္သက္ၿပီး ရယ္စရာဇာတ္လမ္းေလးေတြလည္း ပါဝင္ပါေသးတယ္။

စာအုပ္ကရတဲ့ အက်ိဳးအျမတ္ေတြက သူတို႔ႏွစ္ဦးရဲ႕ ေဖာင္ေဒးရွင္းျဖစ္တဲ့ Carey ေဖာင္ေဒးရွင္းဆီကို ေရာက္သြားပါတယ္။ Carey ေဖာင္ေဒးရွင္းက ရင္သားကင္ဆာျဖစ္ပြားေနတဲ့ အမ်ိဳးသမီးကို ကူညီေနတာပါ။ Carey ေဖာင္ေဒးရွင္းက ရင္သားကင္ဆာျဖစ္ေနတဲ့ အမ်ိဳးသမီးေတြ သြားလာစရိတ္၊ ဆရာဝန္နဲ႔ ျပသဖို႔ ရက္ခ်ိန္း၊ ဆံပင္တု၊ ကေလးေစာင့္ေရွာက္ေရးနဲ႔ အျခားအရာေတြကို ကူညီေပးပါတယ္။

Bobရဲ႕ ပန္းေရာင္စကတ္နဲ႔ ႐ိုက္ထားတဲ့ ဓါတ္ပုံေတြက ကင္ဆာျဖစ္ေနတဲ့ အမ်ိဳးသမီးေတြကို အားတက္ေစခဲ့ပါတယ္။ ကင္ဆာေရာဂါျဖစ္ေနတာ မိမိတစ္ေယာက္တည္း မဟုတ္ေၾကာင္းကို Bob က အားေပးႏိုင္ခဲ့ပါတယ္။ ရံပုံေငြအတြက္ ၂၀၁၅ က ျပကၡဒိန္လည္း ေရာင္းခ်ခဲ့ပါေသးတယ္။

Bob နဲ႔ Carey တို႔ရဲ႕ စိတ္ကူးက ကင္ဆာျဖစ္ေနတဲ့ အမ်ိဳးသမီးေတြကို ေပ်ာ္႐ႊင္ေအာင္ အမ်ားႀကီး ကူညီေပးႏိုင္ခဲ့ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments