ရွာလေးတစ်ရွာကို ဖျက်စီးမယ့်အခြေအနေက​နေ ကယ်တင်ခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် အဘိုး

ဒုတိယကမ္ဘာစစ်အတွင်းမှာ အမျိုးသားရေးဝါဒီ နှစ်သန်းကျော်ဟာ ထိုင်ဝမ်ကို ခိုလှုံဖို့ ထွက်ပြေးခဲ့ရပါတယ်။ ထိုင်ဝမ်အစိုးရကလည်း ရွှေ့ပြောင်းလာသူတွေ နေထိုင်ဖို့အတွက် ယာယီအိမ်ရာတွေများစွာ ဆောက်လုပ်ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း နှစ်တွေကြာလာတာနဲ့အမျှ စီးပွားရေး အပြောင်းအလဲတွေကြောင့် လူတွေဟာ ယာယီအိမ်ရာတွေကို စွန့်ခွာလာကြပါတယ်။ လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်ကတည်းကနေ အခုအချိန်ထိ မစွန့်ခွာပဲ တစ်ယောက်တည်း နေထိုင်သူကတော့ Huang Yung-fu လို့ခေါ်တဲ့ အသက် ၉၇ နှစ်အရွယ် အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ်။

ထိုင်ဝမ်အစိုးရကလည်း ခေတ်မီတိုက်ခန်းတွေ ဆောက်လုပ်ဖို့အတွက် စွန့်ပစ်ထားတဲ့ ရွာကို ဖြိုဖျက်ဖို့ စီစဉ်ခဲ့ပါတယ်။ Huang ကိုလည်း အခြားနေရာကို ပြောင်းရွှေ့နေထိုင်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့်လည်း ထိုင်ဝမ်မှာ သူနေထိုင်ခဲ့တဲ့ တစ်ခုတည်းသောအိမ်ကနေ ထွက်ခွာမသွားနိုင်ခဲ့ပါဘူး။ ဒါကြောင့် ရိုးရိုးရှင်းရှင်းနှင့် ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Huang ဟာ ပန်းချီဆွဲဖို့ ဆုံးဖြတ်ခဲ့ပြီး စွန့်ပစ်ထားတဲ့ ရွာရဲ့ စတုရန်းလက်မတိုင်းမှာ နေရာလပ်မချန် ပန်းချီဆွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အနှစ် ၄၀ လောက်နေမှပြီးမှ ထွက်ခွာသွားရမယ်ဆိုတဲ့ သတင်းကိုကြားတဲ့အခါမှာ Huang ဟာ အရမ်းကို အံ့ဩသွားခဲ့ပါတယ်။

“ကျွန်တော် ဒီကိုလာတုန်းက ရွာမှာ အိမ်ခြေ ၁၂၀၀ ရှိပြီး ကျွန်တော်တို့အားလုံးဟာ မိသားစုကြီးလိုပါပဲ” လို့ Huang က ပြောပါတယ်။ “ဒါပေမယ့် အားလုံးက ပြောင်းသွားကြတယ် ပြီးတော့ ဆုံးပါးသွားတော့ ကျွန်တော် အထီးကျန်လာတယ်၊ ဘယ်ကိုမှလည်း သွားစရာမရှိသလို ဘယ်သူနဲ့မှလည်း စကားမပြောရတဲ့အတွက် ဝေဒနာကို ဖြေလျှော့ဖို့ အနုပညာဘက်ကို လှည့်လာခဲ့ပါတယ်” လို့ ပြောပါသေးတယ်။

Huang ဟာ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့ပြီး စစ်ပွဲနှင့် နှစ်ကြိမ် ကြုံတွေ့ခဲ့ရပါတယ်။ အမျိုးသားရေးပါတီ ရှုံးနိမ့်ပြီးတဲ့နောက်မှာ ထိုင်ဝမ်ဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ သူနှင့် အခြား လူပေါင်း၂ သန်းခန့်ဟာလည်း ထိုင်ဝမ်က ယာယီရွာတွေမှာပဲ အချိန်တွေ ကုန်ဆုံးခဲ့ကြပါတယ်။ ယာယီနေရာလို့ ဆိုခဲ့ပေမယ့်လည်း ဒီနေရာမှာပဲ အခြေချခဲ့ကြပြီး မိသားစုတွေလည်း ဖြစ်တည်လာခဲ့ပါတယ်။

သူ့ဘန်ဂလိုမှာ အရင်ဆုံး ငှက်လေးတစ်ကောင်ကို ဦးစွာ ရေးဆွဲခဲ့ပါတယ်။ ပြီးတော့ ကြောင်တွေ၊ လူတွေ၊ မတူညီတဲ့ အနုပညာလက်ရာ အမျိုးမျိုးကို ရေးဆွဲလာခဲ့ပါတယ်။သူဒီလို ပန်းချီဆွဲနေတာက သတင်းပျံ့နှံ့သွားပြီး ကောလိပ်ကျောင်းသားလေး တစ်ယောက်ဟာ ရွာထိရောက်လာခဲ့ပါတယ်။ သူက ဓာတ်ပုံအချို့ကို ရိုက်ယူပြီး ရွာကို ဖျက်စီးမယ့် အစီအစဉ်ကနေ ကယ်တင်ဖို့ ရန်ပုံငွေ ကောက်ခံတဲ့ လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။

ဒီသတင်းဟာ အင်တာနက်ပေါ်မှာ လျင်လျင်မြန်မြန်နဲ့ ပျံ့နှံ့သွားခဲ့ပြီး “သက်တန့်အဘိုး” ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။ သူရဲ့ ပန်းချီလက်ရာတွေက တစ်နိုင်ငံလုံးရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီး ခရီးသွားတွေကလည်း ရောင်စုံရွာလေးကို ကြည့်ရှု့ဖို့ စိတ်ဝင်စားလာကြပါတယ်။

သတင်းတွေက ဟိုးတလေးလေးကျော်ဖြစ်သွားပြီး အလှူငွေတွေ ကောက်ခံမှု စတင်ပြီးတဲ့နောက်မှာတော့ အစိုးရက Huang ကို သူနေခဲ့ဖူးတဲ့ အိမ်မှာပဲ ဆက်နေခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ရွာလေးဟာ တစ်နှစ်ကို ကမ္ဘာလှည့်ခရီးသည် ၁ သန်းကျော်လောက် ပုံမှန်လာလည်နေပြီပဲ ဖြစ်ပါတယ်။

“ဒီအိမ်နဲ့ ဒီရွာလေးကို စောင့်ရှောက်ပေးမယ်လို့ အစိုးရက ကတိပေးထားပါတယ်၊ ကျွန်တော် အရမ်းဝမ်းသာပြီး ကျေးဇူးတင်ပါတယ်”လို့ Huang က ပြောပါတယ်။ ဒီရွာလေးဟာ တစ်ချိန်က မိသားစုပေါင်း ၁၂၀၀ ကျော် နေထိုင်ခဲ့ပေမယ့်လည်း နှစ်ပေါင်း ၄၀ ကျော်ကြာ အကြာမှာတော့ နေထိုင်သူ ၁ ဦးသာ ကျန်ရှိတော့ပါတယ်။ ဒါကြောင့်လဲ အစိုးရက ရွာကိုဖျက်ပြီး တိုက်ခန်းတွေ တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

စုတ်တံတစ်ချောင်းနှင့် လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ တစ်ရွာလုံးကို ပျက်စီးစေမယ့် အစီအစဉ်ကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ Huang Yung-fu က ယုံကြည်ချက်ဟာ ဘယ်လောက် အစွမ်းထက်ကြောင်းကို ပြသခဲ့ပါတယ်။ ယုံကြည်တဲ့အရာကိုသာ စိတ်အားထက်သန်နေပါက လူတစ်ဦးဟာ အမှန်တကယ် ပြောင်းလဲသွားနိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း သိစေခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ တစ်ရွာလုံးကို ကယ်တင်နိုင်ခဲ့တာပါ။

ရွာလေးမှာ တစ်ချိန်က မိသားစုပေါင်း ၁၂၀၀ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ တစ်နှစ်ကို လူဦးရေ ၁ သန်းကျော်လောက် ထိုးတက်နေပါပြီ။ လူတိုင်းလူတိုင်းဟာ သူ့ရဲ့ မယုံကြည်နိုင်လောက်စရာ အလုပ်တွေကို မဆုတ်မနစ်လုပ်ရင်းနဲ့ အောင်မြင်သွားခဲ့ရင် သူ့မျက်နှာပေါ်က အပြုံးကို စိတ်ကူးကြည့်လို့ ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments