သင့်အလေးချိန်ကို လျော့ကျစေနိုင်တဲ့ ခန္ဓာကိုယ်ပေါ်က အမှတ် (၅) ခု

လူတွေရဲ့ ခန္ဓာကိုယ်က အရမ်းကို အံ့ဩစရာကောင်းပါတယ်။ ခန္ဓာကိုယ်က အမှတ်နေရာတချို့ကို နှိပ်လိုက်တာနဲ့ အချို့သော နာကျင်ခြင်းတွေကို သက်သာသွားစေပါတယ်။ အချို့အမှတ်လေးတွေကို နှိပ်လိုက်ရင်လည်း အစားစားချင်စိတ်ကို ထိန်းချုပ်နိုင်မှာပါ။ သင်ဟာ ကိုယ်အလေးချိန် လျှော့ချနေသူဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာလေးတွေကို နှိပ်ကြည့်ပါ။

၁။ နား

နားအောက်ဘက်နေရာကို နှိပ်ပေးခြင်းအားဖြင့် ဆာလောင်မှုကို ထိန်းချုပ်နိုင်ပါတယ်။ အဲဒီနေရာကို တစ်မိနစ်ကနေ သုံးမိနစ်ခန့် ကြာအောင် နှိပ်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်နှိပ်ပေးလို့ ရပါတယ်။ အစားစားချင်စိတ် ပေါ်လာတိုင်း နားအောက်ဘက်နေရာ နှိပ်ပေးရင် ကိုယ်အလေးချိန် လျှော့ချတာအတွက် အကူအညီဖြစ်စေမှာပါ။

၂။ နှုတ်ခမ်းအပေါ်ဘက်

ဒီအမှတ်ကတော့ နှုတ်ခမ်းအပေါ်ဘက်နဲ့ နှာခေါင်းအောက်မှာ တည်ရှိပါတယ်။ အဲဒီနေရာလေးကို တစ်နေ့နှစ်ကြိမ်၊ တစ်ကြိမ်ကို ၅ မိနစ်ခန့် ဖိထားပေးပါ။ ဆာလောင်မှုနဲ့ စိုးရိမ်စိတ်တွေ ဖြစ်လာတဲ့အခါတိုင်း ဖိထားပေးနိုင်ပါတယ်။

၃။ ဒူး

ဒူးကို ဖိထားပေးရင် အစာချေဖျက်တာကို တိုးတက်စေရုံမက ဓမ္မတာလာချိန်မှာ ကိုက်ခဲတာတွေကိုလည်း သက်သာစေပါတယ်။ နေရာတော့ ခုံညင်းအောက် ၅ စင်တီမီတာအကွာမှာ တည်ရှိပါတယ်။ တစ်နေ့ကို နှစ်မိနစ်လောက် ဖိထားပေးရုံနဲ့ အစာအိမ်ရဲ့တွေအတွက် အကူအညီ ဖြစ်မှာပါ။

၄။ တံတောင်ဆစ်

ဒီအမှတ်ရဲ့နေရာကတော့ တံတောင်ဆစ်ရဲ့ အောက်ဘက် လက်တစ်လုံးအကွာမှာ တည်ရှိပါတယ်။ အဲဒီအမှတ်ကို နေ့စဉ် တစ်မိနစ်ခန့် ဖိပေးပါ။ အကျိုးကျေးဇူးကတော့ ခန္ဓာကိုယ်က အပူတွေကို ရှင်းထုတ်ပေးတဲ့အပြင် အူမကြီးရဲ့လုပ်ငန်းတွေကိုလည်း တိုးတက်စေပါတယ်။

၅။ ခြေကျင်းဝတ်

ဒီအမှတ်ကတော့ ခြေကျင်းရဲ့အထက် ၅ စင်တီမီတာအကွာမှာ တည်ရှိပါတယ်။ အဲဒီနေရာလေးကိုတော့ တစ်နေ့ကို တစ်မိနစ်ခန့် ဖြည်းဖြည်းချင်း ဖိပေးထားပါ။ ကိုယ်ဝန်ဆောင်ချိန် ဆိုရင်တော့ ပြုလုပ်လို့ မရပါဘူး။ အစားစားချင်စိတ် ဖြစ်လာတိုင်း ခြေကျင်းဝတ်အမှတ်ကို ဖိပေးနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments