Screen ကို လျှာနဲ့လျက်ရင် အရသာခံနိုင်မယ့် Lickable TV ကို တီထွင်ခဲ့တဲ့ ပါမောက္ခ (ရုပ်သံ)

ဂျပန်ပါမောက္ခတစ်ဦးဟာ အစားအသောက် အရသာတွေကို တုပနိုင်တဲ့ ရှေ့ပြေးပုံစံ lickable TV screen ကို တီထွင်ခဲ့ပါတယ်။ ဘက်စုံအာရုံခံ ကြည့်ရှုမှုအတွေ့အကြုံကို ဖန်တီးဖို့ နောက်ထပ် ခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

Taste the TV (TTTV) လို့ခေါ်တဲ့ ကိရိယာမှာ အစားအစာတစ်ခုရဲ့ အရသာကို ဖန်တီးဖို့အတွက် ပေါင်းစပ်ထားတဲ့ အနံ့အရသာဗူး ၁၀ လုံးပါတဲ့ အဝိုင်းကို အသုံးပြုထားပါတယ်။ ပြီးတော့ အရသာနမူနာကို ကြည့်ရှုသူတွေ စမ်းကြည့်နိုင်စေဖို့ တီဗီဖန်သားပြင်ကိုလည်း သေချာလေး သန့်ရှင်းအောင် ပြုလုပ်ထားပါတယ်။

COVID-19 တွေ ဖြစ်နေတဲ့ အချိန်မှာ ဒီနည်းပညာဟာ ပြင်ပကမ္ဘာနှင့် လူတွေ ပိုပြီး နီးစပ်နိုင်ကြောင်းကို Meiji တက္ကသိုလ်က ပါမောက္ခ Homei Miyashita ကပြောပြထားပါတယ်။ ရည်ရွယ်ချက်ကတော့ အိမ်မှာ နေနေချိန်မှာတောင် ကမ္ဘာတစ်ဖက်ခြမ်းက စားသောက်ဆိုင်မှာ စားသောက်ရတဲ့ အတွေ့အကြုံကို လူတွေကို ရနိုင်စေဖို့ပါ။

Miyashita ဟာ အစားအစာတွေကို အရသာ ပိုရှိစေဖို့ ခက်ရင်းတွေ၊ ဇွန်းတွေပါ ထည့်ထားပေးပါတယ်။ ပြီးတော့ အနံ့အရသာနှင့်ဆိုင်တဲ့ ကိရိယာမျိုးစုံကို ထုတ်လုပ်ပေးဖို့ ကျောင်းသား 30 ခန့်ကလည်း Miyashita နှင့်တွဲပြီးတော့ အလုပ်လုပ်ပါတယ်။

TTTV ရဲ့ ရှေ့ပြေးပုံစံကို လွန်ခဲ့သည့်နှစ်တွေကတည်းက သူကိုယ်တိုင် တည်ဆောက်ခဲ့ပြီး စီးပွားဖြစ် ဗားရှင်းတစ်ခု ပြုလုပ်ဖို့ ယန်း ၁၀၀၀၀၀ (ဒေါ်လာ ၈၇၅) ခန့်ကုန်ကျမယ်လို့ ဆိုပါတယ်။

ဒီစက်မှာတော့ လူအများအတွက် အဆင်ပြေစေနိုင်မယ့် sommeliers၊ ထမင်း စချက်သူတွေအတွက် သင်ကြားမှု၊ အရသာစုံ မြည်းစမ်းနိုင်မယ့် ဂိမ်းတွေနှင့် ဉာဏ်စမ်းပဟေဠိတွေ ထည့်သွင်းပေးထားပါတယ်။

Miyashita ဟာ ပေါင်မုန့်တစ်ချပ်ကို ကင်လိုက်ရင် ပီဇာ (ဒါမှမဟုတ်) ချောကလက်အရသာ ထွက်စေနိုင်တဲ့ အက်ပ်တွေ ပြုလုပ်ဖို့အတွက် သူ့ရဲ့ spray နည်းပညာကို အသုံးပြုဖို့ ကုမ္ပဏီတွေနှင့်လည်း ဆွေးနွေးခဲ့ပါတယ်။

အသုံးပြုသူတွေက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အရသာတွေကို ဒေါင်းလုဒ်လုပ်ပြီး ခံစားနိုင်စေဖို့ ပလက်ဖောင်းတစ်ခု ဖန်တီးဖို့လည်း မျှော်လင့်ထားပြီး ဂီတလိုတွင်ကျယ်လာမယ်လို့ ယူဆထားပါတယ်။ Meiji ဟာ ကျောင်းသူတစ်ဦးကို TTTV မှာ ချောကလက်ကို မြည်းစမ်းခိုင်းစေပြီး သတင်းထောက်တွေကိုလည်း ပြသခဲ့ပါတယ်။

TTTV ကိုလည်း အသံနဲ့ ထိန်းချုပ်နိုင်ပြီးတော့ တစ်ခါမှာယူပြီးတာနဲ့ အလိုအလျောက် မှတ်သားထားပါတယ်။ ပြီးတော့ အချိန်အနည်းငယ် အတွင်းမှာပဲ စားသုံးချင်တဲ့ အရသာကို စခရင်ပေါ် တင်ပေးလိုက်ပါတယ်။ ကျောင်းသူတစ်ဦးကတော့ အဲဒါက နို့ချောကလက်နဲ့ တူတယ်။ ချောကလက်ဆော့စ်လိုလည်း ချိုပါတယ်လို့ ပြောထားပါတယ်။

ရုပ်သံ

Zombie (lovemedia)

for zawgyi

Screen ကို လွ်ာနဲ႔လ်က္ရင္ အရသာခံႏိုင္မယ့္ Lickable TV ကို တီထြင္ခဲ့တဲ့ ပါေမာကၡ

ဂ်ပန္ပါေမာကၡတစ္ဦးဟာ အစားအေသာက္ အရသာေတြကို တုပႏိုင္တဲ့ ေရွ႕ေျပးပုံစံ lickable TV screen ကို တီထြင္ခဲ့ပါတယ္။ ဘက္စုံအာ႐ုံခံၾကည့္ရႈမႈအေတြ႕အႀကဳံကို ဖန္တီးဖို႔ ေနာက္ထပ္ ေျခလွမ္းတစ္ရပ္ကို လွမ္းႏိုင္ခဲ့ၿပီလို႔ ဆိုပါတယ္။

Taste the TV (TTTV) လို႔ေခၚတဲ့ ကိရိယာမွာ အစားအစာတစ္ခုရဲ႕ အရသာကို ဖန္တီးဖို႔အတြက္ ေပါင္းစပ္ထားတဲ့ အနံ႔အရသာဗူး ၁၀ လုံးပါတဲ့ အဝိုင္းကို အသုံးျပဳထားပါတယ္။ ၿပီးေတာ့ အရသာနမူနာကို ၾကည့္ရႈသူေတြ စမ္းၾကည့္ႏိုင္ေစဖို႔ တီဗီဖန္သားျပင္ကိုလည္း ေသခ်ာေလး သန႔္ရွင္းေအာင္ ျပဳလုပ္ထားပါတယ္။

COVID-19 ေတြ ျဖစ္ေနတဲ့ အခ်ိန္မွာ ဒီနည္းပညာဟာ ျပင္ပကမာၻႏွင့္ လူေတြ ပိုၿပီး နီးစပ္ႏိုင္ေၾကာင္းကို Meiji တကၠသိုလ္က ပါေမာကၡ Homei Miyashita ကေျပာျပထားပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ အိမ္မွာ ေနေနခ်ိန္မွာေတာင္ ကမာၻတစ္ဖက္ျခမ္းက စားေသာက္ဆိုင္မွာ စားေသာက္ရတဲ့ အေတြ႕အႀကဳံကို လူေတြကို ရႏိုင္ေစဖို႔ပါ။

Miyashita ဟာ အစားအစာေတြကို အရသာ ပိုရွိေစဖို႔ ခက္ရင္းေတြ၊ ဇြန္းေတြပါ ထည့္ထားေပးပါတယ္။ ၿပီးေတာ့ အနံ႔အရသာႏွင့္ဆိုင္တဲ့ ကိရိယာမ်ိဳးစုံကို ထုတ္လုပ္ေပးဖို႔ ေက်ာင္းသား 30 ခန႔္ကလည္း Miyashita ႏွင့္တြဲၿပီးေတာ့ အလုပ္လုပ္ပါတယ္။

TTTV ရဲ႕ ေရွ႕ေျပးပုံစံကို လြန္ခဲ့သည့္ႏွစ္ေတြကတည္းက သူကိုယ္တိုင္ တည္ေဆာက္ခဲ့ၿပီး စီးပြားျဖစ္ ဗားရွင္းတစ္ခု ျပဳလုပ္ဖို႔ ယန္း ၁၀၀၀၀၀ (ေဒၚလာ ၈၇၅) ခန႔္ကုန္က်မယ္လို႔ ဆိုပါတယ္။

ဒီစက္မွာေတာ့ လူအမ်ားအတြက္ အဆင္ေျပေစႏိုင္မယ့္ sommeliers၊ ထမင္း စခ်က္သူေတြအတြက္ သင္ၾကားမႈ၊ အရသာစုံ ျမည္းစမ္းႏိုင္မယ့္ ဂိမ္းေတြႏွင့္ ဉာဏ္စမ္းပေဟဠိေတြ ထည့္သြင္းေပးထားပါတယ္။ Miyashita ဟာ ေပါင္မုန႔္တစ္ခ်ပ္ကို ကင္လိုက္ရင္ ပီဇာ (ဒါမွမဟုတ္) ေခ်ာကလက္အရသာ ထြက္ေစႏိုင္တဲ့ အက္ပ္ေတြ ျပဳလုပ္ဖို႔အတြက္ သူ႔ရဲ႕ spray နည္းပညာကို အသုံးျပဳဖို႔ ကုမၸဏီေတြႏွင့္လည္း ေဆြးေႏြးခဲ့ပါတယ္။

အသုံးျပဳသူေတြက ကမာၻတစ္ဝွမ္းမွာရွိတဲ့ အရသာေတြကို ေဒါင္းလုဒ္လုပ္ၿပီး ခံစားႏိုင္ေစဖို႔ ပလက္ေဖာင္းတစ္ခု ဖန္တီးဖို႔လည္း ေမွ်ာ္လင့္ထားၿပီး ဂီတလိုတြင္က်ယ္လာမယ္လို႔ ယူဆထားပါတယ္။ Meiji ဟာ ေက်ာင္းသူတစ္ဦးကို TTTV မွာ ေခ်ာကလက္ကို ျမည္းစမ္းခိုင္းေစၿပီး သတင္းေထာက္ေတြကိုလည္း ျပသခဲ့ပါတယ္။

TTTV ကိုလည္း အသံနဲ႔ ထိန္းခ်ဳပ္ႏိုင္ၿပီးေတာ့ တစ္ခါမွာယူၿပီးတာနဲ႔ အလိုအေလ်ာက္ မွတ္သားထားပါတယ္။ ၿပီးေတာ့ အခ်ိန္အနည္းငယ္ အတြင္းမွာပဲ စားသုံးခ်င္တဲ့ အရသာကို စခရင္ေပၚ တင္ေပးလိုက္ပါတယ္။ ေက်ာင္းသူတစ္ဦးကေတာ့ အဲဒါက ႏို႔ေခ်ာကလက္နဲ႔ တူတယ္။ ေခ်ာကလက္ေဆာ့စ္လိုလည္း ခ်ိဳပါတယ္လို႔ ေျပာထားပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments