သင့်ရဲ့ ခန္ဓာကိုယ်ကို လုံးဝပြောင်းလဲသွားစေမယ့် အဝတ်အစားဝတ်နည်း (၁၀) မျိုး

လူတစ်ယောက်ကို စပြီး တွေ့လိုက်တဲ့အခါ first impression က အရမ်းအရေးကြီးပါတယ်။ First impression လေး မပျက်သွားဖို့အတွက် အဝတ်အစား ဝတ်ပုံဝတ်နည်းကိုလည်း မေ့မထားသင့်ပါဘူး။ အခုဖော်ပြမယ့် အဝတ်အစား ဝတ်ပုံဝတ်နည်းတွေက သင့်ကို စတိုင်ကျ လှပစေမယ့်အပြင် သင့်ရဲ့ခန္ဓာကိုယ်ကိုပါ ပြောင်းလဲသွားစေမှာပါ။

၁။ ခန္ဓာကိုယ်နဲ့ ကွက်တိကျတဲ့ အောက်ခံအဝတ်အစား

အောက်ခံအဝတ်အစားက အရမ်းတင်းကျပ်နေရင်လည်း မကောင်းသလို အရမ်းပွနေရင်လည်း ကြည့်မလှပါဘူး။ တင်းကျပ်တဲ့ အောက်ခံအဝတ်အစားကို မရွေးဘဲ ခန္ဓာကိုယ်နဲ့ ကွက်တိကျတာကိုပဲ ရွေးချယ်ပါ။

၂။ Boot ဖိနပ်

စကပ်အတိုနဲ့ boot ဖိနပ်စီးရင် ခြေထောက်တိုသလိုပုံစံ ဖြစ်သွားစေပါတယ်။ အဲဒါကြောင့် ankle boot ဖိနပ်တွေကို ဂျင်း၊ ဘောင်းလီရှည်၊ စကပ်အရှည်နဲ့ တွဲဝတ်ပါ။

၃။ မှန်ကန်တဲ့ အချိုးအစား

သင့်ခန္ဓာကိုယ်ကို ၃ ပိုင်း ပိုင်းလိုက်ပါ။ ခန္ဓာကိုယ်ရဲ့ ၃ ပုံ ၁ ပုံကို အင်္ကျီဝတ်ပြီး ကျန် ၃ ပုံ ၂ ပုံကိုတော့ ဘောင်းဘီရှည် သို့မဟုတ် စကပ်ဝတ်ပါ။

၄။ Oversize အဝတ်အစား

Oversize အဝတ်အစားတွေက လူတိုင်းနဲ့ မလိုက်ဖက်ပါဘူး။ Oversize အဝတ်အစားတွေ ဝတ်တဲ့အခါ ခါးမှာချည်ပြီး ဝတ်ပါ။ အဲဒီအခါ သင့်ကို ပိန်သွယ်သယောင် ဖြစ်စေပါတယ်။

၅။ အင်္ကျီလက်ရဲ့အရှည်

အပေါ်အင်္ကျီရဲ့ လက်က လက်ကောက်ဝတ်အရိုးအထိ ရှည်တယ်ဆိုရင် ကြည့်လို့လှပါတယ်။ ရှပ်အင်္ကျီရဲ့လက်နဲ့ အပေါ်အင်္ကျီရဲ့ လက်က ၁.၅ စင်တီမီတာကနေ ၂ စင်တီမီတာ ခြားနေသင့်ပါတယ်။

၆။ အိတ်ကပ်ရဲ့အရောင်

အိတ်ကပ်ရဲ့အရောင်ကို ရွေးရခက်နေရင် အဖြူရောင်ကိုသာ ရွေးချယ်ပါ။ အဖြူရောင်က ဘယ်သူနဲ့မဆို လိုက်ဖက်ပါတယ်။ အိတ်ကပ်ရဲ့အရောင်နဲ့ လည်စီးရဲ့အရောင်က ဆင်တူနေရင် မလှပါဘူး။

၇။ အရမ်းများတဲ့ accessories

ခန္ဓာကိုယ်မှာ မျက်မှန်၊ လည်ဆွဲ၊ ဦးထုပ်၊ ရင်ထိုး၊ နားကပ်၊ ပုဝါတွေနဲ့ပြည့်နေတဲ့အခါ ရှုပ်နေပြီး ကိုယ့်ရဲ့အလှက မပေါ်လွင်တော့ပါဘူး။ အဲဒါကြောင့် accessories ၃ မျိုးလောက်ကိုသာ လိုက်ဖက်အောင် ဝတ်ဆင်သင့်ပါတယ်။

၈။ အသားအရောင်နဲ့ လိုက်ဖက်တဲ့ ခြေအိတ်

ခြေအိတ်အရောင်က အရမ်းကို ထင်ပေါ်နေရင် ကြည့်မလှတော့ပါဘူး။ အနက်ရောင် ခြေအိတ်တွေကို ဝတ်မယ့်အဝတ်အစားရဲ့ အထူပေါ်မှာ မူတည်ပြီး ရွေးသင့်ပါတယ်။

၉။ ဘောင်းဘီရဲ့အရှည်

ဘောင်းဘီရဲ့ အနားခေါက်က ဖိနပ်ကို အနည်းငယ် ဖုံးအုပ်နေသင့်ပါတယ်။ အဲဒီအခါ သင့်ကို ပိုမို ရင့်ကျက်တဲ့အသွင် ရစေပါတယ်။

၁၀။ တစ်ရောင်တည်းပါတဲ့ အဝတ်အစား

အဝတ်အစားကို အပေါ်အောက် တစ်ရောင်တည်းဝတ်မယ် ဆိုရင် သတိထားပြီး ရွေးသင့်ပါတယ်။ တစ်ရောင်တည်းပါတဲ့ အဝတ်အစားတွေ ရွေးတဲ့အခါ အရောင်တူပေမယ့် အဆင်မတူတဲ့ အဝတ်အစားတွေကို ရွေးချယ်ပါ။

Zombie (lovemedia)

for zawgyi

သင့္ရဲ႕ ခႏၶာကိုယ္ကို လုံးဝေျပာင္းလဲသြားေစမယ့္ အဝတ္အစားဝတ္နည္း (၁၀) မ်ိဳး

လူတစ္ေယာက္ကို စၿပီး ေတြ႕လိုက္တဲ့အခါ first impression က အရမ္းအေရးႀကီးပါတယ္။ First impression ေလး မပ်က္သြားဖို႔အတြက္ အဝတ္အစား ဝတ္ပုံဝတ္နည္းကိုလည္း ေမ့မထားသင့္ပါဘူး။ အခုေဖာ္ျပမယ့္ အဝတ္အစား ဝတ္ပုံဝတ္နည္းေတြက သင့္ကို စတိုင္က် လွပေစမယ့္အျပင္ သင့္ရဲ႕ခႏၶာကိုယ္ကိုပါ ေျပာင္းလဲသြားေစမွာပါ။

၁။ ခႏၶာကိုယ္နဲ႔ ကြက္တိက်တဲ့ ေအာက္ခံအဝတ္အစား

ေအာက္ခံအဝတ္အစားက အရမ္းတင္းက်ပ္ေနရင္လည္း မေကာင္းသလို အရမ္းပြေနရင္လည္း ၾကည့္မလွပါဘူး။ တင္းက်ပ္တဲ့ ေအာက္ခံအဝတ္အစားကို မေ႐ြးဘဲ ခႏၶာကိုယ္နဲ႔ ကြက္တိက်တာကိုပဲ ေ႐ြးခ်ယ္ပါ။

၂။ Boot ဖိနပ္

စကပ္အတိုနဲ႔ boot ဖိနပ္စီးရင္ ေျခေထာက္တိုသလိုပုံစံ ျဖစ္သြားေစပါတယ္။ အဲဒါေၾကာင့္ ankle boot ဖိနပ္ေတြကို ဂ်င္း၊ ေဘာင္းလီရွည္၊ စကပ္အရွည္နဲ႔ တြဲဝတ္ပါ။

၃။ မွန္ကန္တဲ့ အခ်ိဳးအစား

သင့္ခႏၶာကိုယ္ကို ၃ ပိုင္း ပိုင္းလိုက္ပါ။ ခႏၶာကိုယ္ရဲ႕ ၃ ပုံ ၁ ပုံကို အက်ႌဝတ္ၿပီး က်န္ ၃ ပုံ ၂ ပုံကိုေတာ့ ေဘာင္းဘီရွည္ သို႔မဟုတ္ စကပ္ဝတ္ပါ။

၄။ Oversize အဝတ္အစား

Oversize အဝတ္အစားေတြက လူတိုင္းနဲ႔ မလိုက္ဖက္ပါဘူး။ Oversize အဝတ္အစားေတြ ဝတ္တဲ့အခါ ခါးမွာခ်ည္ၿပီး ဝတ္ပါ။ အဲဒီအခါ သင့္ကို ပိန္သြယ္သေယာင္ ျဖစ္ေစပါတယ္။

၅။ အက်ႌလက္ရဲ႕အရွည္

အေပၚအက်ႌရဲ႕ လက္က လက္ေကာက္ဝတ္အ႐ိုးအထိ ရွည္တယ္ဆိုရင္ ၾကည့္လို႔လွပါတယ္။ ရွပ္အက်ႌရဲ႕လက္နဲ႔ အေပၚအက်ႌရဲ႕ လက္က ၁.၅ စင္တီမီတာကေန ၂ စင္တီမီတာ ျခားေနသင့္ပါတယ္။

၆။ အိတ္ကပ္ရဲ႕အေရာင္

အိတ္ကပ္ရဲ႕အေရာင္ကို ေ႐ြးရခက္ေနရင္ အျဖဴေရာင္ကိုသာ ေ႐ြးခ်ယ္ပါ။ အျဖဴေရာင္က ဘယ္သူနဲ႔မဆို လိုက္ဖက္ပါတယ္။ အိတ္ကပ္ရဲ႕အေရာင္နဲ႔ လည္စီးရဲ႕အေရာင္က ဆင္တူေနရင္ မလွပါဘူး။

၇။ အရမ္းမ်ားတဲ့ accessories

ခႏၶာကိုယ္မွာ မ်က္မွန္၊ လည္ဆြဲ၊ ဦးထုပ္၊ ရင္ထိုး၊ နားကပ္၊ ပုဝါေတြနဲ႔ျပည့္ေနတဲ့အခါ ရႈပ္ေနၿပီး ကိုယ့္ရဲ႕အလွက မေပၚလြင္ေတာ့ပါဘူး။ အဲဒါေၾကာင့္ accessories ၃ မ်ိဳးေလာက္ကိုသာ လိုက္ဖက္ေအာင္ ဝတ္ဆင္သင့္ပါတယ္။

၈။ အသားအေရာင္နဲ႔ လိုက္ဖက္တဲ့ ေျခအိတ္

ေျခအိတ္အေရာင္က အရမ္းကို ထင္ေပၚေနရင္ ၾကည့္မလွေတာ့ပါဘူး။ အနက္ေရာင္ ေျခအိတ္ေတြကို ဝတ္မယ့္အဝတ္အစားရဲ႕ အထူေပၚမွာ မူတည္ၿပီး ေ႐ြးသင့္ပါတယ္။

၉။ ေဘာင္းဘီရဲ႕အရွည္

ေဘာင္းဘီရဲ႕ အနားေခါက္က ဖိနပ္ကို အနည္းငယ္ ဖုံးအုပ္ေနသင့္ပါတယ္။ အဲဒီအခါ သင့္ကို ပိုမို ရင့္က်က္တဲ့အသြင္ ရေစပါတယ္။

၁၀။ တစ္ေရာင္တည္းပါတဲ့ အဝတ္အစား

အဝတ္အစားကို အေပၚေအာက္ တစ္ေရာင္တည္းဝတ္မယ္ ဆိုရင္ သတိထားၿပီး ေ႐ြးသင့္ပါတယ္။ တစ္ေရာင္တည္းပါတဲ့ အဝတ္အစားေတြ ေ႐ြးတဲ့အခါ အေရာင္တူေပမယ့္ အဆင္မတူတဲ့ အဝတ္အစားေတြကို ေ႐ြးခ်ယ္ပါ။

Zombie (lovemedia)

Post a Comment

0 Comments