လေယာဉ်ထိုင်ခုံတွေ အမြဲလိုလို အပြာရောင်ဖြစ်နေရတဲ့ အကြောင်းအရင်း

သင်မြင်ဖူးစီးဖူးတဲ့ လေယာဉ်တွေရဲ့ ထိုင်ခုံတွေက အမြဲတမ်း အပြာရောင် ဖြစ်နေတာကို သတိထားမိပါသလား။ လူတချို့ကတော့ ကောင်းကင်နဲ့ အရောင်တူစေဖို့အတွက် ဒီအရောင်ကို ရွေးချယ်ခဲ့တာလို့ ယူဆကြပါတယ်။ အမှန်တော့ ဒီထက်နက်နဲတဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ ဒါဆို လေယာဉ်ထိုင်ခုံတွေက ဘာလို့အပြာရောင်ဖြစ်နေကြတာလဲ ဆိုတဲ့အကြောင်းရင်းကို ဒီနေ့မှာ love media ကနေ ဖော်ပြပေးပါမယ်နော်။

ပထမဆုံး အပြာရောင် ထိုင်ခုံတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက စတင်အသုံးပြုခဲ့ပြီး အခုအချိန်မှာလည်း လေကြောင်းလိုင်းတွေ အားလုံးက ဒီအရောင်ကိုပဲ ဆက်ပြီးရွေးချယ်ခဲ့ကြပါတယ်။ ဗြိတိန်သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ လူအများစုဟာ အပြာရောင်ကို ယုံကြည်စိတ်ချရမှု၊ ဘေးကင်းမှုတို့နှင့် ဆက်စပ်နေတာကြောင့် လေယာဉ်ကြောက်တတ်တဲ့ ခရီးသည်တွေအတွက် တော်တော်ကို အရေးကြီးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သုတေသနပြုချက်တွေအရ လူတွေရဲ့ 90% လောက်ဟာ အမှတ်တံဆိပ် အရောင်တွေပေါ် မူတည်ပြီး လေကြောင်းလိုင်းတွေကို ရွေးချယ်ကြတယ်လို့ ဆိုပါတယ်။

လေကြောင်းလိုင်းတွေ အပြာရောင် ထိုင်ခုံတွေကို ရွေးချယ်ရခြင်းရဲ့ လက်တွေ့ကျတဲ့ အကြောင်းပြချက် တစ်ခုကတော့ ဖုန်တွေ၊ အစွန်းအထင်းတွေနှင့် ခြစ်ရာတွေကို အပြာရောင်မှာ အလွယ်တကူ မမြင်နိုင်တာကြောင့်ပါ။ ပြီးတော့လည်း ရောင်စုံကူရှင်တွေနဲ့ ဖုံးအုပ်ထားတဲ့ ထိုင်ခုံတွေနှင့် နှိုင်းယှဉ်ရင်လည်း အပြာရောင်က အချိန်ပိုကြာကြာ အသုံးပြုနိုင်ပါတယ်။

ဒါပေမယ့်လည်း လူအနည်းငယ်သာ ပထမတန်းကနေ ပျံသန်းဖို့ တတ်နိုင်တာကြောင့် လေကြောင်းလိုင်းတွေကလည်း တောက်ပတဲ့ ကူရှင်တွေကိုပဲ မကြာခဏ အသုံးပြုကြရပါတယ်။ စိတ်ဝင်စားစရာကောင်းတာ တစ်ခုကတော့ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်တွေအတွင်းမှာ အချို့လေကြောင်းလိုင်းတွေဟာ အနီရောင်ကူရှင်ကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ အပြာရောင်ကို ပြောင်းလဲခဲ့ရပါတယ်။ ဘာလို့လဲ ဆိုတော့ အနီရောင်ဟာ ခရီးသည်တွေအကြား ရန်လိုမှုအဆင့်ကို တိုးမြင့်လာစေတာကြောင့်ပါတဲ့။

အထည် သို့မဟုတ် သားရေ

တချို့လေကြောင်းလိုင်းတွေမှာတော့ ထိုင်ခုံတွေကို သားရေတု ဒါမှမဟုတ် အထည်တွေနဲ့ ဖုံးအုပ်ထားတတ်ကြပါတယ်။ အတ္တလန်တိတ်လိုမျိုး ခရီးဝေးပျံသန်းမှုတွေမှာ အသုံးပြုတဲ့ လေယာဉ်တွေမှာတော့ စည်းကမ်းအတိုင်း ထိုင်ခုံတွေကို လေဝင်လေထွက်ကောင်းအောင် အထည်တွေနဲ့ ဖုံးအုပ်ထားတာကြောင့် ခရီးသည်တွေဟာ တစ်ခါတစ်လေမှာ ချွေးထွက်ခြင်း ဒါမှမဟုတ် မသက်မသာဖြစ်ခြင်းကို ခံစားရပါတယ်။

သားရေတုကိုတော့ တိုတောင်းတဲ့ ပျံသန်းမှုတွေမှာပဲ အသုံးများပါတယ်။ သက်တောင့်သက်သာလည်း ရှိစေတဲ့အပြင် အချိုရည်တွေ ဖိတ်စင်သွားရင်လည်း အစွန်းအထင်းတွေ မကျန်ခဲ့စေပါဘူး။

ထိုင်ခုံ ဖုံးအုပ်ထားတဲ့ အထည်ကို antimacassar လို့ခေါ်ကြပါတယ်။ ဝိတိုရိယခေတ်က ပရိဘောဂတွေကို ဖုံးအုပ်ဖို့ ဒီအဝတ်စတွေတွေကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါတယ်။ ဒီအဝတ်စမှာ အသုံးပြုထားတဲ့ ဆီကတော့ အမျိုးသားတွေ ဆံပင်ပုံသွင်းရာမှာ အသုံးပြုတဲ့ macasar oil ပဲဖြစ်ပါတယ်။ ဒီဆီဟာ ပရိဘောဂတွေပေါ်မှာ အဆီတွေ အစွန်းအထင်းတွေကို မပေအောင် ပြုလုပ်ပေးပြီးတော့ အရောင်ကိုလည်း တောက်ပစေပါတယ်။

ဒါကြောင့် လူတွေက ဈေးကြီးတဲ့ ပရိဘောဂတွေကို ထိခိုက်မှုမဖြစ်အောင် ဦးခေါင်းတင်တဲ့နေရာတွေ၊ လက်တင်တဲ့နေရာလေးတွေမှာ ဒီအဝတ်စလေးတွေကို တင်ထားတတ်ကြပါတယ်။

ဘာကြောင့် လေယာဉ်ပြတင်းပေါက်တွေဟာ ထိုင်ခုံတွေနှင့် တတန်းထဲ ရှိမနေတာလဲ။

သင်လေယာဉ်စီးရင် ပြတင်းပေါက်နားမှာ ထိုင်ဖူးပေမယ့် ပြတင်းပေါက်ကနေ ဘာကိုမှ ရှင်းရှင်းလင်းလင်းမြင်ဖူးမှာ မဟုတ်ပါဘူး။ ထိုင်ခုံရဲ့နောက်ကျောနဲ့ တစ်ပြေးတည်း ဖြစ်နေလို့ပဲ ဖြစ်ဖြစ်၊ နောက်ဘက်မှာ ထိုင်တာပဲ ဖြစ်ဖြစ် ကောင်းကောင်းမြင်ရမှာ မဟုတ်ပါဘူး။

ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတော့ လေကြောင်းလိုင်းတွေဟာ ထိုင်ခုံများများ ထည့်ချင်တာကြောင့် ပြတင်းပေါက်နေရာကို ဦးစားမပေးတာပဲ ဖြစ်ပါတယ်။ လေကြောင်း ကုမ္ပဏီတွေကို ထိုင်ခုံတန်းတွေကို မှန်ကန်စွာ တပ်ဆင်ဖို့အတွက် အကြံပြုချက်တွေ ပေးကြပေမယ့်လည်း ဘယ်ကုမ္ပဏီကမှ ဒီစည်းမျဉ်းတွေကို လိုက်နာခြင်း မရှိပါဘူး။

လေကြောင်းလိုင်းရဲ့ ဆုံးဖြတ်ချက်အရ ထိုင်ခုံတန်းတွေကို ပြန်လည် စီစဉ်စေပြီး ကုမ္ပဏီတွေကတော့ အထက်တန်းကို လူတွေစီးအောင် ဒီအခွင့်အရေးကို အသုံးချခဲ့ကြပါတယ်။

Bonus: လေယာဉ်စီးရင် အကောင်းဆုံး ထိုင်ခုံကို ဘယ်လိုရွေးချယ်မလဲ။

လေယာဉ်တွေမှာ ခုံတွေချထားခြင်း၊ စီထားခြင်းဟာ လေကြောင်းလိုင်းတွေရဲ့ လောဘကြီးခြင်းအပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံကို ရွေးချယ်ဖို့ ဆိုတာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးချယ်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ်နော်။

- လေကြောင်းလိုင်းတွေဟာ မတူညီတာကြောင့် လေယာဉ်တွေထဲကို အသေးစိတ်ဖော်ပြထားတဲ့ အထူးဝဘ်ဆိုဒ်တွေ ရှိပါတယ်။ ဒီဝဘ်ဆိုဒ်တွေဟာ ပြတင်းပေါက်ကနေ မြင်ကွင်းကို အမှန်တကယ် ခံစားရလား ဒါမှမဟုတ် ရှုမျှော်ခင်းတွေကို ကြည့်ရှုဖို့ ခါးကို ကုန်းနေရမလား ဆိုတာကို ဆုံးဖြတ်ဖို့ ကူညီပေးလိမ့်မယ်။

- အင်ဂျင်ဆူညံသံကို နားမထောင်ချင်ဘူးဆိုရင် လေယာဉ်ရဲ့ နှာခေါင်းနဲ့ ပိုနီးတဲ့ ထိုင်ခုံတွေကို ရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်က လေယာဉ်မယ်တွေ၊ ပိုင်းလော့တွေပြောတဲ့ စကားသံတွေကိုတော့ ကြားနေရပါလိမ့်မယ်။ အင်ဂျင်သံထက်တော့ ပိုမကျယ်နိုင်ပါဘူး။

- လေယာဉ်အစပိုင်းမှာရှိတဲ့ ထိုင်ခုံတွေမှာ နောက်ထပ်အားသာချက်တစ်ခု ရှိပါသေးတယ်။ အစားအစာကို သင့်ဆီကနေ အရင်စကျွေးတာကြောင့် ဟင်းပွဲများစွာကို ရရှိမှာပဲ ဖြစ်ပါတယ်။ လေယာဉ်ရဲ့ အမှီးနောက်ဆုံးတန်းမှာထိုင်တဲ့ ခရီးသည်တွေကတော့ ငါးနှင့်ကြက်ကြားမှာ ရွေးချယ်စရာ မရှိသလောက် ရှားပါတယ်။

- တကယ်လို့ သင်က အရပ်ရှည်တယ် ဆိုရင်တော့ အရေးပေါ် ထွက်ပေါက်ဘေးမှာ ထိုင်ပါ။ ထိုင်ခုံတန်းကြားမှာ နေရာပိုရှိပါတယ်။

- ဒါပေမယ့် အရေးပေါ် ထွက်ပေါက်အနီးမှာရှိတဲ့ ထိုင်ခုံတွေမှာ လှဲလျောင်းပြီးတော့ မနေသင့်ပါဘူး။ အရေးပေါ် ရွှေ့ပြောင်းခြင်းဖြစ်လာရင် အနှောင့်အယှက် မဖြစ်စေဖို့ သတိပြုပါ။ ဒါကြောင့်လည်း တချို့သော ခရီးသည်တွေဟာ အရေးပေါ်ထွက်ပေါက် အနီးမှာရှိတဲ့ ထိုင်ခုံတွေကို မရွေးချယ်ကြပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments