ကြောင်လေးက သူတို့ချစ်တဲ့ လူနားပဲ ကပ်တတ်ကြပါတယ်။ သင့်အိမ်မှာ ကြောင်အသစ် မွေးမယ်ဆိုရင် ကြောင်လေးက သင့်ကို ယုံလာစေမယ့်၊ ချစ်ခင်လာစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကြောင်လေးတွေအတွက် လုံခြုံတဲ့နေရာ

ကြောင်လေးတွေက သီးသန့်နေတတ်တာကြောင့် သူတို့အတွက် လုံခြုံစိတ်ချရတဲ့ နေရာလိုအပ်ပါတယ်။ အခန်းလွတ် တစ်ခန်းထဲမှာ သူတို့အတွက် အိပ်ရာ၊ သဲဗန်း၊ ကြောင်သစ်ပင်၊ ရေ၊ စားစရာတွေ ထားပေးထားရင် အိမ်လည်း မညစ်ပတ်တော့သလို ကြောင်လေးတွေလည်း ပိုပြီးပျော်ရွှင်လာ စေမှာပါ။ အိမ်က ပစ္စည်းတွေလည်း ကြောင်တွေ တိုက်မိ၊ တွန်းမိတဲ့ ဒုက္ခကနေလည်း ဝေးသွားမှာပါ။

၂။ ကြောင်လေးနဲ့ ရင်းနှီးမှု

ကြောင်လေးတွေက တွေ့ကရာလူနားကို မကပ်တတ်ပါဘူး။ သူတို့နဲ့ အခုမှ စသိတဲ့သူဆိုရင် အရမ်းကို လေ့လာအကဲခတ် တတ်ပါသေးတယ်။ ကြောင်လေးက သင့်ကို စိုက်ကြည့်နေရင်၊ လာပြီး ပွတ်သီးပွတ်သပ်လုပ်နေရင် ကြောင်လေးက သင့်နဲ့ ရင်းနှီးချစ်ခင် ချင်နေပါပြီ။

၃။ ကြောင်လေးတွေကို မခြောက်လှန့်သင့်ပါဘူး။

ကြောင်လေးတွေက အသည်းငယ်ပြီး ကြောင်တတ်ပါတယ်။ သင့်အိမ်ကို အခုမှ စရောက်စကြောင်လေးကို စနောက်ချင်တဲ့စိတ်နဲ့ ခြောက်လှန့်လိုက်ရင် သင့်ကို ချစ်ခင်လာတော့မှာ မဟုတ်ပါဘူး။ သင့်ကို မြင်တာနဲ့ ထွက်ပြေးနေတော့မှာပါ။

၄။ ကြောင်လေးကို ယုယမှု

ကြောင်လေးနဲ့ ပိုပြီး ရင်းနှီးမှုရအောင် ပွတ်သပ်ယုယပေးဖို့ လိုအပ်ပါတယ်။ ကြောင်လေးကို ကြင်ကြင်နာနာပွေ့ချီပြီး ခေါင်းကို ပွတ်ပေးရင် ကြိုက်ကြပါတယ်။ ပြီးတော့ မေးစေ့အောက်ဘက်နဲ့ ပါးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ပွတ်ပေးရင်လည်း ကြောင်လေးတွေက တကယ်သဘောကျတာပါ။

၅။ ညင်ညင်သာသာ စကားပြောပေးပါ။

ကြောင်လေးတွေက ကျယ်လောင်တဲ့ အသံတွေကို ကြောက်ကြပါတယ်။ ကြောင်လေးကို ညင်ညင်သာသာနဲ့ စကားပြောပေးရင် သင့်အသံကို မှတ်မိသွားပါတယ်။ တစ်ခါတရံ သင့်အနားကို လာရင်၊ သင့်အပေါ်ကို တက်ထိုင်နေရင် ကြောင်လေးတွေက ညင်သာနွေးထွေးတဲ့ သင့်အသံကို ကြားချင်လို့ပါ။

Zombie (lovemedia)

for zawgyi

ေၾကာင္ေလးက သင့္အေပၚ ရင္းႏွီးၿပီး ခ်စ္ခင္လာေစဖို႔ အေရးပါတဲ့ နည္း (၅) ခု

ေၾကာင္ေလးက သူတို႔ခ်စ္တဲ့ လူနားပဲ ကပ္တတ္ၾကပါတယ္။ သင့္အိမ္မွာ ေၾကာင္အသစ္ ေမြးမယ္ဆိုရင္ ေၾကာင္ေလးက သင့္ကို ယုံလာေစမယ့္၊ ခ်စ္ခင္လာေစမယ့္ နည္းလမ္းေလးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေၾကာင္ေလးေတြအတြက္ လုံၿခဳံတဲ့ေနရာ

ေၾကာင္ေလးေတြက သီးသန႔္ေနတတ္တာေၾကာင့္ သူတို႔အတြက္ လုံၿခဳံစိတ္ခ်ရတဲ့ ေနရာလိုအပ္ပါတယ္။ အခန္းလြတ္ တစ္ခန္းထဲမွာ သူတို႔အတြက္ အိပ္ရာ၊ သဲဗန္း၊ ေၾကာင္သစ္ပင္၊ ေရ၊ စားစရာေတြ ထားေပးထားရင္ အိမ္လည္း မညစ္ပတ္ေတာ့သလို ေၾကာင္ေလးေတြလည္း ပိုၿပီးေပ်ာ္႐ႊင္လာ ေစမွာပါ။ အိမ္က ပစၥည္းေတြလည္း ေၾကာင္ေတြ တိုက္မိ၊ တြန္းမိတဲ့ ဒုကၡကေနလည္း ေဝးသြားမွာပါ။

၂။ ေၾကာင္ေလးနဲ႔ ရင္းႏွီးမႈ

ေၾကာင္ေလးေတြက ေတြ႕ကရာလူနားကို မကပ္တတ္ပါဘူး။ သူတို႔နဲ႔ အခုမွ စသိတဲ့သူဆိုရင္ အရမ္းကို ေလ့လာအကဲခတ္ တတ္ပါေသးတယ္။ ေၾကာင္ေလးက သင့္ကို စိုက္ၾကည့္ေနရင္၊ လာၿပီး ပြတ္သီးပြတ္သပ္လုပ္ေနရင္ ေၾကာင္ေလးက သင့္နဲ႔ ရင္းႏွီးခ်စ္ခင္ ခ်င္ေနပါၿပီ။

၃။ ေၾကာင္ေလးေတြကို မေျခာက္လွန႔္သင့္ပါဘူး။

ေၾကာင္ေလးေတြက အသည္းငယ္ၿပီး ေၾကာင္တတ္ပါတယ္။ သင့္အိမ္ကို အခုမွ စေရာက္စေၾကာင္ေလးကို စေနာက္ခ်င္တဲ့စိတ္နဲ႔ ေျခာက္လွန႔္လိုက္ရင္ သင့္ကို ခ်စ္ခင္လာေတာ့မွာ မဟုတ္ပါဘူး။ သင့္ကို ျမင္တာနဲ႔ ထြက္ေျပးေနေတာ့မွာပါ။

၄။ ေၾကာင္ေလးကို ယုယမႈ

ေၾကာင္ေလးနဲ႔ ပိုၿပီး ရင္းႏွီးမႈရေအာင္ ပြတ္သပ္ယုယေပးဖို႔ လိုအပ္ပါတယ္။ ေၾကာင္ေလးကို ၾကင္ၾကင္နာနာေပြ႕ခ်ီၿပီး ေခါင္းကို ပြတ္ေပးရင္ ႀကိဳက္ၾကပါတယ္။ ၿပီးေတာ့ ေမးေစ့ေအာက္ဘက္နဲ႔ ပါးႏွစ္ဖက္ကို ျဖည္းျဖည္းခ်င္း ပြတ္ေပးရင္လည္း ေၾကာင္ေလးေတြက တကယ္သေဘာက်တာပါ။

၅။ ညင္ညင္သာသာ စကားေျပာေပးပါ။

ေၾကာင္ေလးေတြက က်ယ္ေလာင္တဲ့ အသံေတြကို ေၾကာက္ၾကပါတယ္။ ေၾကာင္ေလးကို ညင္ညင္သာသာနဲ႔ စကားေျပာေပးရင္ သင့္အသံကို မွတ္မိသြားပါတယ္။ တစ္ခါတရံ သင့္အနားကို လာရင္၊ သင့္အေပၚကို တက္ထိုင္ေနရင္ ေၾကာင္ေလးေတြက ညင္သာေႏြးေထြးတဲ့ သင့္အသံကို ၾကားခ်င္လို႔ပါ။

Zombie (lovemedia)