၁။ ပျားရည်ရောင်းသူက ကြော်ညာပြီး ရောင်းတယ်။ "ပျားရည် အစစ်ဆိုတာ ခွေးမစားဘူး၊ ခွေးစားရင် အဲဒါ ပျားရည် မစစ်ဘူး"
အခု သူရောင်းနေတဲ့ ပျားရည်ကို လက်တွေ့ စမ်းသပ်နိုင်ကြောင်း၊ သူ့ ပျားရည်ဟာ အစစ် ဖြစ်သောကြောင့် ခွေးမစားဘူး ဟူ၍ ကြော်ညာရောင်းတယ်။
အဲဒီမှာ လူတယောက်က ကြားဖြတ်ပြီး ဝင်မေးပါတယ်။ "တကယ်လို့ ခင်ဗျာ့ ပျားရည်ကို ခွေးစားရင် ရောဗျာ"
ပျားရည်ရောင်းသူက ယုံကြည်စွာပဲ ပြန်ဖြေပါတယ်။ "အဲဒါ ခွေးမစစ်လို့"
ဈေးရောင်းသူက သူ့ပျားရည် စစ်ဖို့အတွက် ခွေးတောင် ခွေးအစစ် မဟုတ်ဘူး ပြောသွားတယ်။
၂။ နာမည်ကြီး ဗေဒင်ဆရာ တယောက်ဆီ အမျိုးသား တယောက်က ဗေဒင်လာမေးတယ်။ ဗေဒင်ဆရာကြီးက ဟောလိုက်တယ်။ "မောင်ရင့်မှာ သားသမီးသုံးယောက် ရှိတယ်"
အဲတော့ အမျိုးသားက ပြာပြာသလဲဖြင့် "ဟာ မဟုတ်ပါဘူး ဆရာကြီးရယ်၊ ကျနော့်မှာ သားသမီး ငါးယောက် ရှိတာပါ"
ထိုအခါ ဗေဒင်ဆရာက မျက်နှာထားကို ပိုခန့်ထည်လိုက်ပြီး ပြောလိုက်တယ်။ "မောင်ရင်က ထင်နေလို့ပါ"
ဗေဒင်ဆရာကြီးက သူ့ဟောကိန်း မှန်နေတာကို တပြားမှ မလျော့။
၃။ သိုးကလေးက စမ်းချောင်းမှာ ရေဆင်းသောက်တယ်။ ဝံပုလွေဆိုးက သိုးကလေးကို စားချင်တယ်။ ဒါပေမဲ့ မတရား စားတယ်၊ အနိုင်ကျင့်တယ်လို့ ပတ်ဝန်းကျင်က သမုတ်မှာ စိုးတဲ့အတွက် သိုးကလေးကို အပြစ်ရှာတယ်။ "မင်း ငါသောက်မယ့် ရေတွေကို အနယ်ထအောင် လုပ်တယ်"
"သေချာကြည့်ပါအုံး ဝံပုလွေကြီးရယ်၊ ကျနော်က ဝံပုလွေကြီးရဲ့ ရေစုန်ဘက်မှာ နေတာပါ။ ကျနော့်ကြောင့် ဘယ်လို လုပ်ပြီး ရေက နောက်ရမှာလဲ"
ဝံပုလွေက "မရဘူး၊ မင်းကြောင့် ရေမနောက်ပေမဲ့ မင်းမိဘတွေကြောင့် ရေနောက်ဖူးတယ်။ အဲတော့ မင်းကို ငါ စားရမှာပဲ"
ဘယ်လိုဖြေဖြေ သူ့အဖြေက အမှားပဲ။ ငါပြောတာ အမှန်ပဲ ဆိုပြီး သူ့အသားကို စားချင်တဲ့ ဝံပုလွေကြီးရဲ့ အမှန်တရားကလည်း အံ့သြစရာပဲ။
၄။ လူနှစ်ယောက်က ဒင်္ဂါးပြား ခေါင်းပန်း လှန်တယ်။ တယောက်က ခေါင်းကျလည်း စားလိုက်တာပဲ။ ပန်းကျလည်း စားလိုက်တာပဲ။ အဲတော့ တခြားတယောက်က မေးတယ်။ "ကျနော်က ဘယ်လိုကျမှ စားရမှာလဲ"
ဟိုလူကက တရားမျှတစွာ ပြန်ဖြေတယ်။ "မင်းက ထောင်နေမှ စားရမှာ"
အဲ့လူကြီးရဲ့ အမှန်တရား၊ တရားမျှတမှုကလည်း ကြောက်စရာ။
၅။ ဖနောင့်ရှည်ပြီး ဖိနပ်အမြီး တိုနေသူက ဖိနပ်နဲ့ ကွက်တိ ဖြစ်အောင် ဖနောင့်ကို အဖြတ်ခိုင်းတဲ့ အမှန်တရား။ အမြီးပြတ်မြေခွေးက အမြီးရှိမြေခွေးတွေကို "အမြီးဆိုတာ အပိုသက်သက်ပဲ။ အမြီးရှိနေတဲ့အတွက် ဘာမှ ပိုထူးခြား မလာဘူး" ဆိုပြီး အမြီးရှိ မြေခွေးတွေကို သူ့လို အမြီးပြတ် ဖြစ်စေရန် အမြီးဖြတ်ဖို့ တရားဟောတဲ့ အမြီးဖြတ် အမှန်တရား။
ရေပါတာပဲ လိုချင်တယ်၊ ရေးဗူးပေါက်တာ မလိုချင်ဘူး ဆိုတဲ့ အကြောင်းမကောင်းပဲ အကျိုးကောင်း ထွက်ချင်နေသော၊ အကြောင်း မကြည့်ပဲ အကျိုးကိုသာ လိုချင်သော ထူးသည့် အမှန်တရား။
အဖွဲ့အစည်းတခုမှာ အမှားအယွင်းတခု ကြုံရသောအခါ အသီးသီးသော အဖွဲ့ဝင်တွေက "ကျနော်ကတော့ မမှားဘူးနော်" ဆိုပြီး အမှန်တရား ဆိုတာကို မုန့်လုနေသလို သူ့ထက်ငါ ဦးအောင်ပြောပြီး အပြောနှေးသူက မှားတဲ့ကောင် ဖြစ်ရသော လုယူပြီး မှန်ရသည့် အမှန်တရား။
ဤသို့သော ထူးဆန်းသော အမှန်တရားမျိုး၊ လွန်စွာ တရားမျှတသော အမှန်တရားမျိုး၊ လွန်စွာ ယထာဘူတ ကျသည့် အမှန်တရားမျိုးများကို ကိုင်စွဲရပ်တည် နေကြသည့် မဟာ့ မဟာ လူသားများသည် ဤကမ္ဘာမြေပေါ်၌ အားရ ကျေနပ်ဖွယ်ရာဖြင့် များစွာ တည်ရှိနေသည်ဟု သဘောပေါက်ရပါတော့သည်။
Crd
Zawgyi
က်ေနာ္ မမွားပါ
၁။ ပ်ားရည္ေရာင္းသူက ေၾကာ္ညာၿပီး ေရာင္းတယ္။ "ပ်ားရည္ အစစ္ဆိုတာ ေခြးမစားဘူး၊ ေခြးစားရင္ အဲဒါ ပ်ားရည္ မစစ္ဘူး"
အခု သူေရာင္းေနတဲ့ ပ်ားရည္ကို လက္ေတြ႕ စမ္းသပ္ႏိုင္ေၾကာင္း၊ သူ႔ ပ်ားရည္ဟာ အစစ္ ျဖစ္ေသာေၾကာင့္ ေခြးမစားဘူး ဟူ၍ ေၾကာ္ညာေရာင္းတယ္။
အဲဒီမွာ လူတေယာက္က ၾကားျဖတ္ၿပီး ဝင္ေမးပါတယ္။ "တကယ္လို႔ ခင္ဗ်ာ့ ပ်ားရည္ကို ေခြးစားရင္ ေရာဗ်ာ"
ပ်ားရည္ေရာင္းသူက ယုံၾကည္စြာပဲ ျပန္ေျဖပါတယ္။ "အဲဒါ ေခြးမစစ္လို႔"
ေဈးေရာင္းသူက သူ႔ပ်ားရည္ စစ္ဖို႔အတြက္ ေခြးေတာင္ ေခြးအစစ္ မဟုတ္ဘူး ေျပာသြားတယ္။
၂။ နာမည္ႀကီး ေဗဒင္ဆရာ တေယာက္ဆီ အမ်ိဳးသား တေယာက္က ေဗဒင္လာေမးတယ္။ ေဗဒင္ဆရာႀကီးက ေဟာလိုက္တယ္။ "ေမာင္ရင့္မွာ သားသမီးသုံးေယာက္ ရွိတယ္"
အဲေတာ့ အမ်ိဳးသားက ျပာျပာသလဲျဖင့္ "ဟာ မဟုတ္ပါဘူး ဆရာႀကီးရယ္၊ က်ေနာ့္မွာ သားသမီး ငါးေယာက္ ရွိတာပါ"
ထိုအခါ ေဗဒင္ဆရာက မ်က္ႏွာထားကို ပိုခန႔္ထည္လိုက္ၿပီး ေျပာလိုက္တယ္။ "ေမာင္ရင္က ထင္ေနလို႔ပါ"
ေဗဒင္ဆရာႀကီးက သူ႔ေဟာကိန္း မွန္ေနတာကို တျပားမွ မေလ်ာ့။
၃။ သိုးကေလးက စမ္းေခ်ာင္းမွာ ေရဆင္းေသာက္တယ္။ ဝံပုေလြဆိုးက သိုးကေလးကို စားခ်င္တယ္။ ဒါေပမဲ့ မတရား စားတယ္၊ အႏိုင္က်င့္တယ္လို႔ ပတ္ဝန္းက်င္က သမုတ္မွာ စိုးတဲ့အတြက္ သိုးကေလးကို အျပစ္ရွာတယ္။ "မင္း ငါေသာက္မယ့္ ေရေတြကို အနယ္ထေအာင္ လုပ္တယ္"
"ေသခ်ာၾကည့္ပါအုံး ဝံပုေလြႀကီးရယ္၊ က်ေနာ္က ဝံပုေလြႀကီးရဲ႕ ေရစုန္ဘက္မွာ ေနတာပါ။ က်ေနာ့္ေၾကာင့္ ဘယ္လို လုပ္ၿပီး ေရက ေနာက္ရမွာလဲ"
ဝံပုေလြက "မရဘူး၊ မင္းေၾကာင့္ ေရမေနာက္ေပမဲ့ မင္းမိဘေတြေၾကာင့္ ေရေနာက္ဖူးတယ္။ အဲေတာ့ မင္းကို ငါ စားရမွာပဲ"
ဘယ္လိုေျဖေျဖ သူ႔အေျဖက အမွားပဲ။ ငါေျပာတာ အမွန္ပဲ ဆိုၿပီး သူ႔အသားကို စားခ်င္တဲ့ ဝံပုေလြႀကီးရဲ႕ အမွန္တရားကလည္း အံ့ၾသစရာပဲ။
၄။ လူႏွစ္ေယာက္က ဒဂၤါးျပား ေခါင္းပန္း လွန္တယ္။ တေယာက္က ေခါင္းက်လည္း စားလိုက္တာပဲ။ ပန္းက်လည္း စားလိုက္တာပဲ။ အဲေတာ့ တျခားတေယာက္က ေမးတယ္။ "က်ေနာ္က ဘယ္လိုက်မွ စားရမွာလဲ"
ဟိုလူကက တရားမွ်တစြာ ျပန္ေျဖတယ္။ "မင္းက ေထာင္ေနမွ စားရမွာ"
အဲ့လူႀကီးရဲ႕ အမွန္တရား၊ တရားမွ်တမႈကလည္း ေၾကာက္စရာ။
၅။ ဖေနာင့္ရွည္ၿပီး ဖိနပ္အၿမီး တိုေနသူက ဖိနပ္နဲ႔ ကြက္တိ ျဖစ္ေအာင္ ဖေနာင့္ကို အျဖတ္ခိုင္းတဲ့ အမွန္တရား။ အၿမီးျပတ္ေျမေခြးက အၿမီးရွိေျမေခြးေတြကို "အၿမီးဆိုတာ အပိုသက္သက္ပဲ။ အၿမီးရွိေနတဲ့အတြက္ ဘာမွ ပိုထူးျခား မလာဘူး" ဆိုၿပီး အၿမီးရွိ ေျမေခြးေတြကို သူ႔လို အၿမီးျပတ္ ျဖစ္ေစရန္ အၿမီးျဖတ္ဖို႔ တရားေဟာတဲ့ အၿမီးျဖတ္ အမွန္တရား။
ေရပါတာပဲ လိုခ်င္တယ္၊ ေရးဗူးေပါက္တာ မလိုခ်င္ဘူး ဆိုတဲ့ အေၾကာင္းမေကာင္းပဲ အက်ိဳးေကာင္း ထြက္ခ်င္ေနေသာ၊ အေၾကာင္း မၾကည့္ပဲ အက်ိဳးကိုသာ လိုခ်င္ေသာ ထူးသည့္ အမွန္တရား။
အဖြဲ႕အစည္းတခုမွာ အမွားအယြင္းတခု ႀကဳံရေသာအခါ အသီးသီးေသာ အဖြဲ႕ဝင္ေတြက "က်ေနာ္ကေတာ့ မမွားဘူးေနာ္" ဆိုၿပီး အမွန္တရား ဆိုတာကို မုန႔္လုေနသလို သူ႔ထက္ငါ ဦးေအာင္ေျပာၿပီး အေျပာေႏွးသူက မွားတဲ့ေကာင္ ျဖစ္ရေသာ လုယူၿပီး မွန္ရသည့္ အမွန္တရား။
ဤသို႔ေသာ ထူးဆန္းေသာ အမွန္တရားမ်ိဳး၊ လြန္စြာ တရားမွ်တေသာ အမွန္တရားမ်ိဳး၊ လြန္စြာ ယထာဘူတ က်သည့္ အမွန္တရားမ်ိဳးမ်ားကို ကိုင္စြဲရပ္တည္ ေနၾကသည့္ မဟာ့ မဟာ လူသားမ်ားသည္ ဤကမာၻေျမေပၚ၌ အားရ ေက်နပ္ဖြယ္ရာျဖင့္ မ်ားစြာ တည္ရွိေနသည္ဟု သေဘာေပါက္ရပါေတာ့သည္။
Crd
0 Comments