ပင်ပင်ပန်းပန်းမလုပ်ဘဲ အမြဲလိုလို အားကုန်ပင်ပန်းနေရတဲ့ အကြောင်းအရင်း (၇) ချက်

တစ်ခါတလေမှာ ဘာမှပင်ပင်ပန်းပန်း မလုပ်ထားဘဲ အမြဲလိုလိုပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ အမြဲလိုလိုပင်ပန်းနွမ်းနယ်နေရတဲ့အကြောင်းအရင်းတွေ များစွာထဲကမှ အကြောင်းအရင်းတချို့ကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သံဓါတ်ချို့တဲ့ခြင်း

ဟေမိုဂလိုဘင်ထုတ်လုပ်မှု လျော့သွားတဲ့အခါ သံဓါတ်ချို့တဲ့သွားပါတယ်။ အဲဒီအခါ ဆဲလ်တွေက အောက်ဆီဂျင် အလုံအလောက် မရတော့တာကြောင့် အမြဲလိုလို ပင်ပန်းနွမ်းနယ် နေတတ်ပါတယ်။ သံဓါတ်ချို့တဲ့တဲ့အခါ ဖြစ်လာတတ်တဲ့ လက္ခဏာတွေကတော့ ဖုန်မှုန့်၊ ကော်မှုန့်လိုမျိုး ထူးထူးဆန်းဆန်း စားချင်နေတတ်တာ၊ ခြေတွေလက်တွေက အမြဲအေးစက်နေတာ၊ အသက်ရှူကျပ်တာ၊ အသားအရေဖြူဖျော့ပြီး လက်သည်းခြေသည်းတွေ ကျိုးလွယ်နာ၊ လျှာနာကျင်နေတတ်ပါ။ သံဓါတ်ချို့တဲ့တဲ့အခါ ဂုံးကောင်၊ အသားအမျိုးအမျိုး၊ ပဲအမျိုးမျိုးတို့ကို စားပေးသင့်ပါတယ်။

၂။ Vitamin B12 ချို့တဲ့ခြင်း

Vitamin B12 ချို့တဲ့တဲ့အခါမှာလည်း အမြဲလိုလို ပင်ပန်းနေတတ်ပါတယ်။ သက်သက်လွတ်စားသူတွေမှာ ပိုပြီးဖြစ်လွယ်ပါတယ်။ စိုးရိမ်သောကများတာ၊ အမြင်အာရုံ မကြည်လင်တာ၊ အသားအရေဝါလာတာ၊ ခြေတွေလက်တွေ ထုံကျဉ်လာတာက vitamin B12 ချို့တဲ့ခြင်းရဲ့ အခြား လက္ခဏာတွေပါပဲ။

၃။ သိုင်းရွိုက်ပြဿနာ

အမြဲလိုလို အားကုန်နေရခြင်းရဲ့ နောက်ထပ်အကြောင်းရင်းကတော့ သိုင်းရွိုက်ဟော်မုန်း ကင်းမဲ့သွားလို့ပါ။ မျက်နှာ၊ မျက်ခွံ၊ ခြေထောက်တွေ ရောင်ရမ်းတာ၊ အအေးဒဏ်ကို နည်းနည်းမှမခံနိုင်တာ၊ ကြွက်သားနဲ့အဆစ်တွေ နာကျင်တာ၊ အသံရှတတဖြစ်လာတာ၊ ဆံပင်ကျွတ်များတာ၊ အသားအရေခြောက်တာက သိုင်းရွိုက်ဟော်မုန်းကင်းမဲ့ခြင်းရဲ့ လက္ခဏာတွေပါ။

၄။ အူနဲ့ ပတ်သက်သောရောဂါများ

အူသိမ်အူမက အလုပ်ကောင်းကောင်း မလုပ်နိုင်ရင် အန္တရာယ်ရှိတဲ့ ဘက်တီးရီယားတွေက အရမ်းများလာပါတယ်။ အဲဒီ ဘက်တီးရီးယားတွေ သေသွားတဲ့အခါ အဆိပ်အတော်တွေကို ထုတ်ပါတယ်။ အဲဒီ အဆိပ်အတောက်က အာရုံကြောစနစ်ကို ဆိုးကျိုးဖြစ်စေတာကြောင့် ပင်ပန်းနွမ်းနယ်နေတာပါ။ အစာအိမ်မှာ ပြဿနာတွေရှိတဲ့အခါ ဝမ်းဗိုက်နာကျင်တာ၊ ပါးစပ်ထဲမှာ မကောင်းတဲ့အရသာတွေ ခံစားနေမိတာ၊ လျှာမှာ အဖြူရောင် အချွဲတွေများလာတာ၊ ပျို့အန်ချင်တာတွေကို ခံစားလာရပါတယ်။

၅။ အဒရီနယ်

သွေးထဲမှာ အဒရီနယ်လင်းဟော်မုန်းတွေ အလျှံအပယ် ဖြစ်လာရင်လည်း မောပန်းနွမ်းနယ် နေတတ်ပါတယ်။ စိတ်ဖိစီးမှုတွေ များတဲ့အခါ အဒရီနယ်လင်းဟော်မုန်းတွေ ထွက်ပါတယ်။ နည်းနည်းပါးပါးထွက်ရင် အကျိုးရှိပေမယ့် အလျှံအပယ်ထွက်ရင်တော့ ပင်ပန်းနွမ်းနယ် လာစေပါတယ်။ သွေးပေါင်ကျတာ၊ ကိုယ်ခန္ဓာကိုယ်ခဲတာ၊ ထူးထူးခြားခြား ကိုယ်အလေးချိန်ကျသွားတာ၊ ဆံပင်ကျွတ်ပြီး အသားတွေ မည်းသွားတာကလည်း အဒရီနယ်လင်းဟော်မုန်းအလျှံပယ်ထွက်ခြင်းရဲ့ လက္ခဏာတွေပါပဲ။ အိပ်ရေးဝဝ အိပ်တာ၊ အစားအစာကို မျှတအောင်စားတာ၊ လမ်းလျှောက်တာက စိတ်ဖိစီးမှုကို လျော့စေပါတယ်။

၆။ အသည်းရောဂါများ

သည်းခြေပြွန်ရောင်ရမ်းတဲ့အခါ၊ အသည်းရွတ်ရောဂါ ခံစားရတဲ့အခါ ဘာမှပင်ပင်ပန်းပန်း မလုပ်ဘဲနဲ့လည်း မောပန်းနေတတ်ပါတယ်။ ညာဘက်နံရိုးအောက်က နာကျင်တာ၊ အသားဝါတာ၊ ငွေ့ငွေ့လေးဖျားတာ၊ အစားစားချင်စိတ်နည်းတာ စတာတွေက အသည်းနဲ့သက်ဆိုင်တဲ့ ရောဂါတွေရဲ့ လက္ခဏာတွေပါပဲ။

၇။ အချိန်ကြာမြင့်စွာ ရေဓါတ်ခန်းခြောက်ခြင်း

အချိန်ကြာမြင့်စွာ ရေဓါတ်ခန်းခြောက်တာကို လူအများစုက သတိမထားမိကြပါဘူး။ အချိုတွေကိုပဲ အမြဲစားချင်နေတာ၊ အိပ်ပျော်ဖို့ခက်ခဲတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ အာခြောက်တာတွေက ရေဓါတ်ခန်းခြောက်ရင် ကြုံတွေ့ရတတ်တဲ့ လက္ခဏာတွေပါ။ ခန္ဓာကိုယ် အလေးချိန်ကို လိုက်ပြီး တစ်နေ့ကို ရေတစ်လီတာခွဲကနေ နှစ်လီတာခွဲအထိ သောက်သင့်ပါတယ်။

Zombie (lovemedia)

for zawgyi

ပင္ပင္ပန္းပန္းမလုပ္ဘဲ အၿမဲလိုလို အားကုန္ပင္ပန္းေနရတဲ့ အေၾကာင္းအရင္း (၇) ခ်က္

တစ္ခါတေလမွာ ဘာမွပင္ပင္ပန္းပန္း မလုပ္ထားဘဲ အၿမဲလိုလိုပင္ပန္းႏြမ္းနယ္ေနတတ္ပါတယ္။ အၿမဲလိုလိုပင္ပန္းႏြမ္းနယ္ေနရတဲ့အေၾကာင္းအရင္းေတြ မ်ားစြာထဲကမွ အေၾကာင္းအရင္းတခ်ိဳ႕ကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ သံဓါတ္ခ်ိဳ႕တဲ့ျခင္း

ေဟမိုဂလိုဘင္ထုတ္လုပ္မႈ ေလ်ာ့သြားတဲ့အခါ သံဓါတ္ခ်ိဳ႕တဲ့သြားပါတယ္။ အဲဒီအခါ ဆဲလ္ေတြက ေအာက္ဆီဂ်င္ အလုံအေလာက္ မရေတာ့တာေၾကာင့္ အၿမဲလိုလို ပင္ပန္းႏြမ္းနယ္ ေနတတ္ပါတယ္။ သံဓါတ္ခ်ိဳ႕တဲ့တဲ့အခါ ျဖစ္လာတတ္တဲ့ လကၡဏာေတြကေတာ့ ဖုန္မႈန႔္၊ ေကာ္မႈန႔္လိုမ်ိဳး ထူးထူးဆန္းဆန္း စားခ်င္ေနတတ္တာ၊ ေျခေတြလက္ေတြက အၿမဲေအးစက္ေနတာ၊ အသက္ရႉက်ပ္တာ၊ အသားအေရျဖဴေဖ်ာ့ၿပီး လက္သည္းေျခသည္းေတြ က်ိဳးလြယ္နာ၊ လွ်ာနာက်င္ေနတတ္ပါ။ သံဓါတ္ခ်ိဳ႕တဲ့တဲ့အခါ ဂုံးေကာင္၊ အသားအမ်ိဳးအမ်ိဳး၊ ပဲအမ်ိဳးမ်ိဳးတို႔ကို စားေပးသင့္ပါတယ္။

၂။ Vitamin B12 ခ်ိဳ႕တဲ့ျခင္း

Vitamin B12 ခ်ိဳ႕တဲ့တဲ့အခါမွာလည္း အၿမဲလိုလို ပင္ပန္းေနတတ္ပါတယ္။ သက္သက္လြတ္စားသူေတြမွာ ပိုၿပီးျဖစ္လြယ္ပါတယ္။ စိုးရိမ္ေသာကမ်ားတာ၊ အျမင္အာ႐ုံ မၾကည္လင္တာ၊ အသားအေရဝါလာတာ၊ ေျခေတြလက္ေတြ ထုံက်ဥ္လာတာက vitamin B12 ခ်ိဳ႕တဲ့ျခင္းရဲ႕ အျခား လကၡဏာေတြပါပဲ။

၃။ သိုင္း႐ြိဳက္ျပႆနာ

အၿမဲလိုလို အားကုန္ေနရျခင္းရဲ႕ ေနာက္ထပ္အေၾကာင္းရင္းကေတာ့ သိုင္း႐ြိဳက္ေဟာ္မုန္း ကင္းမဲ့သြားလို႔ပါ။ မ်က္ႏွာ၊ မ်က္ခြံ၊ ေျခေထာက္ေတြ ေရာင္ရမ္းတာ၊ အေအးဒဏ္ကို နည္းနည္းမွမခံႏိုင္တာ၊ ႂကြက္သားနဲ႔အဆစ္ေတြ နာက်င္တာ၊ အသံရွတတျဖစ္လာတာ၊ ဆံပင္ကြၽတ္မ်ားတာ၊ အသားအေရေျခာက္တာက သိုင္း႐ြိဳက္ေဟာ္မုန္းကင္းမဲ့ျခင္းရဲ႕ လကၡဏာေတြပါ။

၄။ အူနဲ႔ ပတ္သက္ေသာေရာဂါမ်ား

အူသိမ္အူမက အလုပ္ေကာင္းေကာင္း မလုပ္ႏိုင္ရင္ အႏၲရာယ္ရွိတဲ့ ဘက္တီးရီယားေတြက အရမ္းမ်ားလာပါတယ္။ အဲဒီ ဘက္တီးရီးယားေတြ ေသသြားတဲ့အခါ အဆိပ္အေတာ္ေတြကို ထုတ္ပါတယ္။ အဲဒီ အဆိပ္အေတာက္က အာ႐ုံေၾကာစနစ္ကို ဆိုးက်ိဳးျဖစ္ေစတာေၾကာင့္ ပင္ပန္းႏြမ္းနယ္ေနတာပါ။ အစာအိမ္မွာ ျပႆနာေတြရွိတဲ့အခါ ဝမ္းဗိုက္နာက်င္တာ၊ ပါးစပ္ထဲမွာ မေကာင္းတဲ့အရသာေတြ ခံစားေနမိတာ၊ လွ်ာမွာ အျဖဴေရာင္ အခြၽဲေတြမ်ားလာတာ၊ ပ်ိဳ႕အန္ခ်င္တာေတြကို ခံစားလာရပါတယ္။

၅။ အဒရီနယ္

ေသြးထဲမွာ အဒရီနယ္လင္းေဟာ္မုန္းေတြ အလွ်ံအပယ္ ျဖစ္လာရင္လည္း ေမာပန္းႏြမ္းနယ္ ေနတတ္ပါတယ္။ စိတ္ဖိစီးမႈေတြ မ်ားတဲ့အခါ အဒရီနယ္လင္းေဟာ္မုန္းေတြ ထြက္ပါတယ္။ နည္းနည္းပါးပါးထြက္ရင္ အက်ိဳးရွိေပမယ့္ အလွ်ံအပယ္ထြက္ရင္ေတာ့ ပင္ပန္းႏြမ္းနယ္ လာေစပါတယ္။ ေသြးေပါင္က်တာ၊ ကိုယ္ခႏၶာကိုယ္ခဲတာ၊ ထူးထူးျခားျခား ကိုယ္အေလးခ်ိန္က်သြားတာ၊ ဆံပင္ကြၽတ္ၿပီး အသားေတြ မည္းသြားတာကလည္း အဒရီနယ္လင္းေဟာ္မုန္းအလွ်ံပယ္ထြက္ျခင္းရဲ႕ လကၡဏာေတြပါပဲ။ အိပ္ေရးဝဝ အိပ္တာ၊ အစားအစာကို မွ်တေအာင္စားတာ၊ လမ္းေလွ်ာက္တာက စိတ္ဖိစီးမႈကို ေလ်ာ့ေစပါတယ္။

၆။ အသည္းေရာဂါမ်ား

သည္းေျခႁပြန္ေရာင္ရမ္းတဲ့အခါ၊ အသည္း႐ြတ္ေရာဂါ ခံစားရတဲ့အခါ ဘာမွပင္ပင္ပန္းပန္း မလုပ္ဘဲနဲ႔လည္း ေမာပန္းေနတတ္ပါတယ္။ ညာဘက္နံ႐ိုးေအာက္က နာက်င္တာ၊ အသားဝါတာ၊ ေငြ႕ေငြ႕ေလးဖ်ားတာ၊ အစားစားခ်င္စိတ္နည္းတာ စတာေတြက အသည္းနဲ႔သက္ဆိုင္တဲ့ ေရာဂါေတြရဲ႕ လကၡဏာေတြပါပဲ။

၇။ အခ်ိန္ၾကာျမင့္စြာ ေရဓါတ္ခန္းေျခာက္ျခင္း

အခ်ိန္ၾကာျမင့္စြာ ေရဓါတ္ခန္းေျခာက္တာကို လူအမ်ားစုက သတိမထားမိၾကပါဘူး။ အခ်ိဳေတြကိုပဲ အၿမဲစားခ်င္ေနတာ၊ အိပ္ေပ်ာ္ဖို႔ခက္ခဲတာ၊ ေခါင္းမူးေခါင္းကိုက္တာ၊ အာေျခာက္တာေတြက ေရဓါတ္ခန္းေျခာက္ရင္ ႀကဳံေတြ႕ရတတ္တဲ့ လကၡဏာေတြပါ။ ခႏၶာကိုယ္ အေလးခ်ိန္ကို လိုက္ၿပီး တစ္ေန႔ကို ေရတစ္လီတာခြဲကေန ႏွစ္လီတာခြဲအထိ ေသာက္သင့္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments