မကြားဖူးသော စကား

တခါတုန်းက တိုင်းပြည်တပြည်တွင် တောင်ပြင်သူဌေးနှင့် မြောက်ပြင်သူဌေး ဟူ၍ သူဌေးနှစ်ယောက် ရှိလေသည်။ တောင်ပြင်သူဌေးသည် နေ့စဉ်နှင့် အမျှ အတိုင်းအဆမရှိ အလှူဒါန ပေးသည်ဖြစ်၍ အချိန်ကြာညောင်းသော် အတွင်းပစ္စည်းများ ကုန်ကာ ဆင်းရဲဒုက္ခ ရောက်ရလေသည်။

ထို့နောက် တောင်ပြင်သူဌေးသည် ဆင်းရဲသော ဘဝ၌ပင် ကွယ်လွန်အနိစ္စ ရောက်သည်ဖြစ်၍ ကျန်ရစ်သော သားကလေးမှာဘုန်းကြီးကျောင်း၌ ပညာသင်ကြားရင်း ဘုန်းကြီးကျောင်းသား အဖြစ် နေထိုင်ရလေသည်။

မြောက်ပြင်သူဌေး၌လည်း သမီးတယောက် ထွန်းကားရာ အရွယ်ရောက်သည်တွင် သူဌေးသမီးကို လက်ထက် ထိမ်းမြားရန် လာရောက် စေ့စပ်သူ ပေါများသည် ဖြစ်၍ မြောက်ပြင်သူဌေးသည် သမီးအား မည်သူနှင့် လက်ဆက်ပေးရမည်ကို စဉ်းစား၍ မရနိုင် ဖြစ်နေလေသည်။

ထို့နောက် မြောက်ပြင်သူဌေးသည် အကြံအစည် တခုရ၍ မိမိ မကြားဖူးသော စကားကို ဆိုတတ်သူအား အယုတ်၊ အလတ်၊ အမြတ်မရွေး သမီးဖြစ်သူနှင့် လက်ထပ်ပေးစားမည် ဟု ကြေငြာလေသည်။

မြောက်ပြင်သူဌေး၏ သမီးကို ရယူလိုသည့် လုလင်တို့ သည် မြောက်ပြင်သူဌေးထံ လာရောက်ကာ စကား ဆိုကြလေသည်။ သို့ရာတွင် မြောက်ပြင်သူဌေး ကြားဖူးသော စကားများသာ ဖြစ်၍ မည်သူမျှ သူဌေးသမီးကို မရဘဲ ဖြစ်နေလေ၏။

တောင်ပြင်သူဌေးသား ဘုန်းကြီးကျောင်းသားလည်း မြောက်ပြင်သူဌေးသမီးအား ရယူရန် မည်သို့ ပြောဆိုရမည်ကို စဉ်းစားတွေးခေါ်ရာ အကြံကောင်းရ၍ မြောက်ပြင်သူဌေးထံသို့ သွားရောက်လေ၏။ ထို့နောက် တောင်ပြင်သူဌေး သားက

"ကွယ်လွန်သွားသော မိမိဖခင် တောင်ပြင်သူဌေးက မြောက်ပြင်သူဌေးသည် ငါ့ထံမှ ငွေရှစ်ကုဋေနှင့် ရှစ်သန်း ချေးထားသည်။ ငါ့သား ကျပ်တည်းတဲ့ အခါ အဲဒီ ငွေရှစ်ကုဋေနှင့် ရှစ်သန်းကို မြောက်ပြင်သူဌေးထံက ပြန်တောင်းလေ ဟု မှာကြားခဲ့ပါသည်။ ထိုစကားကို ကြားဖူးပါသလား" ဟူ၍ ပြောဆိုလေသည်။

မြောက်ပြင်သူဌေးလည်း ဘုန်းကြီးကျောင်းသားက နတ်စကား ထွက်သည် ဆိုကာ အံ့ဩနေမိလေ၏။ တောင်ပြင်သူဌေးသား၏ စကားကို ကြားဖူးပါသည် ဆိုကလည်း မြောက်ပြင်သူဌေးသည် တောင်ပြင်သူဌေးသားကို ရှိပစ္စည်း အကုန် ပေးရမည်။

မကြားဖူးပါ ဆိုလျှင်လည်း ကတိအတိုင်း သမီး ဖြစ်သူနှင့် လက်ထက်ထိမ်းမြား ပေးရမည်ဖြစ်၍ အကျပ်ရိုက် နေလေ၏။ သို့သော် "မင်းမှာ သစ္စာ၊ လူမှာကတိ ဆိုရိုးရှိတယ်၊ ငါ့စကားနဲ့ငါ လွန်နေပြီ၊ ကတိပျက်လို့ မကောင်းဘူး၊

ဒီသူငယ်လည်း အခြားသူမှ မဟုတ်ဘဲ၊ ငါ့မိတ်ဆွေ တောင်ပြင်သူဌေးရဲ့ သားပဲ" ဟူ၍ တွေးတော ဆင်ခြင်ကာ "မောင်ပြောစကား မကြားဖူးပါ" ဟု ဝန်ခံကာ တောင်ပြင်သူဌေးသား ဘုန်းကြီးကျောင်းသားကို သမီးဖြစ်သူနှင့် လက်ထပ်ထိမ်းမြား ပေးရလေသတည်း။

ဆောင်ပုဒ် စကားခြေတင် ပြောကြလျှင် အထွင်ကောင်းသူနိုင်။

Crd

Zawgyi

မၾကားဖူးေသာ စကား

တခါတုန္းက တိုင္းျပည္တျပည္တြင္ ေတာင္ျပင္သူေဌးႏွင့္ ေျမာက္ျပင္သူေဌး ဟူ၍ သူေဌးႏွစ္ေယာက္ ရွိေလသည္။ ေတာင္ျပင္သူေဌးသည္ ေန႔စဥ္ႏွင့္ အမွ် အတိုင္းအဆမရွိ အလႉဒါန ေပးသည္ျဖစ္၍ အခ်ိန္ၾကာေညာင္းေသာ္ အတြင္းပစၥည္းမ်ား ကုန္ကာ ဆင္းရဲဒုကၡ ေရာက္ရေလသည္။

ထို႔ေနာက္ ေတာင္ျပင္သူေဌးသည္ ဆင္းရဲေသာ ဘဝ၌ပင္ ကြယ္လြန္အနိစၥ ေရာက္သည္ျဖစ္၍ က်န္ရစ္ေသာ သားကေလးမွာဘုန္းႀကီးေက်ာင္း၌ ပညာသင္ၾကားရင္း ဘုန္းႀကီးေက်ာင္းသား အျဖစ္ ေနထိုင္ရေလသည္။

ေျမာက္ျပင္သူေဌး၌လည္း သမီးတေယာက္ ထြန္းကားရာ အ႐ြယ္ေရာက္သည္တြင္ သူေဌးသမီးကို လက္ထက္ ထိမ္းျမားရန္ လာေရာက္ ေစ့စပ္သူ ေပါမ်ားသည္ ျဖစ္၍ ေျမာက္ျပင္သူေဌးသည္ သမီးအား မည္သူႏွင့္ လက္ဆက္ေပးရမည္ကို စဥ္းစား၍ မရႏိုင္ ျဖစ္ေနေလသည္။

ထို႔ေနာက္ ေျမာက္ျပင္သူေဌးသည္ အႀကံအစည္ တခုရ၍ မိမိ မၾကားဖူးေသာ စကားကို ဆိုတတ္သူအား အယုတ္၊ အလတ္၊ အျမတ္မေ႐ြး သမီးျဖစ္သူႏွင့္ လက္ထပ္ေပးစားမည္ ဟု ေၾကျငာေလသည္။

ေျမာက္ျပင္သူေဌး၏ သမီးကို ရယူလိုသည့္ လုလင္တို႔ သည္ ေျမာက္ျပင္သူေဌးထံ လာေရာက္ကာ စကား ဆိုၾကေလသည္။ သို႔ရာတြင္ ေျမာက္ျပင္သူေဌး ၾကားဖူးေသာ စကားမ်ားသာ ျဖစ္၍ မည္သူမွ် သူေဌးသမီးကို မရဘဲ ျဖစ္ေနေလ၏။

ေတာင္ျပင္သူေဌးသား ဘုန္းႀကီးေက်ာင္းသားလည္း ေျမာက္ျပင္သူေဌးသမီးအား ရယူရန္ မည္သို႔ ေျပာဆိုရမည္ကို စဥ္းစားေတြးေခၚရာ အႀကံေကာင္းရ၍ ေျမာက္ျပင္သူေဌးထံသို႔ သြားေရာက္ေလ၏။ ထို႔ေနာက္ ေတာင္ျပင္သူေဌး သားက

"ကြယ္လြန္သြားေသာ မိမိဖခင္ ေတာင္ျပင္သူေဌးက ေျမာက္ျပင္သူေဌးသည္ ငါ့ထံမွ ေငြရွစ္ကုေဋႏွင့္ ရွစ္သန္း ေခ်းထားသည္။ ငါ့သား က်ပ္တည္းတဲ့ အခါ အဲဒီ ေငြရွစ္ကုေဋႏွင့္ ရွစ္သန္းကို ေျမာက္ျပင္သူေဌးထံက ျပန္ေတာင္းေလ ဟု မွာၾကားခဲ့ပါသည္။ ထိုစကားကို ၾကားဖူးပါသလား" ဟူ၍ ေျပာဆိုေလသည္။

ေျမာက္ျပင္သူေဌးလည္း ဘုန္းႀကီးေက်ာင္းသားက နတ္စကား ထြက္သည္ ဆိုကာ အံ့ဩေနမိေလ၏။ ေတာင္ျပင္သူေဌးသား၏ စကားကို ၾကားဖူးပါသည္ ဆိုကလည္း ေျမာက္ျပင္သူေဌးသည္ ေတာင္ျပင္သူေဌးသားကို ရွိပစၥည္း အကုန္ ေပးရမည္။ မၾကားဖူးပါ ဆိုလွ်င္လည္း ကတိအတိုင္း သမီး ျဖစ္သူႏွင့္ လက္ထက္ထိမ္းျမား ေပးရမည္ျဖစ္၍ အက်ပ္႐ိုက္ ေနေလ၏။

သို႔ေသာ္ "မင္းမွာ သစၥာ၊ လူမွာကတိ ဆို႐ိုးရွိတယ္၊ ငါ့စကားနဲ႔ငါ လြန္ေနၿပီ၊ ကတိပ်က္လို႔ မေကာင္းဘူး၊ ဒီသူငယ္လည္း အျခားသူမွ မဟုတ္ဘဲ၊ ငါ့မိတ္ေဆြ ေတာင္ျပင္သူေဌးရဲ႕ သားပဲ" ဟူ၍ ေတြးေတာ ဆင္ျခင္ကာ "ေမာင္ေျပာစကား မၾကားဖူးပါ" ဟု ဝန္ခံကာ ေတာင္ျပင္သူေဌးသား ဘုန္းႀကီးေက်ာင္းသားကို သမီးျဖစ္သူႏွင့္ လက္ထပ္ထိမ္းျမား ေပးရေလသတည္း။

ေဆာင္ပုဒ္ စကားေျခတင္ ေျပာၾကလွ်င္ အထြင္ေကာင္းသူႏိုင္။

Crd

Post a Comment

0 Comments