သစ်သားပန်းကန်လေး

တခါတုန်းက အဖိုးအိုတဦးဟာ ရွာမှာ တယောက်တည်း အထီးကျန်ဆန်စွာ နေရတယ်။ တနေ့မှာတော့ အဖိုးအိုက သူ့သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေ ရှိတဲ့နေရာမှာ သွားနေမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေ ထွက်လာခဲ့တယ်။

အဲဒီလိုနဲ့ ခရီးရှည်ကြီးကို ဖြတ်သန်းပြီးတော့ သူ့သား ချွေးမနဲ့ မြေးကလေးတို့ နေတဲ့အိမ်ကို ရောက်လာပါတယ်။ စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြတယ်။ အိမ်ဦးခန်းမှာ နေရာပေးကြတယ်။

ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့ အတူ နေထိုင်ရင်း တပတ်တိတိ အချိန်ကို ရောက်လာခဲ့တယ်။ နေ့တိုင်း နေ့တိုင်းမှာ မိသားစု ထမင်းဝိုင်းမှာ အားလုံးအတူ ဝိုင်းစားကြတယ်။

အဖိုးအိုရဲ့ မျက်လုံးတွေဟာ မှုန်ရီနေပါပြီ။ အဖိုးအိုရဲ့ လက်တွေက အသက်အရွယ်ကြောင့် တုန်နေခဲ့တယ်။ တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေးနားကို ဖိတ်လို့ ဖိတ်ကြမ်းပြင်ပေါ် ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ်။

တပတ်တိတိ ရှိလာတဲ့အခါ သားဖြစ်သူနဲ့ ချွေးမတို့က မခံနိုင်တော့ ပါဘူး။ သူတို့တိုင်ပင်ကြတယ်။ "အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ် ဒီဖိတ် ဒါဏ်ကို မခံနိုင်တော့ဘူး အဖေက ထမင်းစားရင်လည်း အသံမြည်တယ် ညစ်ပတ်နေတာပဲ။ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တခုခုလုပ်ရအောင်" လို့ မိန်းမဖြစ်သူကို တိုင်ပင်တယ်။

ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတဝိုင်းတည်း အတူစားခွင့် မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံ သေးသေးလေးနဲ့ ကျွေးပါတော့တယ်။ အဖိုးအိုဟာ ကြွေပန်းကန်နဲ့ စားတဲ့အခါမှာလည်း ခဏခဏ ပန်းကန်တွေ ကျကွဲတဲ့ အတွက် သားဖြစ်သူက သစ်သားပန်းကန်လုံးလေး လုပ်ပြီး အဖိုးအိုကို ကျွေးတယ်။

အဲဒီအချိန်က စလို့ အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ စားရပါတယ်။ တခါတခါ သားဖြစ်သူနဲ့ ချွေးမဖြစ်သူရဲ့ ဒေါသတကြီး ဆူပူကြိမ်းမောင်းသံ တွေကိုလည်း ခံရသေးတယ်။

ဒီလိုနဲ့ တနေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေး ထိုင်ပြီး တခုခုကို စိတ်ဝင်တစား လုပ်နေတာ တွေ့လိုက်ရတယ်။ ဒီတော့ သားဖြစ်သူဆီ သွားပြီး မိဘတွေက ချိုသာတဲ့ စကားနဲ့ မေးလိုက်တယ်။ "သား ဘာလုပ်နေတာလဲ ဟင်"

သားဖြစ်သူက သူ့ဖခင်နဲ့ မိခင်ကို ပြုံးပြီး ကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ်။ "သားလည်း အဖေ့တို့အမေတို့ လိုပဲ အဖေအမေတို့ ကြီးလာရင် ကျွေးဖို့ သစ်သားခွက်လေး လုပ်နေတာပါ" အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူ ဆက်လုပ်နေခဲ့တယ်။

မိဘတွေဟာ သားဖြစ်သူစကားကို ကြားပြီး အလွန်ပဲ ထိတ်လန့် တုန်လှုပ် သွားခဲ့ရတယ်။ သူတို့ ဘာစကားတခွန်းမှ မပြောနိုင်ဘူး တုန်လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျလာ ခဲ့ရတယ်။

အိမ်ထဲကို လှမ်းကြည့်လိုက်တော့ အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေတာ တွေ့လိုက်ရ ပါတော့တယ်။ မိဘကျေးဇူး ဆပ်နိုင်ကြပါစေ။

crd

Zawgyi

သစ္သားပန္းကန္ေလး

တခါတုန္းက အဖိုးအိုတဦးဟာ ႐ြာမွာ တေယာက္တည္း အထီးက်န္ဆန္စြာ ေနရတယ္။ တေန႔မွာေတာ့ အဖိုးအိုက သူ႔သားနဲ႔ သူ႔ေခြၽးမ သူ႔ေျမးေလးေတြ ရွိတဲ့ေနရာမွာ သြားေနမယ္ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ႐ြာကေန ထြက္လာခဲ့တယ္။

အဲဒီလိုနဲ႔ ခရီးရွည္ႀကီးကို ျဖတ္သန္းၿပီးေတာ့ သူ႔သား ေခြၽးမနဲ႔ ေျမးကေလးတို႔ ေနတဲ့အိမ္ကို ေရာက္လာပါတယ္။ စစေရာက္ျခင္းမွာ သားျဖစ္သူတို႔မိသားစုက ဝမ္းပမ္းတသာ ႀကိဳဆိုခဲ့ၾကတယ္။ အိမ္ဦးခန္းမွာ ေနရာေပးၾကတယ္။

ဒီလိုနဲ႔ အဖိုးအိုဟာ သူ႔သားမိသားစုနဲ႔ အတူ ေနထိုင္ရင္း တပတ္တိတိ အခ်ိန္ကို ေရာက္လာခဲ့တယ္။ ေန႔တိုင္း ေန႔တိုင္းမွာ မိသားစု ထမင္းဝိုင္းမွာ အားလုံးအတူ ဝိုင္းစားၾကတယ္။

အဖိုးအိုရဲ႕ မ်က္လုံးေတြဟာ မႈန္ရီေနပါၿပီ။ အဖိုးအိုရဲ႕ လက္ေတြက အသက္အ႐ြယ္ေၾကာင့္ တုန္ေနခဲ့တယ္။ တခါတခါ ဇြန္းနဲ႔ ခက္ရင္းေတြလြတ္က်သလို တခါတခါမွာလည္း ပန္းကန္ထဲက ထမင္းေတြဟာ ေဘးနားကို ဖိတ္လို႔ ဖိတ္ၾကမ္းျပင္ေပၚ က်လို႔က်နဲ႔ ေပပြေနခဲ့ရတယ္။

တပတ္တိတိ ရွိလာတဲ့အခါ သားျဖစ္သူနဲ႔ ေခြၽးမတို႔က မခံႏိုင္ေတာ့ ပါဘူး။ သူတို႔တိုင္ပင္ၾကတယ္။ "အေဖ့ရဲ႕ ထမင္းစားတဲ့အခါ ဟိုဖိတ္ ဒီဖိတ္ ဒါဏ္ကို မခံႏိုင္ေတာ့ဘူး အေဖက ထမင္းစားရင္လည္း အသံျမည္တယ္ ညစ္ပတ္ေနတာပဲ။ ၾကမ္းျပင္ေပၚမွာလဲ ေပပြေနေရာ ငါတို႔တခုခုလုပ္ရေအာင္" လို႔ မိန္းမျဖစ္သူကို တိုင္ပင္တယ္။

ဒီလိုနဲ႔ သူတို႔ဟာ အဖိုးအိုကို ထမင္းတဝိုင္းတည္း အတူစားခြင့္ မေပးေတာ့ပဲ အခန္းေထာင့္ေလးမွာ စားပြဲခုံ ေသးေသးေလးနဲ႔ ေကြၽးပါေတာ့တယ္။ အဖိုးအိုဟာ ေႂကြပန္းကန္နဲ႔ စားတဲ့အခါမွာလည္း ခဏခဏ ပန္းကန္ေတြ က်ကြဲတဲ့ အတြက္ သားျဖစ္သူက သစ္သားပန္းကန္လုံးေလး လုပ္ၿပီး အဖိုးအိုကို ေကြၽးတယ္။

အဲဒီအခ်ိန္က စလို႔ အဖိုးအိုဟာ တိတ္ဆိတ္စြာပဲ အခန္းေထာင့္ေလးက ထမင္းစားပြဲေလးမွာ စားရပါတယ္။ တခါတခါ သားျဖစ္သူနဲ႔ ေခြၽးမျဖစ္သူရဲ႕ ေဒါသတႀကီး ဆူပူႀကိမ္းေမာင္းသံ ေတြကိုလည္း ခံရေသးတယ္။

ဒီလိုနဲ႔ တေန႔ေတာ့ သူတို႔သားကေလးျဖစ္သူဟာ အိမ္ေရွ႕မွာ ၿငိမ္ၿငိမ္ကေလး ထိုင္ၿပီး တခုခုကို စိတ္ဝင္တစား လုပ္ေနတာ ေတြ႕လိုက္ရတယ္။ ဒီေတာ့ သားျဖစ္သူဆီ သြားၿပီး မိဘေတြက ခ်ိဳသာတဲ့ စကားနဲ႔ ေမးလိုက္တယ္။ "သား ဘာလုပ္ေနတာလဲ ဟင္"

သားျဖစ္သူက သူ႔ဖခင္နဲ႔ မိခင္ကို ၿပဳံးၿပီး ၾကည့္လိုက္တယ္ ၿပီးေတာ့ ေျပာလိုက္တယ္။ "သားလည္း အေဖ့တို႔အေမတို႔ လိုပဲ အေဖအေမတို႔ ႀကီးလာရင္ ေကြၽးဖို႔ သစ္သားခြက္ေလး လုပ္ေနတာပါ" အဲဒီလိုေျပာၿပီး သားျဖစ္သူက သူ႔အလုပ္သူ ဆက္လုပ္ေနခဲ့တယ္။

မိဘေတြဟာ သားျဖစ္သူစကားကို ၾကားၿပီး အလြန္ပဲ ထိတ္လန႔္ တုန္လႈပ္ သြားခဲ့ရတယ္။ သူတို႔ ဘာစကားတခြန္းမွ မေျပာႏိုင္ဘူး တုန္လႈပ္ေျခာက္ျခားသြားၿပီး ပါးျပင္ေပၚကေန မ်က္ရည္ေတြ စီးက်လာ ခဲ့ရတယ္။ အိမ္ထဲကို လွမ္းၾကည့္လိုက္ေတာ့ အဖိုးအိုက တိတ္ဆိတ္စြာ သူတို႔ကို ေငးေနတာ ေတြ႕လိုက္ရ ပါေတာ့တယ္။

မိဘေက်းဇူး ဆပ္ႏိုင္ၾကပါေစ။

crd

Post a Comment

0 Comments