စင်္ကြဝတေးမင်း ဖြစ်ချင်သူ

ဟိုရှေးရှေးတုန်းက တိုင်းစွန်း ပြည့်စွန်းက ရပ်ရွာဇနပုဒ် တခုမှာ သူခိုးတယောက်ဟာ ရွာသူဋ္ဌေးကြီးရဲ့ နေအိမ်ကို အုတ်တံတိုင်း အပြင်ဘက်ကနေ ခွကျော်ပြီး ဝင်ခိုးရာမှ အုတ်တံတိုင်း ပြိုကျလို ဖိမိပြီး သေသွားတယ်။

ဒါကို သူခိုးမိန်းမက မကျေနပ်ဘူး။ ရပ်ရွာအုပ်ချုပ်တဲ့ ရွာသူကြီးကို သွားတိုင်တယ်။ "ရွာသူကြီးရှင့်၊ အကျွန်မျိုးမ ချစ်လင်သည် မယားကျွေးရန် ခိုး၍ စီးပွားရှာခြင်းသာ ဖြစ်ပါသည်။ ယခု မတော်မတရား သေဆုံးခြင်းကို တရားမျှတမှု ရှိစေတော်မူပါ"

ရွာသူကြီးကလည်း ထွေထွေထူးထူး မစဉ်းစားတော့ပဲ ရွာသူဋ္ဌေးကြီးကို သေဒဏ် ပေးလိုက်တယ်။ သေဒဏ် ဆိုတာက ကြိုးပေး သတ်စေပေါ့။ ရွာသူဋ္ဌေးကြီက အယူခံဝင်တယ်။ "အုတ်တံတိုင်းကြီး ပြိုရခြင်းမှာ ပန်းရံဆရာနှင့်သာ သက်ဆိုင်ပါသည်"

ဒါနဲ့ ပန်းရံဆရာ ကြိုးပေးလိုက်ရရော။ ပန်းရံဆရာကလည်း လျှောက်ပြန်တယ်။ "ဘိလပ်မြေ ရောစပ်သူ အလုပ်သမား အသုံးမကျ မှုကြောင့် ဖြစ်ပါသည်" အလုပ်သမားကလည်း လျှောက်တင်ပြန်တယ်။ "ရေထမ်းသမား ရေပို ဖြည့်ထားသောကြောင့် ဘိလပ်မြေ ပျော့သွားရခြင်း ဖြစ်ပါသည်"

ရေထမ်းသမားအား သေဒဏ်။ သူလည်း မခေပါဘူး။ "အကျွန်ုပ် ရေဖြည့်ခြင်းမှာ ပုံမှန်သာ ဖြစ်ပါသည်။ ရေအိုးက ကြီးနေပါသောကြောင့် ရေပို ထည့်မိခြင်း ဖြစ်ပါသည်"

အိုးထိန်းသည်အား သေဒဏ်ပေးစေ။ အိုးထိန်းသူက ထပ်လျှောက်တင် ပြန်တယ်။ "ပုံမှန်အတိုင်း ဆိုရင် ရေအိုးက ကြီးစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် အဲ့ဒီနေ့က အိုးလုပ်နေတုန်း အင်မတန် ချောမောလှပတဲ့ အမျိုးသမီးတယောက် အကျွန်ုပ်ရှေ့က ခဏခဏ ဖြတ်သွားဖြတ်လာ လုပ်ပါတယ်။ အဲဒီ အမျိုးသမီးအား ငေးကြည့်မိသောကြောင့် ရေအိုး ကြီးသွားရခြင်း ဖြစ်ပါသည်"

ဖြတ်လျှောက်သော အမျိုးသမီးအား သေဒဏ်။ အမျိုးသမီးက ထပ်လျှောက် ပြန်တယ်။ "အကျွန်မျိုးမ ဖြတ်လျှောက်ခြင်းမှာ အပ်ချုပ်သည်အား အဝတ်အပ်ထား၍ ချုပ်ပြီး မပြီး သွားရောက် စစ်ဆေးခြင်းသာ ဖြစ်ပါသည်။ မပြီးသောကြောင့် အကြိမ်ကြိမ် သွားမေးရခြင်း ဖြစ်ပါသည်"

ဒီလိုနဲ့ပဲ အပ်ချုပ်သည် သားအဖကို လှမ်းခေါ်လိုက်တယ်။ သေဒဏ် ကြိုးပေး သတ်စေ။ ဒီတော့ အပ်ချုပ်သည် သားအဖလည်း ကြံဖန်ပြီး ကြိုးကွင်းထဲ သူအရင် ဝင်မယ် ငါအရင် ဝင်မယ်လို့ လုနေလိုက်ကြတယ်။ ရွာသူကြီးလည်း အံ့သြသွားတာပေါ့။

ဘယ့်နှယ် သူများတွေက သေဖို့ ကြောက်နေတဲ့ အချိန်မှာ ဒီနှစ်ယောက်က ကြိုးကွင်းကို ဘာလို့ ပြိုင်လုနေရ တာတုန်း မေးတော့မှ စက်ချုပ်သည် သားအဖလည်း "သူကြီးမင်း၊ ယနေ့ဟာ နက္ခတ် ခါးပတ်၊ ဂြိုလ်သွားတို့၏ တည်နေရာအား သေချာ တိုင်းတာ၍ စစ်ဆေးကြည့်ရာ ယနေ့ ဒီအချိန် သေသောသူဟာ မလွှဲဧကံ မုချအမှန် စင်္ကြဝတေးမင်း ဖြစ်လတ္တံ့။ သို့ဖြစ်ပါ၍ ကြိုးကွင်း လုနေခြင်း ဖြစ်ပါသည်"

ဒီတော့ ရွာသူကြီးလည်း အံကြိတ်ပြီး ရှေ့တိုးလာတယ်။ "ဘယ်၊ ငါရှိပါလျှက်နဲ့ သည်ငမိုက်သားတွေ စင်္ကြဝတေးမင်းဆုကို ယူစရာ အကြောင်းမရှိ နင်တို့ ဘေးဖယ်ကြကွယ့်" ဟူသတည်း။

Crd

Zawgyi

စၾကၤဝေတးမင္း ျဖစ္ခ်င္သူ

ဟိုေရွးေရွးတုန္းက တိုင္းစြန္း ျပည့္စြန္းက ရပ္႐ြာဇနပုဒ္ တခုမွာ သူခိုးတေယာက္ဟာ ႐ြာသူေ႒းႀကီးရဲ႕ ေနအိမ္ကို အုတ္တံတိုင္း အျပင္ဘက္ကေန ခြေက်ာ္ၿပီး ဝင္ခိုးရာမွ အုတ္တံတိုင္း ၿပိဳက်လို ဖိမိၿပီး ေသသြားတယ္။

ဒါကို သူခိုးမိန္းမက မေက်နပ္ဘူး။ ရပ္႐ြာအုပ္ခ်ဳပ္တဲ့ ႐ြာသူႀကီးကို သြားတိုင္တယ္။ "႐ြာသူႀကီးရွင့္၊ အကြၽန္မ်ိဳးမ ခ်စ္လင္သည္ မယားေကြၽးရန္ ခိုး၍ စီးပြားရွာျခင္းသာ ျဖစ္ပါသည္။ ယခု မေတာ္မတရား ေသဆုံးျခင္းကို တရားမွ်တမႈ ရွိေစေတာ္မူပါ"

႐ြာသူႀကီးကလည္း ေထြေထြထူးထူး မစဥ္းစားေတာ့ပဲ ႐ြာသူေ႒းႀကီးကို ေသဒဏ္ ေပးလိုက္တယ္။ ေသဒဏ္ ဆိုတာက ႀကိဳးေပး သတ္ေစေပါ့။ ႐ြာသူေ႒းႀကီက အယူခံဝင္တယ္။ "အုတ္တံတိုင္းႀကီး ၿပိဳရျခင္းမွာ ပန္းရံဆရာႏွင့္သာ သက္ဆိုင္ပါသည္"

ဒါနဲ႔ ပန္းရံဆရာ ႀကိဳးေပးလိုက္ရေရာ။ ပန္းရံဆရာကလည္း ေလွ်ာက္ျပန္တယ္။ "ဘိလပ္ေျမ ေရာစပ္သူ အလုပ္သမား အသုံးမက် မႈေၾကာင့္ ျဖစ္ပါသည္" အလုပ္သမားကလည္း ေလွ်ာက္တင္ျပန္တယ္။ "ေရထမ္းသမား ေရပို ျဖည့္ထားေသာေၾကာင့္ ဘိလပ္ေျမ ေပ်ာ့သြားရျခင္း ျဖစ္ပါသည္"

ေရထမ္းသမားအား ေသဒဏ္။ သူလည္း မေခပါဘူး။ "အကြၽႏ္ုပ္ ေရျဖည့္ျခင္းမွာ ပုံမွန္သာ ျဖစ္ပါသည္။ ေရအိုးက ႀကီးေနပါေသာေၾကာင့္ ေရပို ထည့္မိျခင္း ျဖစ္ပါသည္"

အိုးထိန္းသည္အား ေသဒဏ္ေပးေစ။ အိုးထိန္းသူက ထပ္ေလွ်ာက္တင္ ျပန္တယ္။ "ပုံမွန္အတိုင္း ဆိုရင္ ေရအိုးက ႀကီးစရာ အေၾကာင္း မရွိပါဘူး။ ဒါေပမယ့္ အဲ့ဒီေန႔က အိုးလုပ္ေနတုန္း အင္မတန္ ေခ်ာေမာလွပတဲ့ အမ်ိဳးသမီးတေယာက္ အကြၽႏ္ုပ္ေရွ႕က ခဏခဏ ျဖတ္သြားျဖတ္လာ လုပ္ပါတယ္။ အဲဒီ အမ်ိဳးသမီးအား ေငးၾကည့္မိေသာေၾကာင့္ ေရအိုး ႀကီးသြားရျခင္း ျဖစ္ပါသည္"

ျဖတ္ေလွ်ာက္ေသာ အမ်ိဳးသမီးအား ေသဒဏ္။ အမ်ိဳးသမီးက ထပ္ေလွ်ာက္ ျပန္တယ္။ "အကြၽန္မ်ိဳးမ ျဖတ္ေလွ်ာက္ျခင္းမွာ အပ္ခ်ဳပ္သည္အား အဝတ္အပ္ထား၍ ခ်ဳပ္ၿပီး မၿပီး သြားေရာက္ စစ္ေဆးျခင္းသာ ျဖစ္ပါသည္။ မၿပီးေသာေၾကာင့္ အႀကိမ္ႀကိမ္ သြားေမးရျခင္း ျဖစ္ပါသည္"

ဒီလိုနဲ႔ပဲ အပ္ခ်ဳပ္သည္ သားအဖကို လွမ္းေခၚလိုက္တယ္။ ေသဒဏ္ ႀကိဳးေပး သတ္ေစ။ ဒီေတာ့ အပ္ခ်ဳပ္သည္ သားအဖလည္း ႀကံဖန္ၿပီး ႀကိဳးကြင္းထဲ သူအရင္ ဝင္မယ္ ငါအရင္ ဝင္မယ္လို႔ လုေနလိုက္ၾကတယ္။ ႐ြာသူႀကီးလည္း အံ့ၾသသြားတာေပါ့။

ဘယ့္ႏွယ္ သူမ်ားေတြက ေသဖို႔ ေၾကာက္ေနတဲ့ အခ်ိန္မွာ ဒီႏွစ္ေယာက္က ႀကိဳးကြင္းကို ဘာလို႔ ၿပိဳင္လုေနရ တာတုန္း ေမးေတာ့မွ စက္ခ်ဳပ္သည္ သားအဖလည္း "သူႀကီးမင္း၊ ယေန႔ဟာ နကၡတ္ ခါးပတ္၊ ၿဂိဳလ္သြားတို႔၏ တည္ေနရာအား ေသခ်ာ တိုင္းတာ၍ စစ္ေဆးၾကည့္ရာ ယေန႔ ဒီအခ်ိန္ ေသေသာသူဟာ မလႊဲဧကံ မုခ်အမွန္ စၾကၤဝေတးမင္း ျဖစ္လတၱံ့။ သို႔ျဖစ္ပါ၍ ႀကိဳးကြင္းလုေနျခင္း ျဖစ္ပါသည္"

ဒီေတာ့ ႐ြာသူႀကီးလည္း အံႀကိတ္ၿပီး ေရွ႕တိုးလာတယ္။ "ဘယ္၊ ငါရွိပါလွ်က္နဲ႔ သည္ငမိုက္သားေတြ စၾကၤဝေတးမင္းဆုကို ယူစရာ အေၾကာင္းမရွိ နင္တို႔ ေဘးဖယ္ၾကကြယ့္" ဟူသတည္း။

Post a Comment

0 Comments