နာမည်ကြီး အကောင်းဆုံး အလှကုန်ပစ္စည်းတွေ သုံးပေမယ့်လည်း အသုံးပြုနည်း မှားနေရင် မူရင်းရုပ်ရည်ကိုတောင် မလှမပ ဖြစ်သွားစေမှာပါ။ သင်အမြဲတမ်း ထင်မှတ်ခဲ့တဲ့ အလှကုန် အသုံးပြုနည်း အမှားတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ လက်သည်းဆေးမဆိုးခင် လက်သည်းနီဘူးကို လှုပ်ခြင်း

လက်သည်းနီ ဆိုးခါနီးတိုင်းမှာ မိန်းကလေးအများစုက လက်သည်းနီဘူးကို လှုပ်ခါတတ်ကြပါတယ်။ ပြီးမှ ဆိုးကြပါတယ်။ လက်သည်းနီဘူးကို လှုပ်လိုက်ရင် ဘူးထဲက လေတွေက ထွက်မရဘဲ ပူဖောင်းလေးတွေ ဖြစ်လာပါတယ်။ အဲဒီအခါ လက်သည်းနီ ဆိုးတဲ့အခါ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ မလှမပ ဖြစ်သွားပါတယ်။ အဲဒါကြောင့် လက်သည်းနီဘူးကို မလှုပ်ဘဲ ဒီတိုင်း ဆိုးလိုက်ရုံပါပဲ။

၂။ ပေါင်ဒါကို မျက်နှာတစ်ပြင်လုံး ပုတ်ခြင်း

ပေါင်ဒါပုတ်တဲ့အခါ မျက်နှာတစ်ပြင်လုံး ပုတ်စရာမလိုဘဲ လိုအပ်တဲ့ နေရာတွေကို ပုတ်ရင် လုံလောက်ပါတယ်။ မျက်လုံးအောက်၊ နဖူး၊ နှာခေါင်းနဲ့ မေးစေ့ကိုပဲ ပေါင်ဒါပုတ်ရင်ရပါပြီ။ဒီနေရာတွေက အဆီအပြန်ဆုံး နေရာတွေ ဖြစ်လို့ပါ။ ပါးပြင်ကို မပုတ်လည်း ရပါတယ်။ ပေါင်ဒါ အရမ်းပုတ်ရင် အသားအရေ မညီညာဘဲ မလှမပ ဖြစ်နေမှာပါ။

၃။ ဆံပင်ကို အရင်းကနေ ဖြီးခြင်း

ခေါင်းဖြီးတဲ့အခါ ဆံပင်ကို အရင်းကနေ စဖြီးတတ်တာ များပါတယ်။ အဲဒီအခါ ဆံပင်တွေ ပိုပြီးကျိူးပါတယ်။ အဲဒါကြောင့် ခေါင်းဖြီးရင် ဆံပင်အဖျားပိုင်းကို အရင်ဖြီးပြီးမှ အရင်းပိုင်းကို ဖြီးပါ။

၄။ ရေမွှေးကို နားအောက်နဲ့ ဆံပင်ကိုဖြန်းခြင်း

ရေမွှေးနံ့ ကြာကြာခံချင်ရင် ရေချိုးပြီးစ အချိန်မှာ ဆွတ်ပါ။ ရေမွှေးတွေမှာ alcohol ကို အခြေခံပြီး ထုတ်လုပ်ထားတာကြောင့် ဆံပင်ကိုဆွတ်ရင် ဆံပင်က ခြောက်သွေ့သွားမှာပါ။ လက်ကောက်ဝတ်ကို ဆွတ်ရင် ရေမွှေးနံ့က ကိုယ်သင်းနံ့နဲ့ရောပြီး ရနံ့ပြောင်းသွားတတ်ပါတယ်။ အဲဒါကြောင့် ရေမွှေးဆွတ်ရင် အဝတ်အစားနဲ့ နားရွက်အပေါ်ဘက်ကို ဆွတ်ပါ။

၅။ ခေါင်းကို ရေစိုပြီးပြီးချင်း ခေါင်းလျှော်ရည်ထည့်ခြင်း

လူအများစုက ခေါင်းရေစိုပြီးတာနဲ့ ခေါင်းလျှော်ရည်ကို တန်းသုံးကြပါတယ်။ တကယ်တော့ ခေါင်းကို ရေနှံ့သွားအောင် ခဏစောင့်ပြီးမှ ခေါင်းလျှော်ရည်ကို သုံးသင့်ပါတယ်။ အဲဒီအခါ ခေါင်းလျှော်ရည် အများကြီး သုံးစရာလည်း မလိုတော့ပါဘူး။

၆။ နှုတ်ခမ်းနီကို နှုတ်ခမ်းအစွန်းမှ စဆိုးခြင်း

မိန်းကလေးအများစုက နှုတ်ခမ်းနီဆိုးရင် နှုတ်ခမ်းအစွန်းကနေ စတင်ဆိုးတတ် ကြပါတယ်။ နှုတ်ခမ်းအလယ်ကနေ ဘေးဘက်ကို ဖြန့်ပြီးဆိုးတာက ပိုပြီးလှစေပါတယ်။ အဲဒီအခါ နှုတ်ခမ်းဘေးသား တွေကိုလည်း မပေစေတော့ပါဘူး။

Zombie (lovemedia)

for zawgyi

လူအမ်ားစု အသုံးျပဳပုံ မွားေနတဲ့ အလွကုန္ (၆) မ်ိဳး

နာမည္ႀကီး အေကာင္းဆုံး အလွကုန္ပစၥည္းေတြ သုံးေပမယ့္လည္း အသုံးျပဳနည္း မွားေနရင္ မူရင္း႐ုပ္ရည္ကိုေတာင္ မလွမပ ျဖစ္သြားေစမွာပါ။ သင္အၿမဲတမ္း ထင္မွတ္ခဲ့တဲ့ အလွကုန္ အသုံးျပဳနည္း အမွားေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ လက္သည္းေဆးမဆိုးခင္ လက္သည္းနီဘူးကို လႈပ္ျခင္း

လက္သည္းနီ ဆိုးခါနီးတိုင္းမွာ မိန္းကေလးအမ်ားစုက လက္သည္းနီဘူးကို လႈပ္ခါတတ္ၾကပါတယ္။ ၿပီးမွ ဆိုးၾကပါတယ္။ လက္သည္းနီဘူးကို လႈပ္လိုက္ရင္ ဘူးထဲက ေလေတြက ထြက္မရဘဲ ပူေဖာင္းေလးေတြ ျဖစ္လာပါတယ္။ အဲဒီအခါ လက္သည္းနီ ဆိုးတဲ့အခါ ဟိုတစ္ကြက္ ဒီတစ္ကြက္နဲ႔ မလွမပ ျဖစ္သြားပါတယ္။ အဲဒါေၾကာင့္ လက္သည္းနီဘူးကို မလႈပ္ဘဲ ဒီတိုင္း ဆိုးလိုက္႐ုံပါပဲ။

၂။ ေပါင္ဒါကို မ်က္ႏွာတစ္ျပင္လုံး ပုတ္ျခင္း

ေပါင္ဒါပုတ္တဲ့အခါ မ်က္ႏွာတစ္ျပင္လုံး ပုတ္စရာမလိုဘဲ လိုအပ္တဲ့ ေနရာေတြကို ပုတ္ရင္ လုံေလာက္ပါတယ္။ မ်က္လုံးေအာက္၊ နဖူး၊ ႏွာေခါင္းနဲ႔ ေမးေစ့ကိုပဲ ေပါင္ဒါပုတ္ရင္ရပါၿပီ။ဒီေနရာေတြက အဆီအျပန္ဆုံး ေနရာေတြ ျဖစ္လို႔ပါ။ ပါးျပင္ကို မပုတ္လည္း ရပါတယ္။ ေပါင္ဒါ အရမ္းပုတ္ရင္ အသားအေရ မညီညာဘဲ မလွမပ ျဖစ္ေနမွာပါ။

၃။ ဆံပင္ကို အရင္းကေန ၿဖီးျခင္း

ေခါင္းၿဖီးတဲ့အခါ ဆံပင္ကို အရင္းကေန စၿဖီးတတ္တာ မ်ားပါတယ္။ အဲဒီအခါ ဆံပင္ေတြ ပိုၿပီးက်ိဴးပါတယ္။ အဲဒါေၾကာင့္ ေခါင္းၿဖီးရင္ ဆံပင္အဖ်ားပိုင္းကို အရင္ၿဖီးၿပီးမွ အရင္းပိုင္းကို ၿဖီးပါ။

၄။ ေရေမႊးကို နားေအာက္နဲ႔ ဆံပင္ကိုျဖန္းျခင္း

ေရေမႊးနံ႔ ၾကာၾကာခံခ်င္ရင္ ေရခ်ိဳးၿပီးစ အခ်ိန္မွာ ဆြတ္ပါ။ ေရေမႊးေတြမွာ alcohol ကို အေျခခံၿပီး ထုတ္လုပ္ထားတာေၾကာင့္ ဆံပင္ကိုဆြတ္ရင္ ဆံပင္က ေျခာက္ေသြ႕သြားမွာပါ။ လက္ေကာက္ဝတ္ကို ဆြတ္ရင္ ေရေမႊးနံ႔က ကိုယ္သင္းနံ႔နဲ႔ေရာၿပီး ရနံ႔ေျပာင္းသြားတတ္ပါတယ္။ အဲဒါေၾကာင့္ ေရေမႊးဆြတ္ရင္ အဝတ္အစားနဲ႔ နား႐ြက္အေပၚဘက္ကို ဆြတ္ပါ။

၅။ ေခါင္းကို ေရစိုၿပီးၿပီးခ်င္း ေခါင္းေလွ်ာ္ရည္ထည့္ျခင္း

လူအမ်ားစုက ေခါင္းေရစိုၿပီးတာနဲ႔ ေခါင္းေလွ်ာ္ရည္ကို တန္းသုံးၾကပါတယ္။ တကယ္ေတာ့ ေခါင္းကို ေရႏွံ႔သြားေအာင္ ခဏေစာင့္ၿပီးမွ ေခါင္းေလွ်ာ္ရည္ကို သုံးသင့္ပါတယ္။ အဲဒီအခါ ေခါင္းေလွ်ာ္ရည္ အမ်ားႀကီး သုံးစရာလည္း မလိုေတာ့ပါဘူး။

၆။ ႏႈတ္ခမ္းနီကို ႏႈတ္ခမ္းအစြန္းမွ စဆိုးျခင္း

မိန္းကေလးအမ်ားစုက ႏႈတ္ခမ္းနီဆိုးရင္ ႏႈတ္ခမ္းအစြန္းကေန စတင္ဆိုးတတ္ ၾကပါတယ္။ ႏႈတ္ခမ္းအလယ္ကေန ေဘးဘက္ကို ျဖန႔္ၿပီးဆိုးတာက ပိုၿပီးလွေစပါတယ္။ အဲဒီအခါ ႏႈတ္ခမ္းေဘးသား ေတြကိုလည္း မေပေစေတာ့ပါဘူး။

Zombie (lovemedia)