ကိုယ့်ကိုယ်ကို ကံဆိုးလွန်းတယ်လို့ ထင်နေတုန်းလား

ကျွန်မတို့တွေဟာ လောကဓံနဲ့ ကြုံလာတဲ့အခါ ငါ ကံဆိုးလိုက်တာ၊ ငါ့ကျမှ ဒီလို ဖြစ်ရလေခြင်း၊ ဒီလောကမှာ ငါ့လောက် ကံဆိုးတဲ့သူတောင် ငါ့လောက်ဆိုးမယ် မထင်ဘူးလို့ ငြီးငြူမိကြတယ် မဟုတ်လား။ ဖြစ်ပြီးရင် ပျက်တဲ့ လောကကြီးထဲမှာ ဘာကိုမှ လိုက်ပြီး ခံစားမနေပါနဲ့။ လောကမှာ ကိုယ့်ထက် ကံဆိုးတဲ့သူတွေ ရှိသေးပါလား ဆိုတာကို အောက်ကစာတွေ ဖတ်ကြည့်ရင် သူတို့‌လောက် ကံမဆိုးသေးဘူးဆိုတာ သိလာပါလိမ့်မယ်။

၁။ တခါက ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်မှု ဖြစ်ပြီး မီးငြိမ်းသွားတဲ့အခါ ဘာတွေများ ပျက်စီး ဆုံးရှုံးသွားသလဲလို့ လိုက်စစ်ကြည့်တော့ မီးလောင်ထားတဲ့ သစ်တော တနေရာမှာ အလောင်းတလောင်းကို သွားတွေ့တယ်။ ယောက်ျားအလောင်း။

ရေကူးဝတ်စုံ ပြည့်နဲ့။ ကျောပေါ်မှာ အောက်ဆီဂျင်ဘူးနဲ့။ ခြေထောက်မှာ ရေယပ်ခြေတုနဲ့။ မျက်နှာမှာ ရေငုပ်မျက်နှာဖုံးနဲ့။ အလောင်းကို စစ်ဆေးချက်တွေ လုပ်ကြတော့ ဒီလူဟာ မီးလောင်ပြီး သေတာ မဟုတ်ဘဲ ပြင်းထန်တဲ့ ခန္ဓာကိုယ် အတွင်းထိခိုက်ဒဏ်ရာ အမြောက်အများကြောင့် သေတာလို့ အဖြေထွက်တယ်။

Dental records ကောက်ကြည့်တော့လည်း ဒီအဖြေပဲ ထွက်တယ်။ ဒါဆို ရေငုပ်ဝတ်စုံ အပြည့်အစုံနဲ့ ဒီလူဟာ တောမီးအလယ်မှာ ဘယ်လိုဖြစ်ပြီး လာသေနေရတာတုန်း။ စုံစမ်းမှုတွေ လုပ်ကြရ တော့တယ်။

သေဆုံးသူဟာ မီးလောင်တဲ့နေ့မှာ တောရဲ့ မိုင်နှစ်ဆယ် အကွာလောက်က ကမ်းခြေကို ရေငုပ် ထွက်လာခဲ့တာတဲ့။ မီးကို တတ်နိုင်သမျှ မြန်မြန် ငြိမ်းစေချင်တာမို့ မီးသတ်တပ်ဖွဲ့ဟာ ဟယ်လီကော်ပတာတွေကို အကူအညီ ခေါ်လိုက်ရတယ်။ ဟယ်လီကော်ပတာတွေက ရေပုံးအကြီးကြီးတွေ ချိတ်ပြီး အဲ့ဒီရေပုံးတွေနဲ့ ပင်လယ်ထဲက ရေကို နှစ်ပြီး ခပ်တယ်။ ပြီးတော့မှ အဲ့ဒီရေတွေကို တောမီးလောင်နေတဲ့ အပေါ်ကနေ လောင်းချလိုက်တယ်။

ပစ္စဖစ်သမုဒ္ဒရာထဲ ရေငုပ် စံပယ်တော်မူတဲ့ ယောက်ျားဟာ ရေယပ်တောင်ကလေး ခတ်ကူးရုံ ရှိသေးတယ် ဖြုန်းခနဲဆို ပေ ၃၀၀ အမြင့်မှာ လေထဲပျံနေတဲ့ မီးသတ်ရေပုံးကြီးထဲ ရောက်သွားကာ ယက်ကန်ယက်ကန်နဲ့ မီးလောင်တဲ့ နေရာအပေါ် သွန်ချခံရပြီး တခြားဘဝကို ပြောင်းသွားရ ရှာတော့တယ်။ ဘယ်လိုလဲ။ ကိုယ့်ကိုယ်ကို ကံဆိုးလှချည်ရဲ့လို့ ထင်နေသေးလား။

၂။ လူတယောက်ဟာ သူ့အိမ်ရှေ့ ပေါ်တီကို ခန်းထဲမှာ ဆိုင်ကယ် ပြင်နေတယ်။ သူ့မိန်းမကတော့ မီးဖိုချောင်ထဲမှာ။ ဆိုင်ကယ်ကို စက်နှိုးပြီး လီဘာကို ကစားနေတုန်း အခန့်မသင့် ချင်တော့ ဆိုင်ကယ် ဂီယာဝင်သွားတယ်။ ဆိုင်ကယ်လက်ကိုင်ကို မလွှတ်တမ်း ကိုင်ထားမိတဲ့ သူ့ခမျာ တရွတ်တိုက် ပါသွားပြီးနောက် ပေါ်တီကို မှန်တံခါးတွေကို အင်တိုက်အားတိုက် ဝင်ကြုံးပစ် လိုက်တယ်ပေါ့။

တိုက်သံခိုက်သံ ကွဲသံရှသံတွေ ကြားတဲ့ မိန်းမဖြစ်သူဟာ အခန်းထဲ ပြေးဝင်လာခဲ့တဲ့ အခါမှာတော့ သွေးသံတရဲရဲနဲ့ ကွဲပြဲနေတဲ့ လင်တော်မောင်ရယ်၊ ဆိုင်ကယ်ရယ်၊ တစစီကြေမွနေတဲ့ တံခါးရယ်ကို တွေ့လိုက်ရတယ်။ လူနာတင်ယာဉ် အပြေးအလွှား ဖုန်းဆက်ခေါ်တယ်။

အိမ်ကြီးက တောင်ကုန်းပေါ်မှာ ဆောက်ထားလေတော့ မိန်းမဖြစ်သူက လူနာတင်ယာဉ်မှာ ပါလာတဲ့ ဆေးတပ်သားလေးတွေကို လင်တော်မောင်ရှိတဲ့ နေရာပြဖို့ လှေကားထစ်ပေါင်း မြောက်များစွာကို ပြေးလွှားဆင်းခဲ့ ရတယ်။

ယောက်ျားကို ဆေးတပ်သားလေးတွေ ခေါ်သွားတဲ့ အခိုက်မှာ အငြိမ်မနေတတ်တဲ့ မိန်းမဟာ လဲနေတဲ့ ဆိုင်ကယ်ကို ထောင်ပြီး အပြင်ဘက် တွန်းထုတ်တယ်။ ဖိတ်စင်သွားတဲ့ ဆီတွေကို တစ်ရှူးနဲ့ လိုက်သုတ်တယ်။ တစ်ရှူးတွေကို အိမ်သာခွက်ထဲ သွားလွှင့်လိုက်တယ်။

ဆေးရုံမှာ ဒဏ်ရာတွေကို စစ်ဆေး ကုသပြီးတဲ့နောက် ယောက်ျားဖြစ်သူဟာ အိမ်ကို တန်းပြန်လာတယ်။ ပျက်ဆီးသွားတဲ့ ပေါ်တီကို တံခါးကို တချက်ကြည့်တယ်။ ဆိုင်ကယ်ကို ဘာပျက်သွားလဲ တချက်ကြည့်တယ်။ ပြီးတဲ့အခါ အိမ်သာ ဝင်တက်တယ်။

ယောက်ျားဟာ အိမ်သာတက်ရင်း ဆေးလိပ်တလိပ်ကို ကောက်ဖွာပြီး စိမ်ပြေနပြေ စည်းစိမ် ခံတော်မူတယ်။ အားရ ကျေနပ်တော် မူတဲ့အခါမှာတော့ ဖင်လေးကြွပြီး ဆေးလိပ်တိုကို ခြေထောက်နှစ်ချောင်း ကြားထဲကနေ အိမ်သာခွက်ထဲ ပစ်ထည့်လိုက်တော့တယ်။ "ဝုန်း"

မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ မိန်းမဖြစ်သူဟာ ဝုန်းခနဲ ဆိုတဲ့ ပေါက်ကွဲသံနဲ့ အတူ လင်တော်မောင်ရဲ့ မချိမဆန့် အော်ဟစ်သံကိုပါ တပြိုင်နက်ထဲ ကြားလိုက်ရတယ်။ ဘောင်းဘီတွေလည်း ပြဲစုတ်လို့၊ ဖင်တခုလုံးလည်း မီးလောင်ကျွမ်းလို့၊ အိမ်သာကြမ်းပြင်ပေါ်မှာ မှောက်ခုံကြီး လျောင်းစက်တော်မူနေတဲ့ ယောက်ျားကို တွေ့ရတဲ့အခါ မိန်းမဖြစ်သူဟာ အရေးပေါ် လူနာတင်ယာဉ်ကို ဒုတိယအကြိမ် ဖုန်းဆက်ရပြန်တယ်။

ခုနက ဆေးတပ်သားလေးတွေပဲ ရောက်ချလာတယ်။ လှေကားထစ်တွေက ဆင်းရင်း လူနာတင်ယာဉ်ဆီ ယောက်ျားဖြစ်သူကို သယ်သွားတဲ့ ဆေးတပ်သားလေးတွေက မိန်းမကို မေးတယ်။ ဘယ်လိုက ဘယ်လို ဖြစ်တာလဲပေါ့။ မိန်းမဖြစ်သူက အကြောင်းစုံကို ရှင်းပြလိုက်တဲ့အခါ မှာတော့ ဆေးတပ်သားလေးတွေ ပိုးဆိုးပက်စက် ရယ်ကြပါတယ်။ အဲ့ဒီမှာ တယောက်က ခြေချော်ပါလေရော။

လူနာတင်စင် လဲပြီး ယောက်ျားဖြစ်သူ ခမျာ ခွေးကျဝက်ကျ ပြုတ်ကျပြန်တယ်။ လှေကားတလျှောက် တလှိမ့်ခေါက်ကွေး လိမ့်ဆင်းပြီးကျတော့ ဖင်မီးလောင် ခံရတဲ့အပြင် လက်ပါ ကျိုးရ ပြန်တယ်။ ကဲ သင်ရော ကံမကောင်းဘူးလို့ ထင်နေတုန်းလား။ ဒီ့ထက် ပိုဆိုးလာနိုင်သေးတယ် ဆိုတာကိုလည်း သတိရပါ။

၃။ အလက်စကာ မှာ Exxon Valdez ရေနံယိုဖိတ်မှုကြောင့် ဖျံတွေ ပင်လယ်ငှက်တွေ ဝေလငါးတွေ အများကြီး ထိခိုက် သေကြေကြရတယ်။ လူကြောင့်ဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေထဲမှာ အဆိုးရွားဆုံး အဖြစ်တခုပဲ။ အဲ့ဒီအဖြစ်ကြောင့် သေမလို ဖြစ်တဲ့ ဖျံတကောင်ကို ပြန်လည် ကယ်တင်ရတဲ့ စရိတ်ဟာ ဒေါ်လာ ၈၀၀၀၀ ကုန်ကျသတဲ့။

ဒီလို ကုန်ကျစရိတ် အကြီးဆုံးနဲ့ ပြန်လည်ပြုစု ထားရတဲ့ ဖျံတွေထဲက နှစ်ကောင်ကို အခမ်းအနားပွဲ စပယ်ရှယ် ကျင်းပပြီး ပင်လယ်ထဲ ပြန်လွှတ်ပေး ခဲ့တဲ့အခါ လာကြည့် အားပေးလက်ခုပ်တီးသူ ပရိတ်သတ်တွေကလည်း အုံးအုံးကျွတ် အများကြီးပေါ့။ လွှတ်ပေးပြီး တမိနစ် အကြာမှာ အဲ့လူအုပ်ကြီးရှေ့ မျက်ဝါးထင်ထင်မှာပဲ အဲ့ဒီ ဖျံနှစ်ကောင်ကို သားရဲ ဝေလငါးကြီးတကောင်က ဝင်စားသွားလေရဲ့။

ငါ့ဘဝ ဆိုးလှချည်ရဲ့ တွေးတုန်းပဲလား။

၄။ အိမ်ကို ပြန်ရောက်လာတဲ့ မိန်းမတယောက်ဟာ မီးဖိုချောင်ထဲမှာ ယောက်ျားဖြစ်သူ ကယောက်ကယက်နဲ့ လှုပ်ခတ်နေတာကို တွေ့တယ်။ ရူးပြီး ကယောင်ခြောက်ခြား ကနေတဲ့ အတိုင်းပဲ။ သူ့ယောက်ျား ခါးကနေ လျှပ်စစ်ရေနွေးကရားအိုး တလျှောက် ဝါယာကြိုးတချောင်းကိုလည်း လှမ်းတွေ့ရော ဓာတ်လိုက်နေတယ် ထင်ပြီး သေတော့မှာပဲ ဆိုတဲ့ စိုးရိမ်စိတ် နဲ့ အနားမှာ ရှိတဲ့ သစ်သားချောင်းကို ယူကာ သူ့ယောက်ျားကို ဆွဲခတ် ရိုက်ထုတ်ပလိုက်တယ်။

ယောက်ျားဖြစ်သူ လက်နှစ်ပိုင်းလောက် ကျိုးသွားတယ်။ အဲ့ဒီအချိန်က ယောက်ျားဖြစ်သူ ခမျာမှာ နားကြပ်ကလေး တပ်ပြီး Walkman ကက်ဆက်ကို ပျော်ပျော်ပါးပါး နားထောင်ရင်း ကနေရှာတာပါ။ ကိုယ့်ရဲ့ အဆင်မပြေမှုတွေကိုပဲ တွေးခံစားနေတုန်းလား။

၅။ ဂျာမနီနိုင်ငံ ဘွန်းမြို့က သားသတ်ရုံ တရုံဆီ ဝက်တွေ အမြောက်အမြား ပို့နေတဲ့ ရက်စက်မှုကြီးကို ကန့်ကွက်ဖို့ တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူ နှစ်ယောက် ဆန္ဒလာပြတယ်။ အဲဒီအချိန်မှာပဲ ဖမ်းထားတဲ့ ဝက်အကောင် နှစ်ထောင်လုံး ရုတ်တရက် လွတ်သွားပြီး ကရူးမူးထိုး ပြေးကြ လွှားကြ ရုန်းရင်းဆန်ခတ် ဖြစ်ကာ ခုနက ဝက်အခွင့်အရေး ဆန္ဒပြသူ နှစ်ဦးခမျာ ဝက်နင်းခံရပြီး သေသွား ရှာတော့တယ်။ 

ကိုယ့်ကိုယ်ကို ကံဆိုးလှချည်ရဲ့လို့ ထင်နေတုန်းလား။

၆။ Khay Rahnajet ဆိုတဲ့ အီရတ်က အကြမ်းဖက်သမား တဦးရှိတယ်။ စာအိတ်ထဲ ဗုံးထည့်ပြီး ဖောက်ခွဲဖို့ ကြိုးစားရာမှာ တံဆိပ်ခေါင်းဖိုး အပြည့် မပေးလိုက်မိတဲ့ အတွက် return to sender ဆိုတဲ့ တံဆိပ်နှိပ်ပြီး စာတိုက်က သူ့ဆီ ပြန်ပို့လိုက်တယ်။ ဗုံးထည့်ထားတယ် ဆိုတာကို သူက မေ့ပြီး ဖွင့်ဖတ်ကြည့် မိပါလေရော။

ကိုယ့်ကိုယ်ကို ကံဆိုးလှပြီလို့ ထင်နေတုန်းလား။ ဒီလောက်ဆိုရင်တော့ ကိုယ့်ထက် ကံဆိုးကြသူတွေ အများကြီးပါလားလို့ တွေးပြီး စိတ်ဖြေသိမ့်လိုက်ပါ။

Crd Van Sian Hnin

Zawgyi

ကိုယ့္ကိုယ္ကို ကံဆိုးလြန္းတယ္လို႔ ထင္ေနတုန္းလား

ကြၽန္မတို႔ေတြဟာ ေလာကဓံနဲ႔ ႀကဳံလာတဲ့အခါ ငါ ကံဆိုးလိုက္တာ၊ ငါ့က်မွ ဒီလို ျဖစ္ရေလျခင္း၊ ဒီေလာကမွာ ငါ့ေလာက္ ကံဆိုးတဲ့သူေတာင္ ငါ့ေလာက္ဆိုးမယ္ မထင္ဘူးလို႔ ၿငီးျငဴမိၾကတယ္ မဟုတ္လား။ ျဖစ္ၿပီးရင္ ပ်က္တဲ့ ေလာကႀကီးထဲမွာ ဘာကိုမွ လိုက္ၿပီး ခံစားမေနပါနဲ႔။ ေလာကမွာ ကိုယ့္ထက္ ကံဆိုးတဲ့သူေတြ ရွိေသးပါလား ဆိုတာကို ေအာက္ကစာေတြ ဖတ္ၾကည့္ရင္ သူတို႔‌ေလာက္ ကံမဆိုးေသးဘူးဆိုတာ သိလာပါလိမ့္မယ္။

၁။ တခါက ကယ္လီဖိုးနီးယားျပည္နယ္မွာ ေတာမီးေလာင္မႈ ျဖစ္ၿပီး မီးၿငိမ္းသြားတဲ့အခါ ဘာေတြမ်ား ပ်က္စီး ဆုံးရႈံးသြားသလဲလို႔ လိုက္စစ္ၾကည့္ေတာ့ မီးေလာင္ထားတဲ့ သစ္ေတာ တေနရာမွာ အေလာင္းတေလာင္းကို သြားေတြ႕တယ္။ ေယာက္်ားအေလာင္း။

ေရကူးဝတ္စုံ ျပည့္နဲ႔။ ေက်ာေပၚမွာ ေအာက္ဆီဂ်င္ဘူးနဲ႔။ ေျခေထာက္မွာ ေရယပ္ေျခတုနဲ႔။ မ်က္ႏွာမွာ ေရငုပ္မ်က္ႏွာဖုံးနဲ႔။ အေလာင္းကို စစ္ေဆးခ်က္ေတြ လုပ္ၾကေတာ့ ဒီလူဟာ မီးေလာင္ၿပီး ေသတာ မဟုတ္ဘဲ ျပင္းထန္တဲ့ ခႏၶာကိုယ္ အတြင္းထိခိုက္ဒဏ္ရာ အေျမာက္အမ်ားေၾကာင့္ ေသတာလို႔ အေျဖထြက္တယ္။

Dental records ေကာက္ၾကည့္ေတာ့လည္း ဒီအေျဖပဲ ထြက္တယ္။ ဒါဆို ေရငုပ္ဝတ္စုံ အျပည့္အစုံနဲ႔ ဒီလူဟာ ေတာမီးအလယ္မွာ ဘယ္လိုျဖစ္ၿပီး လာေသေနရတာတုန္း။ စုံစမ္းမႈေတြ လုပ္ၾကရ ေတာ့တယ္။

ေသဆုံးသူဟာ မီးေလာင္တဲ့ေန႔မွာ ေတာရဲ႕ မိုင္ႏွစ္ဆယ္ အကြာေလာက္က ကမ္းေျခကို ေရငုပ္ ထြက္လာခဲ့တာတဲ့။ မီးကို တတ္ႏိုင္သမွ် ျမန္ျမန္ ၿငိမ္းေစခ်င္တာမို႔ မီးသတ္တပ္ဖြဲ႕ဟာ ဟယ္လီေကာ္ပတာေတြကို အကူအညီ ေခၚလိုက္ရတယ္။ ဟယ္လီေကာ္ပတာေတြက ေရပုံးအႀကီးႀကီးေတြ ခ်ိတ္ၿပီး အဲ့ဒီေရပုံးေတြနဲ႔ ပင္လယ္ထဲက ေရကို ႏွစ္ၿပီး ခပ္တယ္။ ၿပီးေတာ့မွ အဲ့ဒီေရေတြကို ေတာမီးေလာင္ေနတဲ့ အေပၚကေန ေလာင္းခ်လိုက္တယ္။

ပစၥဖစ္သမုဒၵရာထဲ ေရငုပ္ စံပယ္ေတာ္မူတဲ့ ေယာက္်ားဟာ ေရယပ္ေတာင္ကေလး ခတ္ကူး႐ုံ ရွိေသးတယ္ ျဖဳန္းခနဲဆို ေပ ၃၀၀ အျမင့္မွာ ေလထဲပ်ံေနတဲ့ မီးသတ္ေရပုံးႀကီးထဲ ေရာက္သြားကာ ယက္ကန္ယက္ကန္နဲ႔ မီးေလာင္တဲ့ ေနရာအေပၚ သြန္ခ်ခံရၿပီး တျခားဘဝကို ေျပာင္းသြားရ ရွာေတာ့တယ္။ ဘယ္လိုလဲ။ ကိုယ့္ကိုယ္ကို ကံဆိုးလွခ်ည္ရဲ႕လို႔ ထင္ေနေသးလား။

၂။ လူတေယာက္ဟာ သူ႔အိမ္ေရွ႕ ေပၚတီကို ခန္းထဲမွာ ဆိုင္ကယ္ ျပင္ေနတယ္။ သူ႔မိန္းမကေတာ့ မီးဖိုေခ်ာင္ထဲမွာ။ ဆိုင္ကယ္ကို စက္ႏႈိးၿပီး လီဘာကို ကစားေနတုန္း အခန႔္မသင့္ ခ်င္ေတာ့ ဆိုင္ကယ္ ဂီယာဝင္သြားတယ္။ ဆိုင္ကယ္လက္ကိုင္ကို မလႊတ္တမ္း ကိုင္ထားမိတဲ့ သူ႔ခမ်ာ တ႐ြတ္တိုက္ ပါသြားၿပီးေနာက္ ေပၚတီကို မွန္တံခါးေတြကို အင္တိုက္အားတိုက္ ဝင္ႀကဳံးပစ္ လိုက္တယ္ေပါ့။

တိုက္သံခိုက္သံ ကြဲသံရွသံေတြ ၾကားတဲ့ မိန္းမျဖစ္သူဟာ အခန္းထဲ ေျပးဝင္လာခဲ့တဲ့ အခါမွာေတာ့ ေသြးသံတရဲရဲနဲ႔ ကြဲၿပဲေနတဲ့ လင္ေတာ္ေမာင္ရယ္၊ ဆိုင္ကယ္ရယ္၊ တစစီေၾကမြေနတဲ့ တံခါးရယ္ကို ေတြ႕လိုက္ရတယ္။ လူနာတင္ယာဥ္ အေျပးအလႊား ဖုန္းဆက္ေခၚတယ္။

အိမ္ႀကီးက ေတာင္ကုန္းေပၚမွာ ေဆာက္ထားေလေတာ့ မိန္းမျဖစ္သူက လူနာတင္ယာဥ္မွာ ပါလာတဲ့ ေဆးတပ္သားေလးေတြကို လင္ေတာ္ေမာင္ရွိတဲ့ ေနရာျပဖို႔ ေလွကားထစ္ေပါင္း ေျမာက္မ်ားစြာကို ေျပးလႊားဆင္းခဲ့ ရတယ္။

ေယာက္်ားကို ေဆးတပ္သားေလးေတြ ေခၚသြားတဲ့ အခိုက္မွာ အၿငိမ္မေနတတ္တဲ့ မိန္းမဟာ လဲေနတဲ့ ဆိုင္ကယ္ကို ေထာင္ၿပီး အျပင္ဘက္ တြန္းထုတ္တယ္။ ဖိတ္စင္သြားတဲ့ ဆီေတြကို တစ္ရႉးနဲ႔ လိုက္သုတ္တယ္။ တစ္ရႉးေတြကို အိမ္သာခြက္ထဲ သြားလႊင့္လိုက္တယ္။

ေဆး႐ုံမွာ ဒဏ္ရာေတြကို စစ္ေဆး ကုသၿပီးတဲ့ေနာက္ ေယာက္်ားျဖစ္သူဟာ အိမ္ကို တန္းျပန္လာတယ္။ ပ်က္ဆီးသြားတဲ့ ေပၚတီကို တံခါးကို တခ်က္ၾကည့္တယ္။ ဆိုင္ကယ္ကို ဘာပ်က္သြားလဲ တခ်က္ၾကည့္တယ္။ ၿပီးတဲ့အခါ အိမ္သာ ဝင္တက္တယ္။

ေယာက္်ားဟာ အိမ္သာတက္ရင္း ေဆးလိပ္တလိပ္ကို ေကာက္ဖြာၿပီး စိမ္ေျပနေျပ စည္းစိမ္ ခံေတာ္မူတယ္။ အားရ ေက်နပ္ေတာ္ မူတဲ့အခါမွာေတာ့ ဖင္ေလးႂကြၿပီး ေဆးလိပ္တိုကို ေျခေထာက္ႏွစ္ေခ်ာင္း ၾကားထဲကေန အိမ္သာခြက္ထဲ ပစ္ထည့္လိုက္ေတာ့တယ္။ "ဝုန္း"

မီးဖိုေခ်ာင္ထဲမွာ ခ်က္ျပဳတ္ေနတဲ့ မိန္းမျဖစ္သူဟာ ဝုန္းခနဲ ဆိုတဲ့ ေပါက္ကြဲသံနဲ႔ အတူ လင္ေတာ္ေမာင္ရဲ႕ မခ်ိမဆန႔္ ေအာ္ဟစ္သံကိုပါ တၿပိဳင္နက္ထဲ ၾကားလိုက္ရတယ္။ ေဘာင္းဘီေတြလည္း ၿပဲစုတ္လို႔၊ ဖင္တခုလုံးလည္း မီးေလာင္ကြၽမ္းလို႔၊ အိမ္သာၾကမ္းျပင္ေပၚမွာ ေမွာက္ခုံႀကီး ေလ်ာင္းစက္ေတာ္မူေနတဲ့ ေယာက္်ားကို ေတြ႕ရတဲ့အခါ မိန္းမျဖစ္သူဟာ အေရးေပၚ လူနာတင္ယာဥ္ကို ဒုတိယအႀကိမ္ ဖုန္းဆက္ရျပန္တယ္။

ခုနက ေဆးတပ္သားေလးေတြပဲ ေရာက္ခ်လာတယ္။ ေလွကားထစ္ေတြက ဆင္းရင္း လူနာတင္ယာဥ္ဆီ ေယာက္်ားျဖစ္သူကို သယ္သြားတဲ့ ေဆးတပ္သားေလးေတြက မိန္းမကို ေမးတယ္။ ဘယ္လိုက ဘယ္လို ျဖစ္တာလဲေပါ့။ မိန္းမျဖစ္သူက အေၾကာင္းစုံကို ရွင္းျပလိုက္တဲ့အခါ မွာေတာ့ ေဆးတပ္သားေလးေတြ ပိုးဆိုးပက္စက္ ရယ္ၾကပါတယ္။ အဲ့ဒီမွာ တေယာက္က ေျခေခ်ာ္ပါေလေရာ။

လူနာတင္စင္ လဲၿပီး ေယာက္်ားျဖစ္သူ ခမ်ာ ေခြးက်ဝက္က် ျပဳတ္က်ျပန္တယ္။ ေလွကားတေလွ်ာက္ တလွိမ့္ေခါက္ေကြး လိမ့္ဆင္းၿပီးက်ေတာ့ ဖင္မီးေလာင္ ခံရတဲ့အျပင္ လက္ပါ က်ိဳးရ ျပန္တယ္။ ကဲ သင္ေရာ ကံမေကာင္းဘူးလို႔ ထင္ေနတုန္းလား။ ဒီ့ထက္ ပိုဆိုးလာႏိုင္ေသးတယ္ ဆိုတာကိုလည္း သတိရပါ။

၃။ အလက္စကာ မွာ Exxon Valdez ေရနံယိုဖိတ္မႈေၾကာင့္ ဖ်ံေတြ ပင္လယ္ငွက္ေတြ ေဝလငါးေတြ အမ်ားႀကီး ထိခိုက္ ေသေၾကၾကရတယ္။ လူေၾကာင့္ျဖစ္တဲ့ သဘာဝ ပတ္ဝန္းက်င္ ထိခိုက္မႈေတြထဲမွာ အဆိုး႐ြားဆုံး အျဖစ္တခုပဲ။ အဲ့ဒီအျဖစ္ေၾကာင့္ ေသမလို ျဖစ္တဲ့ ဖ်ံတေကာင္ကို ျပန္လည္ ကယ္တင္ရတဲ့ စရိတ္ဟာ ေဒၚလာ ၈၀၀၀၀ ကုန္က်သတဲ့။

ဒီလို ကုန္က်စရိတ္ အႀကီးဆုံးနဲ႔ ျပန္လည္ျပဳစု ထားရတဲ့ ဖ်ံေတြထဲက ႏွစ္ေကာင္ကို အခမ္းအနားပြဲ စပယ္ရွယ္ က်င္းပၿပီး ပင္လယ္ထဲ ျပန္လႊတ္ေပး ခဲ့တဲ့အခါ လာၾကည့္ အားေပးလက္ခုပ္တီးသူ ပရိတ္သတ္ေတြကလည္း အုံးအုံးကြၽတ္ အမ်ားႀကီးေပါ့။ လႊတ္ေပးၿပီး တမိနစ္ အၾကာမွာ အဲ့လူအုပ္ႀကီးေရွ႕ မ်က္ဝါးထင္ထင္မွာပဲ အဲ့ဒီ ဖ်ံႏွစ္ေကာင္ကို သားရဲ ေဝလငါးႀကီးတေကာင္က ဝင္စားသြားေလရဲ႕။

ငါ့ဘဝ ဆိုးလွခ်ည္ရဲ႕ ေတြးတုန္းပဲလား။

၄။ အိမ္ကို ျပန္ေရာက္လာတဲ့ မိန္းမတေယာက္ဟာ မီးဖိုေခ်ာင္ထဲမွာ ေယာက္်ားျဖစ္သူ ကေယာက္ကယက္နဲ႔ လႈပ္ခတ္ေနတာကို ေတြ႕တယ္။ ႐ူးၿပီး ကေယာင္ေျခာက္ျခား ကေနတဲ့ အတိုင္းပဲ။ သူ႔ေယာက္်ား ခါးကေန လွ်ပ္စစ္ေရေႏြးကရားအိုး တေလွ်ာက္ ဝါယာႀကိဳးတေခ်ာင္းကိုလည္း လွမ္းေတြ႕ေရာ ဓာတ္လိုက္ေနတယ္ ထင္ၿပီး ေသေတာ့မွာပဲ ဆိုတဲ့ စိုးရိမ္စိတ္ နဲ႔ အနားမွာ ရွိတဲ့ သစ္သားေခ်ာင္းကို ယူကာ သူ႔ေယာက္်ားကို ဆြဲခတ္ ႐ိုက္ထုတ္ပလိုက္တယ္။

ေယာက္်ားျဖစ္သူ လက္ႏွစ္ပိုင္းေလာက္ က်ိဳးသြားတယ္။ အဲ့ဒီအခ်ိန္က ေယာက္်ားျဖစ္သူ ခမ်ာမွာ နားၾကပ္ကေလး တပ္ၿပီး Walkman ကက္ဆက္ကို ေပ်ာ္ေပ်ာ္ပါးပါး နားေထာင္ရင္း ကေနရွာတာပါ။ ကိုယ့္ရဲ႕ အဆင္မေျပမႈေတြကိုပဲ ေတြးခံစားေနတုန္းလား။

၅။ ဂ်ာမနီႏိုင္ငံ ဘြန္းၿမိဳ႕က သားသတ္႐ုံ တ႐ုံဆီ ဝက္ေတြ အေျမာက္အျမား ပို႔ေနတဲ့ ရက္စက္မႈႀကီးကို ကန႔္ကြက္ဖို႔ တိရစာၦန္ အခြင့္အေရး တက္ႂကြလႈပ္ရွားသူ ႏွစ္ေယာက္ ဆႏၵလာျပတယ္။ အဲဒီအခ်ိန္မွာပဲ ဖမ္းထားတဲ့ ဝက္အေကာင္ ႏွစ္ေထာင္လုံး ႐ုတ္တရက္ လြတ္သြားၿပီး က႐ူးမူးထိုး ေျပးၾက လႊားၾက ႐ုန္းရင္းဆန္ခတ္ ျဖစ္ကာ ခုနက ဝက္အခြင့္အေရး ဆႏၵျပသူ ႏွစ္ဦးခမ်ာ ဝက္နင္းခံရၿပီး ေသသြား ရွာေတာ့တယ္။ 

ကိုယ့္ကိုယ္ကို ကံဆိုးလွခ်ည္ရဲ႕လို႔ ထင္ေနတုန္းလား။

၆။ Khay Rahnajet ဆိုတဲ့ အီရတ္က အၾကမ္းဖက္သမား တဦးရွိတယ္။ စာအိတ္ထဲ ဗုံးထည့္ၿပီး ေဖာက္ခြဲဖို႔ ႀကိဳးစားရာမွာ တံဆိပ္ေခါင္းဖိုး အျပည့္ မေပးလိုက္မိတဲ့ အတြက္ return to sender ဆိုတဲ့ တံဆိပ္ႏွိပ္ၿပီး စာတိုက္က သူ႔ဆီ ျပန္ပို႔လိုက္တယ္။ ဗုံးထည့္ထားတယ္ ဆိုတာကို သူက ေမ့ၿပီး ဖြင့္ဖတ္ၾကည့္ မိပါေလေရာ။

ကိုယ့္ကိုယ္ကို ကံဆိုးလွၿပီလို႔ ထင္ေနတုန္းလား။ ဒီေလာက္ဆိုရင္ေတာ့ ကိုယ့္ထက္ ကံဆိုးၾကသူေတြ အမ်ားႀကီးပါလားလို႔ ေတြးၿပီး စိတ္ေျဖသိမ့္လိုက္ပါ။

Crd Van Sian Hnin

Post a Comment

0 Comments