TV ဖွင့်ထားပေးပါ

ကျွန်တော့်အမေမှာ အကျင့်တခု ရှိပါတယ်။ TV ကို ၂၄ နာရီ ဖွင့်ထားတတ် တာပါ။ ထိုင်ကြည့်နေတာမျိုး မဟုတ်ပဲနဲ့ ဖွင့်ထားပြီး လုပ်စရာရှိတာကို လုပ်နေတာမျိုးပါ။

ကျွန်တော် အိမ်ရောက်တဲ့အခါ ကြည့်မယ့်သူ မရှိပဲ ဖွင့်ထားတာမို့ ကျွန်တော်က ပိတ်၊ အမေက ပြန်ဖွင့်နဲ့ မကြာခဏ စကားများလေ့ ရှိပါတယ်။

အဲဒါနဲ့ ပတ်သတ်ပြီး နောက်ဆုံး အမေ ပြောနေကျက "နင်တို့ နားမလည်ပါဘူး" တဲ့။ ကျွန်တော် အဲဒီတုန်းက တကယ် နားမလည်တာပါ။

တရက် ကိစ္စတခုနဲ့ တယောက်ထဲ ခရီးထွက် ဖြစ်တယ်။ မိုင် ၄၀၀ လောက် ဝေးတဲ့ ခရီးကို အသွားမှာ မောင်းနေတုန်းက ဘာမှမဖြစ်ပေမယ့် အပြန်ခရီးမှာတော့ တယောက်ထဲ ကားမောင်းရတာကို သိပ်ငြီးငွေ့ လာပါတယ်။

အပျင်းပြေလို ပြေငြား ပီကေ ဝါးပေမယ့်လည်း ကားမောင်းနေရတာဟာ သိပ်အထီးကျန် လွန်းပါတယ်။ နောက်ဆုံး FM တွေ ဖွင့်တယ်။ ဟုတ်တယ်။

FM က ဘာနေနေ ဘာသီချင်းသံပဲ လာလာ အနည်းဆုံး လူတယောက်အသံ ကြားနေရတယ်။ ကိုယ်တယောက်ထဲ အထီးကျန်သလိုဖြစ်နေတယ် လို့ မခံစားရတော့ဘူး။

FM က ဘာပဲလာလာ ကျွန်တော့်အတွက် အရေးမကြီးဘူး။ ဘယ်လို အသံပဲ ထွက်နေနေ အနည်းဆုံး ကျွန်တော့်မှာ အဖော် ရှိတယ်လို့ ခံစားရစေတယ်။

တွေးမိ စဉ်းစားနေရင်း ကျွန်တော့် စိတ်ထဲမှာ ဖျတ်ခနဲ တယောက်ယောက်ကို အပြေးအလွှား သတိရသွား မိတယ်။ အ မေ။

မိုင်ပေါင်း ၄၀၀ လောက်လေးကို တယောက်ထဲ ဖြတ်နေရတဲ့ ကျွန်တော်လို လူလတ်ပိုင်း အရွယ်တောင် ငြီးငွေ့ အထီးကျန် လွန်းနေရင် နှစ်ပေါင်းများစွာ အိမ်ထဲမှာ တယောက်ထဲ နေရှာတဲ့ အသက် ၇၀ ကျော် အမေဟာ ဘယ်လောက်များ အထီးကျန်ရှာ လိမ့်မလဲ။

TV က စကားသံတွေ နားထောင်ပြီး အဝတ်တွေ လျှော်နေတဲ့ အမေ၊ TV က ကြော်ငြာသံတွေ ကြားပြီး တံမြတ်စည်းတွေ လှည်းနေတဲ့ အမေ၊ TV က ဟာသ တွေ ကြည့်ပြီးမှ ရယ်နေတဲ့ အမေ၊ TV က TV ထဲက။ အမေရယ်၊ ဘယ်အချိန်ကတည်းက ဘယ်လောက်တောင် အထီးကျန် ဖြစ်နေခဲ့တာလဲ အမေရယ်။

Crd

Zawgyi

TV ဖြင့္ထားေပးပါ

ကြၽန္ေတာ့္အေမမွာ အက်င့္တခု ရွိပါတယ္။ TV ကို ၂၄ နာရီ ဖြင့္ထားတတ္ တာပါ။ ထိုင္ၾကည့္ေနတာမ်ိဳး မဟုတ္ပဲနဲ႔ ဖြင့္ထားၿပီး လုပ္စရာရွိတာကို လုပ္ေနတာမ်ိဳးပါ။

ကြၽန္ေတာ္ အိမ္ေရာက္တဲ့အခါ ၾကည့္မယ့္သူ မရွိပဲ ဖြင့္ထားတာမို႔ ကြၽန္ေတာ္က ပိတ္၊ အေမက ျပန္ဖြင့္နဲ႔ မၾကာခဏ စကားမ်ားေလ့ ရွိပါတယ္။ အဲဒါနဲ႔ ပတ္သတ္ၿပီး ေနာက္ဆုံး အေမ ေျပာေနက်က "နင္တို႔ နားမလည္ပါဘူး" တဲ့။ ကြၽန္ေတာ္ အဲဒီတုန္းက တကယ္ နားမလည္တာပါ။

တရက္ ကိစၥတခုနဲ႔ တေယာက္ထဲ ခရီးထြက္ ျဖစ္တယ္။ မိုင္ ၄၀၀ ေလာက္ ေဝးတဲ့ ခရီးကို အသြားမွာ ေမာင္းေနတုန္းက ဘာမွမျဖစ္ေပမယ့္ အျပန္ခရီးမွာေတာ့ တေယာက္ထဲ ကားေမာင္းရတာကို သိပ္ၿငီးေငြ႕ လာပါတယ္။

အပ်င္းေျပလို ေျပျငား ပီေက ဝါးေပမယ့္လည္း ကားေမာင္းေနရတာဟာ သိပ္အထီးက်န္ လြန္းပါတယ္။ ေနာက္ဆုံး FM ေတြ ဖြင့္တယ္။ ဟုတ္တယ္။ FM က ဘာေနေန ဘာသီခ်င္းသံပဲ လာလာ အနည္းဆုံး လူတေယာက္အသံ ၾကားေနရတယ္။ ကိုယ္တေယာက္ထဲ အထီးက်န္သလိုျဖစ္ေနတယ္ လို႔ မခံစားရေတာ့ဘူး။

FM က ဘာပဲလာလာ ကြၽန္ေတာ့္အတြက္ အေရးမႀကီးဘူး။ ဘယ္လို အသံပဲ ထြက္ေနေန အနည္းဆုံး ကြၽန္ေတာ့္မွာ အေဖာ္ ရွိတယ္လို႔ ခံစားရေစတယ္။ ေတြးမိ စဥ္းစားေနရင္း ကြၽန္ေတာ့္ စိတ္ထဲမွာ ဖ်တ္ခနဲ တေယာက္ေယာက္ကို အေျပးအလႊား သတိရသြား မိတယ္။ အ ေမ။

မိုင္ေပါင္း ၄၀၀ ေလာက္ေလးကို တေယာက္ထဲ ျဖတ္ေနရတဲ့ ကြၽန္ေတာ္လို လူလတ္ပိုင္း အ႐ြယ္ေတာင္ ၿငီးေငြ႕ အထီးက်န္ လြန္းေနရင္ ႏွစ္ေပါင္းမ်ားစြာ အိမ္ထဲမွာ တေယာက္ထဲ ေနရွာတဲ့ အသက္ ၇၀ ေက်ာ္ အေမဟာ ဘယ္ေလာက္မ်ား အထီးက်န္ရွာ လိမ့္မလဲ။

TV က စကားသံေတြ နားေထာင္ၿပီး အဝတ္ေတြ ေလွ်ာ္ေနတဲ့ အေမ၊ TV က ေၾကာ္ျငာသံေတြ ၾကားၿပီး တံျမတ္စည္းေတြ လွည္းေနတဲ့ အေမ၊ TV က ဟာသ ေတြ ၾကည့္ၿပီးမွ ရယ္ေနတဲ့ အေမ၊ TV က TV ထဲက။ အေမရယ္၊ ဘယ္အခ်ိန္ကတည္းက ဘယ္ေလာက္ေတာင္ အထီးက်န္ ျဖစ္ေနခဲ့တာလဲ အေမရယ္။

Crd

Post a Comment

0 Comments