အလှည့်

တခါတုန်းက နေ့စဉ် လယ်ထဲ ဆင်းပြီး ဝမ်းစာရှာရတဲ့ လယ်သမား သားအဖ ၂ ယောက် ရှိတယ်။ အဖေဖြစ်သူ လယ်သမားကြီးဟာ အသက်အရွယ် အိုမင်း လာတာနဲ့ အမျှ ပင်ပန်းမှု ဒဏ်ကို မခံနိုင်ရှာ တော့ဘူး။

ဖခင်ဖြစ်သူဟာ အနည်းငယ် လုပ်ကိုင်ပြီး ပင်ပန်းတာနဲ့ တနေရာမှာ ထိုင်ရင်း သားဖြစ်သူ လုပ်တာ ကိုသာ ထိုင်ကြည့်နေ ရတယ်။

ဒီလို ရက်တွေ များလာတော့ သားဖြစ်သူက "ငါ့အဖေက အလုပ် မလုပ်နိုင်တော့ဘူး၊ တနေ့တနေ့ ငါချည်း လုပ်နေရတယ်။ အိုလည်း အိုနေပါပြီ။ သူ အသက်ရှင်နေတာ ဘာတန်ဖိုးမှ မရှိဘူး" လို့ တွေးမိတယ်။

ဒါနဲ့ သားဖြစ်သူ လယ်သမားဟာ သစ်သားနဲ့ အခေါင်း တခေါင်းကို လုပ်တယ်။ အခေါင်း လုပ်ပြီးတော့ အဖေ လယ်သမားကြီးကို ခေါ်ပြီး အခေါင်းထဲ ဝင်စေတယ်။

အဖေဖြစ်သူလည်း ဘာမှ ပြန်မပြောပဲ ကြည်ကြည် ဖြူဖြူနဲ့ပဲ အခေါင်းထဲ ဝင်လှဲနေ လိုက်တယ်။

နောက်တော့ သားဖြစ်သူက အခေါင်းဖုံးကို ပိတ်လိုက်ပြီး၊ သူတို့လယ်ရဲ့ တဖက် တောင်ကုန်းဆီကို သယ်လာ ခဲ့တယ်။ တောင်ကုန်းရဲ့ ဟိုဘက်မှာ အဖေ ဖြစ်သူကို မြှုပ်မယ် ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။

ဒီလိုနဲ့ မြှုပ်ရမယ့် နေရာကို ရောက်တော့၊ အခေါင်းကို ချပြီး မြေကျင်း တူးတော့တယ်။ ခဏနေတော့ အခေါင်းဖုံးကို တဒေါက်ဒေါက် ခေါက်သံ ကြားလိုက်ရတယ်။

ဒါနဲ့ သားဖြစ်သူဟာ မြေကျင်း တူးလက်စက ခဏရပ်ပြီး အခေါင်းဖုံးကို ဖွင့်ပေးလိုက်တယ်။

"ဘာပြောမလို့လဲ"

"သား၊ မင်း ငါ့ကို မြှုပ်ချင်ရင် မြှုပ်ပါ။ ဒါပေမယ့် ငါ့ချည်းပဲ မြှုပ်၊ ဒီအခေါင်းလေးတော့ ပြန်ယူသွားပါ။ တချိန်ကျ မင်း သားသမီးတွေလည်း ဒါကို လိုလာနိုင်တယ်"

Crd

Zawgyi

အလွည့္

တခါတုန္းက ေန႔စဥ္ လယ္ထဲ ဆင္းၿပီး ဝမ္းစာရွာရတဲ့ လယ္သမား သားအဖ ၂ ေယာက္ ရွိတယ္။ အေဖျဖစ္သူ လယ္သမားႀကီးဟာ အသက္အ႐ြယ္ အိုမင္း လာတာနဲ႔ အမွ် ပင္ပန္းမႈ ဒဏ္ကို မခံႏိုင္ရွာ ေတာ့ဘူး။

ဖခင္ျဖစ္သူဟာ အနည္းငယ္ လုပ္ကိုင္ၿပီး ပင္ပန္းတာနဲ႔ တေနရာမွာ ထိုင္ရင္း သားျဖစ္သူ လုပ္တာ ကိုသာ ထိုင္ၾကည့္ေန ရတယ္။

ဒီလို ရက္ေတြ မ်ားလာေတာ့ သားျဖစ္သူက "ငါ့အေဖက အလုပ္ မလုပ္ႏိုင္ေတာ့ဘူး၊ တေန႔တေန႔ ငါခ်ည္း လုပ္ေနရတယ္။ အိုလည္း အိုေနပါၿပီ။ သူ အသက္ရွင္ေနတာ ဘာတန္ဖိုးမွ မရွိဘူး" လို႔ ေတြးမိတယ္။

ဒါနဲ႔ သားျဖစ္သူ လယ္သမားဟာ သစ္သားနဲ႔ အေခါင္း တေခါင္းကို လုပ္တယ္။ အေခါင္း လုပ္ၿပီးေတာ့ အေဖ လယ္သမားႀကီးကို ေခၚၿပီး အေခါင္းထဲ ဝင္ေစတယ္။ အေဖျဖစ္သူလည္း ဘာမွ ျပန္မေျပာပဲ ၾကည္ၾကည္ ျဖဴျဖဴနဲ႔ပဲ အေခါင္းထဲ ဝင္လွဲေန လိုက္တယ္။

ေနာက္ေတာ့ သားျဖစ္သူက အေခါင္းဖုံးကို ပိတ္လိုက္ၿပီး၊ သူတို႔လယ္ရဲ႕ တဖက္ ေတာင္ကုန္းဆီကို သယ္လာ ခဲ့တယ္။ ေတာင္ကုန္းရဲ႕ ဟိုဘက္မွာ အေဖ ျဖစ္သူကို ျမႇဳပ္မယ္ ဆိုတဲ့ စိတ္ကူးနဲ႔ေပါ့။

ဒီလိုနဲ႔ ျမႇဳပ္ရမယ့္ ေနရာကို ေရာက္ေတာ့၊ အေခါင္းကို ခ်ၿပီး ေျမက်င္း တူးေတာ့တယ္။ ခဏေနေတာ့ အေခါင္းဖုံးကို တေဒါက္ေဒါက္ ေခါက္သံ ၾကားလိုက္ရတယ္။ ဒါနဲ႔ သားျဖစ္သူဟာ ေျမက်င္း တူးလက္စက ခဏရပ္ၿပီး အေခါင္းဖုံးကို ဖြင့္ေပးလိုက္တယ္။

"ဘာေျပာမလို႔လဲ"

"သား၊ မင္း ငါ့ကို ျမႇဳပ္ခ်င္ရင္ ျမႇဳပ္ပါ။ ဒါေပမယ့္ ငါ့ခ်ည္းပဲ ျမႇဳပ္၊ ဒီအေခါင္းေလးေတာ့ ျပန္ယူသြားပါ။ တခ်ိန္က် မင္း သားသမီးေတြလည္း ဒါကို လိုလာႏိုင္တယ္"

Crd

Post a Comment

0 Comments