မုသားနှင့် အမှန်

တခါတုန်းက ရွာသူကြီး သားအဖ နှစ်ယောက်သည် တဖက်ရွာမှ အိမ်အပြန် တောထဲ တနေရာ၌ ဆင်ကြီးကို ဂဠုန် ချီသွားသည်ကို တွေ့လိုက် လေ၏။ ထိုအခြင်းအရာကို သားဖြစ်သူက အဆင်ကြီးကို ချီသွားတာ ဘာငှက်ကြီးလဲဟု မေးရာ အဖေဖြစ်သူက "ဂဠုန်ငှက်လို့ ခေါ်တယ် ငါ့သားရ´" ဟု ပြန်ပြောလေသည်။

သားဖြစ်သူက "အဖေ၊ ဂဠုန်ဆိုတာ တကယ် ရှိလို့လား" ဟု ဆက်မေးရာ "တကယ်ရှိလို့ အခု ဆင်ကြီးကို ချီသွားတာ ငါ့သား တွေ့လိုက်တာပေါ့" ဟုပြောပြီး အိမ်ပြန်ခဲ့ကြ လေသည်။ ရွာအနီးသို့ ရောက်လျှင် ဖခင်က "ငါ့သား၊ ဆင်ကြီးကို ဂဠုန် ချီသွားတယ် ဆိုတာ ဘယ်သူ့ကို မှ လိုက်မပြောနဲ့" ဟု ကတိတောင်းလေရာ သားဖြစ်သူကလည်း ကတိပေးလိုက်လေသည်။

နောက်တနေ့တွင် သားဖြစ်သူသည် လူငယ်ပီပီ ထူးထူးဆန်းဆန်း တွေ့လျှင် မပြောရ မနေနိုင်သည်ဖြစ်ရာ သူ၏ သူငယ်ချင်းကို ထိုအကြောင်းကို ပြောပြလေသည်။ ထိုသူမှာ မယုံသည် ဖြစ်၍ ငြင်းခုန်ရင်း အလောင်းအစား လုပ်ကြလေသည်။

သူကြီးသားက မယုံရင် "ငါ့အဖေကို သွားမေးမယ်၊ ငါ့အဖေက လူကြီး ဆိုတော့ ညာမှာ မဟုတ်ဘူး၊ တကယ်လို့ မဟုတ်ဘူး ဆိုရင် နွားတကောင်ကြေး" ဟု ဆိုလျက် သူကြီးထံသို့ သွားကြလေသည်။

သူကြီးထံသို့ ရောက်လျှင် သူကြီးသား၏ သူငယ်ချင်းဖြစ်သူမှာ အကြောင်းစုံပြောပြလျက် မဖြစ်နိုင်ကြောင်း ပြောလေရာ သူကြီးကလည်း "ဂဠုန်ဆိုတာ ဘယ်မှာရှိမှာလဲ၊ ငါ့သားက ရူးလို့ ပြောတာ နေမှာပါ" ဟု ပြန်ပြောလိုက်သည် ဖြစ်ရာ သူကြီးသားမှာ နွားတကောင် ရှုံးသွားလေသည်။

ထိုအခြင်းအရာကို သားဖြစ်သူက မကျေမနပ်နှင့် "အဖေဗျာ၊ မမိုက်ဘူးဗျာ၊ ဆင်ကြီးကို ဂဠုန်ချီသွားတာ အဖေရော ကျနော်ရော မြင်လိုက်တာပဲ။ ဘာလို့ မဟုတ်ဘူးလို့ ပြောလိုက်ရတာလဲ" ဟု ဖခင်ကို ပြောဆိုလိုက်လေသည်။

အဖေဖြစ်သူက "ငါ့သား လူတွေက မှန်တာ ပြောရင် မယုံတာ များတယ်၊ မမှန်တာ ပြောရင်တော့ ယုံတတ်ကြတယ်။ ငါ့သား အခု လူတွေကို ငါ့အဖေ သမင်တကောင်ကို မြားနဲ့ ပစ်လိုက်တာ မြားတစင်းထဲနဲ့ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် သုံးခုလုံးကို ဖောက်ပြီး မှန်သွားတယ်လို့ လိုက်ပြောချေ" ဟု စေခိုင်းလေသည်။

သူကြီးသားလည်း သူ၏ သူငယ်ချင်းတွေကို ထိုအခြင်းအရာကို ပြောပြသည် ဖြစ်ရာ ဘယ်လို ဖြစ်နိုင်မှာလဲ၊ ယုတ္တိ မရှိတာ ဘာညာနှင့် ငြင်းခုန်ကြ ပြန်လေသည်။ ထိုအခါ သူကြီးသားက နွားနှစ်ကောင်ကြေး လောင်းကြပြန်လျက် သူကြီးထံသို့ လာခဲ့ကြပြန်သည်။

"သူကြီး သူကြီး၊ သမင်ကို မြားတစင်းနဲ့ ပစ်လိုက်တာ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် သုံးခုလုံးကို ဖောက်ဝင်သွားတယ်ဆို" ဟု မေးကြလေရာ "ဟုတ်တယ်လေ" ဟု သူကြီးဖြစ်သူက ပြန်ပြောလေသည်။ "သူကြီးရာ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ကိုင်း၊ ငါ သမင်ကို သွားပစ်တော့ သမင်က ရေသောက်နေတယ်၊ ရေသောက်နေရင်း နားရွက်ယားလို့ ဆိုပြီးတော့ ရှေ့ခြေနဲ့ ကုတ်လိုက်တော့ မြားတစင်းနဲ့ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် ဖောက်ဝင်သွားတာပေါ့" ဟု ပြောလိုက်လေရာ သူကြီးသား သူငယ်ချင်း တသိုက်လည်း ဟုတ်ပေသည်ဟု လက်ခံကြလေသည်။

သူကြီးသားလည်း နွားနှစ်ကောင် နိုင်လိုက်လေသည်။ ထိုကြောင့် ပြောစမှတ် တခု တွင်သွားသည်။ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် တချက်တည်း မှန်အောင် ပစ်တတ်ဖို့ လိုပါတယ်တဲ့ ခင်ဗျာ။

crd

Zawgyi

မုသားႏွင့္ အမွန္

တခါတုန္းက ႐ြာသူႀကီး သားအဖႏွစ္ေယာက္သည္ တဖက္႐ြာမွ အိမ္အျပန္ ေတာထဲ တေနရာ၌ ဆင္ႀကီးကို ဂဠဳန္ ခ်ီသြားသည္ကို ေတြ႕လိုက္ ေလ၏။ ထိုအျခင္းအရာကို သားျဖစ္သူက အဆင္ႀကီးကို ခ်ီသြားတာ ဘာငွက္ႀကီးလဲဟု ေမးရာ အေဖျဖစ္သူက "ဂဠဳန္ငွက္လို႔ ေခၚတယ္ ငါ့သားရ´" ဟု ျပန္ေျပာေလသည္။

သားျဖစ္သူက "အေဖ၊ ဂဠဳန္ဆိုတာ တကယ္ ရွိလို႔လား" ဟု ဆက္ေမးရာ "တကယ္ရွိလို႔ အခု ဆင္ႀကီးကို ခ်ီသြားတာ ငါ့သား ေတြ႕လိုက္တာေပါ့" ဟုေျပာၿပီး အိမ္ျပန္ခဲ့ၾက ေလသည္။ ႐ြာအနီးသို႔ ေရာက္လွ်င္ ဖခင္က "ငါ့သား၊ ဆင္ႀကီးကို ဂဠဳန္ ခ်ီသြားတယ္ ဆိုတာ ဘယ္သူ႔ကို မွ လိုက္မေျပာနဲ႔" ဟု ကတိေတာင္းေလရာ သားျဖစ္သူကလည္း ကတိေပးလိုက္ေလသည္။

ေနာက္တေန႔တြင္ သားျဖစ္သူသည္ လူငယ္ပီပီ ထူးထူးဆန္းဆန္း ေတြ႕လွ်င္ မေျပာရ မေနႏိုင္သည္ျဖစ္ရာ သူ၏ သူငယ္ခ်င္းကို ထိုအေၾကာင္းကို ေျပာျပေလသည္။ ထိုသူမွာ မယုံသည္ ျဖစ္၍ ျငင္းခုန္ရင္း အေလာင္းအစား လုပ္ၾကေလသည္။

သူႀကီးသားက မယုံရင္ "ငါ့အေဖကို သြားေမးမယ္၊ ငါ့အေဖက လူႀကီး ဆိုေတာ့ ညာမွာ မဟုတ္ဘူး၊ တကယ္လို႔ မဟုတ္ဘူး ဆိုရင္ ႏြားတေကာင္ေၾကး" ဟု ဆိုလ်က္ သူႀကီးထံသို႔ သြားၾကေလသည္။

သူႀကီးထံသို႔ ေရာက္လွ်င္ သူႀကီးသား၏ သူငယ္ခ်င္းျဖစ္သူမွာ အေၾကာင္းစုံေျပာျပလ်က္ မျဖစ္ႏိုင္ေၾကာင္း ေျပာေလရာ သူႀကီးကလည္း "ဂဠဳန္ဆိုတာ ဘယ္မွာရွိမွာလဲ၊ ငါ့သားက ႐ူးလို႔ ေျပာတာ ေနမွာပါ" ဟု ျပန္ေျပာလိုက္သည္ ျဖစ္ရာ သူႀကီးသားမွာ ႏြားတေကာင္ ရႈံးသြားေလသည္။

ထိုအျခင္းအရာကို သားျဖစ္သူက မေက်မနပ္ႏွင့္ "အေဖဗ်ာ၊ မမိုက္ဘူးဗ်ာ၊ ဆင္ႀကီးကို ဂဠဳန္ခ်ီသြားတာ အေဖေရာ က်ေနာ္ေရာ ျမင္လိုက္တာပဲ။ ဘာလို႔ မဟုတ္ဘူးလို႔ ေျပာလိုက္ရတာလဲ" ဟု ဖခင္ကို ေျပာဆိုလိုက္ေလသည္။

အေဖျဖစ္သူက "ငါ့သား လူေတြက မွန္တာ ေျပာရင္ မယုံတာ မ်ားတယ္၊ မမွန္တာ ေျပာရင္ေတာ့ ယုံတတ္ၾကတယ္။ ငါ့သား အခု လူေတြကို ငါ့အေဖ သမင္တေကာင္ကို ျမားနဲ႔ ပစ္လိုက္တာ ျမားတစင္းထဲနဲ႔ ေခါင္းရယ္ နား႐ြက္ရယ္ ေရွ႕ေျခရယ္ သုံးခုလုံးကို ေဖာက္ၿပီး မွန္သြားတယ္လို႔ လိုက္ေျပာေခ်" ဟု ေစခိုင္းေလသည္။

သူႀကီးသားလည္း သူ၏ သူငယ္ခ်င္းေတြကို ထိုအျခင္းအရာကို ေျပာျပသည္ ျဖစ္ရာ ဘယ္လို ျဖစ္ႏိုင္မွာလဲ၊ ယုတၱိ မရွိတာ ဘာညာႏွင့္ ျငင္းခုန္ၾက ျပန္ေလသည္။ ထိုအခါ သူႀကီးသားက ႏြားႏွစ္ေကာင္ေၾကး ေလာင္းၾကျပန္လ်က္ သူႀကီးထံသို႔ လာခဲ့ၾကျပန္သည္။

"သူႀကီး သူႀကီး၊ သမင္ကို ျမားတစင္းနဲ႔ ပစ္လိုက္တာ ေခါင္းရယ္ နား႐ြက္ရယ္ ေရွ႕ေျခရယ္ သုံးခုလုံးကို ေဖာက္ဝင္သြားတယ္ဆို" ဟု ေမးၾကေလရာ "ဟုတ္တယ္ေလ" ဟု သူႀကီးျဖစ္သူက ျပန္ေျပာေလသည္။ "သူႀကီးရာ၊ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ"

"ကိုင္း၊ ငါ သမင္ကို သြားပစ္ေတာ့ သမင္က ေရေသာက္ေနတယ္၊ ေရေသာက္ေနရင္း နား႐ြက္ယားလို႔ ဆိုၿပီးေတာ့ ေရွ႕ေျခနဲ႔ ကုတ္လိုက္ေတာ့ ျမားတစင္းနဲ႔ ေခါင္းရယ္ နား႐ြက္ရယ္ ေရွ႕ေျခရယ္ ေဖာက္ဝင္သြားတာေပါ့" ဟု ေျပာလိုက္ေလရာ သူႀကီးသား သူငယ္ခ်င္း တသိုက္လည္း ဟုတ္ေပသည္ဟု လက္ခံၾကေလသည္။

သူႀကီးသားလည္း ႏြားႏွစ္ေကာင္ ႏိုင္လိုက္ေလသည္။ ထိုေၾကာင့္ ေျပာစမွတ္ တခု တြင္သြားသည္။ ေခါင္းရယ္ နား႐ြက္ရယ္ ေရွ႕ေျခရယ္ တခ်က္တည္း မွန္ေအာင္ ပစ္တတ္ဖို႔ လိုပါတယ္တဲ့ ခင္ဗ်ာ။

crd

Post a Comment

0 Comments