ကျားတကောင်ရဲ့ လမ်း

တခါတုန်းက လူတယောက်ဟာ တောထဲမှာ လမ်းလျှောက်လာရင်း မသန်စွမ်း ဖြစ်နေတဲ့ မြေခွေးတကောင်ကို မြင်လိုက်တယ်။

ဒီတော့ သူဟာ မသန်စွမ်း ဖြစ်နေတဲ့ မြေခွေးဟာ သူ စားဖို့ အစာကို ဘယ်လို ရှာစားနေသလဲ ဆိုတာကို စဉ်းစားနေမိတယ်။

အဲဒီ အချိန်မှာပဲ ကျားတကောင်ဟာ မသန်စွမ်း ဖြစ်နေတဲ့ မြေခွေးအနားကို ချဉ်းကပ်လာတာ တွေ့ရတယ်။ အဲဒီ ကျားပါးစပ်ထဲမှာ သားကောင်တကောင်ကို ကိုက်ချီထားတယ်။

ကျားဟာ သူ ဗိုက်ပြည့်အောင် စားပြီးတဲ့ အခါ ကျန်တဲ့အသားကို မြေခွေးအတွက် ထားခဲ့ပြီး အဲ့ဒီနေရာက ထွက်သွားတယ်။

အဲ့ဒါကို မြင်တော့ သူက စဉ်းစားတယ်။ "ဘုရားသခင်ဟာ မြေခွေးကိုတောင် ကူညီတယ် ဆိုရင် ငါ့ကိုလည်း ကူညီမှာပဲ" လို့ တွေးပြီး အိမ်ပြန်လာခဲ့တယ်။

သူဟာ အိမ်တံခါး ပိတ်ပြီး ကောင်းကင်ဘုံက သူ့အတွက် အစားအစာတွေ ယူဆောင်လာမှာကို စောင့်စားနေခဲ့တယ်။ ဒါပေမဲ့ ဘာမှ ဖြစ်မလာခဲ့ပါဘူး။

နောက်ဆုံး သူဟာ အပြင်ထွက်ပြီး အလုပ် မလုပ်နိုင် လောက်အောင် အားနည်းချည့်နဲ့ လာပါတော့တယ်။

အဲ့ဒီအချိန်မှာ နတ်သားတပါး ပေါ်လာပြီး သူ့ကို "ဘာကြောင့်များ သင်ဟာ မစွမ်းမသန် ဖြစ်နေတဲ့ မြေခွေးကို အတုယူဖို့ စိတ်ကူးခဲ့ရ တာလဲ။

အိပ်ရာထဲက ထ၊ သင့်လက်နက် ကရိယာတွေ ယူ၊ ကျားရဲ့ လမ်းစဉ်ကို လိုက်ပါတော့လား" လို့ ပြောဆိုပြီး ပျောက်ကွယ်သွား ပါတော့တယ်။

Crd

Zawgyi

က်ားတေကာင္ရဲ႕ လမ္း

တခါတုန္းက လူတေယာက္ဟာ ေတာထဲမွာ လမ္းေလွ်ာက္လာရင္း မသန္စြမ္း ျဖစ္ေနတဲ့ ေျမေခြးတေကာင္ကို ျမင္လိုက္တယ္။ ဒီေတာ့ သူဟာ မသန္စြမ္း ျဖစ္ေနတဲ့ ေျမေခြးဟာ သူ စားဖို႔ အစာကို ဘယ္လို ရွာစားေနသလဲ ဆိုတာကို စဥ္းစားေနမိတယ္။

အဲဒီ အခ်ိန္မွာပဲ က်ားတေကာင္ဟာ မသန္စြမ္း ျဖစ္ေနတဲ့ ေျမေခြးအနားကို ခ်ဥ္းကပ္လာတာ ေတြ႕ရတယ္။ အဲဒီ က်ားပါးစပ္ထဲမွာ သားေကာင္တေကာင္ကို ကိုက္ခ်ီထားတယ္။

က်ားဟာ သူ ဗိုက္ျပည့္ေအာင္ စားၿပီးတဲ့ အခါ က်န္တဲ့အသားကို ေျမေခြးအတြက္ ထားခဲ့ၿပီး အဲ့ဒီေနရာက ထြက္သြားတယ္။

အဲ့ဒါကို ျမင္ေတာ့ သူက စဥ္းစားတယ္။ "ဘုရားသခင္ဟာ ေျမေခြးကိုေတာင္ ကူညီတယ္ ဆိုရင္ ငါ့ကိုလည္း ကူညီမွာပဲ" လို႔ ေတြးၿပီး အိမ္ျပန္လာခဲ့တယ္။

သူဟာ အိမ္တံခါး ပိတ္ၿပီး ေကာင္းကင္ဘုံက သူ႔အတြက္ အစားအစာေတြ ယူေဆာင္လာမွာကို ေစာင့္စားေနခဲ့တယ္။ ဒါေပမဲ့ ဘာမွ ျဖစ္မလာခဲ့ပါဘူး။ ေနာက္ဆုံး သူဟာ အျပင္ထြက္ၿပီး အလုပ္ မလုပ္ႏိုင္ ေလာက္ေအာင္ အားနည္းခ်ည့္နဲ႔ လာပါေတာ့တယ္။

အဲ့ဒီအခ်ိန္မွာ နတ္သားတပါး ေပၚလာၿပီး သူ႔ကို "ဘာေၾကာင့္မ်ား သင္ဟာ မစြမ္းမသန္ ျဖစ္ေနတဲ့ ေျမေခြးကို အတုယူဖို႔ စိတ္ကူးခဲ့ရ တာလဲ။ အိပ္ရာထဲက ထ၊ သင့္လက္နက္ ကရိယာေတြ ယူ၊ က်ားရဲ႕ လမ္းစဥ္ကို လိုက္ပါေတာ့လား" လို႔ ေျပာဆိုၿပီး ေပ်ာက္ကြယ္သြား ပါေတာ့တယ္။

Crd

Post a Comment

0 Comments