တခါတုန်းက နွား လေးကောင်ဟာ တောထဲက မြက်ခင်းပြင်မှာ နေထိုင်ကြ ပါတယ်။ သူတို့ လေးကောင်စလုံးက မိတ်ဆွေတွေ ဖြစ်ကြပြီး အားလုံး အတူတူ တိုင်ပင်ပြီးမှ အရာအားလုံးကို လုပ်လေ့ ရှိကြပါတယ်။
သူတို့ကို သတ်ဖြတ် စားသောက်မယ့် ကျားတွေ၊ ခြင်္သေ့တွေ မရှိတဲ့ အတွက်ကြောင့် သူတို့ လေးကောင်စလုံး အေးချမ်းစွာ အတူတကွ နေထိုင်နိုင် ကြပါတယ်။
ဒါပေမယ့် တနေ့မှာတော့ သူတို့တွေဟာ အဖွဲ့ထဲက ခွဲထွက်ပြီး တကောင် တနေရာစီ သွားချင် ကြပါတယ်။
အဲဒါကို ကျားတကောင်နဲ့ ခြင်္သေ့ တကောင်က မြင်တဲ့အခါ နွားတွေ ကိုတော့ သတ်စားဖို့ အခွင့်အရေး ရပြီလို့ ဆုံးဖြတ်လိုက် ကြပါတယ်။
ခြင်္သေ့နဲ့ ကျားဟာ ခြုံပုတ်တွေ ထဲမှာ ပုန်းခိုနေပြီး နွားတွေကို တကောင်ပြီး တကောင် သတ်စားဖို့ ကြံစည်နေ ကြတယ်။
ထို့နောက်မှာတော့ တကောင်ချင်းစီ ဖြစ်နေတဲ့ နွားတွေကို တကောင်ပြီး တကောင် ဖမ်းပြီး စားသောက်လိုက်ကြ ပါတော့တယ်။
ဒီပုံပြင်လေးကြောင့် နွားကွဲ ကျားကိုက်တယ် ဆိုတဲ့ စကားပုံ ဖြစ်ပေါ်လာရ ပါတယ်။
အပြင်လောက မှာလည်း အဲဒီလိုပါပဲ။ တစုတစည်းတည်း ချစ်ခင် စည်းလုံးစွာ ရှိနေသူတွေကို အခြားသူတွေက မဖျက်ဆီးနိုင် ပေမယ့်..
ညီညွှတ်ခြင်း မရှိ၊ တစည်းတလုံးတည်း မရှိဘဲ တယောက်တပေါက် ဖြစ်နေတဲ့ မိသားစုကို အခြားသူတွေက ဖျက်ဆီးဖို့ လွယ်ကူပါတယ်လို့ သင်ခန်းစာ ပေးထားတာပါ။
phoomyatchal
Zawgyi
ႏြားကြဲ က်ားဆြဲ
တခါတုန္းက ႏြား ေလးေကာင္ဟာ ေတာထဲက ျမက္ခင္းျပင္မွာ ေနထိုင္ၾက ပါတယ္။ သူတို႔ ေလးေကာင္စလုံးက မိတ္ေဆြေတြ ျဖစ္ၾကၿပီး အားလုံး အတူတူ တိုင္ပင္ၿပီးမွ အရာအားလုံးကို လုပ္ေလ့ ရွိၾကပါတယ္။
သူတို႔ကို သတ္ျဖတ္ စားေသာက္မယ့္ က်ားေတြ၊ ျခေသၤ့ေတြ မရွိတဲ့ အတြက္ေၾကာင့္ သူတို႔ ေလးေကာင္စလုံး ေအးခ်မ္းစြာ အတူတကြ ေနထိုင္ႏိုင္ ၾကပါတယ္။
ဒါေပမယ့္ တေန႔မွာေတာ့ သူတို႔ေတြဟာ အဖြဲ႕ထဲက ခြဲထြက္ၿပီး တေကာင္ တေနရာစီ သြားခ်င္ ၾကပါတယ္။ အဲဒါကို က်ားတေကာင္နဲ႔ ျခေသၤ့ တေကာင္က ျမင္တဲ့အခါ ႏြားေတြ ကိုေတာ့ သတ္စားဖို႔ အခြင့္အေရး ရၿပီလို႔ ဆုံးျဖတ္လိုက္ ၾကပါတယ္။
ျခေသၤ့နဲ႔ က်ားဟာ ၿခဳံပုတ္ေတြ ထဲမွာ ပုန္းခိုေနၿပီး ႏြားေတြကို တေကာင္ၿပီး တေကာင္ သတ္စားဖို႔ ႀကံစည္ေန ၾကတယ္။ ထို႔ေနာက္မွာေတာ့ တေကာင္ခ်င္းစီ ျဖစ္ေနတဲ့ ႏြားေတြကို တေကာင္ၿပီး တေကာင္ ဖမ္းၿပီး စားေသာက္လိုက္ၾက ပါေတာ့တယ္။
ဒီပုံျပင္ေလးေၾကာင့္ ႏြားကြဲ က်ားကိုက္တယ္ ဆိုတဲ့ စကားပုံ ျဖစ္ေပၚလာရ ပါတယ္။ အျပင္ေလာက မွာလည္း အဲဒီလိုပါပဲ။
တစုတစည္းတည္း ခ်စ္ခင္ စည္းလုံးစြာ ရွိေနသူေတြကို အျခားသူေတြက မဖ်က္ဆီးႏိုင္ ေပမယ့္ ညီၫႊတ္ျခင္း မရွိ၊ တစည္းတလုံးတည္း မရွိဘဲ တေယာက္တေပါက္ ျဖစ္ေနတဲ့ မိသားစုကို အျခားသူေတြက ဖ်က္ဆီးဖို႔ လြယ္ကူပါတယ္လို႔ သင္ခန္းစာ ေပးထားတာပါ။
phoomyatchal
0 Comments