သား ၃ ယောက်နှင့် ကုလားအုတ် ၁၇ ကောင်

တခါတန်းက သားသုံးယောက်ရဲ့ ဖခင်ကြီးဖြစ်သူဟာ ကုလားအုတ် ၁၇ ကောင် ပိုင်ဆိုင်သူ ဖြစ်ပါတယ်။ ဖခင်ကြီး သေဆုံးသွားတဲ့ အချိန်မှာ သူပိုင်ဆိုင်တဲ့ ကုလားအုတ်တွေကို သား ၃ ယောက်ကို ခွဲဝေပေးဖို့ သေတမ်းစာ ရေးထားခဲ့တယ်။

သေတမ်းစာထဲမှာ သားကြီးက ပိုင်ဆိုင်သမျှ ကုလားအုတ်ရဲ့ ထက်ဝက် နှစ်ပုံတပုံကို ယူပါ။ သားလတ်ကတော့ ပိုင်ဆိုင်သမျှ ကုလားအုတ်ရဲ့ သုံးပုံ တပုံကို ယူပါ။ သားထွေးကတော့ ပိုင်ဆိုင်သမျှ ကုလားအုတ်ရဲ့ ကိုးပုံ တပုံကို ယူပါ ဆိုပြီး ရေးထားခဲ့တယ်။

အဲ့ဒီမှာ စတာဘဲ။ ၁၇ ကောင် ဆိုတဲ့ မ ဂဏန်း အရေအတွက်နဲ့ ကုလားအုတ်တွေကို သားကြီးအတွက် ထက်ဝက်တိတိ ခွဲပေးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ ညီအကို ၃ ယောက်ဟာ အဖေ သေလို့မှ မကြာသေးဖူး အမွေခွဲဝေဖို့ သတ်ဖြတ် ခိုက်ရန် ဖြစ်နေကြရ တော့တာပေါ့။

နောက်ဆုံးတော့ သုံးယောက်သား ဆုံးဖြတ်ချက် ချပြီး ဉာဏ်ပညာရှိတဲ့ ရွာလူကြီးအိမ်ကို ကုလားအုတ် ၁၇ ကောင်ကို အသီးသီး ဆွဲခေါ်လို့ ရောက်လာခဲ့ကြတယ်။ သုံးယောက်လုံးက ရွာလူကြီးကို အဖြစ်အပျက်ကို ပြောပြတယ်။ သူတို့စကား နားထောင်အပြီးမှာ ရွာလူကြီးက အခုလို စီမံပေးလိုက်တယ်။

ရွာလူကြီးက သူ့မှာရှိတဲ့ ကုလားအုတ် ၁ ကောင်ကို ယူလာပြီး ၁၇ ကောင်ထဲ ရောထည့်လိုက်တယ်။ ဒါနဲ့ ၁၈ ကောင် ဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ သေတမ်းစာအရ သားကြီးကို ကုလားအုတ်အားလုံးရဲ့ ထက်ဝက် ပေးရမယ်ဆိုတော့ ၁၈ ကောင်ရဲ့ထက်ဝက် ၉ ကောင်ကို ပေးလိုက်တယ်။ ၉ ကောင်ပဲ ကျန်တော့တယ်။

အဲ့ဒီနောက် သားလတ်ကို ကုလားအုတ်အားလုံးရဲ့ ၃ ပုံ ၁ ပုံ ပေးရမယ် ဆိုတော့ ၁၈ ကောင်ရဲ့ ၃ ပုံ ၁ ပုံ ဖြစ်တဲ့ ၆ ကောင်ကို သားလတ်ကို ယူစေတယ်။ ရှိနေတဲ့ ၉ ကောင်ထဲက ၆ ကောင် ပေးလိုက်တော့ လက်ကျန် ၃ ကောင်ပဲ ကျန်တော့တယ်။

နောက်ဆုံး သားထွေးက သေတမ်းစာအရ ကုလားအုတ်အားလုံးရဲ့ ၉ ပုံ ၁ ပုံ ပေးရမယ် ဆိုတော့ ၉ ပုံ ၁ ပုံ ဖြစ်တဲ့ ၂ ကောင်ကို သားထွေးကို ယူစေတယ်။ လက်ကျန် ၃ ကောင်ထဲက ၂ ကောင် ပေးလိုက်တော့ နောက်ဆုံး ၁ ကောင်ပဲ ကျန်တော့တယ်။ အဲ့ဒီကျန်တဲ့ ၁ ကောင်က ရွာလူကြီးရဲ့ ကုလားအုတ်မှန်း မေးစရာမလိုပဲ သုံးယောက်သား သိလိုက်ကြတယ်။

အဲ့ဒီအခါမှာ ရွာလူကြီးက လက်ထဲ ခွဲတမ်း အသီးသီးရကြတဲ့ ကုလားအုတ်တွေကို သားသုံးယောက်ကို ရေတွက်စေတယ်။ သားကြီးက ၉ ကောင်၊ သားလတ်က ၆ ကောင်၊ သားငယ်က ၂ ကောင်။ စုစုပေါင်း ၁၇ ကောင်။ ကွက်တိ ဖြစ်နေတာကို တွေ့ရလို့ ညီအစ်ကိုသုံးယောက်သား ဝမ်းသာသွားရတယ်။ သေတမ်းစာအရ တိတိကျကျ ခွဲဝေပေးခဲ့တဲ့ ရွာလူကြီးကိုလည်း ကျေးဇူးတွေ တင်လို့ပေါ့။

ဖတ်ဖူးခဲ့တဲ့ ကုလားအုတ် ၁၇ ကောင် ပုံပြင်လေးပါ။ တော်တော်များများလည်း ဖတ်ဖူးကြမယ် ထင်ပါတယ်။ ကျွန်မတို့ အချင်းချင်း ကြားမှာ ပြဿနာတခုကို ဖြေရှင်းဖို့ ချဉ်းကပ်တဲ့အခါ၊ များသောအားဖြင့် ကျွန်မတို့က အလျင်လိုနေတတ်ပါတယ်။ ဇောကပ်နေတတ်ပါတယ်။ တချိန်ထဲမှာပဲ ငါ့ဖို့၊ ငါ့အတွက်၊ ငါမှန်တယ်ဆိုတဲ့ ငါအစွဲကိုလည်း ဦးစားပေးမိတတ်ကြတယ်။

ပြင်ပက မြင်နေရတဲ့ သူကတော့ ကျွန်မတို့ထက် အမှန်အမှားကို သက်တောင့်သက်သာနဲ့ ခွဲခြား မြင်တွေ့နေတတ်တယ်။ အဲ့ဒီအချိန်က ပြဿနာစက်ဝန်းထဲ ရောက်နေတဲ့ ကျွန်မတို့အတွက် အခက်အခဲဆုံး အချိန်ပါပဲ။ ပြဿနာရဲ့အဖြေကို ရှာကြည့်တဲ့ အခါမှာ ပထမဦးဆုံး အရေးကြီးတာကတော့ ယုံကြည်မှုပါပဲ။

ထွက်လာမယ့် ရလဒ်၊ အဖြေအပေါ် ကျွန်မတို့ ယုံကြည်မှု ရှိနေဖို့တော့ လိုပါလိမ့်မယ်။ ထွက်လာမယ့် ရလဒ်နဲ့ အဖြေအပေါ် စကတည်းက ကျွန်မတို့ ယုံကြည်မှု မရှိခဲ့ဖူးဆိုရင်တော့ ကျွန်မတို့တွေ ဘယ်တော့မှ မှန်ကန်တဲ့ရလဒ်နဲ့ တွေ့ဆုံခွင့် ရလိမ့်မှာ မဟုတ်ပါဘူး။

ကိုယ်တိုင် ပြဿနာတခုကို အဖြေရှာတိုင်းမှာ ကုလားအုတ် ၁၇ ကောင် ပုံပြင်လေးကို သတိရမိသလို၊ အခြားသူတွေ ကိုယ်တိုင် ပြဿနာနဲ့ ရင်ဆိုင်ရချိန်မှာလည်း ဒီပုံပြင်လေးရဲ့ အကျိုးသက်ရောက်မှုနဲ့ ချိန်ထိုးဆင်ခြင်မိ ပါတယ်။ အထူးသဖြင့် ညီအကို ၃ ယောက်လို အခြေအနေမျိုးတွေ မြင်ရတွေ့ရတိုင်းပေါ့။

MyaThwayNi

Zawgyi

သား ၃ ေယာက္ႏွင့္ ကုလားအုတ္ ၁၇ ေကာင္

တခါတန္းက သားသုံးေယာက္ရဲ႕ ဖခင္ႀကီးျဖစ္သူဟာ ကုလားအုတ္ ၁၇ ေကာင္ ပိုင္ဆိုင္သူ ျဖစ္ပါတယ္။ ဖခင္ႀကီး ေသဆုံးသြားတဲ့ အခ်ိန္မွာ သူပိုင္ဆိုင္တဲ့ ကုလားအုတ္ေတြကို သား ၃ ေယာက္ကို ခြဲေဝေပးဖို႔ ေသတမ္းစာ ေရးထားခဲ့တယ္။

ေသတမ္းစာထဲမွာ သားႀကီးက ပိုင္ဆိုင္သမွ် ကုလားအုတ္ရဲ႕ ထက္ဝက္ ႏွစ္ပုံတပုံကို ယူပါ။ သားလတ္ကေတာ့ ပိုင္ဆိုင္သမွ် ကုလားအုတ္ရဲ႕ သုံးပုံ တပုံကို ယူပါ။ သားေထြးကေတာ့ ပိုင္ဆိုင္သမွ် ကုလားအုတ္ရဲ႕ ကိုးပုံ တပုံကို ယူပါ ဆိုၿပီး ေရးထားခဲ့တယ္။

အဲ့ဒီမွာ စတာဘဲ။ ၁၇ ေကာင္ ဆိုတဲ့ မ ဂဏန္း အေရအတြက္နဲ႔ ကုလားအုတ္ေတြကို သားႀကီးအတြက္ ထက္ဝက္တိတိ ခြဲေပးဖို႔ ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ ညီအကို ၃ ေယာက္ဟာ အေဖ ေသလို႔မွ မၾကာေသးဖူး အေမြခြဲေဝဖို႔ သတ္ျဖတ္ ခိုက္ရန္ ျဖစ္ေနၾကရ ေတာ့တာေပါ့။

ေနာက္ဆုံးေတာ့ သုံးေယာက္သား ဆုံးျဖတ္ခ်က္ ခ်ၿပီး ဉာဏ္ပညာရွိတဲ့ ႐ြာလူႀကီးအိမ္ကို ကုလားအုတ္ ၁၇ ေကာင္ကို အသီးသီး ဆြဲေခၚလို႔ ေရာက္လာခဲ့ၾကတယ္။ သုံးေယာက္လုံးက ႐ြာလူႀကီးကို အျဖစ္အပ်က္ကို ေျပာျပတယ္။ သူတို႔စကား နားေထာင္အၿပီးမွာ ႐ြာလူႀကီးက အခုလို စီမံေပးလိုက္တယ္။

႐ြာလူႀကီးက သူ႔မွာရွိတဲ့ ကုလားအုတ္ ၁ ေကာင္ကို ယူလာၿပီး ၁၇ ေကာင္ထဲ ေရာထည့္လိုက္တယ္။ ဒါနဲ႔ ၁၈ ေကာင္ ျဖစ္သြားတယ္။ အဲ့ဒီအခ်ိန္မွာ ေသတမ္းစာအရ သားႀကီးကို ကုလားအုတ္အားလုံးရဲ႕ ထက္ဝက္ ေပးရမယ္ဆိုေတာ့ ၁၈ ေကာင္ရဲ႕ထက္ဝက္ ၉ ေကာင္ကို ေပးလိုက္တယ္။ ၉ ေကာင္ပဲ က်န္ေတာ့တယ္။

အဲ့ဒီေနာက္ သားလတ္ကို ကုလားအုတ္အားလုံးရဲ႕ ၃ ပုံ ၁ ပုံ ေပးရမယ္ ဆိုေတာ့ ၁၈ ေကာင္ရဲ႕ ၃ ပုံ ၁ ပုံ ျဖစ္တဲ့ ၆ ေကာင္ကို သားလတ္ကို ယူေစတယ္။ ရွိေနတဲ့ ၉ ေကာင္ထဲက ၆ ေကာင္ ေပးလိုက္ေတာ့ လက္က်န္ ၃ ေကာင္ပဲ က်န္ေတာ့တယ္။

ေနာက္ဆုံး သားေထြးက ေသတမ္းစာအရ ကုလားအုတ္အားလုံးရဲ႕ ၉ ပုံ ၁ ပုံ ေပးရမယ္ ဆိုေတာ့ ၉ ပုံ ၁ ပုံ ျဖစ္တဲ့ ၂ ေကာင္ကို သားေထြးကို ယူေစတယ္။ လက္က်န္ ၃ ေကာင္ထဲက ၂ ေကာင္ ေပးလိုက္ေတာ့ ေနာက္ဆုံး ၁ ေကာင္ပဲ က်န္ေတာ့တယ္။ အဲ့ဒီက်န္တဲ့ ၁ ေကာင္က ႐ြာလူႀကီးရဲ႕ ကုလားအုတ္မွန္း ေမးစရာမလိုပဲ သုံးေယာက္သား သိလိုက္ၾကတယ္။

အဲ့ဒီအခါမွာ ႐ြာလူႀကီးက လက္ထဲ ခြဲတမ္း အသီးသီးရၾကတဲ့ ကုလားအုတ္ေတြကို သားသုံးေယာက္ကို ေရတြက္ေစတယ္။ သားႀကီးက ၉ ေကာင္၊ သားလတ္က ၆ ေကာင္၊ သားငယ္က ၂ ေကာင္။ စုစုေပါင္း ၁၇ ေကာင္။ ကြက္တိ ျဖစ္ေနတာကို ေတြ႕ရလို႔ ညီအစ္ကိုသုံးေယာက္သား ဝမ္းသာသြားရတယ္။ ေသတမ္းစာအရ တိတိက်က် ခြဲေဝေပးခဲ့တဲ့ ႐ြာလူႀကီးကိုလည္း ေက်းဇူးေတြ တင္လို႔ေပါ့။

ဖတ္ဖူးခဲ့တဲ့ ကုလားအုတ္ ၁၇ ေကာင္ ပုံျပင္ေလးပါ။ ေတာ္ေတာ္မ်ားမ်ားလည္း ဖတ္ဖူးၾကမယ္ ထင္ပါတယ္။ ကြၽန္မတို႔ အခ်င္းခ်င္း ၾကားမွာ ျပႆနာတခုကို ေျဖရွင္းဖို႔ ခ်ဥ္းကပ္တဲ့အခါ၊ မ်ားေသာအားျဖင့္ ကြၽန္မတို႔က အလ်င္လိုေနတတ္ပါတယ္။ ေဇာကပ္ေနတတ္ပါတယ္။ တခ်ိန္ထဲမွာပဲ ငါ့ဖို႔၊ ငါ့အတြက္၊ ငါမွန္တယ္ဆိုတဲ့ ငါအစြဲကိုလည္း ဦးစားေပးမိတတ္ၾကတယ္။

ျပင္ပက ျမင္ေနရတဲ့ သူကေတာ့ ကြၽန္မတို႔ထက္ အမွန္အမွားကို သက္ေတာင့္သက္သာနဲ႔ ခြဲျခား ျမင္ေတြ႕ေနတတ္တယ္။ အဲ့ဒီအခ်ိန္က ျပႆနာစက္ဝန္းထဲ ေရာက္ေနတဲ့ ကြၽန္မတို႔အတြက္ အခက္အခဲဆုံး အခ်ိန္ပါပဲ။ ျပႆနာရဲ႕အေျဖကို ရွာၾကည့္တဲ့ အခါမွာ ပထမဦးဆုံး အေရးႀကီးတာကေတာ့ ယုံၾကည္မႈပါပဲ။

ထြက္လာမယ့္ ရလဒ္၊ အေျဖအေပၚ ကြၽန္မတို႔ ယုံၾကည္မႈ ရွိေနဖို႔ေတာ့ လိုပါလိမ့္မယ္။ ထြက္လာမယ့္ ရလဒ္နဲ႔ အေျဖအေပၚ စကတည္းက ကြၽန္မတို႔ ယုံၾကည္မႈ မရွိခဲ့ဖူးဆိုရင္ေတာ့ ကြၽန္မတို႔ေတြ ဘယ္ေတာ့မွ မွန္ကန္တဲ့ရလဒ္နဲ႔ ေတြ႕ဆုံခြင့္ ရလိမ့္မွာ မဟုတ္ပါဘူး။

ကိုယ္တိုင္ ျပႆနာတခုကို အေျဖရွာတိုင္းမွာ ကုလားအုတ္ ၁၇ ေကာင္ ပုံျပင္ေလးကို သတိရမိသလို၊ အျခားသူေတြ ကိုယ္တိုင္ ျပႆနာနဲ႔ ရင္ဆိုင္ရခ်ိန္မွာလည္း ဒီပုံျပင္ေလးရဲ႕ အက်ိဳးသက္ေရာက္မႈနဲ႔ ခ်ိန္ထိုးဆင္ျခင္မိ ပါတယ္။ အထူးသျဖင့္ ညီအကို ၃ ေယာက္လို အေျခအေနမ်ိဳးေတြ ျမင္ရေတြ႕ရတိုင္းေပါ့။

MyaThwayNi

Post a Comment

0 Comments