အဘိုးအို သုံးယောက်

တနေ့မှာ အမျိုးသမီး တယောက်ဟာ သူမရဲ့ အိမ်အပြင်ကို ထွက်လာတဲ့အခါမှာ အဖိုးအို သုံးယောက် အိမ်ရှေ့က ခုံတန်းလေးမှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။ သူမ သူတို့ကို တခါမှ မတွေ့ဖူး မမြင်ဖူးပါဘူး။ ဒါပေမဲ့ သူတို့ကို ကြည့်ရတာ ဆာလောင်နေတဲ့ပုံ ပေါက်နေတာကိုတော့ သူမ သတိထားမိပါတယ်။

ဒါကြောင့် "ကျမ အဘိုးတို့ကို သိတော့ မသိပါဘူး။ ဒါပေမဲ့ အဖိုးတို့ ဆာလောင်နေတယ် ဆိုတာကိုတော့ သိပါတယ်။ လာပါ အိမ်ထဲကို ဝင်ပီး တခုခု စားကြပါအုံး"

အဘိုးအိုတို့က "သမီးရဲ့ ယောကျာ်း အိမ်ထဲမှာ မရှိဘူးဆိုရင် အဖိုးတို့ မဝင်တော့ပါဘူးကွယ်" ဆိုပြီး အိမ်အပြင်က ခုံလေးမှာ ဆက်ထိုင်နေကြပါတယ်။

ညနေ သူမ ယောကျာ်းဖြစ်သူ ပြန်လာတော့ အဘိုးအိုသုံးယောက် အကြောင်းကို ပြောပြတယ်။ ယောက်ျားဖြစ်သူက သမီသွားပါ အဖိုးအိုတို့ကို အိမ်ထဲကို ခေါ်လာခဲ့ပါ။ တခုခု စားဖို့ သွားဖိတ်ခဲ့ပါ"

သူမ အိမ်အပြင်ကို ထွက်တော့ အဖိုးအိုသုံးယောက်က ခုံလေးမှာ ထိုင်လျက်ပါပဲ။ သူမက အိမ်ထဲကို လာဖို့နဲ့ အစားအစာကို သုံးဆောင်ဖို့ ဖိတ်လိုက်ပါတယ်။ "ငါတို့အားလုံး အတူတူ ဝင်လာလို့ မရဘူး သမီး"

"ဘာဖြစ်လို့လဲရှင်"

အဖိုးအိုက ကျန်တဲ့ အဘိုးနှစ်ယောက်ကို ညွှန်ပြရင်း "သူရဲ့အမည်ကတော့ ချမ်းသာခြင်းပါ၊ သူ့ရဲ့ အမည်ကတော့ အောင်မြင်မှုနဲ့ အဖိုးရဲ့ အမည်ကတော့ ချစ်ခြင်းပါ။ ကဲ သမီး၊ သမီးရဲ့ ယောကျာ်းကို သွားမေးလိုက်ပါအုံး။ ဘယ်တယောက်ကို အိမ်ထဲကို ဝင်လာစေချင်လဲ ဆိုတာ"

သူမ အိမ်ထဲဝင်ပြီး ယောကျာ်းဖြစ်သူနဲ့ တိုင်ပင်ပါတယ်။ ယောက်ျားဖြစ်သူကတော့ အံ့သြနေတာပေါ့။ "ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်သလဲ။ အင်း၊ ဒီအခြေအနေမှာ ငါတို့ ချမ်းသာခြင်းကို ဖိတ်ခေါ်သင့်တယ် ထင်တယ်။ ကဲ မိန်းမရေ ချမ်းသာခြင်းဆိုတဲ့ အဖိုးအိုကို အိမ်ထဲ ဖိတ်လိုက်ပါ။ ငါတို့မိသားစုလေးကို ချမ်းသာခြင်းတွေနဲ့ ပြည့်အောင် လုပ်ရမယ်"

ဒါပေမဲ့ ဇနီးဖြစ်သူကတော့ သဘောမတူပါဘူး။ "ယောကျာ်းရယ် ဘာလို့အောင်မြင်မှု ဆိုတဲ့ အဖိုးအိုကို မဖိတ်ချင်ရတာလဲ။ ကျမတို့အောင်မြင်မှုကိုလည်း လိုအပ်တယ်လေ"

သူတို့ပြောနေတာကို အခန်းထဲ ဝင်လာတဲ့ သမီးဖြစ်သူက ကြားပီး အခြေအနေကို နားလည်သွားပါတယ်။ သူမကလည်း ဝင်ပြီး "ချစ်ခြင်းဆိုတဲ့ အဖိုးအိုကို ခေါ်တာက အကောင်းဆုံးလို့ သမီးထင်တာပဲ။ သမီးတို့ရဲ့ မိသားစုလေးကို ချစ်ခြင်းတွေနဲ့ ပြည့်နေတာ ပိုကောင်းပါတယ်"

နောက်ဆုံး သမီးဖြစ်သူရဲ့စကားကို သူတို့ သဘောတူလိုက်တယ်။ အမျိုးသမီးက အိမ်ပြင်ကို ပြန်ထွက်ပြီး အဖိုးအို သုံးယောက်ကို ပြောပါတယ်။ "အဖိုးတို့ထဲက ချစ်ခြင်းက ဘယ်သူလဲ မသိဘူး။ ချစ်ခြင်းဆိုတဲ့ အဖိုးအို ကျေးဇူးပြုပြီး အိမ်ထဲကို ကြွပါ။ ဧည့်သည်အဖြစ် စားစရာတွေကို လာရောက်သုံးဆောင်ပါ"

အဲဒီမှာ ချစ်ခြင်းဆိုတဲ့ အဖိုးအိုက ရှေ့ကိုထွက်လာပြီး အိမ်ထဲကို ဦးတည်သွားပါတယ်။ ကျန်တဲ့အဖိုးအို နှစ်ယောက်ကလည်း သူ့နောက်ကနေ အိမ်ထဲကို လိုက်လာပါတယ်။ အိမ်ထဲကို အဖိုးအိုသုံးယောက်လုံး ဝင်လာတော့ အမျိုးသမီးဖြစ်သူ အံ့သြသွားတာပေါ့။ အဖိုးအိုသုံးယောက်ကို မေးလိုက်ပါတယ်။ "ကျမ ချစ်ခြင်းဆိုတဲ့ အဖိုးအိုတယောက်ထဲကိုပဲ ဖိတ်လိုက်တာပါ။ ဘာလို့အားလုံး ဝင်လာကြတာလဲရှင်"

ချစ်ခြင်းဆိုတဲ့ အဖိုးအိုက ပြန်ဖြေပါတယ်။ "တကယ်လို့ သမီးက အောင်မြင်မှုနဲ့ ချမ်းသာမှုထဲက တယောက်ယောက်ကို ဖိတ်လိုက်မယ် ဆိုရင် ကျန်တဲ့နှစ်ယောက်က အိမ်အပြင်မှာ နေခဲ့ရမှာပါ။ ဒါပေမဲ့ သမီးက ချစ်ခြင်းကို ဖိတ်ခေါ်လိုက်တော့ သူ ဘယ်သွားသွား သူတို့နှစ်ယောက် လိုက်ကြပါလိမ့်မယ်။ ချစ်ခြင်းရှိတဲ့ နေရာတိုင်းမှာ အောင်မြင်မှုနဲ့ ချမ်းသာခြင်း ရှိတယ် သမီး"

ဘဝမှာ ဘယ်အရာက အရေးအကြီးဆုံးလည်း ဆိုတာကို သိဖို့လိုပါတယ်။ ကျနော်တို့အားလုံးဟာ ချမ်းသာချင်ကြပါတယ်၊ အောင်မြင်ချင်ကြပါတယ်။ ဒါပေမဲ့ ချစ်ခြင်းရဲ့ အရေးပါမှုကို သိပ်အရေးမထားမိ ကြပါဘူး။ ချစ်ခြင်းမရှိတဲ့ အောင်မြင်မှု ချမ်းသာမှုတွေ ရဲ့အဓိပ္ပါယ်မဲ့မှုကို မတွေးမိကြပါဘူး။

ချမ်းသာမှု အောင်မြင်မှုတွေကို ရှာပြီးမှ ချစ်ခြင်းကို ရှာရင် ပိုကောင်းတယ် ပိုလွယ်တယ် ထင်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ရှာနေတဲ့ အချိန်မှာပဲ မိသားစု အချင်းချင်းကြားက ချစ်ခြင်း၊ သူငယ်ချင်းတွေ ကြားက ချစ်ခြင်းတွေ၊ မောင်နှမတွေ ကြားက ချစ်ခြင်းတွေ၊ ချစ်သူတွေ ကြားက ချစ်ခင်မှု တချို့တွေက လက်ပြနှုတ်ဆက် သွားတက်ကြပါတယ်။ သူတို့ကို ဘယ်လိုမှ ပြန်ရှာလို့ မရတော့ ပါဘူး။

တချို့သော ချစ်ခြင်းတွေက ဘယ်တော့မှ နောက်ထပ် အစားထိုး ပြန်မရတော့ပါဘူး။ လက်ရှိအချိန်မှာပဲ ကိုယ့် ရဲ့မိသားစု မောင်နှမ သူငယ်ချင်းတွေကြားက ချစ်ခင်မှုတွေကို ရယူတန်ဖိုးထားကြပါ။ အောင်မြင်မှုနဲ့ ချမ်းသာမှုက အလိုလို ရလာပါလိမ့်မယ်။

Crd Thet Phyo Aung

Zawgyi

အဘိုးအို သံုးေယာက္

တေန႔မွာ အမ်ိဳးသမီး တေယာက္ဟာ သူမရဲ႕ အိမ္အျပင္ကို ထြက္လာတဲ့အခါမွာ အဖိုးအို သုံးေယာက္ အိမ္ေရွ႕က ခုံတန္းေလးမွာ ထိုင္ေနတာကို ေတြ႕လိုက္ရတယ္။ သူမ သူတို႔ကို တခါမွ မေတြ႕ဖူး မျမင္ဖူးပါဘူး။ ဒါေပမဲ့ သူတို႔ကို ၾကည့္ရတာ ဆာေလာင္ေနတဲ့ပုံ ေပါက္ေနတာကိုေတာ့ သူမ သတိထားမိပါတယ္။

ဒါေၾကာင့္ "က်မ အဘိုးတို႔ကို သိေတာ့ မသိပါဘူး။ ဒါေပမဲ့ အဖိုးတို႔ ဆာေလာင္ေနတယ္ ဆိုတာကိုေတာ့ သိပါတယ္။ လာပါ အိမ္ထဲကို ဝင္ပီး တခုခု စားၾကပါအုံး"

အဘိုးအိုတို႔က "သမီးရဲ႕ ေယာက်ာ္း အိမ္ထဲမွာ မရွိဘူးဆိုရင္ အဖိုးတို႔ မဝင္ေတာ့ပါဘူးကြယ္" ဆိုၿပီး အိမ္အျပင္က ခုံေလးမွာ ဆက္ထိုင္ေနၾကပါတယ္။

ညေန သူမ ေယာက်ာ္းျဖစ္သူ ျပန္လာေတာ့ အဘိုးအိုသုံးေယာက္ အေၾကာင္းကို ေျပာျပတယ္။ ေယာက္်ားျဖစ္သူက သမီသြားပါ အဖိုးအိုတို႔ကို အိမ္ထဲကို ေခၚလာခဲ့ပါ။ တခုခု စားဖို႔ သြားဖိတ္ခဲ့ပါ"

သူမ အိမ္အျပင္ကို ထြက္ေတာ့ အဖိုးအိုသုံးေယာက္က ခုံေလးမွာ ထိုင္လ်က္ပါပဲ။ သူမက အိမ္ထဲကို လာဖို႔နဲ႔ အစားအစာကို သုံးေဆာင္ဖို႔ ဖိတ္လိုက္ပါတယ္။ "ငါတို႔အားလုံး အတူတူ ဝင္လာလို႔ မရဘူး သမီး"

"ဘာျဖစ္လို႔လဲရွင္"

အဖိုးအိုက က်န္တဲ့ အဘိုးႏွစ္ေယာက္ကို ၫႊန္ျပရင္း "သူရဲ႕အမည္ကေတာ့ ခ်မ္းသာျခင္းပါ၊ သူ႔ရဲ႕ အမည္ကေတာ့ ေအာင္ျမင္မႈနဲ႔ အဖိုးရဲ႕ အမည္ကေတာ့ ခ်စ္ျခင္းပါ။ ကဲ သမီး၊ သမီးရဲ႕ ေယာက်ာ္းကို သြားေမးလိုက္ပါအုံး။ ဘယ္တေယာက္ကို အိမ္ထဲကို ဝင္လာေစခ်င္လဲ ဆိုတာ"

သူမ အိမ္ထဲဝင္ၿပီး ေယာက်ာ္းျဖစ္သူနဲ႔ တိုင္ပင္ပါတယ္။ ေယာက္်ားျဖစ္သူကေတာ့ အံ့ၾသေနတာေပါ့။ "ဘယ္ေလာက္ေတာင္ အံ့ၾသဖို႔ေကာင္းလိုက္သလဲ။ အင္း၊ ဒီအေျခအေနမွာ ငါတို႔ ခ်မ္းသာျခင္းကို ဖိတ္ေခၚသင့္တယ္ ထင္တယ္။ ကဲ မိန္းမေရ ခ်မ္းသာျခင္းဆိုတဲ့ အဖိုးအိုကို အိမ္ထဲ ဖိတ္လိုက္ပါ။ ငါတို႔မိသားစုေလးကို ခ်မ္းသာျခင္းေတြနဲ႔ ျပည့္ေအာင္ လုပ္ရမယ္"

ဒါေပမဲ့ ဇနီးျဖစ္သူကေတာ့ သေဘာမတူပါဘူး။ "ေယာက်ာ္းရယ္ ဘာလို႔ေအာင္ျမင္မႈ ဆိုတဲ့ အဖိုးအိုကို မဖိတ္ခ်င္ရတာလဲ။ က်မတို႔ေအာင္ျမင္မႈကိုလည္း လိုအပ္တယ္ေလ"

သူတို႔ေျပာေနတာကို အခန္းထဲ ဝင္လာတဲ့ သမီးျဖစ္သူက ၾကားပီး အေျခအေနကို နားလည္သြားပါတယ္။ သူမကလည္း ဝင္ၿပီး "ခ်စ္ျခင္းဆိုတဲ့ အဖိုးအိုကို ေခၚတာက အေကာင္းဆုံးလို႔ သမီးထင္တာပဲ။ သမီးတို႔ရဲ႕ မိသားစုေလးကို ခ်စ္ျခင္းေတြနဲ႔ ျပည့္ေနတာ ပိုေကာင္းပါတယ္"

ေနာက္ဆုံး သမီးျဖစ္သူရဲ႕စကားကို သူတို႔ သေဘာတူလိုက္တယ္။ အမ်ိဳးသမီးက အိမ္ျပင္ကို ျပန္ထြက္ၿပီး အဖိုးအို သုံးေယာက္ကို ေျပာပါတယ္။ "အဖိုးတို႔ထဲက ခ်စ္ျခင္းက ဘယ္သူလဲ မသိဘူး။ ခ်စ္ျခင္းဆိုတဲ့ အဖိုးအို ေက်းဇူးျပဳၿပီး အိမ္ထဲကို ႂကြပါ။ ဧည့္သည္အျဖစ္ စားစရာေတြကို လာေရာက္သုံးေဆာင္ပါ"

အဲဒီမွာ ခ်စ္ျခင္းဆိုတဲ့ အဖိုးအိုက ေရွ႕ကိုထြက္လာၿပီး အိမ္ထဲကို ဦးတည္သြားပါတယ္။ က်န္တဲ့အဖိုးအို ႏွစ္ေယာက္ကလည္း သူ႔ေနာက္ကေန အိမ္ထဲကို လိုက္လာပါတယ္။ အိမ္ထဲကို အဖိုးအိုသုံးေယာက္လုံး ဝင္လာေတာ့ အမ်ိဳးသမီးျဖစ္သူ အံ့ၾသသြားတာေပါ့။ အဖိုးအိုသုံးေယာက္ကို ေမးလိုက္ပါတယ္။ "က်မ ခ်စ္ျခင္းဆိုတဲ့ အဖိုးအိုတေယာက္ထဲကိုပဲ ဖိတ္လိုက္တာပါ။ ဘာလို႔အားလုံး ဝင္လာၾကတာလဲရွင္"

ခ်စ္ျခင္းဆိုတဲ့ အဖိုးအိုက ျပန္ေျဖပါတယ္။ "တကယ္လို႔ သမီးက ေအာင္ျမင္မႈနဲ႔ ခ်မ္းသာမႈထဲက တေယာက္ေယာက္ကို ဖိတ္လိုက္မယ္ ဆိုရင္ က်န္တဲ့ႏွစ္ေယာက္က အိမ္အျပင္မွာ ေနခဲ့ရမွာပါ။ ဒါေပမဲ့ သမီးက ခ်စ္ျခင္းကို ဖိတ္ေခၚလိုက္ေတာ့ သူ ဘယ္သြားသြား သူတို႔ႏွစ္ေယာက္ လိုက္ၾကပါလိမ့္မယ္။ ခ်စ္ျခင္းရွိတဲ့ ေနရာတိုင္းမွာ ေအာင္ျမင္မႈနဲ႔ ခ်မ္းသာျခင္း ရွိတယ္ သမီး"

ဘဝမွာ ဘယ္အရာက အေရးအႀကီးဆုံးလည္း ဆိုတာကို သိဖို႔လိုပါတယ္။ က်ေနာ္တို႔အားလုံးဟာ ခ်မ္းသာခ်င္ၾကပါတယ္၊ ေအာင္ျမင္ခ်င္ၾကပါတယ္။ ဒါေပမဲ့ ခ်စ္ျခင္းရဲ႕ အေရးပါမႈကို သိပ္အေရးမထားမိ ၾကပါဘူး။ ခ်စ္ျခင္းမရွိတဲ့ ေအာင္ျမင္မႈ ခ်မ္းသာမႈေတြ ရဲ႕အဓိပၸါယ္မဲ့မႈကို မေတြးမိၾကပါဘူး။

ခ်မ္းသာမႈ ေအာင္ျမင္မႈေတြကို ရွာၿပီးမွ ခ်စ္ျခင္းကို ရွာရင္ ပိုေကာင္းတယ္ ပိုလြယ္တယ္ ထင္ၾကပါတယ္။ ဒါေပမဲ့ ကိုယ္ရွာေနတဲ့ အခ်ိန္မွာပဲ မိသားစု အခ်င္းခ်င္းၾကားက ခ်စ္ျခင္း၊ သူငယ္ခ်င္းေတြ ၾကားက ခ်စ္ျခင္းေတြ၊ ေမာင္ႏွမေတြ ၾကားက ခ်စ္ျခင္းေတြ၊ ခ်စ္သူေတြ ၾကားက ခ်စ္ခင္မႈ တခ်ိဳ႕ေတြက လက္ျပႏႈတ္ဆက္ သြားတက္ၾကပါတယ္။ သူတို႔ကို ဘယ္လိုမွ ျပန္ရွာလို႔ မရေတာ့ ပါဘူး။

တခ်ိဳ႕ေသာ ခ်စ္ျခင္းေတြက ဘယ္ေတာ့မွ ေနာက္ထပ္ အစားထိုး ျပန္မရေတာ့ပါဘူး။ လက္ရွိအခ်ိန္မွာပဲ ကိုယ့္ ရဲ႕မိသားစု ေမာင္ႏွမ သူငယ္ခ်င္းေတြၾကားက ခ်စ္ခင္မႈေတြကို ရယူတန္ဖိုးထားၾကပါ။ ေအာင္ျမင္မႈနဲ႔ ခ်မ္းသာမႈက အလိုလို ရလာပါလိမ့္မယ္။

Crd Thet Phyo Aung

Post a Comment

0 Comments