ကျောက်တုံးကြီးနှင့် လူသုံးယောက်

လူတယောက်ဟာ တနေ့မှာ အဆောက်အဦး လုပ်နေတဲ့ လုပ်ငန်းခွင်ထဲ ရောက်နေတယ်။ အဲဒီနေ့မှာ အဆောက်အအုံရဲ့ နံရံမှာ သုံးဖို့ ကျောက်တုံးသေးတွေ ရအောင် ကျောက်တုံး အကြီးတွေကို တူတွေနဲ့ စို့တွေနဲ့ ထုခွဲနေတဲ့ အလုပ်သမား သုံးယောက်ကို တွေ့တယ်။

၁။ ပထမလူက အလုပ်ထဲမှာ စိတ်ပျော်ပုံ မရပါဘူး။ တာဝန်ကျေဘဲ ကျောက်တုံးကို ထုခွဲရင်း အလုပ်ဆင်း အိမ်ပြန်ဖို့ အချိန် ဘယ်လောက် ကျန်သလဲ ဆိုပြီး အလုပ်ခွင်က တိုင်ကပ်နာရီကို မကြာခဏ ကြည့်နေတယ်။

စောစောကလူက သူတို့ဘာလုပ်နေတာလဲ လို့ မေးကြည့်တယ်။သူက "ဒီသောက်ကျောက်တုံးတွေကို ခွဲနေရတာပေါ့ဗျာ။ ပိုက်ဆံရလို့သာ လုပ်နေတာ အကျိုးလည်းမရှိ၊ ပင်ပန်းလိုက်တာလည်း လွန်ရောဗျာ၊ တနေ့တနေ့ အလုပ်ဆင်းမယ့် အချိန်ပဲ မျှော်နေတာဗျို့"

၂။ ဒုတိယ လူကတော့ ကျောက်တုံးကြီးကို ကြိုးစားပမ်းစား ထုခွဲနေတယ်။ ဟိုလူက သူ့ကိုလည်း ဘာလုပ်နေတာလဲ လို့ မေးပြန်တယ်။ သူက "ကျွန်တော် ဒီကျောက်တုံးကြီးကနေ ကျောက်တုံး အငယ်တွေ ဖြစ်အောင် လုပ်နေတာပါ။ ခွဲလို့ရတဲ့ ကျောက်တုံးတွေကို အခုဆောက်နေတဲ့ အဆောက်အအုံ နံရံမှာသုံးဖို့ပေါ့ဗျာ" တဲ့။

၃။ တတိယ လူကတော့ ကျောက်တုံးကြီးကို ခွဲလိုက်တယ်။ ရလာတဲ့ ကျောက်တုံးလေးတွေကို သေသေချာချာ ကြည့်တယ်။ သူလိုချင်တဲ့ အရွယ်ရောက်အောင် ကြိုးစားပမ်းစား ထပ်ခွဲနေတယ်။ လိုချင်တဲ့ အရွယ်နဲ့ ပုံစံရသွားရင် အဲ့ဒါလေးတွေ ကြည့်ပြီး သူဟာ ဝမ်းသာကြည်နူးနေတယ်။

စောစော လူလည်း ထုံးစံအတိုင်း သူ့ကို ဘာလုပ်နေတာလဲလို့ မေးပြန်တယ်။ ခုတော့ သူက ခုလို ဖြေပြန်တယ်။ "ကျွန်တော် ကမ္ဘာပေါ်မှာ အလှဆုံး ဟိုတယ်ကြီး တခု ဆောက်နေတာဗျ" တဲ့။ အလုပ်တမျိုးတည်း အတူတူ လုပ်ကြတဲ့ အလုပ်သမား သုံးယောက်ဟာ အလုပ်အပေါ် ခံယူချက် စိတ်ဓာတ် attitude ကျတော့ မတူကြပြန်ဘူး။

ပထမလူဟာ သူ့အတွက် အလုပ်သာ လုပ်နေရတာ စိတ်မပါဘူး။ သူ့စိတ်ထဲမှာ အချိန်ဖြုန်းနေတယ်။ ငရဲကျနေတယ်လို့ ထင်နေတယ်။ စိတ်မပါဘူး။ မတတ်သာလို့သာ ဒီအလုပ်ကို လုပ်နေရတာ ဆိုပြီး စိတ်ဆင်းရဲနေတာပေါ့။

ဒုတိယလူ ကတော့ အလုပ်ကို ကြိုးစားပမ်းစား လုပ်ပါတယ်။ တနေ့ အလုပ်တနေ့ ပြီးအောင် တာဝန်ကျေပွန်အောင် လုပ်တယ်။ ဒါပေမဲ့ သူ့မှာ အနာဂတ်အတွက် ဘာမျှော်မှန်းချက်မှ မရှိဘူး။ စက်ရုပ် တရုပ်လိုပါပဲ။

တတိယလူ ကျတော့ စောစောက လူနှစ်ယောက်လို မဟုတ်ဘူး။ သူ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ အလုပ်ကို ကောင်းတာထက် ပိုကောင်းအောင် ပိုကြိုးစားနေတယ်။ သူလုပ်လိုက်တဲ့ ကျောက်တုံးလေး တွေကြောင့် မကြာခင်မှာ ကမ္ဘာပေါ်မှာ အလှဆုံး ဟိုတယ်ကြီး ပေါ်ပေါက်လာမယ်လို့ ယုံကြည်နေတယ်။ သူဟာ အနာဂတ်ကို တွေးမြင်ကြည့် တတ်တယ်။ ဒါကြောင့် သူဟာ အလုပ်ခွင်ထဲမှာ အမြဲတမ်း စိတ်ဓာတ် တက်ကြွ လန်းဆန်းနေတယ်။

လူတိုင်းဟာ အသက်ရှင်နေသရွေ့ မိမိနဲ့ မိသားစုအတွက် အလုပ် လုပ်နေကြရမှာပါ။ ကိုယ်ပိုင်အလုပ် ဖြစ်ဖြစ်၊ ဝန်ထမ်းဘဝနဲ့ဘဲ ဖြစ်ဖြစ်၊ အလုပ်တခုတော့ လုပ်ကို လုပ်ကြရမှာပါ။ အဲဒီတော့ ကိုယ့်အလုပ်အပေါ် ခံယူထားတဲ့ attitude ဟာ စောစောကပြောတဲ့ အလုပ်သမားသုံးယောက်ထဲက ဘယ်နဲ့တူသလဲ ဆိုတာ ကိုယ်တိုင်ဘဲ အသိဆုံးပါ။

မိမိလုပ်နေတဲ့ အလုပ်ထဲမှာ မပျော်ဘူး ဆိုရင် အလုပ် ထွက်လိုက်ပြီး ပျော်မယ့် အလုပ်သစ်ကို ရှာပါ။ အဲ့လိုမှ လုပ်လို့ မရဘူးဆိုရင် တတိယလူလို အလုပ်အပေါ်မှာ ထားတဲ့ ခံယူချက် သဘောထား attitude ကို ပြောင်းလဲလိုက်ပါ။

မိမိ လက်ရှိအလုပ်ကို စိတ်ဝင်စား လာအောင် ငါဘယ်လိုလုပ်ရင်ကောင်းမလဲ။ အလုပ်များများ နဲ့ မြန်မြန်ပြီးအောင် ဘယ်လိုလုပ်ရမလဲ။ ငါ့အလုပ်ကြောင့် ကုမ္ပဏီမှာ ဘာအကျိုး ရှိသွားမလဲ စတာတွေပေါ့။

တခု သိစေချင်တာက အလုပ်ထဲ မပျော်တဲ့လူဟာ အိမ်ထောင်ရေး အဆင်မပြေတတ်ဘူး။ အလုပ်ထဲက စိတ်မချမ်းသာမှုဟာ အိမ်ထဲထိ ကူးစက်တတ်တာကိုး။ စိတ်မချမ်းသာတဲ့ လူဟာ အသက်လည်း တိုတတ်ကြပါတယ်။

ဗန်းမော်သိန်းဖေ

Crd

Zawgyi

ေက်ာက္တုံးႀကီးႏွင့္ လူသုံးေယာက္

လူတေယာက္ဟာ တေန႔မွာ အေဆာက္အဦး လုပ္ေနတဲ့ လုပ္ငန္းခြင္ထဲ ေရာက္ေနတယ္။ အဲဒီေန႔မွာ အေဆာက္အအုံရဲ႕ နံရံမွာ သုံးဖို႔ ေက်ာက္တုံးေသးေတြ ရေအာင္ ေက်ာက္တုံး အႀကီးေတြကို တူေတြနဲ႔ စို႔ေတြနဲ႔ ထုခြဲေနတဲ့ အလုပ္သမား သုံးေယာက္ကို ေတြ႕တယ္။

၁။ ပထမလူက အလုပ္ထဲမွာ စိတ္ေပ်ာ္ပုံ မရပါဘူး။ တာဝန္ေက်ဘဲ ေက်ာက္တုံးကို ထုခြဲရင္း အလုပ္ဆင္း အိမ္ျပန္ဖို႔ အခ်ိန္ ဘယ္ေလာက္ က်န္သလဲ ဆိုၿပီး အလုပ္ခြင္က တိုင္ကပ္နာရီကို မၾကာခဏ ၾကည့္ေနတယ္။

ေစာေစာကလူက သူတို႔ဘာလုပ္ေနတာလဲ လို႔ ေမးၾကည့္တယ္။သူက "ဒီေသာက္ေက်ာက္တုံးေတြကို ခြဲေနရတာေပါ့ဗ်ာ။ ပိုက္ဆံရလို႔သာ လုပ္ေနတာ အက်ိဳးလည္းမရွိ၊ ပင္ပန္းလိုက္တာလည္း လြန္ေရာဗ်ာ၊ တေန႔တေန႔ အလုပ္ဆင္းမယ့္ အခ်ိန္ပဲ ေမွ်ာ္ေနတာဗ်ိဳ႕"

၂။ ဒုတိယ လူကေတာ့ ေက်ာက္တုံးႀကီးကို ႀကိဳးစားပမ္းစား ထုခြဲေနတယ္။ ဟိုလူက သူ႔ကိုလည္း ဘာလုပ္ေနတာလဲ လို႔ ေမးျပန္တယ္။ သူက "ကြၽန္ေတာ္ ဒီေက်ာက္တုံးႀကီးကေန ေက်ာက္တုံး အငယ္ေတြ ျဖစ္ေအာင္ လုပ္ေနတာပါ။ ခြဲလို႔ရတဲ့ ေက်ာက္တုံးေတြကို အခုေဆာက္ေနတဲ့ အေဆာက္အအုံ နံရံမွာသုံးဖို႔ေပါ့ဗ်ာ" တဲ့။

၃။ တတိယ လူကေတာ့ ေက်ာက္တုံးႀကီးကို ခြဲလိုက္တယ္။ ရလာတဲ့ ေက်ာက္တုံးေလးေတြကို ေသေသခ်ာခ်ာ ၾကည့္တယ္။ သူလိုခ်င္တဲ့ အ႐ြယ္ေရာက္ေအာင္ ႀကိဳးစားပမ္းစား ထပ္ခြဲေနတယ္။ လိုခ်င္တဲ့ အ႐ြယ္နဲ႔ ပုံစံရသြားရင္ အဲ့ဒါေလးေတြ ၾကည့္ၿပီး သူဟာ ဝမ္းသာၾကည္ႏူးေနတယ္။

ေစာေစာ လူလည္း ထုံးစံအတိုင္း သူ႔ကို ဘာလုပ္ေနတာလဲလို႔ ေမးျပန္တယ္။ ခုေတာ့ သူက ခုလို ေျဖျပန္တယ္။ "ကြၽန္ေတာ္ ကမာၻေပၚမွာ အလွဆုံး ဟိုတယ္ႀကီး တခု ေဆာက္ေနတာဗ်" တဲ့။ အလုပ္တမ်ိဳးတည္း အတူတူ လုပ္ၾကတဲ့ အလုပ္သမား သုံးေယာက္ဟာ အလုပ္အေပၚ ခံယူခ်က္ စိတ္ဓာတ္ attitude က်ေတာ့ မတူၾကျပန္ဘူး။

ပထမလူဟာ သူ႔အတြက္ အလုပ္သာ လုပ္ေနရတာ စိတ္မပါဘူး။ သူ႔စိတ္ထဲမွာ အခ်ိန္ျဖဳန္းေနတယ္။ ငရဲက်ေနတယ္လို႔ ထင္ေနတယ္။

စိတ္မပါဘူး။ မတတ္သာလို႔သာ ဒီအလုပ္ကို လုပ္ေနရတာ ဆိုၿပီး စိတ္ဆင္းရဲေနတာေပါ့။

ဒုတိယလူ ကေတာ့ အလုပ္ကို ႀကိဳးစားပမ္းစား လုပ္ပါတယ္။ တေန႔ အလုပ္တေန႔ ၿပီးေအာင္ တာဝန္ေက်ပြန္ေအာင္ လုပ္တယ္။ ဒါေပမဲ့ သူ႔မွာ အနာဂတ္အတြက္ ဘာေမွ်ာ္မွန္းခ်က္မွ မရွိဘူး။ စက္႐ုပ္ တ႐ုပ္လိုပါပဲ။

တတိယလူ က်ေတာ့ ေစာေစာက လူႏွစ္ေယာက္လို မဟုတ္ဘူး။ သူ႔အလုပ္ကို အေကာင္းဆုံးျဖစ္ေအာင္ လုပ္တယ္။ အလုပ္ကို ေကာင္းတာထက္ ပိုေကာင္းေအာင္ ပိုႀကိဳးစားေနတယ္။ သူလုပ္လိုက္တဲ့ ေက်ာက္တုံးေလး ေတြေၾကာင့္ မၾကာခင္မွာ ကမာၻေပၚမွာ အလွဆုံး ဟိုတယ္ႀကီး ေပၚေပါက္လာမယ္လို႔ ယုံၾကည္ေနတယ္။ သူဟာ အနာဂတ္ကို ေတြးျမင္ၾကည့္ တတ္တယ္။ ဒါေၾကာင့္ သူဟာ အလုပ္ခြင္ထဲမွာ အၿမဲတမ္း စိတ္ဓာတ္ တက္ႂကြ လန္းဆန္းေနတယ္။

လူတိုင္းဟာ အသက္ရွင္ေနသေ႐ြ႕ မိမိနဲ႔ မိသားစုအတြက္ အလုပ္ လုပ္ေနၾကရမွာပါ။ ကိုယ္ပိုင္အလုပ္ ျဖစ္ျဖစ္၊ ဝန္ထမ္းဘဝနဲ႔ဘဲ ျဖစ္ျဖစ္၊ အလုပ္တခုေတာ့ လုပ္ကို လုပ္ၾကရမွာပါ။ အဲဒီေတာ့ ကိုယ့္အလုပ္အေပၚ ခံယူထားတဲ့ attitude ဟာ ေစာေစာကေျပာတဲ့ အလုပ္သမားသုံးေယာက္ထဲက ဘယ္နဲ႔တူသလဲ ဆိုတာ ကိုယ္တိုင္ဘဲ အသိဆုံးပါ။

မိမိလုပ္ေနတဲ့ အလုပ္ထဲမွာ မေပ်ာ္ဘူး ဆိုရင္ အလုပ္ ထြက္လိုက္ၿပီး ေပ်ာ္မယ့္ အလုပ္သစ္ကို ရွာပါ။ အဲ့လိုမွ လုပ္လို႔ မရဘူးဆိုရင္ တတိယလူလို အလုပ္အေပၚမွာ ထားတဲ့ ခံယူခ်က္ သေဘာထား attitude ကို ေျပာင္းလဲလိုက္ပါ။ မိမိ လက္ရွိအလုပ္ကို စိတ္ဝင္စား လာေအာင္ ငါဘယ္လိုလုပ္ရင္ေကာင္းမလဲ။ အလုပ္မ်ားမ်ား နဲ႔ ျမန္ျမန္ၿပီးေအာင္ ဘယ္လိုလုပ္ရမလဲ။ ငါ့အလုပ္ေၾကာင့္ ကုမၸဏီမွာ ဘာအက်ိဳး ရွိသြားမလဲ စတာေတြေပါ့။

တခု သိေစခ်င္တာက အလုပ္ထဲ မေပ်ာ္တဲ့လူဟာ အိမ္ေထာင္ေရး အဆင္မေျပတတ္ဘူး။ အလုပ္ထဲက စိတ္မခ်မ္းသာမႈဟာ အိမ္ထဲထိ ကူးစက္တတ္တာကိုး။ စိတ္မခ်မ္းသာတဲ့ လူဟာ အသက္လည္း တိုတတ္ၾကပါတယ္။

ဗန္းေမာ္သိန္းေဖ

Crd

Post a Comment

0 Comments