ငါး သုံးကောင်

ဟိုးရှေးရှေးတုန်းက ရေကန်တခုထဲမှာ ငါးသုံးကောင် အတူတကွ နေထိုင်ကြပါတယ်။ ငါးတကောင်စီမှာ မတူညီတဲ့ အကျင့်စရိုက်တွေ ရှိကြပါတယ်။

နံပါတ် ၁ ငါးက အတိတ်က အကြောင်းကိုသာ တွေးပြီး အမြဲ ပျင်းရိလေးကန် နေတတ်ပါတယ်။ အနာဂတ် အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်တယ် ဆိုတာကို ပထမငါးက လုံးဝ လက်မခံပါဘူး။

ပထမငါးဟာ "ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်" ဆိုတဲ့ အဆိုကို လုံးဝဆန့်ကျင်တဲ့ သူမျိုးပါပဲ။ သူ့အတွက် ဖြစ်လာမှ ရင်ဆိုင်လိုက်မယ်၊ ဘာကိုမှ ကြိုမတွေးထားသလို ဘာကိုမှလည်း ကြိုတင် ပြင်ဆင်ထားခြင်း မရှိဘဲ အမြဲတမ်း ပျင်းရိနေတတ်ပါတယ်။

ဒုတိယငါးကတော့ ပစ္စုပ္ပန်မှာ နေထိုင်တဲ့ ငါးပါပဲ။ ဒုတိယငါးက ဉာဏ်ရှိပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်တတ်သလို၊ နောက်ဆုံး မိနစ်မှာတောင် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချတတ်သူမျိုးပါ။

တတိယငါး ကတော့ ဉာဏ်အကောင်းဆုံး ပါပဲ။ သူက အမြဲတမ်း ဖြစ်လာနိုင်တာတွေကို ကြိုတင် တွက်ဆထားတတ် ပါတယ်။ ဉာဏ်ရှိစွာနဲ့ ဆုံးဖြတ်ချက် ချတတ်ပြီး အမြဲတမ်း သူ့ဆီမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ အတွေးအခေါ်မျိုးတွေ ရှိနေတတ်ပါတယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်တတ်အောင် လုံခြုံမှု ရှိအောင် အမြဲ အကြံကောင်းတွေ ပေးတတ်ပါတယ်။

တနေ့မှာတော့ လူတွေရဲ့ စကားပြောသံကို ကြားတဲ့အတွက် ငါးတကောင်က ကျန်တဲ့ ငါးနှစ်ကောင်ကို တိတ်တိတ်လေး လာနားထောင်ဖို့ ခေါ်လိုက်ပါတယ်။ ရေကန်ပေါ်မှာ ပထမလူက ပြောနေသံကို ကြားရပါတယ်။ "ငါ ဒီကန်ထဲမှာ ငါးတွေရှိတာ တွေ့တယ်ကွ၊ တော်တော်လည်း ကြီးတယ်၊ အဲဒီတော့ ငါတို့ တခြားနေရာမှာ အချိန်ဖြုန်းမယ့်အစား ဒီနေရာမှာပဲ ငါးမျှားကြရအောင်ကွာ"

ဒုတိယလူက ပြန်ပြောပါတယ်။ "အေး ဟုတ်တယ်၊ မင်းအကြံကို ငါထောက်ခံတယ်။ ဒီကန်ထဲက ငါးတွေပဲ မျှားပြီး ချက်စားကြတာ ပေါ့ကွာ။ အဲဒါဆို ငါတို့ မနက်ဖြန် နေ့လည်လောက် ကျရင် ဒီနေရာမှာ ငါတို့ဆုံပြီး ငါးဖမ်းကြမယ်ကွာ"

စကားသံတွေ ဆုံးသွားတဲ့ အခါမှာတော့ ထိုလူနှစ်ယောက် ထွက်ခွာသွားတဲ့ ခြေသံတွေကို ကြားလိုက်ရပါတော့တယ်။ အဲဒီ့အချိန်မှာ ထိုလူနှစ်ယောက် ပြောသမျှကို နားထောင်နေတဲ့ ငါး ၃ ကောင်က အချင်းချင်း စကားပြောကြပါတယ်။

နံပါတ် ၃ ငါးက အခြားနှစ်ကောင်ကို ပြောလိုက်ပါတယ်။ “"ဟေ့ကောင်တွေ၊ သူတို့က မနက်ဖြန် ငါတို့ကို လာဖမ်းမယ့် အကြောင်းကို ပြောနေတာကွ။ အဲဒီတော့ ငါတို့ တခြားတနေရာကို ခဏလောက် ပြောင်းနေလိုက်တာ ကောင်းမယ်နော်"

နံပါတ် ၂ ငါးက ထပြောပါတယ်။ "အေး ဟုတ်တယ်၊ ငါလည်းကြားတယ်။ ဒါပေမယ့် မနက်ဖြန် သူတို့ပြန်လာမယ်၊ ပြန်မလာဘူး ဆိုတာက မကျိန်းသေပါဘူးကွာ။ ဒီနားဝန်းကျင်က အခြားနေရာမှာလည်း ငါးမျှားတာ ဖြစ်နိုင်တာပဲကွ၊ တကယ်ဖမ်းဖြစ် မဖမ်းဖြစ် ဆိုတာက မနက်ဖြန် သူတို့နှစ်ယောက် ပြန်လာမှ သေချာမှာလေကွာ"

အဲဒီ့အချိန်မှာ နံပါတ် ၁ ငါးက ထပြောပါတယ်။ "အမလေးကွာ လျစ်လျူရှုထားလိုက် စမ်းပါ။ မနက်ဖြန်ထိ စဉ်းစားမနေနဲ့ ၊ ခုလိုချိန်မှာ ငါတို့ အနားယူဖို့၊ အေးအေးဆေးဆေး နေဖို့ အချိန်ရသေးတယ်၊ နေလိုက်အုံးမယ်" လို့ ပြောပြီးတာနဲ့ နံပါတ် ၁ ငါးကတော့ အေးဆေးပဲ ပြန်အိပ်နေသတဲ့။

နံပါတ် ၃ ငါးကတော့ ထိုနေရာနားကနေ ခပ်မြန်မြန် ထွက်ခွာပြီး တခြားဘေးကင်းတဲ့ နေရာတခုကို ပြောင်းသွားတယ်။ နံပါတ် ၂ ငါးကတော့ မနက်ဖြန် သူတို့ပြန်လာတာ တွေ့မှ ငါတော့လစ်တော့မယ် ဆိုပြီး ကျန်ခဲ့တယ်။

နောက်တနေ့မှာ ငါးဖမ်းသမား ၂ ယောက် ပြန်ရောက်လာခဲ့ ပါတယ်။ နံပါတ် ၂ ငါးက ထိုလူနှစ်ယောက်ကို မြင်တာနဲ့ သူလွတ်ဖို့ လမ်းကိုအကြံထုတ်နေတယ်။ နံပါတ် ၂ ငါးက ကြိုတင် ကြံစည်ထားတဲ့အတိုင်း မဖမ်းမိခင်မှာပဲ သေချင်ယောင် ဆောင်ပြီး နေပါတယ်။

ငါးဖမ်းသမားတွေဟာ နံပါတ် ၂ ငါးကို မြင်တဲ့အခါ သေပြီးသား ငါးပဲ ဆိုပြီး တခြားငါးတွေ ပုပ်စော်နံမှာ စိုးတာကြောင့် နံပါတ် ၂ ငါးကို ရေကန်ထဲကို ပြန် လွှင့်ပစ်လိုက်ပါတယ်။ အဲဒီလိုနဲ့ နံပါတ် ၂ ငါးက လွတ်မြောက်သွားပါတယ်။

နံပါတ် ၁ ငါးကတော့ ကြောက်လန့်တကြား ဖြစ်နေတာက လွဲပြီး ဘာမှ မစဉ်းစားနိုင်ပါဘူး။ အဲဒီ့အချိန်မှာပဲ ငါးဖမ်းသမား ၂ ယောက်က နံပါတ် ၁ ငါးကို ဖမ်းမိသွားပါတော့တယ်။ ခြင်းတောင်းထဲ ထည့်ပြီး မကြာခင်မှာပဲ နံပါတ် ၁ ငါးဟာ အသက် သေဆုံးသွားရ ပါတော့တယ်။

ကျွန်တော်တို့တွေရဲ့ ဘဝမှာလည်း မနက်ဖြန်မှ လုပ်လိုက်မယ်၊ ဒီနေ့တော့ ဘာမှမဖြစ်နိုင်ပါဘူးလို့ စဉ်းစားနေမယ့်အစား ကြိုတင်ကာကွယ်နိုင်သလောက် ကာကွယ်ခြင်းဟာ ဖြစ်လာမှ ကုသခြင်းထက် ပိုပြီး အကျိုးရှိတယ် ဆိုတာကို ဒီပုံပြင်လေးက ပြောပြထားတာ ဖြစ်ပါတယ်။

crd

Zawgyi

ငါး သုံးေကာင္

ဟိုးေရွးေရွးတုန္းက ေရကန္တခုထဲမွာ ငါးသုံးေကာင္ အတူတကြ ေနထိုင္ၾကပါတယ္။ ငါးတေကာင္စီမွာ မတူညီတဲ့ အက်င့္စ႐ိုက္ေတြ ရွိၾကပါတယ္။ နံပါတ္ ၁ ငါးက အတိတ္က အေၾကာင္းကိုသာ ေတြးၿပီး အၿမဲ ပ်င္းရိေလးကန္ ေနတတ္ပါတယ္။ အနာဂတ္ အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္သင့္တယ္ ဆိုတာကို ပထမငါးက လုံးဝ လက္မခံပါဘူး။

ပထမငါးဟာ "ႀကိဳတင္ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ပိုေကာင္းသည္" ဆိုတဲ့ အဆိုကို လုံးဝဆန႔္က်င္တဲ့ သူမ်ိဳးပါပဲ။ သူ႔အတြက္ ျဖစ္လာမွ ရင္ဆိုင္လိုက္မယ္၊ ဘာကိုမွ ႀကိဳမေတြးထားသလို ဘာကိုမွလည္း ႀကိဳတင္ ျပင္ဆင္ထားျခင္း မရွိဘဲ အၿမဲတမ္း ပ်င္းရိေနတတ္ပါတယ္။

ဒုတိယငါးကေတာ့ ပစၥဳပၸန္မွာ ေနထိုင္တဲ့ ငါးပါပဲ။ ဒုတိယငါးက ဉာဏ္ရွိၿပီး ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္တတ္သလို၊ ေနာက္ဆုံး မိနစ္မွာေတာင္ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ေတြ ခ်တတ္သူမ်ိဳးပါ။

တတိယငါး ကေတာ့ ဉာဏ္အေကာင္းဆုံး ပါပဲ။ သူက အၿမဲတမ္း ျဖစ္လာႏိုင္တာေတြကို ႀကိဳတင္ တြက္ဆထားတတ္ ပါတယ္။ ဉာဏ္ရွိစြာနဲ႔ ဆုံးျဖတ္ခ်က္ ခ်တတ္ၿပီး အၿမဲတမ္း သူ႔ဆီမွာ စိတ္ဝင္စားစရာ ေကာင္းတဲ့ အေတြးအေခၚမ်ိဳးေတြ ရွိေနတတ္ပါတယ္။ ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ရွင္သန္တတ္ေအာင္ လုံၿခဳံမႈ ရွိေအာင္ အၿမဲ အႀကံေကာင္းေတြ ေပးတတ္ပါတယ္။

တေန႔မွာေတာ့ လူေတြရဲ႕ စကားေျပာသံကို ၾကားတဲ့အတြက္ ငါးတေကာင္က က်န္တဲ့ ငါးႏွစ္ေကာင္ကို တိတ္တိတ္ေလး လာနားေထာင္ဖို႔ ေခၚလိုက္ပါတယ္။ ေရကန္ေပၚမွာ ပထမလူက ေျပာေနသံကို ၾကားရပါတယ္။ "ငါ ဒီကန္ထဲမွာ ငါးေတြရွိတာ ေတြ႕တယ္ကြ၊ ေတာ္ေတာ္လည္း ႀကီးတယ္၊ အဲဒီေတာ့ ငါတို႔ တျခားေနရာမွာ အခ်ိန္ျဖဳန္းမယ့္အစား ဒီေနရာမွာပဲ ငါးမွ်ားၾကရေအာင္ကြာ"

ဒုတိယလူက ျပန္ေျပာပါတယ္။ "ေအး ဟုတ္တယ္၊ မင္းအႀကံကို ငါေထာက္ခံတယ္။ ဒီကန္ထဲက ငါးေတြပဲ မွ်ားၿပီး ခ်က္စားၾကတာ ေပါ့ကြာ။ အဲဒါဆို ငါတို႔ မနက္ျဖန္ ေန႔လည္ေလာက္ က်ရင္ ဒီေနရာမွာ ငါတို႔ဆုံၿပီး ငါးဖမ္းၾကမယ္ကြာ"

စကားသံေတြ ဆုံးသြားတဲ့ အခါမွာေတာ့ ထိုလူႏွစ္ေယာက္ ထြက္ခြာသြားတဲ့ ေျခသံေတြကို ၾကားလိုက္ရပါေတာ့တယ္။ အဲဒီ့အခ်ိန္မွာ ထိုလူႏွစ္ေယာက္ ေျပာသမွ်ကို နားေထာင္ေနတဲ့ ငါး ၃ ေကာင္က အခ်င္းခ်င္း စကားေျပာၾကပါတယ္။

နံပါတ္ ၃ ငါးက အျခားႏွစ္ေကာင္ကို ေျပာလိုက္ပါတယ္။ “"ေဟ့ေကာင္ေတြ၊ သူတို႔က မနက္ျဖန္ ငါတို႔ကို လာဖမ္းမယ့္ အေၾကာင္းကို ေျပာေနတာကြ။ အဲဒီေတာ့ ငါတို႔ တျခားတေနရာကို ခဏေလာက္ ေျပာင္းေနလိုက္တာ ေကာင္းမယ္ေနာ္"

နံပါတ္ ၂ ငါးက ထေျပာပါတယ္။ "ေအး ဟုတ္တယ္၊ ငါလည္းၾကားတယ္။ ဒါေပမယ့္ မနက္ျဖန္ သူတို႔ျပန္လာမယ္၊ ျပန္မလာဘူး ဆိုတာက မက်ိန္းေသပါဘူးကြာ။ ဒီနားဝန္းက်င္က အျခားေနရာမွာလည္း ငါးမွ်ားတာ ျဖစ္ႏိုင္တာပဲကြ၊ တကယ္ဖမ္းျဖစ္ မဖမ္းျဖစ္ ဆိုတာက မနက္ျဖန္ သူတို႔ႏွစ္ေယာက္ ျပန္လာမွ ေသခ်ာမွာေလကြာ"

အဲဒီ့အခ်ိန္မွာ နံပါတ္ ၁ ငါးက ထေျပာပါတယ္။ "အမေလးကြာ လ်စ္လ်ဴရႈထားလိုက္ စမ္းပါ။ မနက္ျဖန္ထိ စဥ္းစားမေနနဲ႔ ၊ ခုလိုခ်ိန္မွာ ငါတို႔ အနားယူဖို႔၊ ေအးေအးေဆးေဆး ေနဖို႔ အခ်ိန္ရေသးတယ္၊ ေနလိုက္အုံးမယ္" လို႔ ေျပာၿပီးတာနဲ႔ နံပါတ္ ၁ ငါးကေတာ့ ေအးေဆးပဲ ျပန္အိပ္ေနသတဲ့။

နံပါတ္ ၃ ငါးကေတာ့ ထိုေနရာနားကေန ခပ္ျမန္ျမန္ ထြက္ခြာၿပီး တျခားေဘးကင္းတဲ့ ေနရာတခုကို ေျပာင္းသြားတယ္။ နံပါတ္ ၂ ငါးကေတာ့ မနက္ျဖန္ သူတို႔ျပန္လာတာ ေတြ႕မွ ငါေတာ့လစ္ေတာ့မယ္ ဆိုၿပီး က်န္ခဲ့တယ္။

ေနာက္တေန႔မွာ ငါးဖမ္းသမား ၂ ေယာက္ ျပန္ေရာက္လာခဲ့ ပါတယ္။ နံပါတ္ ၂ ငါးက ထိုလူႏွစ္ေယာက္ကို ျမင္တာနဲ႔ သူလြတ္ဖို႔ လမ္းကိုအႀကံထုတ္ေနတယ္။ နံပါတ္ ၂ ငါးက ႀကိဳတင္ ႀကံစည္ထားတဲ့အတိုင္း မဖမ္းမိခင္မွာပဲ ေသခ်င္ေယာင္ ေဆာင္ၿပီး ေနပါတယ္။

ငါးဖမ္းသမားေတြဟာ နံပါတ္ ၂ ငါးကို ျမင္တဲ့အခါ ေသၿပီးသား ငါးပဲ ဆိုၿပီး တျခားငါးေတြ ပုပ္ေစာ္နံမွာ စိုးတာေၾကာင့္ နံပါတ္ ၂ ငါးကို ေရကန္ထဲကို ျပန္ လႊင့္ပစ္လိုက္ပါတယ္။ အဲဒီလိုနဲ႔ နံပါတ္ ၂ ငါးက လြတ္ေျမာက္သြားပါတယ္။

နံပါတ္ ၁ ငါးကေတာ့ ေၾကာက္လန႔္တၾကား ျဖစ္ေနတာက လြဲၿပီး ဘာမွ မစဥ္းစားႏိုင္ပါဘူး။ အဲဒီ့အခ်ိန္မွာပဲ ငါးဖမ္းသမား ၂ ေယာက္က နံပါတ္ ၁ ငါးကို ဖမ္းမိသြားပါေတာ့တယ္။ ျခင္းေတာင္းထဲ ထည့္ၿပီး မၾကာခင္မွာပဲ နံပါတ္ ၁ ငါးဟာ အသက္ ေသဆုံးသြားရ ပါေတာ့တယ္။

ကြၽန္ေတာ္တို႔ေတြရဲ႕ ဘဝမွာလည္း မနက္ျဖန္မွ လုပ္လိုက္မယ္၊ ဒီေန႔ေတာ့ ဘာမွမျဖစ္ႏိုင္ပါဘူးလို႔ စဥ္းစားေနမယ့္အစား ႀကိဳတင္ကာကြယ္ႏိုင္သေလာက္ ကာကြယ္ျခင္းဟာ ျဖစ္လာမွ ကုသျခင္းထက္ ပိုၿပီး အက်ိဳးရွိတယ္ ဆိုတာကို ဒီပုံျပင္ေလးက ေျပာျပထားတာ ျဖစ္ပါတယ္။

Post a Comment

0 Comments