၃ ရက်လောက် အစာဖြတ်ပြီး ဝိတ်ချနည်းက သင့်ခန္ဓာကိုယ်မှာ ဖြစ်လာစေမယ့် အချက် (၆) ခု

သိပ္ပံပညာရှင်အချို့က တစ်နေ့မှာ အစာ ၃ နပ်နှင့် အဆာပြေ ၃ ကြိမ်စားရဖို့ အကြံပြုထားပြီး အချို့ကတော့ မစားဖို့ အကြံပြုထားပါတယ်။ ဒီလိုအစာဖြတ်တာဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံလာရင် နေတတ်အောင် လေ့ကျင့်တာမျိုး မဟုတ်ပါဘူး။ တကယ်တော့ အစာဖြတ်ခြင်းဟာ လူ့သမိုင်း ရှေးအကျဆုံးကတည်းက ပြုလုပ်ခဲ့တဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။

တကယ်တော့ BCE ငါးရာစုကတည်းက ဂရိသမားတော် Hippocrates ဟာ အစာဖြတ်ခြင်း ကုထုံးကို အသုံးပြုပြီးတော့ ဖျားနာမှုဖြစ်တဲ့ လူနာတွေကို ကုသခဲ့ပါတယ်။ ဒါဆို အစာဖြတ်တာက အဖျားပျောက်စေတဲ့အပြင် ဘယ်လိုပြောင်းလဲမှုတွေ ရှိလာမလဲဆိုတာ love media နဲ့ တူတူလေ့လာကြည့်လိုက်ရအောင်။

၁။ သင့်ဆဲလ်တွေ ပိုပြီး သက်တမ်းရှည်လာကြပါတယ်။

အရွယ်ရောက်ပြီးသူ တစ်ယောက်ရဲ့ အရေပြားမျက်နှာပြင် ဧရိယာဟာ 2 စတုရန်းမီတာခန့်ရှိပြီးတော့ ခန္ဓာကိုယ်အလေးချိန် စုစုပေါင်းရဲ့ 20% ခန့်နေရာယူထားပါတယ်။ ရေဓာတ်က အရေပြားဆဲလ်တွေကို ကိုယ်တိုင်အသစ် ပြန်ဖြစ်စေပါတယ်။

အစာဖြတ်ပြီးနောက် 18-20 နာရီအကြာမှာ ဆဲလ်တွေဟာ စပြောင်းလဲပြီးတော့ နှင့် 48-72 နာရီအကြာမှာ အကုန်ပြောင်းလဲသွားပြီဖြစ်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ဒါ့အပြင် ဒီလိုဆဲလ်အသစ်တွေ ပြန်လည်ပြုပြင်သွားတာက အယ်လ်ဇိုင်းမားနှင့် နှလုံးရောဂါတို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။ သင့်သွေးပေါင်ချိန်ကို ကျစေနိုင်ပါတယ်။

ရေသောက်ပြီး အစာဖြတ်ခြင်းဟာ ဒီနေ့ခေတ်မှာ ခံစားနေရတဲ့ အဆိုးရွားဆုံးရောဂါတွေထဲက တစ်ခုဖြစ်တဲ့ သွေးတိုးတာကို လျှော့ချပေးနိုင်ပါတယ်။ အစာဖြတ်ခြင်းဟာ ဆေးသောက်ပြီး အစားအစာကို ဂရုတစိုက် စားနေရတဲ့ လူတွေနဲ့တောင် ယှဉ်လို့ရပါတယ်။ သင့်ကိုလည်း ဆေးဝါးတွေ မမှီဝဲပဲနဲ့ သွေးတိုးကျစေနိုင်ပါတယ်။

၃။ သင်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

အင်ဆူလင်နှင့် leptin ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စ်ပျက်မှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အင်ဆူလင်က သွေးလမ်းကြောင်းက အာဟာရတွေကို သိုလှောင်ဖို့ ကူညီပေးပြီးတော့ leptin ကတော့ ပြည့်ဝတဲ့ဟော်မုန်း ဖြစ်သွားအောင် လုပ်ဆောင်ပါတယ်။ သုတေသနပြုချက်တွေအရ ရေသောက်ပြီး အစာရှောင်ရင် သင့်ခန္ဓာကိုယ်က အဆိုပါ ဟော်မုန်းတွေကို ပိုပြီးအာရုံခံနိုင်စွမ်း မြင့်မားစေတယ်လို့ သိရပါတယ်။ အာရုံခံနိုင်စွမ်း မြင့်မားခြင်းဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချနိုင်စေတဲ့အပြင် အဝလွန်ခြင်းကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။

၄။ နာတာရှည်ရောဂါအချို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ရေသောက်ခြင်းဟာ ဆီးချိုရောဂါနှင့် နှလုံးရောဂါအပါအဝင် နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိရစ္ဆာန်တွေအပေါ် သုတေသနလုပ်တော့လည်း ရေသောက်ပြီး အစာဖြတ်ခြင်းဟာ ကင်ဆာဆဲလ်ကြီးထွားမှုမှာ ပါဝင်တဲ့ မျိုးဗီဇတွေကိုလည်း တားဆီးနိုင်ပါတယ်။ ဒါဟာ ဆေးသောက်ဆေးကုပြီး ကုသတာထက် ပိုထိရောက်စေနိုင်ပါတယ်။

၅။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။

အစာဖြတ်ခြင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း 2,000 ကျော်ကတည်းက ဝက်ရူးပြန်ရောဂါအတွက် ကုသနည်းအဖြစ် ပထမဆုံး သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် အစာဖြတ်ခြင်းဟာ ဦးနှောက်ကို ကြည်လင်စေတဲ့အပြင် ဦးနှောက်လုပ်ဆောင်ချက်တွေကို နှိုးဆွပေးပြီး အာရုံကြောတွေကို ပြန်လည်အားဖြည့်ပေးကြောင်း သုတေသနပြုချက်တွေအရ သိရပါတယ်။

အစာဖြတ်ခြင်းဟာ မှတ်ဉာဏ်ဆိုင်ရာ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေခြင်း၊ အသက်အရွယ်နှင့်ဆိုင်သော သိမြင်နိုင်စွမ်းကျဆင်းမှုကို ရပ်တန့်စေခြင်း၊ အာရုံကြောယိုယွင်းတာတွေကို လျှော့ချခြင်း၊ ဦးနှောက်ပျက်စီးတာကို လျှော့ချပေးပြီး လေဖြတ်ပြီးနောက် ခံစားရတဲ့ ဝေဒနာတွေကိုလည်း ပြန်လည်ကောင်းမွန် လာစေပါတယ်။

၆။ သင့်ကိုယ်အလေးချိန် အနည်းငယ် ကျစေနိုင်ပါတယ်။

အစာဖြတ်ခြင်းရဲ့ အထိရောက်ဆုံး အကျိုးကျေးဇူးကတော့ ကိုယ်အလေးချိန် လျော့ကျခြင်းပဲ ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ဟာ အစာစားနေရတဲ့ အခြေအနေကနေ အစာဖြတ်တဲ့ အခြေအနေကို ရောက်သွားလိုက်တာနဲ့ ကိုယ်အလေးချိန် လျော့ကျသွားပါတယ်။ စွမ်းအင်အတွက် လောင်ကျွမ်းဖို့ အစာမရှိတာကြောင့် သင့်ခန္ဓာကိုယ်ဟာ ဆက်လက်လည်ပတ်ဖို့အတွက် ခန္ဓာကိုယ်အဆီတွေကို စတင်လောင်ကျွမ်းစေပါတယ်။ 24 နာရီလောက် အစာရှောင်တဲ့နေ့မှာပဲ သင်ဟာ အဆီအလေးချိန် ပေါင်ဝက်ခန့် ဆုံးရှုံးမှာပဲ ဖြစ်ပါတယ်။

Zombie (lovemedia)

for zawgyi

၃ ရက္ေလာက္ အစာျဖတ္ၿပီး ဝိတ္ခ်နည္းက သင့္ခႏၶာကိုယ္မွာ ျဖစ္လာေစမယ့္ အခ်က္ (၆) ခု

သိပၸံပညာရွင္အခ်ိဳ႕က တစ္ေန႔မွာ အစာ ၃ နပ္ႏွင့္ အဆာေျပ ၃ ႀကိမ္စားရဖို႔ အႀကံျပဳထားၿပီး အခ်ိဳ႕ကေတာ့ မစားဖို႔ အႀကံျပဳထားပါတယ္။ ဒီလိုအစာျဖတ္တာဟာ ငတ္မြတ္ေခါင္းပါးမႈနဲ႔ ႀကဳံလာရင္ ေနတတ္ေအာင္ ေလ့က်င့္တာမ်ိဳး မဟုတ္ပါဘူး။ တကယ္ေတာ့ အစာျဖတ္ျခင္းဟာ လူ႔သမိုင္းေရွးအက်ဆုံးကတည္းက ျပဳလုပ္ခဲ့တဲ့ အေလ့အက်င့္တစ္ခု ျဖစ္ပါတယ္။

တကယ္ေတာ့ BCE ငါးရာစုကတည္းက ဂရိသမားေတာ္ Hippocrates ဟာ အစာျဖတ္ျခင္း ကုထုံးကို အသုံးျပဳၿပီးေတာ့ ဖ်ားနာမႈျဖစ္တဲ့ လူနာေတြကို ကုသခဲ့ပါတယ္။ ဒါဆို အစာျဖတ္တာက အဖ်ားေပ်ာက္ေစတဲ့အျပင္ ဘယ္လိုေျပာင္းလဲမႈေတြ ရွိလာမလဲဆိုတာ love media နဲ႔ တူတူေလ့လာၾကည့္လိုက္ရေအာင္။

၁။ သင့္ဆဲလ္ေတြ ပိုၿပီး သက္တမ္းရွည္လာၾကပါတယ္။

အ႐ြယ္ေရာက္ၿပီးသူ တစ္ေယာက္ရဲ႕ အေရျပားမ်က္ႏွာျပင္ ဧရိယာဟာ 2 စတုရန္းမီတာခန႔္ရွိၿပီးေတာ့ ခႏၶာကိုယ္အေလးခ်ိန္ စုစုေပါင္းရဲ႕ 20% ခန႔္ေနရာယူထားပါတယ္။ ေရဓာတ္က အေရျပားဆဲလ္ေတြကို ကိုယ္တိုင္အသစ္ ျပန္ျဖစ္ေစပါတယ္။ အစာျဖတ္ၿပီးေနာက္ 18-20 နာရီအၾကာမွာ ဆဲလ္ေတြဟာ စေျပာင္းလဲၿပီးေတာ့ ႏွင့္ 48-72 နာရီအၾကာမွာ အကုန္ေျပာင္းလဲသြားၿပီျဖစ္ေၾကာင္း သုေတသီေတြက ဆိုပါတယ္။ ဒါ့အျပင္ ဒီလိုဆဲလ္အသစ္ေတြ ျပန္လည္ျပဳျပင္သြားတာက အယ္လ္ဇိုင္းမားႏွင့္ ႏွလုံးေရာဂါတို႔ကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

၂။ သင့္ေသြးေပါင္ခ်ိန္ကို က်ေစႏိုင္ပါတယ္။

ေရေသာက္ၿပီး အစာျဖတ္ျခင္းဟာ ဒီေန႔ေခတ္မွာ ခံစားေနရတဲ့ အဆိုး႐ြားဆုံးေရာဂါေတြထဲက တစ္ခုျဖစ္တဲ့ ေသြးတိုးတာကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ အစာျဖတ္ျခင္းဟာ ေဆးေသာက္ၿပီး အစားအစာကို ဂ႐ုတစိုက္ စားေနရတဲ့ လူေတြနဲ႔ေတာင္ ယွဥ္လို႔ရပါတယ္။ သင့္ကိုလည္း ေဆးဝါးေတြ မမွီဝဲပဲနဲ႔ ေသြးတိုးက်ေစႏိုင္ပါတယ္။

၃။ သင္ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္ပ်က္မႈကို ျမႇင့္တင္ေပးႏိုင္ပါတယ္။

အင္ဆူလင္ႏွင့္ leptin ေဟာ္မုန္းေတြဟာ ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္စ္ပ်က္မႈေတြမွာ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ေနပါတယ္။ အင္ဆူလင္က ေသြးလမ္းေၾကာင္းက အာဟာရေတြကို သိုေလွာင္ဖို႔ ကူညီေပးၿပီးေတာ့ leptin ကေတာ့ ျပည့္ဝတဲ့ေဟာ္မုန္း ျဖစ္သြားေအာင္ လုပ္ေဆာင္ပါတယ္။ သုေတသနျပဳခ်က္ေတြအရ ေရေသာက္ၿပီး အစာေရွာင္ရင္ သင့္ခႏၶာကိုယ္က အဆိုပါ ေဟာ္မုန္းေတြကို ပိုၿပီးအာ႐ုံခံႏိုင္စြမ္း ျမင့္မားေစတယ္လို႔ သိရပါတယ္။ အာ႐ုံခံႏိုင္စြမ္း ျမင့္မားျခင္းဟာ ေသြးတြင္းသၾကားဓာတ္ကို ေလွ်ာ့ခ်ႏိုင္ေစတဲ့အျပင္ အဝလြန္ျခင္းကိုလည္း ကာကြယ္ၿပီးသား ျဖစ္ပါတယ္။

၄။ နာတာရွည္ေရာဂါအခ်ိဳ႕ကို ကာကြယ္ေပးႏိုင္ပါတယ္။

ေရေသာက္ျခင္းဟာ ဆီးခ်ိဳေရာဂါႏွင့္ ႏွလုံးေရာဂါအပါအဝင္ နာတာရွည္ေရာဂါမ်ား ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ တိရစာၦန္ေတြအေပၚ သုေတသနလုပ္ေတာ့လည္း ေရေသာက္ၿပီး အစာျဖတ္ျခင္းဟာ ကင္ဆာဆဲလ္ႀကီးထြားမႈမွာ ပါဝင္တဲ့ မ်ိဳးဗီဇေတြကိုလည္း တားဆီးႏိုင္ပါတယ္။ ဒါဟာ ေဆးေသာက္ေဆးကုၿပီး ကုသတာထက္ ပိုထိေရာက္ေစႏိုင္ပါတယ္။

၅။ ဦးေႏွာက္ရဲ႕လုပ္ေဆာင္ခ်က္ကို ျမႇင့္တင္ေပးႏိုင္ပါတယ္။

အစာျဖတ္ျခင္းကို လြန္ခဲ့တဲ့ႏွစ္ေပါင္း 2,000 ေက်ာ္ကတည္းက ဝက္႐ူးျပန္ေရာဂါအတြက္ ကုသနည္းအျဖစ္ ပထမဆုံး သတ္မွတ္ခဲ့ပါတယ္။ ဒါ့အျပင္ အစာျဖတ္ျခင္းဟာ ဦးေႏွာက္ကို ၾကည္လင္ေစတဲ့အျပင္ ဦးေႏွာက္လုပ္ေဆာင္ခ်က္ေတြကို ႏႈိးဆြေပးၿပီး အာ႐ုံေၾကာေတြကို ျပန္လည္အားျဖည့္ေပးေၾကာင္း သုေတသနျပဳခ်က္ေတြအရ သိရပါတယ္။ အစာျဖတ္ျခင္းဟာ မွတ္ဉာဏ္ဆိုင္ရာလုပ္ေဆာင္ခ်က္ကို ပိုမိုေကာင္းမြန္ေစျခင္း၊ အသက္အ႐ြယ္ႏွင့္ဆိုင္ေသာ သိျမင္ႏိုင္စြမ္းက်ဆင္းမႈကို ရပ္တန႔္ေစျခင္း၊ အာ႐ုံေၾကာယိုယြင္းတာေတြကို ေလွ်ာ့ခ်ျခင္း၊ ဦးေႏွာက္ပ်က္စီးတာကို ေလွ်ာ့ခ်ေပးၿပီး ေလျဖတ္ၿပီးေနာက္ ခံစားရတဲ့ ေဝဒနာေတြကိုလည္း ျပန္လည္ေကာင္းမြန္ လာေစပါတယ္။

၆။ သင့္ကိုယ္အေလးခ်ိန္ အနည္းငယ္ က်ေစႏိုင္ပါတယ္။

အစာျဖတ္ျခင္းရဲ႕ အထိေရာက္ဆုံး အက်ိဳးေက်းဇူးကေတာ့ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ျခင္းပဲ ျဖစ္ပါတယ္။ သင့္ခႏၶာကိုယ္ဟာ အစာစားေနရတဲ့ အေျခအေနကေန အစာျဖတ္တဲ့ အေျခအေနကို ေရာက္သြားလိုက္တာနဲ႔ ကိုယ္အေလးခ်ိန္ ေလ်ာ့က်သြားပါတယ္။ စြမ္းအင္အတြက္ ေလာင္ကြၽမ္းဖို႔ အစာမရွိတာေၾကာင့္ သင့္ခႏၶာကိုယ္ဟာ ဆက္လက္လည္ပတ္ဖို႔အတြက္ ခႏၶာကိုယ္အဆီေတြကို စတင္ေလာင္ကြၽမ္းေစပါတယ္။ 24 နာရီေလာက္ အစာေရွာင္တဲ့ေန႔မွာပဲ သင္ဟာ အဆီအေလးခ်ိန္ ေပါင္ဝက္ခန႔္ ဆုံးရႈံးမွာပဲ ျဖစ္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments