ကျေးဇူးပြုသော သူခိုး

တခါတုန်းက မြို့ငယ်လေး တခုမှာ ခိုးတတ်တဲ့ ကောင်လေး တယောက်ရှိတယ်။ သူဟာ မကြာခဏ အဖမ်းခံရပေမယ့် ဘယ်တော့မှ ကြာကြာ အချုပ် မခံရဘဲ အများဆုံး တရက်သာ အဖမ်းခံရလေ့ ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ဘယ်တော့မှ သူများစီးပွား ပျက်အောင် ရွှေတွေ ငွေတွေကို မခိုးဘဲ သူလိုအပ်တဲ့ ပစ္စည်းသေးသေးလေး တွေကိုသာ ခိုးလေ့ ရှိလို့ပါ။

သူမှာ ဖိနပ်မရှိတော့ဘူး ဆိုရင် ဖိနပ်ကိုပဲ ခိုးပြီး စားစရာ မရှိတဲ့ အခါမှာ ဆိုလည်း စားစရာကိုပဲ ခိုးယူလေ့ ရှိတယ်။ သူ့ရဲ့ ထူးခြားချက် တခုကတော့ ခိုးခိုး မခိုးခိုး မြို့အနှံ့ လျှောက်သွားနေတတ်ပြီး တွေ့တဲ့နေရာမှာ အိပ်ကာ တွေ့တဲ့စာ ကောက်ဖတ်နေတတ် ပါသတဲ့။

ဒါ့အပြင် မြို့ခံလူ အချို့ရဲ့ လူသိ မခံချင်တဲ့ တချို့ကိစ္စတွေ ကိုလည်း သိနေလေ့ ရှိပါတယ်။ ဒါ့ကြောင့် သူခိုးနေတာကို ထိပ်တိုက် တွေ့လိုက်တဲ့ အဲ့ဒီမြို့ငယ်လေးက လူကြီး လူငယ်အချို့ဟာ "စကားတခွန်း" ကို မေးလိုက်တာနဲ့ သူ့ကို လန့်ဖျတ်သွားကြပြီး အချို့တွေကတော့ သူလာတတ်တဲ့ အချိန်ကို မှန်းကာ မုန့်တွေ၊ အဝတ်အစား တပတ်နွမ်းတွေကိုတောင် ထားပေးတတ်ကြ ပါသတဲ့။

တနေ့မှာတော့ သူ့လိုမျိုးပဲ လေလွင့်လူငယ် တယောက် သူ့ဆီ ရောက်လာပြီး သူလည်း ခိုးချင်ကြောင်း၊ ဒါပေမယ့် ရဲတွေ၊ ပစ္စည်းပိုင်ရှင်တွေနဲ့ ခဏခဏမိပြီး နောက်တော့ မခိုးရဲတော့ကြောင်း စသည်ဖြင့်ပြောကာ ရဲတွေ၊ ပိုင်ရှင်တွေ မဖမ်းမိအောင်၊ ဖမ်းမိရင်လည်း အမြန်လွတ်အောင် လုပ်တဲ့ ပညာသင်ချင်ကြောင်း စသည်ဖြင့် ပြောတယ်။

အဲ့ဒီတော့ သူခိုးလူငယ်က သူ့မှာ ဘာပညာမှ မတတ်ကြောင်း၊ ဒါပေမယ့် သူ့ကို အမြန် ပြန်လွတ်အောင် ကယ်တဲ့ အရာက စကားတခွန်းသာဖြစ်ကြောင်း ပြောတော့ လေလွင့်လူငယ်လေး အံ့လည်း အံ့သြသွားပြီး "ပြောလိုက်ရုံနဲ့ လွှတ်ပေးတယ်" ဆိုတဲ့ အဲ့ဒီစကားကို ပြန်သင်ပေးဖို့ တောင်းဆိုတယ်။

သူခိုးလူငယ်က ရပါတယ် ဆိုပြီး အဲ့ဒီစကား ကို သင်ပေးလိုက်တယ်။ နောက်ပြီး စည်းကမ်းရှိဖို့နဲ့ နေရာတိုင်း လူတိုင်းကို မပြောဖို့ အပြင် ကျေးဇူးသိတတ် ဖို့ကိုပါ ထည့်သွင်း သတိပေး ပြောကြားလိုက်ပါတယ်။

ဒီလိုနဲ့ အဲ့ဒီမြို့ငယ်လေးမှာပဲ လေလွင့်လူငယ်ဟာ ခိုးစားဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် ကံဆိုးစွာပဲ သူဟာ မအောင်မြင်ဘူး။ မကြာခဏ ဆိုသလို အဖမ်းခံရပြီး အဖမ်းခံရရင်လည်း တလ ကိုးသီတင်း ကြာပါသတဲ့။

အဲဒီလိုနဲ့ သူအချုပ်က လွတ်လာတဲ့ တရက်မှာ သူခိုးလူငယ်ဆီ ပြန်ရောက်လာပြီး လူလိမ်ဖြစ်ကြောင်း၊ အဲ့ဒီစကားတခွန်း ပြောရုံနဲ့ အဆင်မပြေကြောင်း စသည်ဖြင့် ပြစ်တင် ပြောဆို ပါတယ်။ ဒါနဲ့ သူခိုးလူငယ်က လေလွင့်လူငယ်ကို အားတဲ့အချိန် ဘာလုပ်သလဲ လို့ မေးပါတယ်။

ဘာမှမလုပ်ဘဲ အိပ်နေတယ် လို့ လေလွင့်လူငယ်က ဖြေတယ်။ အဖြေကို ကြားတော့ သူခိုးလူငယ်က အံ့သြသွားပြီး "ဘယ်အချိန်မှာ ဘယ်နေရာတွေက ဘယ်လိုအိမ်တွေကို ခိုးလဲ" လို့ ထပ်မေးတော့ လေလွင့်လူငယ်က "ခိုးချင်တဲ့ အချိန်မှာ ခိုးချင်တဲ့ နေရာက ခိုးချင်တဲ့အိမ်ကို သွားခိုးပါတယ်" လို့ ဖြေသတဲ့။

သူခိုးလူငယ်က မျက်လုံးပြူး သွားပြန်ပြီး နောက်ဆုံး တခုမေးမယ် ဆိုပြီး "ခိုးတဲ့အိမ်တွေ နေရာတွေအတွက် ဘာလုပ်ပေးခဲ့သေးလဲ" လို့ မေးတော့ လေလွင့်လူငယ်က "အလုပ် မလုပ်ချင်လို့ ခိုးပါတယ် ဆိုမှ ဘာလုပ်ပေးရဦးမှာလဲ" လို့ ပြန်မေးသတဲ့။

သူခိုးလူငယ်က ပြုံးလိုက်ပြီး "မင်းမအောင်မြင်တာ ဘာဆန်းလို့လဲ၊ ငါ့စကားမှ နားမထောင်ဘဲ" လို့ စကားစကာ လေလွင့်လူငယ်ရဲ့ အားနည်းချက် တွေကို ပြောပြပါတော့တယ်။

နံပတ်တစ်၊ မင်းမှာ စည်းကမ်း မရှိဘူး။ မင်းဟာ အချိန်မရွေး နေရာမရွေး ခိုးချင်တဲ့အချိ န်ခိုးတယ်၊ ခိုးချင်တဲ့ နေရာက ခိုးချင်တဲ့ အိမ်မှာခိုးတယ်။ ဒါဟာ သူတို့ကို ကြောက်လန့်စေတယ်။ မင်းဟာ အန္တရာယ် ရှိတယ်လို့ သူတို့က သတ်မှတ်ကြ မှာပဲလေ။

နံပတ်နှစ်၊ မင်းမှာ ကြိုးစားအားထုတ်မှု မရှိဘူး။ စူးစမ်းလိုစိတ် မရှိဘူး။ အားရင် အိပ်နေတယ်။ မင်းဟာ ဘာမှ မစူးစမ်းတော့ ဘာမှ မသိတော့ဘူးပေါ့။ ဒီတော့ ငါ မင်းကို သင်ပေးထားတဲ့ "ခင်ဗျားအကြောင်းတွေ ဖော်လိုက်ရမလား" ဆိုတဲ့ စကားကို သူတို့ မကြောက်ကြတော့ဘူး။ မင်းဘာမှမသိဘူး ဆိုတာကို သူတို့က သိနေကြတာကိုး။ ဒီတော့ အဲ့ဒီစကားဟာ မင်းအတွက် မထိရောက် မအောင်မြင်တော့ဘူး။

နောက်တချက်၊ မင်းက ကိုယ့်အလုပ်ကို တန်ဖိုးမထားဘူး၊ အလုပ်မရှိလို့ ခိုးစားတယ် လို့ ပြောတယ်။ တကယ်တော့ အဲ့ဒါ အချောင်စိတ်ဓာတ်ပဲ။ အမှန်က အဲ့ဒီခိုးတာကိုက အလုပ်ပဲလေ။ မင်းဟာ ကိုယ့်အလုပ်ကို တန်ဖိုးထား လေးစားတတ်မှသာ အောင်မြင်မှာ။

နောက်ဆုံး အရေးကြီးဆုံး တချက်ကတော့ မင်းဟာ ကျေးဇူးမသိတတ်ဘူး။ မင်းကို အစားအသောက်တွေ အဝတ်အစားတွေ အလွယ်တကူရအောင် လုပ်ပေးနေတဲ့ ပိုင်ရှင်တွေကို နည်းနည်းလေးမှတောင် ကျေးဇူးမပြုဘူး လို့ ရှည်ရှည်ဝေးဝေး ပြန်ရှင်းပြလိုက်တယ်။

လေလွင့်လူငယ်က အံ့သြနေပြီး ဘယ်လို ကျေးဇူးပြုသလဲ လို့ ပြန်မေးတယ်။ အဲ့ဒီမှာ သူခိုးလူငယ်က "ငါက ခိုးပြီးပြန်လာလို့ အိမ်ရှေ့မှာ အမှိုက်ထုပ် တွေ့ရင် အဲ့ဒီအမှိုက်ထုပ်ကိုပါ ယူလာပြီး စွန့်ပစ်ပေးတယ်။ တွေ့တဲ့ အိမ်ရှေ့မှာ အိပ်တယ် ဆိုပေမယ့် ငါအိပ်တဲ့ အိမ်ရှေ့ကို ငါမအိပ်ခင် သန့်ရှင်းအောင် လှဲကျင်းပေးတယ်၊ အနည်းဆုံးတော့ ဘာမှ မလုပ်ပေးခဲ့ ရင်တောင်၊ ငါ့ကျေးဇူးရှင်တွေ ဆိုပြီး ထိုင်ဦးချခဲ့တယ်"

သူခိုးလူငယ်ရဲ့ စကားတွေကို လေလွင့်လူငယ်ဟာ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေခဲ့ပြီး နောက်ဆုံးမှာတော့ ခေါင်းတဆတ်ဆတ် ညိတ်ကာ "ဒီအလုပ်ဟာ ဒီလောက် ခက်ခဲ့တဲ့ အလုပ်လို့ ငါမထင်ခဲ့တာ အမှန်ပဲ၊ နောက်ပြီး ခိုးစားတဲ့ အလုပ်ကို ဒီလို စည်းကမ်းတွေ နည်းလမ်းတွေ ကျင့်ဝတ်တွေထားပြီး ခိုးတာ ငါ့ဘဝမှာ မင်းတယောက်ပဲ မြင်ဖူးသေးတယ်" လို့ ပြောပြီး ထွက်ခွာသွားပါတယ်။

သူခိုးလူငယ်ကတော့ လေလွင့်လူငယ်ရဲ့ နောက်ကျောကို အပြုံးနဲ့ စိုက်ကြည့်ရင်း "မင်း ထင်သလောက် လွယ်နေရင် ဒီမြို့လေးမှာ ဘယ်လိုလုပ်ပြီး ငါတယောက်တည်း ခိုးလို့ ရတော့မှာလဲ" လို့ တီးတိုးရေရွတ်ရင်း ကျန်ခဲ့ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ သူခိုးလေးဆီက ပညာ သင်ယူနိုင်ကြပါစေ။

အရှင်ကောသလ္လ (ရေဦး)

Crd

phoomyatchal

Zawgyi

ေက်းဇူးျပဳေသာ သူခိုး

တခါတုန္းက ၿမိဳ႕ငယ္ေလး တခုမွာ ခိုးတတ္တဲ့ ေကာင္ေလး တေယာက္ရွိတယ္။ သူဟာ မၾကာခဏ အဖမ္းခံရေပမယ့္ ဘယ္ေတာ့မွ ၾကာၾကာ အခ်ဳပ္ မခံရဘဲ အမ်ားဆုံး တရက္သာ အဖမ္းခံရေလ့ ရွိတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ သူဟာ ဘယ္ေတာ့မွ သူမ်ားစီးပြား ပ်က္ေအာင္ ေ႐ႊေတြ ေငြေတြကို မခိုးဘဲ သူလိုအပ္တဲ့ ပစၥည္းေသးေသးေလး ေတြကိုသာ ခိုးေလ့ ရွိလို႔ပါ။

သူမွာ ဖိနပ္မရွိေတာ့ဘူး ဆိုရင္ ဖိနပ္ကိုပဲ ခိုးၿပီး စားစရာ မရွိတဲ့ အခါမွာ ဆိုလည္း စားစရာကိုပဲ ခိုးယူေလ့ ရွိတယ္။ သူ႔ရဲ႕ ထူးျခားခ်က္ တခုကေတာ့ ခိုးခိုး မခိုးခိုး ၿမိဳ႕အႏွံ႔ ေလွ်ာက္သြားေနတတ္ၿပီး ေတြ႕တဲ့ေနရာမွာ အိပ္ကာ ေတြ႕တဲ့စာ ေကာက္ဖတ္ေနတတ္ ပါသတဲ့။

ဒါ့အျပင္ ၿမိဳ႕ခံလူ အခ်ိဳ႕ရဲ႕ လူသိ မခံခ်င္တဲ့ တခ်ိဳ႕ကိစၥေတြ ကိုလည္း သိေနေလ့ ရွိပါတယ္။ ဒါ့ေၾကာင့္ သူခိုးေနတာကို ထိပ္တိုက္ ေတြ႕လိုက္တဲ့ အဲ့ဒီၿမိဳ႕ငယ္ေလးက လူႀကီး လူငယ္အခ်ိဳ႕ဟာ "စကားတခြန္း" ကို ေမးလိုက္တာနဲ႔ သူ႔ကို လန႔္ဖ်တ္သြားၾကၿပီး အခ်ိဳ႕ေတြကေတာ့ သူလာတတ္တဲ့ အခ်ိန္ကို မွန္းကာ မုန႔္ေတြ၊ အဝတ္အစား တပတ္ႏြမ္းေတြကိုေတာင္ ထားေပးတတ္ၾက ပါသတဲ့။

တေန႔မွာေတာ့ သူ႔လိုမ်ိဳးပဲ ေလလြင့္လူငယ္ တေယာက္ သူ႔ဆီ ေရာက္လာၿပီး သူလည္း ခိုးခ်င္ေၾကာင္း၊ ဒါေပမယ့္ ရဲေတြ၊ ပစၥည္းပိုင္ရွင္ေတြနဲ႔ ခဏခဏမိၿပီး ေနာက္ေတာ့ မခိုးရဲေတာ့ေၾကာင္း စသည္ျဖင့္ေျပာကာ ရဲေတြ၊ ပိုင္ရွင္ေတြ မဖမ္းမိေအာင္၊ ဖမ္းမိရင္လည္း အျမန္လြတ္ေအာင္ လုပ္တဲ့ ပညာသင္ခ်င္ေၾကာင္း စသည္ျဖင့္ ေျပာတယ္။

အဲ့ဒီေတာ့ သူခိုးလူငယ္က သူ႔မွာ ဘာပညာမွ မတတ္ေၾကာင္း၊ ဒါေပမယ့္ သူ႔ကို အျမန္ ျပန္လြတ္ေအာင္ ကယ္တဲ့ အရာက စကားတခြန္းသာျဖစ္ေၾကာင္း ေျပာေတာ့ ေလလြင့္လူငယ္ေလး အံ့လည္း အံ့ၾသသြားၿပီး "ေျပာလိုက္႐ုံနဲ႔ လႊတ္ေပးတယ္" ဆိုတဲ့ အဲ့ဒီစကားကို ျပန္သင္ေပးဖို႔ ေတာင္းဆိုတယ္။

သူခိုးလူငယ္က ရပါတယ္ ဆိုၿပီး အဲ့ဒီစကား ကို သင္ေပးလိုက္တယ္။ ေနာက္ၿပီး စည္းကမ္းရွိဖို႔နဲ႔ ေနရာတိုင္း လူတိုင္းကို မေျပာဖို႔ အျပင္ ေက်းဇူးသိတတ္ ဖို႔ကိုပါ ထည့္သြင္း သတိေပး ေျပာၾကားလိုက္ပါတယ္။

ဒီလိုနဲ႔ အဲ့ဒီၿမိဳ႕ငယ္ေလးမွာပဲ ေလလြင့္လူငယ္ဟာ ခိုးစားဖို႔ ႀကိဳးစားပါေတာ့တယ္။ ဒါေပမယ့္ ကံဆိုးစြာပဲ သူဟာ မေအာင္ျမင္ဘူး။ မၾကာခဏ ဆိုသလို အဖမ္းခံရၿပီး အဖမ္းခံရရင္လည္း တလ ကိုးသီတင္း ၾကာပါသတဲ့။

အဲဒီလိုနဲ႔ သူအခ်ဳပ္က လြတ္လာတဲ့ တရက္မွာ သူခိုးလူငယ္ဆီ ျပန္ေရာက္လာၿပီး လူလိမ္ျဖစ္ေၾကာင္း၊ အဲ့ဒီစကားတခြန္း ေျပာ႐ုံနဲ႔ အဆင္မေျပေၾကာင္း စသည္ျဖင့္ ျပစ္တင္ ေျပာဆို ပါတယ္။ ဒါနဲ႔ သူခိုးလူငယ္က ေလလြင့္လူငယ္ကို အားတဲ့အခ်ိန္ ဘာလုပ္သလဲ လို႔ ေမးပါတယ္။

ဘာမွမလုပ္ဘဲ အိပ္ေနတယ္ လို႔ ေလလြင့္လူငယ္က ေျဖတယ္။ အေျဖကို ၾကားေတာ့ သူခိုးလူငယ္က အံ့ၾသသြားၿပီး "ဘယ္အခ်ိန္မွာ ဘယ္ေနရာေတြက ဘယ္လိုအိမ္ေတြကို ခိုးလဲ" လို႔ ထပ္ေမးေတာ့ ေလလြင့္လူငယ္က "ခိုးခ်င္တဲ့ အခ်ိန္မွာ ခိုးခ်င္တဲ့ ေနရာက ခိုးခ်င္တဲ့အိမ္ကို သြားခိုးပါတယ္" လို႔ ေျဖသတဲ့။

သူခိုးလူငယ္က မ်က္လုံးျပဴး သြားျပန္ၿပီး ေနာက္ဆုံး တခုေမးမယ္ ဆိုၿပီး "ခိုးတဲ့အိမ္ေတြ ေနရာေတြအတြက္ ဘာလုပ္ေပးခဲ့ေသးလဲ" လို႔ ေမးေတာ့ ေလလြင့္လူငယ္က "အလုပ္ မလုပ္ခ်င္လို႔ ခိုးပါတယ္ ဆိုမွ ဘာလုပ္ေပးရဦးမွာလဲ" လို႔ ျပန္ေမးသတဲ့။

သူခိုးလူငယ္က ၿပဳံးလိုက္ၿပီး "မင္းမေအာင္ျမင္တာ ဘာဆန္းလို႔လဲ၊ ငါ့စကားမွ နားမေထာင္ဘဲ" လို႔ စကားစကာ ေလလြင့္လူငယ္ရဲ႕ အားနည္းခ်က္ ေတြကို ေျပာျပပါေတာ့တယ္။

နံပတ္တစ္၊ မင္းမွာ စည္းကမ္း မရွိဘူး။ မင္းဟာ အခ်ိန္မေ႐ြး ေနရာမေ႐ြး ခိုးခ်င္တဲ့အခ်ိ န္ခိုးတယ္၊ ခိုးခ်င္တဲ့ ေနရာက ခိုးခ်င္တဲ့ အိမ္မွာခိုးတယ္။ ဒါဟာ သူတို႔ကို ေၾကာက္လန႔္ေစတယ္။ မင္းဟာ အႏၲရာယ္ ရွိတယ္လို႔ သူတို႔က သတ္မွတ္ၾက မွာပဲေလ။

နံပတ္ႏွစ္၊ မင္းမွာ ႀကိဳးစားအားထုတ္မႈ မရွိဘူး။ စူးစမ္းလိုစိတ္ မရွိဘူး။ အားရင္ အိပ္ေနတယ္။ မင္းဟာ ဘာမွ မစူးစမ္းေတာ့ ဘာမွ မသိေတာ့ဘူးေပါ့။ ဒီေတာ့ ငါ မင္းကို သင္ေပးထားတဲ့ "ခင္ဗ်ားအေၾကာင္းေတြ ေဖာ္လိုက္ရမလား" ဆိုတဲ့ စကားကို သူတို႔ မေၾကာက္ၾကေတာ့ဘူး။ မင္းဘာမွမသိဘူး ဆိုတာကို သူတို႔က သိေနၾကတာကိုး။ ဒီေတာ့ အဲ့ဒီစကားဟာ မင္းအတြက္ မထိေရာက္ မေအာင္ျမင္ေတာ့ဘူး။

ေနာက္တခ်က္၊ မင္းက ကိုယ့္အလုပ္ကို တန္ဖိုးမထားဘူး၊ အလုပ္မရွိလို႔ ခိုးစားတယ္ လို႔ ေျပာတယ္။ တကယ္ေတာ့ အဲ့ဒါ အေခ်ာင္စိတ္ဓာတ္ပဲ။ အမွန္က အဲ့ဒီခိုးတာကိုက အလုပ္ပဲေလ။ မင္းဟာ ကိုယ့္အလုပ္ကို တန္ဖိုးထား ေလးစားတတ္မွသာ ေအာင္ျမင္မွာ။

ေနာက္ဆုံး အေရးႀကီးဆုံး တခ်က္ကေတာ့ မင္းဟာ ေက်းဇူးမသိတတ္ဘူး။ မင္းကို အစားအေသာက္ေတြ အဝတ္အစားေတြ အလြယ္တကူရေအာင္ လုပ္ေပးေနတဲ့ ပိုင္ရွင္ေတြကို နည္းနည္းေလးမွေတာင္ ေက်းဇူးမျပဳဘူး လို႔ ရွည္ရွည္ေဝးေဝး ျပန္ရွင္းျပလိုက္တယ္။

ေလလြင့္လူငယ္က အံ့ၾသေနၿပီး ဘယ္လို ေက်းဇူးျပဳသလဲ လို႔ ျပန္ေမးတယ္။ အဲ့ဒီမွာ သူခိုးလူငယ္က "ငါက ခိုးၿပီးျပန္လာလို႔ အိမ္ေရွ႕မွာ အမႈိက္ထုပ္ ေတြ႕ရင္ အဲ့ဒီအမႈိက္ထုပ္ကိုပါ ယူလာၿပီး စြန႔္ပစ္ေပးတယ္။ ေတြ႕တဲ့ အိမ္ေရွ႕မွာ အိပ္တယ္ ဆိုေပမယ့္ ငါအိပ္တဲ့ အိမ္ေရွ႕ကို ငါမအိပ္ခင္ သန႔္ရွင္းေအာင္ လွဲက်င္းေပးတယ္၊ အနည္းဆုံးေတာ့ ဘာမွ မလုပ္ေပးခဲ့ ရင္ေတာင္၊ ငါ့ေက်းဇူးရွင္ေတြ ဆိုၿပီး ထိုင္ဦးခ်ခဲ့တယ္"

သူခိုးလူငယ္ရဲ႕ စကားေတြကို ေလလြင့္လူငယ္ဟာ ပါးစပ္အေဟာင္းသားနဲ႔ နားေထာင္ေနခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ေခါင္းတဆတ္ဆတ္ ညိတ္ကာ "ဒီအလုပ္ဟာ ဒီေလာက္ ခက္ခဲ့တဲ့ အလုပ္လို႔ ငါမထင္ခဲ့တာ အမွန္ပဲ၊ ေနာက္ၿပီး ခိုးစားတဲ့ အလုပ္ကို ဒီလို စည္းကမ္းေတြ နည္းလမ္းေတြ က်င့္ဝတ္ေတြထားၿပီး ခိုးတာ ငါ့ဘဝမွာ မင္းတေယာက္ပဲ ျမင္ဖူးေသးတယ္" လို႔ ေျပာၿပီး ထြက္ခြာသြားပါတယ္။

သူခိုးလူငယ္ကေတာ့ ေလလြင့္လူငယ္ရဲ႕ ေနာက္ေက်ာကို အၿပဳံးနဲ႔ စိုက္ၾကည့္ရင္း "မင္း ထင္သေလာက္ လြယ္ေနရင္ ဒီၿမိဳ႕ေလးမွာ ဘယ္လိုလုပ္ၿပီး ငါတေယာက္တည္း ခိုးလို႔ ရေတာ့မွာလဲ" လို႔ တီးတိုးေရ႐ြတ္ရင္း က်န္ခဲ့ပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ သူခိုးေလးဆီက ပညာ သင္ယူႏိုင္ၾကပါေစ။

အရွင္ေကာသလႅ (ေရဦး)

Crd

phoomyatchal

Post a Comment

0 Comments