တခါတုန်းက သနပ်ခါးခြံကြီး တခြံ ရှိတယ်။ တနေ့တော့ ခြံပိုင်ရှင်ကြီးက ခြံစည်းရိုး ခတ်ရင်းနဲ့ သံဆူးကြိုးတွေကို သနပ်ခါးပင် တခုမှာ စုပြီး ချည်ထားမိ လိုက်တယ်။

လတွေ ချီပြီး နှစ်တွေ ကြာလာတော့ သနပ်ခါးပင် ကြီးလာတာနဲ့ အတူ သံဆူးကြိုးတွေ ဟာလည်း ပင်စည်ထဲကို ဖြည်းဖြည်းချင်း မြှုပ်ဝင် သွားကြပါတယ်။

ဒီလိုနဲ့ ရာသီဥတု ဖေါက်ပြန်ပြီး အပင်မှိုရောဂါ တမျိုးဟာ သနပ်ခါးခြံမှာ ပေါက်ဖွား ပျံ့နှံ့သွားပါတယ်။ မှိုစွဲကပ် ခံရတဲ့ အပင်တွေ အားလုံး ညှိုးနွမ်းကုန်ပြီး ရေဓါတ် ခန်းခြောက်ကာ သေကုန်ကြ ပါတယ်။

အပင်တွေ တဖြုတ်ဖြုတ်နဲ့ သေကုန်လိုက်ကြတာ တလအတွင်းမှာပဲ တခြံလုံး ထင်း ဖြစ်သွားပါတယ်။ ခြံပိုင်ရှင်လည်း စိတ်ပျက်လက်ပျက်နဲ့ ဒီအတိုင်း ပစ်ထားပြီး မြို့ပေါ် တက်သွားပါတယ်။

မိုးဦးဝင်တော့ ခြံရှင် ပြန်လာကြည့်တယ်။ ခြံပိုင်ရှင်ဟာ အပင်တပင်တည်း ရှင်သန်ပြီး အရွက်တွေနဲ့ စိမ်းစိုနေတာကို အံ့သြစွာနဲ့ တွေ့လိုက်ရတယ်။

ခြံရှင်လည်း သေချာ အနီးကပ် ကြည့်လိုက်တဲ့အခါ သံဆူးကြိုးတွေ မြုပ်ဝင်နေတဲ့ အပင် ဖြစ်နေပါတယ်။ နားလည်တဲ့သူကို ခေါ်ပြီး မေးကြည့်တော့မှ ဒီအပင် ရှင်သန်နေတာဟာ သံဆူးကြိုးတွေကြောင့် လို့ သိရတယ်။

သံဆူးကြိုးတွေ မြုပ်ဝင်သွားတော့ အပင်က သူ့ရဲ့ ကိုယ်ခံအားတွေ အလိုလို ထွက်လာပြီး တွန်းလှန်ပါတယ်။ ပြင်ပက ဝင်လာတဲ့ အရာတွေကို တွန်းလှန်နေရတော့ သူ့အလိုလို anti virus တွေ ထွက်လာပြီး မှိုရောဂါကို တိုက်ဖျက်သွားခြင်း ဖြစ်ပါတယ်။

သူ့ကို ဒဏ်ရာရစေတဲ့ သံဆူးကြိုးတွေကြောင့် ရှင်သန်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လောကကြီးကလည်း ဒီလိုပါပဲ။

လောကဓံ ဆိုတဲ့ သံဆူးကြိုးဒဏ်ကို နာကျင်အောင် ခံနေရပေမယ့်လည်း အဲ့ဒီဒဏ်ကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရင်တော့ ရှင်သန်ခြင်း၊ ကြီးထွားခြင်း၊ အောင်မြင်ခြင်းဆိုတဲ့ သုခချမ်းသာကို ခံစား စံစားရမှာပါ။

phoomyatchal

Zawgyi

ဒဏ္ရာေတြေပးသူကို ေက်းဇူးတင္ပါ

တခါတုန္းက သနပ္ခါးၿခံႀကီး တၿခံ ရွိတယ္။ တေန႔ေတာ့ ၿခံပိုင္ရွင္ႀကီးက ၿခံစည္း႐ိုး ခတ္ရင္းနဲ႔ သံဆူးႀကိဳးေတြကို သနပ္ခါးပင္ တခုမွာ စုၿပီး ခ်ည္ထားမိ လိုက္တယ္။

လေတြ ခ်ီၿပီး ႏွစ္ေတြ ၾကာလာေတာ့ သနပ္ခါးပင္ ႀကီးလာတာနဲ႔ အတူ သံဆူးႀကိဳးေတြ ဟာလည္း ပင္စည္ထဲကို ျဖည္းျဖည္းခ်င္း ျမႇဳပ္ဝင္ သြားၾကပါတယ္။

ဒီလိုနဲ႔ ရာသီဥတု ေဖါက္ျပန္ၿပီး အပင္မႈိေရာဂါ တမ်ိဳးဟာ သနပ္ခါးၿခံမွာ ေပါက္ဖြား ပ်ံ႕ႏွံ႔သြားပါတယ္။ မႈိစြဲကပ္ ခံရတဲ့ အပင္ေတြ အားလုံး ညႇိဳးႏြမ္းကုန္ၿပီး ေရဓါတ္ ခန္းေျခာက္ကာ ေသကုန္ၾက ပါတယ္။ အပင္ေတြ တျဖဳတ္ျဖဳတ္နဲ႔ ေသကုန္လိုက္ၾကတာ တလအတြင္းမွာပဲ တၿခံလုံး ထင္း ျဖစ္သြားပါတယ္။

ၿခံပိုင္ရွင္လည္း စိတ္ပ်က္လက္ပ်က္နဲ႔ ဒီအတိုင္း ပစ္ထားၿပီး ၿမိဳ႕ေပၚ တက္သြားပါတယ္။ မိုးဦးဝင္ေတာ့ ၿခံရွင္ ျပန္လာၾကည့္တယ္။ ၿခံပိုင္ရွင္ဟာ အပင္တပင္တည္း ရွင္သန္ၿပီး အ႐ြက္ေတြနဲ႔ စိမ္းစိုေနတာကို အံ့ၾသစြာနဲ႔ ေတြ႕လိုက္ရတယ္။

ၿခံရွင္လည္း ေသခ်ာ အနီးကပ္ ၾကည့္လိုက္တဲ့အခါ သံဆူးႀကိဳးေတြ ျမဳပ္ဝင္ေနတဲ့ အပင္ ျဖစ္ေနပါတယ္။ နားလည္တဲ့သူကို ေခၚၿပီး ေမးၾကည့္ေတာ့မွ ဒီအပင္ ရွင္သန္ေနတာဟာ သံဆူးႀကိဳးေတြေၾကာင့္ လို႔ သိရတယ္။

သံဆူးႀကိဳးေတြ ျမဳပ္ဝင္သြားေတာ့ အပင္က သူ႔ရဲ႕ ကိုယ္ခံအားေတြ အလိုလို ထြက္လာၿပီး တြန္းလွန္ပါတယ္။ ျပင္ပက ဝင္လာတဲ့ အရာေတြကို တြန္းလွန္ေနရေတာ့ သူ႔အလိုလို anti virus ေတြ ထြက္လာၿပီး မႈိေရာဂါကို တိုက္ဖ်က္သြားျခင္း ျဖစ္ပါတယ္။ သူ႔ကို ဒဏ္ရာရေစတဲ့ သံဆူးႀကိဳးေတြေၾကာင့္ ရွင္သန္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေလာကႀကီးကလည္း ဒီလိုပါပဲ။ ေလာကဓံ ဆိုတဲ့ သံဆူးႀကိဳးဒဏ္ကို နာက်င္ေအာင္ ခံေနရေပမယ့္လည္း အဲ့ဒီဒဏ္ကို ႀကံ့ႀကံ့ခံ တြန္းလွန္ႏိုင္ရင္ေတာ့ ရွင္သန္ျခင္း၊ ႀကီးထြားျခင္း၊ ေအာင္ျမင္ျခင္းဆိုတဲ့ သုခခ်မ္းသာကို ခံစား စံစားရမွာပါ။

phoomyatchal