အူမကြီးရောဂါတွေနဲ့ ဆက်စပ်နေတဲ့ ဝမ်းဗိုက်နာကျင်မှု (၇) မျိုး
ဝမ်းဗိုက်နာတာကို လူတိုင်း ကြုံဖူးကြပါတယ်။ ဝမ်းဗိုက်တစ်ဝိုက် နာလာရင် အရမ်းကို နေရခက်တာကြောင့် အခြားအရာတွေကိုတောင် အာရုံမစိုက်နိုင် ကြတော့ပါဘူး။ ဒီနေ့မှာတော့ မပေါ့ဆသင့်တဲ့ ဝမ်းဗိုက်နာခြင်းရဲ့လက္ခဏာတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ ဝမ်းဗိုက်တစ်ဝိုက် နာကျင်ခြင်း
အစားမှားရင် ဝမ်းဗိုက်တစ်ဝိုက် အရမ်းနာပါတယ်။ ဒါပေမယ့် ဗိုက်အောက်ပိုင်းက ခဏခဏနာနေတယ် ဆိုရင် အူမကြီးရောင်ရမ်းတာ၊ အူလမ်းကြောင်းနာရောဂါ၊ အူအတွင်း အိတ်ငယ်များရောင်ရမ်းခြင်းနဲ့ ကင်ဆာတွေ ဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။
၂။ ဝမ်းချူပ်ခြင်း
သင်က မကြာခဏ ဝမ်းချုပ်နေရင်၊ ဒါမှမဟုတ် အရမ်းကို နာကျင်နေရင် အူအတွင်းအိတ်ငယ်လေးတွေ ရောင်ရမ်းတာ ဖြစ်နိုင်ပါတယ်။ သူ့ရဲ့လက္ခဏာတွေက ဝမ်းလျှောတာ၊ လေပွတာနာတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ တစ်ခါတရံမှာ အစားအသောက်နဲ့ ကုသလို့ရပေမယ့် ရောဂါကို ကြာကြာဆွဲထားရင် ခွဲစိတ်ဖို့ လိုအပ်တတ်ပါတယ်။
၃။ ဝမ်းလျှောခြင်း
အစာစုပ်ယူမှု အားနည်းတဲ့ရောဂါ၊ အူအတွင်း အိတ်ငယ်လေးတွေ ရောင်ရမ်းတဲ့ရောဂါ စတဲ့အူမကြီးရောဂါတွေက ဝမ်းလျှောတာနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဝမ်းလျှောတာက ၂၄ နာရီထက် ပိုကြာနေပြီ ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၄။ ဝမ်းသွားတဲ့အခါ သွေးပါခြင်း
ဝမ်းသွားတဲ့အခါ သွေးစတွေ၊ သွေးမည်းတွေပါရင်၊ သွေးဝမ်းလျှောရင် ဆရာဝန်နဲ့ တတ်နိုင်သမျှ မြန်မြန် ပြသသင့်ပါတယ်။ Crohn's ရောဂါ၊ အူလမ်းကြောင်းနာ ရောဂါနဲ့ ကင်ဆာရောဂါတွေဖြစ်တဲ့အခါ ဝမ်းသွားရင် သွေးပါလာတတ်ပါတယ်။
၅။ ပုံမှန်မဟုတ်တဲ့ မစင်ပုံစံ
ဝမ်းသွားတဲ့ ပုံစံတွေကနေလည်း ရောဂါတွေကို သိနိုင်ပါတယ်။ ခဲတံလို သေးရှည်ရှည်လေးတွေက ကင်ဆာကို ညွှန်ပြနေတာပါ။ နီညိုရောင်ရင့်ရင့် ဆိုရင် အစာအိမ် အူလမ်းကြောင်းထဲမှာ သွေးထွက်နေပါတယ်။ အရောင်ကဖျော့ပြီး ဆီတွေပါနေရင် အူမက အဆီကို မစုပ်ယူနိုင်တာကို ဖော်ပြနေပါတယ်။ အဲဒါကြောင့် ပုံမှန်မဟုတ်တဲ့ မစင်ပုံစံတွေကို တွေ့တာနဲ့ ဆရာဝန်ကို အမြန်ဆုံး ပြသသင့်ပါတယ်။
၆။ လေလည်ခြင်း
လေက အရမ်းလည်ပြီး အနံ့က အရမ်းပြင်းနေရင် အူမက အစာကို သေချာမချေနိုက်တာ၊ မစုပ်ယူနိုင်တာပါ။ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ ဂျုံနှင့်ပြုလုပ်သော မုန့်များ၊ ဒိန်ခဲ၊ ဆီးသီးခြောက်၊ သစ်တော်သီးတို့ စားပြီးတဲ့အခါလည်း လေလည်ရင် အနံ့က ပြင်းတတ်ပါတယ်။
၇။ အားအင်ကုန်ခမ်းခြင်း
အူမက ကောင်းကောင်း အလုပ် မလုပ်တဲ့အခါ ခန္ဓာကိုယ်မှာ အာဟာရ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ နည်းပါးလာပါတယ်။ အဲဒီအခါ ပင်ပန်းနွမ်းနယ်ပြီး အိပ်မပျော်တာတွေ ခံစားလာရပါတယ်။ အိမ်မှာ ပုံမှန်နေနေရင်းနဲ့ ရုတ်တရက် ပင်ပန်းနွမ်းနယ်လာရင် အူမကြီးနဲ့ဆိုင်တဲ့ ရောဂါဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
အူမကြီးကျန်းမာရေး ကောင်းဖို့ဆိုရင် အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။ အသား၊ ဆီကြော်အစားအစာ၊ သကြား၊ အရက်၊ ကော်ဖီတို့ကိုတော့ လျှော့ပြီး စားသောက်သင့်ပါတယ်။ ဆေးလိပ်ကို ဖြတ်ပြီး ရေများများ သောက်တဲ့အကျင့်က အူမကြီးကို ကျန်းမာစေမှာပါ။
Zombie (lovemedia)
for zawgyi
၂။ ဝမ်းချူပ်ခြင်း
၃။ ဝမ်းလျှောခြင်း
၆။ လေလည်ခြင်း
၇။ အားအင်ကုန်ခမ်းခြင်း
Zombie (lovemedia)
Post a Comment
0 Comments