ချွေးထွက်ခြင်း (၅) မျိုးကနေ သိနိုင်မယ့် ခန္ဓာကိုယ်ကျန်းမာရေး

ချွေးထွက်တာက ခန္ဓာကိုယ်အပူချိန် ညီမျှအောင် ကူညီပေးပါတယ်။ စိတ်အခြေအနေ၊ ကျန်းမာရေးအခြေအနေ၊ ကိုယ်ခန္ဓာ လှုပ်ရှားမှုအပေါ် မူတည်ပြီး ချွေးထွက် လာပါတယ်။ သင်က တောင်မတက်ဘဲ ချွေးတွေ အရမ်းထွက်နေရင် ဒါက ခန္ဓာကိုယ်မှာ ကျန်းမာရေး ပြဿနာတစ်ခုခု ဖြစ်နေလို့ပါ။ အဲဒါကြောင့် ခန္ဓာကိုယ် ကျန်းမာရေးကို သတိထားနိုင်အောင် ချွေးထွက်ပုံတွေကို love media ကနေ ဖော်ပြပေးလိုက် ပါတယ်နော်။

၁။ အလွန်ငန်သော ချွေး

ချွေးက ငန်တာ မထူးဆန်းပေမယ့် အဲဒီချွေးက မျက်လုံးနဲ့ အရေပြားကို စပ်ဖျင်းဖျင်း ဖြစ်လောက်အောင် ငန်နေမယ်ဆိုရင် သင့်မှာ ဆိုဒီယမ် ချို့တဲ့နေတာပါ။ သင့်ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်ချို့တဲ့နေရင် ရေဓါတ်ခန်းခြောက် လာပါတယ်။ အဲဒီအခါ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ကို မြင့်လာစေမယ့် အားဖြည့် အချိုရည်တွေကို သောက်လို့ရပါတယ်။

၂။ ချွေးထွက်တယ် ဆိုရုံမျှသာ ထွက်ခြင်း

လှုပ်လှုပ်ရှားရှား နေတဲ့အခါ၊ ရာသီဥတုပူတဲ့အခါ ချွေးက ထွက်ပါတယ်။ ဒါပေမယ့် ချွေးက ထွက်တယ်ဆိုရုံ နည်းနည်းလေးပဲ ထွက်ရင်တော့ ပုံမှန်မဟုတ်ပါဘူး။ အဲဒါကို anhidrosis လို့ခေါ်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။

၃။ အလွန်အမင်း ချွေးထွက်ခြင်း

လိုတာထက်ပိုပြီး ချွေးတွေ အလွန်အမင်း ထွက်တာကိုလည်း မမေ့ထားသင့်ပါဘူးနော်။ အဲဒါကို hyperhidrosis လို့ခေါ်ပြီး အေးတဲ့ရာသီဥတု တွေမှာတောင် ချွေးက အရမ်းထွက်နေတာပါ။ အမျိုးသမီးတွေ သွေးဆုံးချိန်မှာလည်း ချွေးတွေက အလွန်ထွက်တတ်ပါတယ်။ ချွေးတွေထွက်ပြီး ကိုယ်အလေးချိန်လျော့သွားရင်၊ အိပ်နေတုန်း ချွေးတွေအရမ်း ထွက်နေရင်၊ ရင်ဘတ်မှာ ဖိအားတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

၄။ အနံ့အသက် မကောင်းသောချွေး

ချွေးက တကယ်တော့ အနံ့မရှိပါဘူး။ အရေပြားပေါ်က ဘက်တီးရီးယားတွေနဲ့ ချွေးတွေ ရောသွားတဲ့အခါ အနံ့အသက် မကောင်းတဲ့ ချွေးဖြစ်သွားပါတယ်။ အစားအသောက်၊ ပတ်ဝန်းကျင်၊ ဆေးဝါးတွေကြောင့် ချွေးနံ့ကလည်း ပြောင်းလဲသွားပါတယ်။

၅။ ကိုယ်ဝန်ဆောင်ချိန် ချွေးထွက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်အချိန်တွေထက် ချွေးပိုထွက်ပါတယ်။ ခန္ဓာကိုယ်ရဲ့အနံ့ကလည်း ပြောင်းသွားပါတယ်။ အဲဒီအချိန်မှာ နှာခေါင်းက အနံ့ခံအာရုံကလည်း သာမန်အချိန်ထက် အားကောင်းနေတတ်ပါတယ်။

ချွေးထွက်တာနည်းဖို့၊ ချွေးနံ့မပြင်းဖို့ ရေများများ သောက်တာ၊ နေ့တိုင်း ရေချိုးတာ၊ ပွပွချောင်ချောင် အဝတ်အစားတွေကို ဝတ်တာ၊ ပူပူစပ်စပ် အစားအစာတွေကို ရှောင်တာက အထိရောက်ဆုံးပါပဲ။

Zombie (lovemedia)

for zawgyi

ေခြၽးထြက္ျခင္း (၅) မ်ိဳးကေန သိႏိုင္မယ့္ ခႏၶာကိုယ္က်န္းမာေရး

ေခြၽးထြက္တာက ခႏၶာကိုယ္အပူခ်ိန္ ညီမွ်ေအာင္ ကူညီေပးပါတယ္။ စိတ္အေျခအေန၊ က်န္းမာေရးအေျခအေန၊ ကိုယ္ခႏၶာ လႈပ္ရွားမႈအေပၚ မူတည္ၿပီး ေခြၽးထြက္ လာပါတယ္။ သင္က ေတာင္မတက္ဘဲ ေခြၽးေတြ အရမ္းထြက္ေနရင္ ဒါက ခႏၶာကိုယ္မွာ က်န္းမာေရး ျပႆနာတစ္ခုခု ျဖစ္ေနလို႔ပါ။ အဲဒါေၾကာင့္ ခႏၶာကိုယ္ က်န္းမာေရးကို သတိထားႏိုင္ေအာင္ ေခြၽးထြက္ပုံေတြကို love media ကေန ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္။

၁။ အလြန္ငန္ေသာ ေခြၽး

ေခြၽးက ငန္တာ မထူးဆန္းေပမယ့္ အဲဒီေခြၽးက မ်က္လုံးနဲ႔ အေရျပားကို စပ္ဖ်င္းဖ်င္း ျဖစ္ေလာက္ေအာင္ ငန္ေနမယ္ဆိုရင္ သင့္မွာ ဆိုဒီယမ္ ခ်ိဳ႕တဲ့ေနတာပါ။ သင့္ခႏၶာကိုယ္ထဲမွာ ဆိုဒီယမ္ခ်ိဳ႕တဲ့ေနရင္ ေရဓါတ္ခန္းေျခာက္ လာပါတယ္။ အဲဒီအခါ ဆိုဒီယမ္နဲ႔ ပိုတက္ဆီယမ္ကို ျမင့္လာေစမယ့္ အားျဖည့္ အခ်ိဳရည္ေတြကို ေသာက္လို႔ရပါတယ္။

၂။ ေခြၽးထြက္တယ္ ဆို႐ုံမွ်သာ ထြက္ျခင္း

လႈပ္လႈပ္ရွားရွား ေနတဲ့အခါ၊ ရာသီဥတုပူတဲ့အခါ ေခြၽးက ထြက္ပါတယ္။ ဒါေပမယ့္ ေခြၽးက ထြက္တယ္ဆို႐ုံ နည္းနည္းေလးပဲ ထြက္ရင္ေတာ့ ပုံမွန္မဟုတ္ပါဘူး။ အဲဒါကို anhidrosis လို႔ေခၚၿပီး ခႏၶာကိုယ္ တစ္ခုလုံးကို ထိခိုက္ေစႏိုင္ပါတယ္။

၃။ အလြန္အမင္း ေခြၽးထြက္ျခင္း

လိုတာထက္ပိုၿပီး ေခြၽးေတြ အလြန္အမင္း ထြက္တာကိုလည္း မေမ့ထားသင့္ပါဘူးေနာ္။ အဲဒါကို hyperhidrosis လို႔ေခၚၿပီး ေအးတဲ့ရာသီဥတု ေတြမွာေတာင္ ေခြၽးက အရမ္းထြက္ေနတာပါ။ အမ်ိဳးသမီးေတြ ေသြးဆုံးခ်ိန္မွာလည္း ေခြၽးေတြက အလြန္ထြက္တတ္ပါတယ္။ ေခြၽးေတြထြက္ၿပီး ကိုယ္အေလးခ်ိန္ေလ်ာ့သြားရင္၊ အိပ္ေနတုန္း ေခြၽးေတြအရမ္း ထြက္ေနရင္၊ ရင္ဘတ္မွာ ဖိအားေတြ ျဖစ္လာရင္ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

၄။ အနံ႔အသက္ မေကာင္းေသာေခြၽး

ေခြၽးက တကယ္ေတာ့ အနံ႔မရွိပါဘူး။ အေရျပားေပၚက ဘက္တီးရီးယားေတြနဲ႔ ေခြၽးေတြ ေရာသြားတဲ့အခါ အနံ႔အသက္ မေကာင္းတဲ့ ေခြၽးျဖစ္သြားပါတယ္။ အစားအေသာက္၊ ပတ္ဝန္းက်င္၊ ေဆးဝါးေတြေၾကာင့္ ေခြၽးနံ႔ကလည္း ေျပာင္းလဲသြားပါတယ္။

၅။ ကိုယ္ဝန္ေဆာင္ခ်ိန္ ေခြၽးထြက္ျခင္း

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ သာမန္အခ်ိန္ေတြထက္ ေခြၽးပိုထြက္ပါတယ္။ ခႏၶာကိုယ္ရဲ႕အနံ႔ကလည္း ေျပာင္းသြားပါတယ္။ အဲဒီအခ်ိန္မွာ ႏွာေခါင္းက အနံ႔ခံအာ႐ုံကလည္း သာမန္အခ်ိန္ထက္ အားေကာင္းေနတတ္ပါတယ္။

ေခြၽးထြက္တာနည္းဖို႔၊ ေခြၽးနံ႔မျပင္းဖို႔ ေရမ်ားမ်ား ေသာက္တာ၊ ေန႔တိုင္း ေရခ်ိဳးတာ၊ ပြပြေခ်ာင္ေခ်ာင္ အဝတ္အစားေတြကို ဝတ္တာ၊ ပူပူစပ္စပ္ အစားအစာေတြကို ေရွာင္တာက အထိေရာက္ဆုံးပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments