ကိုးရိုးကားယားဘုရင်

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ ဘုရင်ကြီးတပါး ရှိတယ်။ အဲဒီဘုရင်ကြီးက ပညာရှိရွေးပွဲ လုပ်မယ် ဆိုပြီး နန်းတော်ဥယျာဉ်ထဲမှာ တိုင်တတိုင် စိုက်၊ တိုင်မှာ ကန့်လန့်တန်း သုံးချောင်း ရိုက်ခိုင်းထားတယ်။ သူကိုယ်တိုင်က အလယ်တန်းမှာ ကားယားခွပြီး ထိုင်နေတယ်။

ပညာရှိလောင်း တယောက်ကို ရှေ့တော် သွင်းလိုက်တော့ ဘုရင်က မေးခွန်းမေးတော့တယ်။ "မောင်မင်း၊ ငါကိုယ်တော်မြတ် ခုထိုင်နေတဲ့ အဆင့်ကနေ အထက်ကို တက်မှာလား၊ အောက်ကို ဆင်းမှာလား၊ ဖြေစမ်း" လို့ မေးတယ်။

ဒီတော့ ပညာရှိလောင်းကလည်း တွေးတွေးဆဆ၊ ဖေးဖေးမမနဲ့ "မှန်လှပါ၊ အရှင်မင်းကြီး၏ ဘုန်းတော်မှာ အတိုင်းမသိ တိုးတက်နေသည် ဖြစ်ရာ အရှင်မင်းကြီးသည် အထက်သို့ လှမ်းတက်မည် ဖြစ်ကြောင်းပါ ဘုရား" လို့ လက်အုပ်ချီပြီး လျှောက်တယ်။

ဒီအခါမှာ ဘုရင်ကြီးက ကပျာကယာ အောက်ဆင့်ကို လှမ်းဆင်းပြီး "မှားတယ်၊ ငါကိုယ်တော်က အောက်ကိုဆင်းမှာ" လို့ ပြောပြီး ပညာရှိလောင်းကို သတ်စေ လို့ အမိန့်တော် မှတ်လိုက်တယ်။

ဒါနဲ့ နောက်ပညာရှိလောင်း တဦးကို ရှေ့တော် သွင်းစေ ပြန်တယ်။ ဒီအခါမှာလည်း ဘုရင်က အလယ်ဆင့်မှာ ကားယားခွရင်း သူအပေါ်တက်မှာလား၊ အောက်ဆင်းမှာလား လို့ မေးပြန်တယ်။ နောက်လူလည်း အရင်လူ ခံသွားရတာမို့ ချင့်ချိန် နှိုင်းဆပြီ

"မှန်လှပါ ဘုရား၊ ဘုန်းတော်ကြောင့် အရှင်မင်းကြီးသည် ဆင်ခြင်တုံ့တရား လက်ကိုင်ထားလျက် သင်္ခါရတရားကို နှလုံးသွင်း တတ်သူဖြစ်ရာ အထက်သို့ တက်ရန် မမျှော်မှန်း၊ အောက်ဆင့်သို့ သာလှမ်းမည်ဖြစ်" လို့ စကားမှ မဆုံးသေးခင် ဘုရင်ကြီးက သုတ်ခနဲ အပေါ်ဆင့်ကို တက်လိုက်ပြီး "အောင်မယ်၊ ငါကိုယ်တော်က အထက်သို့သာ တက်မှာ၊ ဘာလို့ အောက်ဆင်းရမှာလဲ၊ သတ်စေ" လို့ မိန့်တော်မူတယ်။

ဒါနဲ့ပညာရှိ အရွေးခံမယ့်သူ မရှိပဲ ဖြစ်နေတုန်း ထီးသုံးနန်းသုံး စကားတွေ ဘာတွေ နားမလည်တဲ့ တောကျေးလက်က အဘိုးကြီး တယောက်က မယောင်မလည်နဲ့ နန်းဥယျာဉ်ထဲ ရောက်လာတယ်။

တိုင်ပေါ်မှာ ကားယားခွနေတဲ့ ဘုရင်ကို မြင်ရကတည်းက အဘိုးကြီးမျက်စိထဲ သိပ် အချိုးမတိုးဘူး။ မေးမြန်းကြည့်လိုက် တော့လည်း အကျိုးအကြောင်းတော့ ပြောပါရဲ့။ ဒါပေမယ့် သူ့ကိုပါ ပညာရှိလောင်း အဖြစ် ဝင်ရွေးခံရမယ် ဆိုပြီး အတင်းရှေ့တော် ပို့လိုက်တယ်။

ဘုရင်ကလည်း သူ့ရှေ့လူ ရောက်လာတာနဲ့ "ငါကိုယ်တော် လက်ရှိ အဆင့်ကနေ အထက်တက်မှာလား၊ အောက်ဆင်းမှာလား" လို့ မေးလိုက်တယ်။ ဒီတခါ အဘိုးကြီးက သိပ်မတွေးမနေဘဲ မျက်မှောင်ကြုတ် ကြည့်ပြီး ပြန်မေးလိုက်တယ်။

"ဟဲ့ ဒီတိုင်းပြည်မှာ နင်က ရှင်ဘုရင် မဟုတ်လား" တဲ့။ ဘုရင်က ဟုတ်ပါတယ်လို့ ပြန်ဖြေတယ်။ အဘိုးကြီးကလည်း "ဟေ၊ ရှင်ဘုရင်ဆို နင့်ဟာနင် တက်ချင်တက်၊ ဆင်းချင်ဆင်း နင့်သဘောပေါ့။ အရေးလုပ်ပြီး ဘယ်သူ့ လျှောက်မေးနေစရာ လိုလို့လဲ" ဆိုပြီး တချီတည်း ပိတ်ပြောပစ်လိုက်တယ်။

ဒါနဲ့ ဘုရင်ကလည်း အဘိုးကြီးကို သတ်စေ ဆိုတဲ့ အမိန့်မပေးနိုင်ဘဲ ပညာရှိပါပေတယ်လို့ လက်ခံလိုက်ရလေတော့တယ်။

မြင့်စိုးလှိုင် စကားနောက်တရားပါ စာအုပ်မှ

Zawgyi

ကိုးရိုးကားယားဘုရင္

ဟိုးေရွးေရွးတုန္းက တိုင္းျပည္တျပည္မွာ ဘုရင္ႀကီးတပါး ရွိတယ္။ အဲဒီဘုရင္ႀကီးက ပညာရွိေ႐ြးပြဲ လုပ္မယ္ ဆိုၿပီး နန္းေတာ္ဥယ်ာဥ္ထဲမွာ တိုင္တတိုင္ စိုက္၊ တိုင္မွာ ကန႔္လန႔္တန္း သုံးေခ်ာင္း ႐ိုက္ခိုင္းထားတယ္။ သူကိုယ္တိုင္က အလယ္တန္းမွာ ကားယားခြၿပီး ထိုင္ေနတယ္။

ပညာရွိေလာင္း တေယာက္ကို ေရွ႕ေတာ္ သြင္းလိုက္ေတာ့ ဘုရင္က ေမးခြန္းေမးေတာ့တယ္။ "ေမာင္မင္း၊ ငါကိုယ္ေတာ္ျမတ္ ခုထိုင္ေနတဲ့ အဆင့္ကေန အထက္ကို တက္မွာလား၊ ေအာက္ကို ဆင္းမွာလား၊ ေျဖစမ္း" လို႔ ေမးတယ္။

ဒီေတာ့ ပညာရွိေလာင္းကလည္း ေတြးေတြးဆဆ၊ ေဖးေဖးမမနဲ႔ "မွန္လွပါ၊ အရွင္မင္းႀကီး၏ ဘုန္းေတာ္မွာ အတိုင္းမသိ တိုးတက္ေနသည္ ျဖစ္ရာ အရွင္မင္းႀကီးသည္ အထက္သို႔ လွမ္းတက္မည္ ျဖစ္ေၾကာင္းပါ ဘုရား" လို႔ လက္အုပ္ခ်ီၿပီး ေလွ်ာက္တယ္။

ဒီအခါမွာ ဘုရင္ႀကီးက ကပ်ာကယာ ေအာက္ဆင့္ကို လွမ္းဆင္းၿပီး "မွားတယ္၊ ငါကိုယ္ေတာ္က ေအာက္ကိုဆင္းမွာ" လို႔ ေျပာၿပီး ပညာရွိေလာင္းကို သတ္ေစ လို႔ အမိန႔္ေတာ္ မွတ္လိုက္တယ္။

ဒါနဲ႔ ေနာက္ပညာရွိေလာင္း တဦးကို ေရွ႕ေတာ္ သြင္းေစ ျပန္တယ္။ ဒီအခါမွာလည္း ဘုရင္က အလယ္ဆင့္မွာ ကားယားခြရင္း သူအေပၚတက္မွာလား၊ ေအာက္ဆင္းမွာလား လို႔ ေမးျပန္တယ္။ ေနာက္လူလည္း အရင္လူ ခံသြားရတာမို႔ ခ်င့္ခ်ိန္ ႏႈိင္းဆၿပီ

"မွန္လွပါ ဘုရား၊ ဘုန္းေတာ္ေၾကာင့္ အရွင္မင္းႀကီးသည္ ဆင္ျခင္တုံ႔တရား လက္ကိုင္ထားလ်က္ သခၤါရတရားကို ႏွလုံးသြင္း တတ္သူျဖစ္ရာ အထက္သို႔ တက္ရန္ မေမွ်ာ္မွန္း၊ ေအာက္ဆင့္သို႔ သာလွမ္းမည္ျဖစ္" လို႔ စကားမွ မဆုံးေသးခင္ ဘုရင္ႀကီးက သုတ္ခနဲ အေပၚဆင့္ကို တက္လိုက္ၿပီး "ေအာင္မယ္၊ ငါကိုယ္ေတာ္က အထက္သို႔သာ တက္မွာ ဘာျပဳလို႔ ေအာက္ဆင္းရမွာလဲ၊ သတ္ေစ" လို႔ မိန႔္ေတာ္မူတယ္။

ဒါနဲ႔ပညာရွိ အေ႐ြးခံမယ့္သူ မရွိပဲ ျဖစ္ေနတုန္း ထီးသုံးနန္းသုံး စကားေတြ ဘာေတြ နားမလည္တဲ့ ေတာေက်းလက္က အဘိုးႀကီး တေယာက္က မေယာင္မလည္နဲ႔ နန္းဥယ်ာဥ္ထဲ ေရာက္လာတယ္။

တိုင္ေပၚမွာ ကားယားခြေနတဲ့ ဘုရင္ကို ျမင္ရကတည္းက အဘိုးႀကီးမ်က္စိထဲ သိပ္ အခ်ိဳးမတိုးဘူး။ ေမးျမန္းၾကည့္လိုက္ ေတာ့လည္း အက်ိဳးအေၾကာင္းေတာ့ ေျပာပါရဲ႕။ ဒါေပမယ့္ သူ႔ကိုပါ ပညာရွိေလာင္း အျဖစ္ ဝင္ေ႐ြးခံရမယ္ ဆိုၿပီး အတင္းေရွ႕ေတာ္ ပို႔လိုက္တယ္။

ဘုရင္ကလည္း သူ႔ေရွ႕လူ ေရာက္လာတာနဲ႔ "ငါကိုယ္ေတာ္ လက္ရွိ အဆင့္ကေန အထက္တက္မွာလား၊ ေအာက္ဆင္းမွာလား" လို႔ ေမးလိုက္တယ္။ ဒီတခါ အဘိုးႀကီးက သိပ္မေတြးမေနဘဲ မ်က္ေမွာင္ၾကဳတ္ ၾကည့္ၿပီး ျပန္ေမးလိုက္တယ္။

"ဟဲ့ ဒီတိုင္းျပည္မွာ နင္က ရွင္ဘုရင္ မဟုတ္လား" တဲ့။ ဘုရင္က ဟုတ္ပါတယ္လို႔ ျပန္ေျဖတယ္။ အဘိုးႀကီးကလည္း "ေဟ၊ ရွင္ဘုရင္ဆို နင့္ဟာနင္ တက္ခ်င္တက္၊ ဆင္းခ်င္ဆင္း နင့္သေဘာေပါ့။ အေရးလုပ္ၿပီး ဘယ္သူ႔ ေလွ်ာက္ေမးေနစရာ လိုလို႔လဲ" ဆိုၿပီး တခ်ီတည္း ပိတ္ေျပာပစ္လိုက္တယ္။

ဒါနဲ႔ ဘုရင္ကလည္း အဘိုးႀကီးကို သတ္ေစ ဆိုတဲ့ အမိန႔္မေပးႏိုင္ဘဲ ပညာရွိပါေပတယ္လို႔ လက္ခံလိုက္ရေလေတာ့တယ္။

ျမင့္စိုးလႈိင္ စကားေနာက္တရားပါ စာအုပ္မွ

Post a Comment

0 Comments