သူရဲကောင်း ရှဉ့်ညိုလေး

တခါတုန်းက ရေခဲပြင် ဖုံးလွှမ်းနေတဲ့ တောင်ကြီးတတောင် ရှိပြီး အဲဒီတောင်ပေါ်မှာ ထင်းရှူးတောအုပ်တွေလည်း မြောက်များစွာ ပေါက်နေသတဲ့။ အဲဒီတောအုပ်ထဲမှာ ရှဉ့်မိသားစုဟာ နေထိုင်ကြတာပေါ့။ ရှဉ့်အမေကြီးဟာ သူ့သား လေးကောင်ဖြစ်တဲ့ ရှဉ့်ဖြူကွက်၊ ရှဉ့်ညိုလေး၊ ရှဉ့်နီလေး၊ ရှဉ့်နက်ကြားလေး တို့ကိုလည်း အမြဲဆုံးမ သြဝါဒ ပေးတတ်တာ ပေါ့ကွယ်။

တနေ့ ရှဉ့်အမေကြီးက သူ့သားလေးကောင်အား "သားတို့ အခုဆို ဆောင်းတွင် ပြန်ရောက်တော့မယ်၊ ရာသီဥတု ဒဏ်ခံနိုင် အောင် မေမေတို့ အိမ်လေးတအိမ် ဆောက်ထားမှ ဖြစ်မယ်။ ဒီတော့ မြန်မြန်နဲ့ ခိုင်ခိုင်ခံ့ခံ့ ဖြစ်သွားအောင် သားတို့လည်း ဝိုင်းကူပြီး ဆောက်ကြနော်။ ဒါမှ အမေတို့ မိသားစု အတွက် စိတ်ချရမှာ"

"ကောင်းပါပြီ မေမေ၊ သားတို့ ဝိုင်းကူပေးပါ့မယ်"

ရှဉ့်လေးကောင်ဟာ သူ့အမေနဲ့ အတူ တက်တက်ကြွကြွနဲ့ သစ်ကိုင်းတွေ ခုတ်တဲ့သူက ခုတ်၊ အိမ်ဆောက်တဲ့သူက ဆောက်နဲ့။ သူတို့အိမ်လေးဟာ ထင်းရှူးတောအုပ်ကြီး ထဲက အကြီးဆုံး ထင်းရှူးပင်ကြီး အပေါ်မှာ လှလှပပ ခန့်ညား ပေါ်ထွက်လာတယ်။ ရှဉ့်ဖြူကွက်ဟာ သူတို့ အိမ်အမိုးပေါ်ကို နှင်းတွေ ထပ်တင်တဲ့အခါ ရေခဲအဖြူရောင် အိမ်လေး ဖြစ်ပေါ်လာသတဲ့။

ရှဉ့်အမေကြီးနဲ့ သူ့သားလေးကောင်ဟာလည်း သူတို့ရဲ့ လှပတဲ့အိမ်လေးကို ကြည့်ပြီး ပီတိဖြာနေတာပေါ့။ ရှဉ့်ညိုလေးက "မေမေ သားတို့အိမ်လေးက လှလိုက်တာ ဆောင်းတွင်းဆို နွေးနေမှာပေါ့နော်"

"ဒါပေါ့ သားရဲ့ ဒါဟာ မေမေတို့ မိသားစုရဲ့ စည်းလုံးညီညွတ်မှု အင်အားပေါ့။ ဒီတော့ သားတို့ မှတ်ထားကြနော်၊ စည်းလုံးညီညွတ်ရင် ဘယ်အရာမဆို အားလုံး အောင်မြင်နိုင်တယ်။ ဒါကြောင့် အမြဲတမ်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေကြ"

"စိတ်ချပါ မေမေ သားတို့ တယောက်ပေါ် တယောက် အရမ်းချစ်ခင်ပြီး သွေးမကွဲပါဘူး"

"သိပ်တော် သိပ်လိမ္မာတဲ့ ကလေးတွေပဲ။ ကဲ သားတို့ ကစားချင်ရင် သွားကစားကြ။ ဒါပေမဲ့ အဝေးကြီးကို သွားမကစား ကြနဲ့နော်၊ ထင်းရှူးတောနဲ့ သိပ်ဝေးတဲ့ နေရာကို မသွားကြနဲ့၊ မေမေတို့ ရှဉ့်ဆိုတာ ဘေးအန္တရာယ် ကာကွယ် လွတ်ကင်းတာ၊ သစ်ပင်နဲ့ သိပ်ဝေးတဲ့ နေရာမှာ သွားမဆော့ကြနဲ့နော်"

"ဟုတ်ကဲ့ မေမေ သားတို့သွားဆော့ လိုက်ဦးမယ်နော်"

ရှဉ့်လေး လေးကောင်လည်း ပျော်ရွှင်စွာ သစ်ပင်ပေါ်မှာ တကောင်နဲ့ တကောင် ပြေးတမ်းလိုက်တမ်း ကစားကြသတဲ့။ ရှဉ့် နီလေးက "ဟိတ် ငါတို့အိမ်လေးက လှလိုက်တာကွာ၊ ငါတို့လေးယောက် တယောက်နဲ့ တယောက် ဘယ်သူ ဆောက်လုပ်ရေးတော်လဲ ဆိုတာ ပြိုင်ကြရအောင်၊ ရေခဲပင်ထိပ်ကို သွားပြီး ကိုယ့်ပုံကို ကိုယ် နှင်းခဲတွေနဲ့ ပြိုင်ဆောက်ရအောင်"

ရှဉ့်နက်ကျားလေးကလည်း "ကောင်းတယ်လေ ဘယ်သူပိုတော်လဲ ဆိုတာ ပြိုင်ကြမယ်၊ ဟိတ် ညိုလေးနဲ့ ဖြူကွက် မင်းတို့ သဘောတူလား"

ဖြူကွက်က "ကောင်းတယ်၊ ကောင်းတယ် ပြိုင်မယ်ဟေ့"

ရှဉ့် ညိုလေးကမူ စဉ်းစားဟန်ဖြင့် ငြိမ်နေပြီ "ဖြစ်ပါ့မလားကွ တို့ ရေခဲပင်ထိပ်ကို သွားရင် တို့တောအုပ်နဲ့ အရမ်းဝေးသွားပြီကွ၊ တခုခု အန္တရာယ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ၊ မေမေပြောထားတယ် မမှတ်မိတော့ဘူးလား"

"မဖြစ်ပါဘူး ညိုလေးရာ သိပ်မစိုးရိမ်ပါနဲ့ ငါတို့ အရမ်းပြိုင်ချင်လှပြီ လာပါ လိုက်ခဲ့စမ်းပါ ညိုလေးရာ"

ရှဉ့်ညိုလေး လည်း မလိုက်ချင်သော်လည်း ညီအကို များကို စိတ်မချသဖြင့် လိုက်သွားတော့ တာပေါ့ကွယ်။ ရေခဲပြင်ထိပ်ကို ရောက်တော့ ရှဉ့်နီလေးက "ဟိတ် ငါတို့ ဒီမှာပြိုင်ကြမယ်။ အလှဆုံးပုံနဲ့ အရင်ဆုံး ပြီးတဲ့လူက နိုင်မယ်နော်"

နီလေး၊ နက်ကြားနဲ့ ဖြူကွက်မှာ စိတ်ဝင်စားကာ နှင်းခဲများနှင့် ကိုယ့်ပုံကို ဖော်နေကြသော်လည်း ညိုလေးမှာ ရေခဲပင်ထိပ်မှ ဟိုကြည့်သည်ကြည့်ဖြင့် ကင်းစောင့်နေတာပေါ့ကွယ်။

ထိုအချိန်မှာပင် မြေခွေးငစဉ်းလဲမှာ သူ၏ အိမ်မှ မှန်ပြောင်းဖြင့် တောင်ကြည့် မြောက်ကြည့်လုပ်ရင်း "ဟာ ဟိုဘက်တောင်ထိပ်မှာ ရှဉ့်လေးကောင် ကစားနေကြပါလား။ သူတို့ တောအြပ်နဲ့လည်း တော်တော် ဝေးတယ်။ စားရကံ ကြုံတော့ မုတ်ဆိတ်ပျားဆွဲ တာပဲ။ အင်း ငါ သူတို့အနားမသိအောင် ဘယ်လိုကပ်ရမလဲ ကြံစမ်း ကြံစမ်း"

မြေခွေး ငစဉ်းလဲမှာ ခဏမျှ စဉ်းစားပြီးနောက် "ဟာ ဟုတ်ပြီ ဟုတ်ပြီ ငါ့ကိုယ်ပေါ်မှာ ထင်းရှူးပင်ရွက်တွေ ချည်ထားပြီး ထင်းရှူးပင် ဟန်ဆောင် ဖြည်းဖြည်းချင်း ချင်းကပ်ပြီး ဒီကောင်တွေကို အပိုင် ဖမ်းစားလိုက်မယ်။ စားရချည်သေးရဲ့ ရှဉ့်သားနုနုလေးတွေ" ဆိုပြီး ငစဉ်းလဲဟာ သူ၏အကြံစည်အတိုင်း ဖြည်းဖြည်းချင်း တောင်ထိပ်ပေါ်သို့ တရွေ့ရွေ့ တက်လာခဲ့တယ်။

ထိုစဉ်မှာပင် ကင်းစောင့်နေသော ရှဉ်းညိုလေးက "ငါ အရင်ကြည့်နေတုန်းက ဒီထင်းရှူးပင် မတွေ့ပါဘူး ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ။ ဟော ထင်းရှူးပင်က တဖြည်းဖြည်း ရွေ့လာပါလား၊ ဟာ ဒါဆို ငါတို့ကို ဖမ်းဖို့ ကြံစည်နေတဲ့ မြေခွေးငစဉ်းလဲပဲ ဖြစ်ရမယ်"

ရှဉ့်ညိုလေး က "ဟိတ် နီလေး၊ နက်ကျား၊ ဖြူတုတ် မင်းတို့ လုပ်တာ အမြန်ရပ် ဟိုမှာ အန္တရာယ်လာနေပြီ၊ မြေခွေးငစဉ်းလဲက ငါတို့ကို ဖမ်းစားတော့မှာ၊ ပြေးဖို့လည်း မလွယ်ဘူး တောအုပ်နဲ့က သိပ်ဝေးနေပြီ"

ထိုအခါမှ နီလေး နက်ကျားနှင့် ဖြူတုတ် တို့မှာ အလွန် ထိတ်လန့် တုန်လှုပ်သွားပြီး "ငါတို့ ဘယ်လို လုပ်ကြမလဲ၊ ဒုက္ခပါပဲ မေ့မေ့စကား နားမထောင်မိတာ ငါတို့အမှားပဲ"

"ခုမှ ဘာမှပြောမနေနဲ့၊ ဒီအန္တရာယ်က ဘယ်လို လွတ်အောင်လုပ်မလဲ ဆိုတာ ပိုအရေးကြီးတယ်။ နီလေး နက်ကျားနဲ့ ဖြူတုတ်၊ ငါ့ကိုယ်ပေါ်နှင်းခဲတွေ အများကြီး ဝိုင်းပြီး မြန်မြန်ဖုံးကြစမ်း။ နှင်းခဲတုံး အကြီးကြီးဖြစ်မှ မြေခွေးငစဉ်းလဲ ဆီကို မင်းတို့ ဒီနှင်းခဲတုံးကြီး တွန်းပစ်ချလိုက် ငါပြောတဲ့ အတိုင်း မြန်မြန်လုပ်"

ရှဉ့်လေးသုံးကောင်မှာ ညိုလေးပြောသည့် အတိုင်း ကြောက်ကြောက်ရွံရွံ နဲ့နှင်းခဲများ ဝိုင်းဖုံးကြရာ မကြာခင်မှာပင် အလွန် ကြီးမားလှသော နှင်းခဲတုံးကြီး ဖြစ်သွားပြီး၊ မြေးခွေးငစဉ်းလဲ မှာလည်း တဖြည်းဖြည်း တောင်ထိပ်နဲ့ နီးလာခဲ့တယ်။ "ကဲ မြေခွေးငစဉ်းလဲ နီးလာပြီး၊ ဝမ်းတူးသရီး တွန်းချလိုက်ဟေ့"

ရှဉ့်လေးသုံးကောင်လုံး အရှိန်ဖြင့် ညိုလေးပါဝင်သော နှင်းခဲလုံးကြီးကို တွန်းချလိုက်ရာ၊ နှင်းခဲ လုံးကြီးမှာ ကြောက်စရာ အသံဖြင့် "ဝုန်း ဒုန်း ဝုန်း" ထိုစဉ် မြေးခွေး ငစဉ်းလဲမှာ "ဟာ နှင်းခဲတွေ ပြိုကျလာပြီ၊ ကဲကြပါဦး" ဟု အော်ကာ ကြောက်လန့်တကြား နောက်ကြောင်းသို့ ပြန်ပြေးသွားတော့သတဲ့။

နီလေး နက်ကျားနဲ့ ဖြူတုတ်မှာ "ဟေး မြေခွေးငစဉ်းလဲ ပြေးပြီ၊ ဟာ ညိုလေးကို သွားဆွဲထုတ်ကြပါဦး" နှင်းခဲများကို ဖယ်ပြီး ညိုလေးကို ဆွဲထုတ်သော်လည်း ညိုလေးမှာ တောင့်ကာ သေဆုံးနေလေပြီ။

"ဖြစ်ရလေ ညိုလေးရယ် ငါတို့ကြောင့် မင်းသေရတာပါ။ မင်းဟာ တို့ ညီအကိုတွေထဲမှာ သတ္တိအကောင်းဆုံး အရဲရင့်ဆုံး ဆုံးဖြတ်ချက် မှန်ကန်ဆုံး သူရဲကောင်း တယောက်ပါ ညိုလေးရယ်" ဟု ဆိုကာ ညိုလေးကို ဝမ်းပန်တနည်း ထမ်းပြီ သူတို့တောအုပ် ရှိရာသို့ ပြန်သွားကြတာပေါ့ကွယ်။

ဒီပုံပြင်လေးကို ဖတ်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဘယ်လောက်ရှိရှိ မိဘစကား နားမထောင်ရင် ဘယ်တော့မဆို ဘေးတွေ့တတ်တယ် ဆိုတာ မှတ်ထားပြီး၊ အရေးကြီးတဲ့ ကိစ္စတခု ဖြစ်လာခဲ့ရင် အများကောင်းကျိုးအတွက် အသက်ကို စွန့်လွှတ်ပြီး အနစ်နာ ခံတတ်တဲ့ သူရဲကောင်းစိတ်ဓာတ်မျိုး မွေးမြူတတ်ကြပါစေကွယ်။

Crd Nhin Nhin Aye

Zawgyi

သူရဲေကာင္း ရွဥ့္ညိဳေလး

တခါတုန္းက ေရခဲျပင္ ဖုံးလႊမ္းေနတဲ့ ေတာင္ႀကီးတေတာင္ ရွိၿပီး အဲဒီေတာင္ေပၚမွာ ထင္းရႉးေတာအုပ္ေတြလည္း ေျမာက္မ်ားစြာ ေပါက္ေနသတဲ့။ အဲဒီေတာအုပ္ထဲမွာ ရွဥ့္မိသားစုဟာ ေနထိုင္ၾကတာေပါ့။ ရွဥ့္အေမႀကီးဟာ သူ႔သား ေလးေကာင္ျဖစ္တဲ့ ရွဥ့္ျဖဴကြက္၊ ရွဥ့္ညိဳေလး၊ ရွဥ့္နီေလး၊ ရွဥ့္နက္ၾကားေလး တို႔ကိုလည္း အၿမဲဆုံးမ ၾသဝါဒ ေပးတတ္တာ ေပါ့ကြယ္။

တေန႔ ရွဥ့္အေမႀကီးက သူ႔သားေလးေကာင္အား "သားတို႔ အခုဆို ေဆာင္းတြင္ ျပန္ေရာက္ေတာ့မယ္၊ ရာသီဥတု ဒဏ္ခံႏိုင္ ေအာင္ ေမေမတို႔ အိမ္ေလးတအိမ္ ေဆာက္ထားမွ ျဖစ္မယ္။ ဒီေတာ့ ျမန္ျမန္နဲ႔ ခိုင္ခိုင္ခံ့ခံ့ ျဖစ္သြားေအာင္ သားတို႔လည္း ဝိုင္းကူၿပီး ေဆာက္ၾကေနာ္။ ဒါမွ အေမတို႔ မိသားစု အတြက္ စိတ္ခ်ရမွာ"

"ေကာင္းပါၿပီ ေမေမ၊ သားတို႔ ဝိုင္းကူေပးပါ့မယ္"

ရွဥ့္ေလးေကာင္ဟာ သူ႔အေမနဲ႔ အတူ တက္တက္ႂကြႂကြနဲ႔ သစ္ကိုင္းေတြ ခုတ္တဲ့သူက ခုတ္၊ အိမ္ေဆာက္တဲ့သူက ေဆာက္နဲ႔။ သူတို႔အိမ္ေလးဟာ ထင္းရႉးေတာအုပ္ႀကီး ထဲက အႀကီးဆုံး ထင္းရႉးပင္ႀကီး အေပၚမွာ လွလွပပ ခန႔္ညား ေပၚထြက္လာတယ္။ ရွဥ့္ျဖဴကြက္ဟာ သူတို႔ အိမ္အမိုးေပၚကို ႏွင္းေတြ ထပ္တင္တဲ့အခါ ေရခဲအျဖဴေရာင္ အိမ္ေလး ျဖစ္ေပၚလာသတဲ့။

ရွဥ့္အေမႀကီးနဲ႔ သူ႔သားေလးေကာင္ဟာလည္း သူတို႔ရဲ႕ လွပတဲ့အိမ္ေလးကို ၾကည့္ၿပီး ပီတိျဖာေနတာေပါ့။ ရွဥ့္ညိဳေလးက "ေမေမ သားတို႔အိမ္ေလးက လွလိုက္တာ ေဆာင္းတြင္းဆို ေႏြးေနမွာေပါ့ေနာ္"

"ဒါေပါ့ သားရဲ႕ ဒါဟာ ေမေမတို႔ မိသားစုရဲ႕ စည္းလုံးညီၫြတ္မႈ အင္အားေပါ့။ ဒီေတာ့ သားတို႔ မွတ္ထားၾကေနာ္၊ စည္းလုံးညီၫြတ္ရင္ ဘယ္အရာမဆို အားလုံး ေအာင္ျမင္ႏိုင္တယ္။ ဒါေၾကာင့္ အၿမဲတမ္း စည္းစည္းလုံးလုံး ညီညီၫြတ္ၫြတ္ေနၾက"

"စိတ္ခ်ပါ ေမေမ သားတို႔ တေယာက္ေပၚ တေယာက္ အရမ္းခ်စ္ခင္ၿပီး ေသြးမကြဲပါဘူး"

"သိပ္ေတာ္ သိပ္လိမၼာတဲ့ ကေလးေတြပဲ။ ကဲ သားတို႔ ကစားခ်င္ရင္ သြားကစားၾက။ ဒါေပမဲ့ အေဝးႀကီးကို သြားမကစား ၾကနဲ႔ေနာ္၊ ထင္းရႉးေတာနဲ႔ သိပ္ေဝးတဲ့ ေနရာကို မသြားၾကနဲ႔၊ ေမေမတို႔ ရွဥ့္ဆိုတာ ေဘးအႏၲရာယ္ ကာကြယ္ လြတ္ကင္းတာ၊ သစ္ပင္နဲ႔ သိပ္ေဝးတဲ့ ေနရာမွာ သြားမေဆာ့ၾကနဲ႔ေနာ္"

"ဟုတ္ကဲ့ ေမေမ သားတို႔သြားေဆာ့ လိုက္ဦးမယ္ေနာ္"

ရွဥ့္ေလး ေလးေကာင္လည္း ေပ်ာ္႐ႊင္စြာ သစ္ပင္ေပၚမွာ တေကာင္နဲ႔ တေကာင္ ေျပးတမ္းလိုက္တမ္း ကစားၾကသတဲ့။ ရွဥ့္ နီေလးက "ဟိတ္ ငါတို႔အိမ္ေလးက လွလိုက္တာကြာ၊ ငါတို႔ေလးေယာက္ တေယာက္နဲ႔ တေယာက္ ဘယ္သူ ေဆာက္လုပ္ေရးေတာ္လဲ ဆိုတာ ၿပိဳင္ၾကရေအာင္၊ ေရခဲပင္ထိပ္ကို သြားၿပီး ကိုယ့္ပုံကို ကိုယ္ ႏွင္းခဲေတြနဲ႔ ၿပိဳင္ေဆာက္ရေအာင္"

ရွဥ့္နက္က်ားေလးကလည္း "ေကာင္းတယ္ေလ ဘယ္သူပိုေတာ္လဲ ဆိုတာ ၿပိဳင္ၾကမယ္၊ ဟိတ္ ညိဳေလးနဲ႔ ျဖဴကြက္ မင္းတို႔ သေဘာတူလား"

ျဖဴကြက္က "ေကာင္းတယ္၊ ေကာင္းတယ္ ၿပိဳင္မယ္ေဟ့"

ရွဥ့္ ညိဳေလးကမူ စဥ္းစားဟန္ျဖင့္ ၿငိမ္ေနၿပီ "ျဖစ္ပါ့မလားကြ တို႔ ေရခဲပင္ထိပ္ကို သြားရင္ တို႔ေတာအုပ္နဲ႔ အရမ္းေဝးသြားၿပီကြ၊ တခုခု အႏၲရာယ္ျဖစ္လာရင္ ဘယ္လိုလုပ္မလဲ၊ ေမေမေျပာထားတယ္ မမွတ္မိေတာ့ဘူးလား"

"မျဖစ္ပါဘူး ညိဳေလးရာ သိပ္မစိုးရိမ္ပါနဲ႔ ငါတို႔ အရမ္းၿပိဳင္ခ်င္လွၿပီ လာပါ လိုက္ခဲ့စမ္းပါ ညိဳေလးရာ"

ရွဥ့္ညိဳေလး လည္း မလိုက္ခ်င္ေသာ္လည္း ညီအကို မ်ားကို စိတ္မခ်သျဖင့္ လိုက္သြားေတာ့ တာေပါ့ကြယ္။ ေရခဲျပင္ထိပ္ကို ေရာက္ေတာ့ ရွဥ့္နီေလးက "ဟိတ္ ငါတို႔ ဒီမွာၿပိဳင္ၾကမယ္။ အလွဆုံးပုံနဲ႔ အရင္ဆုံး ၿပီးတဲ့လူက ႏိုင္မယ္ေနာ္"

နီေလး၊ နက္ၾကားနဲ႔ ျဖဴကြက္မွာ စိတ္ဝင္စားကာ ႏွင္းခဲမ်ားႏွင့္ ကိုယ့္ပုံကို ေဖာ္ေနၾကေသာ္လည္း ညိဳေလးမွာ ေရခဲပင္ထိပ္မွ ဟိုၾကည့္သည္ၾကည့္ျဖင့္ ကင္းေစာင့္ေနတာေပါ့ကြယ္။

ထိုအခ်ိန္မွာပင္ ေျမေခြးငစဥ္းလဲမွာ သူ၏ အိမ္မွ မွန္ေျပာင္းျဖင့္ ေတာင္ၾကည့္ ေျမာက္ၾကည့္လုပ္ရင္း "ဟာ ဟိုဘက္ေတာင္ထိပ္မွာ ရွဥ့္ေလးေကာင္ ကစားေနၾကပါလား။ သူတို႔ ေတာျအပ္နဲ႔လည္း ေတာ္ေတာ္ ေဝးတယ္။ စားရကံ ႀကဳံေတာ့ မုတ္ဆိတ္ပ်ားဆြဲ တာပဲ။ အင္း ငါ သူတို႔အနားမသိေအာင္ ဘယ္လိုကပ္ရမလဲ ႀကံစမ္း ႀကံစမ္း"

ေျမေခြး ငစဥ္းလဲမွာ ခဏမွ် စဥ္းစားၿပီးေနာက္ "ဟာ ဟုတ္ၿပီ ဟုတ္ၿပီ ငါ့ကိုယ္ေပၚမွာ ထင္းရႉးပင္႐ြက္ေတြ ခ်ည္ထားၿပီး ထင္းရႉးပင္ ဟန္ေဆာင္ ျဖည္းျဖည္းခ်င္း ခ်င္းကပ္ၿပီး ဒီေကာင္ေတြကို အပိုင္ ဖမ္းစားလိုက္မယ္။ စားရခ်ည္ေသးရဲ႕ ရွဥ့္သားႏုႏုေလးေတြ" ဆိုၿပီး ငစဥ္းလဲဟာ သူ၏အႀကံစည္အတိုင္း ျဖည္းျဖည္းခ်င္း ေတာင္ထိပ္ေပၚသို႔ တေ႐ြ႕ေ႐ြ႕ တက္လာခဲ့တယ္။

ထိုစဥ္မွာပင္ ကင္းေစာင့္ေနေသာ ရွဥ္းညိဳေလးက "ငါ အရင္ၾကည့္ေနတုန္းက ဒီထင္းရႉးပင္ မေတြ႕ပါဘူး ဘယ္လိုျဖစ္လို႔ ေရာက္လာတာလဲ။ ေဟာ ထင္းရႉးပင္က တျဖည္းျဖည္း ေ႐ြ႕လာပါလား၊ ဟာ ဒါဆို ငါတို႔ကို ဖမ္းဖို႔ ႀကံစည္ေနတဲ့ ေျမေခြးငစဥ္းလဲပဲ ျဖစ္ရမယ္"

ရွဥ့္ညိဳေလး က "ဟိတ္ နီေလး၊ နက္က်ား၊ ျဖဴတုတ္ မင္းတို႔ လုပ္တာ အျမန္ရပ္ ဟိုမွာ အႏၲရာယ္လာေနၿပီ၊ ေျမေခြးငစဥ္းလဲက ငါတို႔ကို ဖမ္းစားေတာ့မွာ၊ ေျပးဖို႔လည္း မလြယ္ဘူး ေတာအုပ္နဲ႔က သိပ္ေဝးေနၿပီ"

ထိုအခါမွ နီေလး နက္က်ားႏွင့္ ျဖဴတုတ္ တို႔မွာ အလြန္ ထိတ္လန႔္ တုန္လႈပ္သြားၿပီး "ငါတို႔ ဘယ္လို လုပ္ၾကမလဲ၊ ဒုကၡပါပဲ ေမ့ေမ့စကား နားမေထာင္မိတာ ငါတို႔အမွားပဲ"

"ခုမွ ဘာမွေျပာမေနနဲ႔၊ ဒီအႏၲရာယ္က ဘယ္လို လြတ္ေအာင္လုပ္မလဲ ဆိုတာ ပိုအေရးႀကီးတယ္။ နီေလး နက္က်ားနဲ႔ ျဖဴတုတ္၊ ငါ့ကိုယ္ေပၚႏွင္းခဲေတြ အမ်ားႀကီး ဝိုင္းၿပီး ျမန္ျမန္ဖုံးၾကစမ္း။ ႏွင္းခဲတုံး အႀကီးႀကီးျဖစ္မွ ေျမေခြးငစဥ္းလဲ ဆီကို မင္းတို႔ ဒီႏွင္းခဲတုံးႀကီး တြန္းပစ္ခ်လိုက္ ငါေျပာတဲ့ အတိုင္း ျမန္ျမန္လုပ္"

ရွဥ့္ေလးသုံးေကာင္မွာ ညိဳေလးေျပာသည့္ အတိုင္း ေၾကာက္ေၾကာက္႐ြံ႐ြံ နဲ႔ႏွင္းခဲမ်ား ဝိုင္းဖုံးၾကရာ မၾကာခင္မွာပင္ အလြန္ ႀကီးမားလွေသာ ႏွင္းခဲတုံးႀကီး ျဖစ္သြားၿပီး၊ ေျမးေခြးငစဥ္းလဲ မွာလည္း တျဖည္းျဖည္း ေတာင္ထိပ္နဲ႔ နီးလာခဲ့တယ္။ "ကဲ ေျမေခြးငစဥ္းလဲ နီးလာၿပီး၊ ဝမ္းတူးသရီး တြန္းခ်လိုက္ေဟ့"

ရွဥ့္ေလးသုံးေကာင္လုံး အရွိန္ျဖင့္ ညိဳေလးပါဝင္ေသာ ႏွင္းခဲလုံးႀကီးကို တြန္းခ်လိုက္ရာ၊ ႏွင္းခဲ လုံးႀကီးမွာ ေၾကာက္စရာ အသံျဖင့္ "ဝုန္း ဒုန္း ဝုန္း" ထိုစဥ္ ေျမးေခြး ငစဥ္းလဲမွာ "ဟာ ႏွင္းခဲေတြ ၿပိဳက်လာၿပီ၊ ကဲၾကပါဦး" ဟု ေအာ္ကာ ေၾကာက္လန႔္တၾကား ေနာက္ေၾကာင္းသို႔ ျပန္ေျပးသြားေတာ့သတဲ့။

နီေလး နက္က်ားနဲ႔ ျဖဴတုတ္မွာ "ေဟး ေျမေခြးငစဥ္းလဲ ေျပးၿပီ၊ ဟာ ညိဳေလးကို သြားဆြဲထုတ္ၾကပါဦး" ႏွင္းခဲမ်ားကို ဖယ္ၿပီး ညိဳေလးကို ဆြဲထုတ္ေသာ္လည္း ညိဳေလးမွာ ေတာင့္ကာ ေသဆုံးေနေလၿပီ။

"ျဖစ္ရေလ ညိဳေလးရယ္ ငါတို႔ေၾကာင့္ မင္းေသရတာပါ။ မင္းဟာ တို႔ ညီအကိုေတြထဲမွာ သတၱိအေကာင္းဆုံး အရဲရင့္ဆုံး ဆုံးျဖတ္ခ်က္ မွန္ကန္ဆုံး သူရဲေကာင္း တေယာက္ပါ ညိဳေလးရယ္" ဟု ဆိုကာ ညိဳေလးကို ဝမ္းပန္တနည္း ထမ္းၿပီ သူတို႔ေတာအုပ္ ရွိရာသို႔ ျပန္သြားၾကတာေပါ့ကြယ္။

ဒီပုံျပင္ေလးကို ဖတ္ၿပီး စည္းစည္းလုံးလုံး ညီညီၫြတ္ၫြတ္ ဘယ္ေလာက္ရွိရွိ မိဘစကား နားမေထာင္ရင္ ဘယ္ေတာ့မဆို ေဘးေတြ႕တတ္တယ္ ဆိုတာ မွတ္ထားၿပီး၊ အေရးႀကီးတဲ့ ကိစၥတခု ျဖစ္လာခဲ့ရင္ အမ်ားေကာင္းက်ိဳးအတြက္ အသက္ကို စြန႔္လႊတ္ၿပီး အနစ္နာ ခံတတ္တဲ့ သူရဲေကာင္းစိတ္ဓာတ္မ်ိဳး ေမြးျမဴတတ္ၾကပါေစကြယ္။

Crd Nhin Nhin Aye

Post a Comment

0 Comments