ရွဲကုန်သည် နှင့် ပင့်ကူအိမ်

တခါတုန်းက ရွဲကုန်သည်နှစ်ဦးဟာ သူ့တို့မှာ ပါလာတဲ့ ရွဲတွေကို တရွာဝင် တရွာထွက် လိုက်လံ ရောင်းချနေတယ်။ ရာသီဥတုက ပူပြင်းတာရယ် သီးနှံအထွက်တိုး နည်းပါးတာရယ်ကြောင့် တောင်သူတွေ ဝင်ငွေပါးတော့ ထင်ထားသလို မရောင်းရပါဘူး။

နှစ်ယောက်စလုံးလည်း စိတ်ဓာတ်တွေ ကျဆင်းနေ ကြတယ်။ မိမိထင်ထားသလို ဖြစ်မလာတော့ လေးလံသော ရွဲတွေကို ထမ်းပိုးရင်း ခြေတိုအောင် လျှောက်နေကြရတယ်။

ထိုနောက် သူတို့နှစ်ဦးဟာ ရွာအပြင်က ဇရပ်ပျက်ကြီး တခုမှာ ခိုနားခဲ့ ကြတယ်။ နားခိုရင်း ရွဲကုန်သည် တဦးက ဒုတိယ ရွဲကုန်သည်ကို "နောင်ကြီးရေ ကျုပ်တော့ ဆက်မလိုက်တော့ဘူးဗျာ" လို့ ခပ်နွမ်းနွမ်းလေး ပြောလိုက်တယ်။

နှစ်ယောက်စလုံး မောပန်းနေကြတယ် ဆိုပေမယ့် ကျန်တယောက် ကတော့ စိတ်ဓာတ်တွေ ရှိနေပုံရသေးသည်။ "ကျုပ်တော့ နောက်ကြောင်း ပြန်လို့ မရဘူးဗျာ၊ ကျုပ်ဒီရွဲတွေ ကုန်အောင်ရောင်းမှ ဖြစ်မယ်" လို့ ပြန်ပြောလိုက်တယ်။

"နောင်ကြီးရာ ကုန်အောင် ရောင်းချင်ပေမယ့် တရွာလုံး လျှောက်မှ တထည်လောက် ရောင်းရတာ ကျုပ်တော့ စိတ်ဓာတ် ကျလာပြီဗျာ။ နောင်ကြီး ဆက်သွားရင်လည်းသွား ကျုပ်တော့ နောက်ကြောင်း ပြန်လှည့်တော့မယ်" ဟု ပြောပြီး ရွဲတွေကို ထမ်းပိုးကာ မိမိလာရာ လမ်းအတိုင်း ပြန်လာခဲ့သည်။

ထိုဇရပ်ပျက်ကြီးပေါ်မှာ ဒုတိယ ရွဲကုန်သည်သာ ကျန်ခဲ့သည်။ နေက ပူ၊ ထမ်းပိုးရတာက လေးလံ။ သူလည်း ပြန်ရင်ကောင်းမလားဟု ဒွိဟ ဖြစ်ကာ ဇရပ်ပေါ်မှာ ခေတ္တ လှဲနေလိုက်သည်။ ပြန်မည် ဆိုပါက လာလမ်းသည် ဝေးလံလှသည်။ ရှေ့ဆက် သွားရောင်းပြီး ကုန်မှ ပြန်ပါလျှင် လူလွတ်ဖြစ်မည် စသော အတွေးမျိုးစုံနဲ့ ခေတ္တ လှဲလျောင်း လိုက်သည်။

ထိုသို့ လှဲလျောင်း နေသောအခါ ဇရပ်ကြီးရဲ့ မြားတန်း ထောင့်စွန်းမှာ ပင့်ကူအိမ် တခုကို တွေ့လိုက်မိသည်။ ထိုပင့်ကူသည် သူရက်လုပ်ထားသော ပင့်ကူအိမ်ပေါ်မှာ သားကောင်တို့ကို စောင့်နေဟန် တူသည်။ ရွဲကုန်သည်သည် လှုပ်စိစိ ပင့်ကူအိမ်လေးကို စိုက်ကြည့်နေ မိသည်။

ခဏကြာတော့ လေပွေတခု ထိုးတက်လာတယ်။ လေပွေရဲ့ ရိုက်ခက်မှုကြောင့် လွင့်ပါလာသော သစ်ရွက်တို့က လေပွေအရှိန်နဲ့ ပင့်ကူအိမ်ကို ဖျက်ဆီးပစ် လိုက်တယ်။ ပင့်ကူ အကောင်လေးလည်း ဆောက်တည်ရာမရ လွင့်ပါသွားခဲ့တယ်။ သူရက်လုပ်ထားတဲ့ အိမ်လေးလည်း ဖရိုဖရဲနဲ့ ပျက်ဆီးသွားတယ်။

ဒီအဖြစ်ပျက်တွေ အားလုံးကို ရွဲကုန်သည်ဟာ ဘာရယ်မဟုတ် ကြည့်နေမိတယ်။ ခဏကြာတော့ ပင့်ကူကောင်လေးဟာ သူ့နေရာလေးမှာ နောက်ထပ် အိမ်တလုံး ထပ်ဆောက်ရန် ပြင်ဆင်ပါတော့တယ်။

ရွဲကုန်သည်လည်း တည်ငြိမ်စွာနဲ့ ပင့်ကူလေးကို မျက်ခြေမပျက် ကြည့်နေမိတယ်။ ကြည့်နေရင်းနဲ့ ရွဲကုန်သည်ဟာ ခေတ္တ အိပ်ပျော်သွားခဲ့တယ်။ သူလည်း အိပ်ယာက နိုးတော့ ပင့်ကူလေး အိမ်ဆောက်လို့ ပြီးသွားခဲ့လေပြီ။ သူ့ရဲ့ ခွန်အား ဉာဏနဲ့ ဆောက်လုပ်ထားတဲ့ အိမ်လေးထဲမှာ အေးဆေးစွာ အနားယူနေတယ်။

ရွဲကုန်သည်ဟာ ပင့်ကူကို ကြည့်ပြီး စိတ်ဓာတ်ခွန်အားတွေ ရခဲ့တယ်။ အခက်ခဲ အတားအဆီးတွေကို ကျော်ဖြတ်ရမယ် မောရင် နားမယ် နားပြီးရင် ပြန်လျှောက်မယ်ပေါ့။ လူတိုင်း သတ္တဝါတိုင်းက ကိုယ့်ဘဝကို ကိုယ်တိုင် ပုံဖော်ပိုင်ခွင့် ရှိကြပါတယ်။ မလျော့သော ဇွဲ လုံ့လနဲ့သာ ကြိုးစားရင် ဖြစ်နိုင်ပါတယ် ဟု တွေးမိလာတယ်။

လောကဓံတရား ဆိုတာ ခံစားရတဲ့အချိန်မှာ ခါးသီးပေမယ့် ကျော်ဖြတ်လို့ အောင်မြင်သွားရင် အင်မတန်း သာယာစိုပြေလှတယ် ဆိုတာ ပင့်ကူအိမ်လေးကို ကြည့်ပြီး သိလာခဲ့တယ်။

ထိုအခါ ရွဲကုန်သည်ဟာလည်း ခါးသီးသော လောကဓံတွေကို ကျော်ဖြတ်ဖို့ ပါလာသော ရွဲတွေကို ထမ်းပိုးကာ တရွာဝင် တရွာထွက် လိုက်လံ ရောင်းချခဲ့တယ်။ ဒီလိုနဲ့ မကြာသော အချိန်ကာလ တခုမှာ သူ့ရဲ့ ရွဲတွေဟာ ရောင်းလို့ ကုန်သွားတယ်။

အပြန်လမ်းမှာတော့ ရွဲကုန်သည်လေးရဲ့ ခြေလှမ်းတွေက ပိုမို သွက်လက် နေပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ အောင်မြင်မှုတခု ရဖို့အတွတ် အတိုက်ခိုက်တွေကို ကျော်ဖြတ်နိုင် ရပါမယ်။ ထိုးနက်မှုတွေ ကိုလည်း ရင်ဆိုင်နိုင်ရမယ်။ အခွင့်အလမ်း တခုအတွက် အခက်ခဲတခုတော့ ကောင်းကောင်း ရင်ဆိုင်ကြရ မှာပါပဲ။

crd She (တမာမြေ)

Zawgyi

႐ြဲကုန္သည္ ႏွင့္ ပင့္ကူအိမ္

တခါတုန္းက ႐ြဲကုန္သည္ႏွစ္ဦးဟာ သူ႔တို႔မွာ ပါလာတဲ့ ႐ြဲေတြကို တ႐ြာဝင္ တ႐ြာထြက္ လိုက္လံ ေရာင္းခ်ေနတယ္။ ရာသီဥတုက ပူျပင္းတာရယ္ သီးႏွံအထြက္တိုး နည္းပါးတာရယ္ေၾကာင့္ ေတာင္သူေတြ ဝင္ေငြပါးေတာ့ ထင္ထားသလို မေရာင္းရပါဘူး။

ႏွစ္ေယာက္စလုံးလည္း စိတ္ဓာတ္ေတြ က်ဆင္းေန ၾကတယ္။ မိမိထင္ထားသလို ျဖစ္မလာေတာ့ ေလးလံေသာ ႐ြဲေတြကို ထမ္းပိုးရင္း ေျခတိုေအာင္ ေလွ်ာက္ေနၾကရတယ္။

ထိုေနာက္ သူတို႔ႏွစ္ဦးဟာ ႐ြာအျပင္က ဇရပ္ပ်က္ႀကီး တခုမွာ ခိုနားခဲ့ ၾကတယ္။ နားခိုရင္း ႐ြဲကုန္သည္ တဦးက ဒုတိယ ႐ြဲကုန္သည္ကို "ေနာင္ႀကီးေရ က်ဳပ္ေတာ့ ဆက္မလိုက္ေတာ့ဘူးဗ်ာ" လို႔ ခပ္ႏြမ္းႏြမ္းေလး ေျပာလိုက္တယ္။

ႏွစ္ေယာက္စလုံး ေမာပန္းေနၾကတယ္ ဆိုေပမယ့္ က်န္တေယာက္ ကေတာ့ စိတ္ဓာတ္ေတြ ရွိေနပုံရေသးသည္။ "က်ဳပ္ေတာ့ ေနာက္ေၾကာင္း ျပန္လို႔ မရဘူးဗ်ာ၊ က်ဳပ္ဒီ႐ြဲေတြ ကုန္ေအာင္ေရာင္းမွ ျဖစ္မယ္" လို႔ ျပန္ေျပာလိုက္တယ္။

"ေနာင္ႀကီးရာ ကုန္ေအာင္ ေရာင္းခ်င္ေပမယ့္ တ႐ြာလုံး ေလွ်ာက္မွ တထည္ေလာက္ ေရာင္းရတာ က်ဳပ္ေတာ့ စိတ္ဓာတ္ က်လာၿပီဗ်ာ။ ေနာင္ႀကီး ဆက္သြားရင္လည္းသြား က်ဳပ္ေတာ့ ေနာက္ေၾကာင္း ျပန္လွည့္ေတာ့မယ္" ဟု ေျပာၿပီး ႐ြဲေတြကို ထမ္းပိုးကာ မိမိလာရာ လမ္းအတိုင္း ျပန္လာခဲ့သည္။

ထိုဇရပ္ပ်က္ႀကီးေပၚမွာ ဒုတိယ ႐ြဲကုန္သည္သာ က်န္ခဲ့သည္။ ေနက ပူ၊ ထမ္းပိုးရတာက ေလးလံ။ သူလည္း ျပန္ရင္ေကာင္းမလားဟု ဒြိဟ ျဖစ္ကာ ဇရပ္ေပၚမွာ ေခတၱ လွဲေနလိုက္သည္။ ျပန္မည္ ဆိုပါက လာလမ္းသည္ ေဝးလံလွသည္။ ေရွ႕ဆက္ သြားေရာင္းၿပီး ကုန္မွ ျပန္ပါလွ်င္ လူလြတ္ျဖစ္မည္ စေသာ အေတြးမ်ိဳးစုံနဲ႔ ေခတၱ လွဲေလ်ာင္း လိုက္သည္။

ထိုသို႔ လွဲေလ်ာင္း ေနေသာအခါ ဇရပ္ႀကီးရဲ႕ ျမားတန္း ေထာင့္စြန္းမွာ ပင့္ကူအိမ္ တခုကို ေတြ႕လိုက္မိသည္။ ထိုပင့္ကူသည္ သူရက္လုပ္ထားေသာ ပင့္ကူအိမ္ေပၚမွာ သားေကာင္တို႔ကို ေစာင့္ေနဟန္ တူသည္။ ႐ြဲကုန္သည္သည္ လႈပ္စိစိ ပင့္ကူအိမ္ေလးကို စိုက္ၾကည့္ေန မိသည္။

ခဏၾကာေတာ့ ေလေပြတခု ထိုးတက္လာတယ္။ ေလေပြရဲ႕ ႐ိုက္ခက္မႈေၾကာင့္ လြင့္ပါလာေသာ သစ္႐ြက္တို႔က ေလေပြအရွိန္နဲ႔ ပင့္ကူအိမ္ကို ဖ်က္ဆီးပစ္ လိုက္တယ္။ ပင့္ကူ အေကာင္ေလးလည္း ေဆာက္တည္ရာမရ လြင့္ပါသြားခဲ့တယ္။ သူရက္လုပ္ထားတဲ့ အိမ္ေလးလည္း ဖ႐ိုဖရဲနဲ႔ ပ်က္ဆီးသြားတယ္။

ဒီအျဖစ္ပ်က္ေတြ အားလုံးကို ႐ြဲကုန္သည္ဟာ ဘာရယ္မဟုတ္ ၾကည့္ေနမိတယ္။ ခဏၾကာေတာ့ ပင့္ကူေကာင္ေလးဟာ သူ႔ေနရာေလးမွာ ေနာက္ထပ္ အိမ္တလုံး ထပ္ေဆာက္ရန္ ျပင္ဆင္ပါေတာ့တယ္။

႐ြဲကုန္သည္လည္း တည္ၿငိမ္စြာနဲ႔ ပင့္ကူေလးကို မ်က္ေျခမပ်က္ ၾကည့္ေနမိတယ္။ ၾကည့္ေနရင္းနဲ႔ ႐ြဲကုန္သည္ဟာ ေခတၱ အိပ္ေပ်ာ္သြားခဲ့တယ္။ သူလည္း အိပ္ယာက ႏိုးေတာ့ ပင့္ကူေလး အိမ္ေဆာက္လို႔ ၿပီးသြားခဲ့ေလၿပီ။ သူ႔ရဲ႕ ခြန္အား ဉာဏနဲ႔ ေဆာက္လုပ္ထားတဲ့ အိမ္ေလးထဲမွာ ေအးေဆးစြာ အနားယူေနတယ္။

႐ြဲကုန္သည္ဟာ ပင့္ကူကို ၾကည့္ၿပီး စိတ္ဓာတ္ခြန္အားေတြ ရခဲ့တယ္။ အခက္ခဲ အတားအဆီးေတြကို ေက်ာ္ျဖတ္ရမယ္ ေမာရင္ နားမယ္ နားၿပီးရင္ ျပန္ေလွ်ာက္မယ္ေပါ့။ လူတိုင္း သတၱဝါတိုင္းက ကိုယ့္ဘဝကို ကိုယ္တိုင္ ပုံေဖာ္ပိုင္ခြင့္ ရွိၾကပါတယ္။ မေလ်ာ့ေသာ ဇြဲ လုံ႔လနဲ႔သာ ႀကိဳးစားရင္ ျဖစ္ႏိုင္ပါတယ္ ဟု ေတြးမိလာတယ္။

ေလာကဓံတရား ဆိုတာ ခံစားရတဲ့အခ်ိန္မွာ ခါးသီးေပမယ့္ ေက်ာ္ျဖတ္လို႔ ေအာင္ျမင္သြားရင္ အင္မတန္း သာယာစိုေျပလွတယ္ ဆိုတာ ပင့္ကူအိမ္ေလးကို ၾကည့္ၿပီး သိလာခဲ့တယ္။

ထိုအခါ ႐ြဲကုန္သည္ဟာလည္း ခါးသီးေသာ ေလာကဓံေတြကို ေက်ာ္ျဖတ္ဖို႔ ပါလာေသာ ႐ြဲေတြကို ထမ္းပိုးကာ တ႐ြာဝင္ တ႐ြာထြက္ လိုက္လံ ေရာင္းခ်ခဲ့တယ္။ ဒီလိုနဲ႔ မၾကာေသာ အခ်ိန္ကာလ တခုမွာ သူ႔ရဲ႕ ႐ြဲေတြဟာ ေရာင္းလို႔ ကုန္သြားတယ္။

အျပန္လမ္းမွာေတာ့ ႐ြဲကုန္သည္ေလးရဲ႕ ေျခလွမ္းေတြက ပိုမို သြက္လက္ ေနပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ေအာင္ျမင္မႈတခု ရဖို႔အတြတ္ အတိုက္ခိုက္ေတြကို ေက်ာ္ျဖတ္ႏိုင္ ရပါမယ္။ ထိုးနက္မႈေတြ ကိုလည္း ရင္ဆိုင္ႏိုင္ရမယ္။ အခြင့္အလမ္း တခုအတြက္ အခက္ခဲတခုေတာ့ ေကာင္းေကာင္း ရင္ဆိုင္ၾကရ မွာပါပဲ။

crd She (တမာေျမ)

Post a Comment

0 Comments