ပြဿနာရဲ့ ရင်းမြစ်

၁၈ ရာစုထဲမှာ ဥရောပနိုင်ငံတွေမှာ ထူးဆန်းတဲ့ ရောဂါတမျိုး ဖြစ်ပွားလာ ခဲ့တယ်။ နောက်ဆုံးတော့ အဲဒီရောဂါဟာ ဥရောပတိုက်သာ မကဘဲ အမေရိကန်နိုင်ငံကိုပါ ကူးစက်လာခဲ့တယ်။ အမေရိကန်နိုင်ငံမှာ အဲဒီရောဂါကို Black Death of Childbirth လို့ နာမည်ပေး ထားတယ်။

ကလေးမွေးစဉ် ရောက်လာတဲ့ သေမင်းနတ်ဆိုးလို့ အဓိပ္ပာယ် ရပါတယ်။ အဲဒီရောဂါက ဒီလို ဖြစ်တာပါ။ ကလေးမွေးတဲ့ မိခင်တိုင်း နီးပါးဟာ ကလေးမွေးပြီး ၄၈ နာရီ အတွင်းမှာ သေဆုံးသွား ကြပါတယ်။

အဲဒီရောဂါဟာ နှစ်အတော် ကြာကြာ ကွယ်ပျောက်မသွားဘဲ သေဆုံးသူတွေ တိုးလာနေပါတယ်။ ဆရာဝန်တွေဟာ အဲဒီရောဂါရဲ့ ရင်းမြစ်ကို ရှာဖွေတာတွေ လုပ်ကြတယ်။

သူတို့ဟာ သေဆုံးသွားတဲ့ ကလေးမွေးမိခင် တွေရဲ့ အလောင်းတွေကို မနက်ပိုင်းမှာ ခွဲစိတ် စစ်ဆေးကြတယ်။ နေ့ခင်းပိုင်းမှာ သူတို့ဟာ ဆေးရုံမှာ ကလေးမွေးပေး ကြတယ်။

ဒါပေမဲ့ နှစ်ပေါင်းတရာ နီးပါး ကြာအောင် အဲဒီရောဂါကနေ မကာကွယ်နိုင်ခဲ့ ကြပါဘူး။ ၁၉ ရာစု တဝက်လောက်မှာ အော်လီဗာဝင်းဒေါ့ဖ်ဆိုတဲ့ ဆရာဝန်က အဖြေကို ရှာတွေ့တယ်။

သူက သူ့မိတ်ဆွေ ဆရာဝန်တွေကို ပြောတယ်။ "ဒီရောဂါ ဖြစ်တာ မင်းတို့ကြောင့်ပါ။ မင်းတို့ပဲ ပြဿနာ ဖြစ်အောင် လုပ်နေကြတာပါ"

သူက အလောင်းခွဲပြီးတဲ့ လက်ကိုမဆေးလို့ အလောင်းက ရောဂါပိုးဟာ ကလေးမွေးတဲ့ မိခင်ဆီ ကူးစက်သွားတယ်လို့ ရှင်းပြတယ်။ သူ့စကားကို ဘယ်သူမှ မယုံကြဘူး။ လက်မခံကြဘူး။ သူ့ကို အရူးလို့ ခေါ်ကြတယ်။

သူပြောပြီး နှစ်ပေါင်း ၃၀ ကြာမှ ဆရာဝန် တချို့ဟာ ကလေး မမွေးခင်မှာ လက်ကို သေချာ ဆေးကြောကြလို့ သူတို့ကလေးမွေးတဲ့ မိခင်တွေ သေဆုံးခြင်း မရှိကြတော့တာကို သတိထားမိ သွားကြတယ်။

အဲဒီအချိန်က စပြီး ဆေးရုံတွေမှာ ခွဲစိတ် ကိရိယာတွေကို ပိုးသတ်ဆေးနဲ့ ဆေးကြောပေးတာ၊ ဆရာဝန်တွေလည်း သူတို့လက်တွေကို ဆပ်ပြာနဲ့ သေချာ ဆေးပေးတာကြောင့် Black Death of Childbirth ရောဂါဟာ လုံးဝ ပျောက်ကွယ်သွား ခဲ့ပါတယ်။

ဒါဟာ တကယ့် အဖြစ်အပျက်ပါ။ ဆေးလောကအတွက် သင်ခန်းစာကြီး ရလိုက်သလို ကျွန်တော်တို့ အတွက်လည်း ယူတတ်ရင် သင်ခန်းစာ ရပါတယ်။ သင်ခန်းစာက ပြဿနာတခု ဖြစ်လာရင် အဲဒါကို ဖြေရှင်းဖို့ တခြားနေရာတွေမှာ၊ တခြားသူတွေဆီမှာ မရှာခင် မိမိကြောင့် ဖြစ်သလား ဆိုတာကို အရင်သုံးသပ် ဖွေရှာဖို့ပါ။

မိမိကြောင့် ဖြစ်နေတဲ့ ပြဿနာရဲ့ ရင်းမြစ်ကို တခြားမှာ လိုက်ရှာနေရင် တွေ့မှာ မဟုတ်လို့ပါ။ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်လို့ပါ။

Crd BaMaw Thein Phay

Zawgyi

ျပႆနာရဲ႕ ရင္းျမစ္

၁၈ ရာစုထဲမွာ ဥေရာပႏိုင္ငံေတြမွာ ထူးဆန္းတဲ့ ေရာဂါတမ်ိဳး ျဖစ္ပြားလာ ခဲ့တယ္။ ေနာက္ဆုံးေတာ့ အဲဒီေရာဂါဟာ ဥေရာပတိုက္သာ မကဘဲ အေမရိကန္ႏိုင္ငံကိုပါ ကူးစက္လာခဲ့တယ္။ အေမရိကန္ႏိုင္ငံမွာ အဲဒီေရာဂါကို Black Death of Childbirth လို႔ နာမည္ေပး ထားတယ္။

ကေလးေမြးစဥ္ ေရာက္လာတဲ့ ေသမင္းနတ္ဆိုးလို႔ အဓိပၸာယ္ ရပါတယ္။ အဲဒီေရာဂါက ဒီလို ျဖစ္တာပါ။ ကေလးေမြးတဲ့ မိခင္တိုင္း နီးပါးဟာ ကေလးေမြးၿပီး ၄၈ နာရီ အတြင္းမွာ ေသဆုံးသြား ၾကပါတယ္။

အဲဒီေရာဂါဟာ ႏွစ္အေတာ္ ၾကာၾကာ ကြယ္ေပ်ာက္မသြားဘဲ ေသဆုံးသူေတြ တိုးလာေနပါတယ္။ ဆရာဝန္ေတြဟာ အဲဒီေရာဂါရဲ႕ ရင္းျမစ္ကို ရွာေဖြတာေတြ လုပ္ၾကတယ္။ သူတို႔ဟာ ေသဆုံးသြားတဲ့ ကေလးေမြးမိခင္ ေတြရဲ႕ အေလာင္းေတြကို မနက္ပိုင္းမွာ ခြဲစိတ္ စစ္ေဆးၾကတယ္။ ေန႔ခင္းပိုင္းမွာ သူတို႔ဟာ ေဆး႐ုံမွာ ကေလးေမြးေပး ၾကတယ္။

ဒါေပမဲ့ ႏွစ္ေပါင္းတရာ နီးပါး ၾကာေအာင္ အဲဒီေရာဂါကေန မကာကြယ္ႏိုင္ခဲ့ ၾကပါဘူး။ ၁၉ ရာစု တဝက္ေလာက္မွာ ေအာ္လီဗာဝင္းေဒါ့ဖ္ဆိုတဲ့ ဆရာဝန္က အေျဖကို ရွာေတြ႕တယ္။ သူက သူ႔မိတ္ေဆြ ဆရာဝန္ေတြကို ေျပာတယ္။ "ဒီေရာဂါ ျဖစ္တာ မင္းတို႔ေၾကာင့္ပါ။ မင္းတို႔ပဲ ျပႆနာ ျဖစ္ေအာင္ လုပ္ေနၾကတာပါ"

သူက အေလာင္းခြဲၿပီးတဲ့ လက္ကိုမေဆးလို႔ အေလာင္းက ေရာဂါပိုးဟာ ကေလးေမြးတဲ့ မိခင္ဆီ ကူးစက္သြားတယ္လို႔ ရွင္းျပတယ္။ သူ႔စကားကို ဘယ္သူမွ မယုံၾကဘူး။ လက္မခံၾကဘူး။ သူ႔ကို အ႐ူးလို႔ ေခၚၾကတယ္။

သူေျပာၿပီး ႏွစ္ေပါင္း ၃၀ ၾကာမွ ဆရာဝန္ တခ်ိဳ႕ဟာ ကေလး မေမြးခင္မွာ လက္ကို ေသခ်ာ ေဆးေၾကာၾကလို႔ သူတို႔ကေလးေမြးတဲ့ မိခင္ေတြ ေသဆုံးျခင္း မရွိၾကေတာ့တာကို သတိထားမိ သြားၾကတယ္။

အဲဒီအခ်ိန္က စၿပီး ေဆး႐ုံေတြမွာ ခြဲစိတ္ ကိရိယာေတြကို ပိုးသတ္ေဆးနဲ႔ ေဆးေၾကာေပးတာ၊ ဆရာဝန္ေတြလည္း သူတို႔လက္ေတြကို ဆပ္ျပာနဲ႔ ေသခ်ာ ေဆးေပးတာေၾကာင့္ Black Death of Childbirth ေရာဂါဟာ လုံးဝ ေပ်ာက္ကြယ္သြား ခဲ့ပါတယ္။

ဒါဟာ တကယ့္ အျဖစ္အပ်က္ပါ။ ေဆးေလာကအတြက္ သင္ခန္းစာႀကီး ရလိုက္သလို ကြၽန္ေတာ္တို႔ အတြက္လည္း ယူတတ္ရင္ သင္ခန္းစာ ရပါတယ္။ သင္ခန္းစာက ျပႆနာတခု ျဖစ္လာရင္ အဲဒါကို ေျဖရွင္းဖို႔ တျခားေနရာေတြမွာ၊ တျခားသူေတြဆီမွာ မရွာခင္ မိမိေၾကာင့္ ျဖစ္သလား ဆိုတာကို အရင္သုံးသပ္ ေဖြရွာဖို႔ပါ။ မိမိေၾကာင့္ ျဖစ္ေနတဲ့ ျပႆနာရဲ႕ ရင္းျမစ္ကို တျခားမွာ လိုက္ရွာေနရင္ ေတြ႕မွာ မဟုတ္လို႔ပါ။ ျပႆနာကို ေျဖရွင္းႏိုင္မွာ မဟုတ္လို႔ပါ။

Crd BaMaw Thein Phay

Post a Comment

0 Comments