မြွေပွေးနှင့် တူသောသူ

ကရင်ပြည်နယ် ၊ ဘားအံဘက်မှာ မြွေဖမ်း အလွန် ကျွမ်းကျင်တဲ့ ကရင်ကြီး တယောက် ရှိတယ်။ အဲဒီ ကရင်ကြီးဟာ ခြေထောက် တဖက်လည်း မသန်ရှာဘူး။ ဒါပေမဲ့ မြွေဖမ်းတဲ့ နေရာမှာတော့ အလွန် တော်တယ်။

တညကို ၂ ကောင် ၃ ကောင် လောက် ရတယ် ။ သူ ဖမ်းလိုက်ရင်လည်း မြွေပွေးပဲ ။ တကောင်ကို တသောင်းလောက် ရတာကိုး ။ လူငယ်လေး တယောက်က " ဖထီး မြွေပွေးကို ဘယ်လို ဖမ်းလဲဗျ " လို့ ကရင်ကြီးကို မေးတယ်။

" ငါက ခြေထောက် မသန်တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင်ဘူး။ အဲဒီကောင်တွေက လူတွေ့ရင် ထွက်ပြေး တာကိုး။ ဒါကြောင့် ငါက မြွေပွေးပဲ ဖမ်းတယ် ။

မြွေပွေး ကျတော့ လူတွေ့ရင် မပြေးဘူး၊ ငါ့ ထိရင် ကိုက်မယ် ဆိုပြီး ငြိမ်နေတာ၊ လာမထိနဲ့ သေသွားမယ် ဆိုတဲ့ ပုံစံမျိုးပေါ့ ။ သူ့ကို မထိသေးရင် ဘာမှ မလုပ်ဘူး ။

ဒီတော့ သူ့ဦးခေါင်းနားကို မှိန်းနဲ့ အသာလေး ကပ်သွားပြီး ဦးခေါင်းကို မှိန်းနှင့် တခါထဲ ထိုးချလိုက်တယ်။ ဒီကောင် မလှုပ်နိုင် တော့ဘူး ။

မြွေထဲမှာ မြွေပွေးက ဖမ်းလို့ အလွယ်ဆုံးပဲ၊ အဆိပ် ပြင်းတယ် ဆိုပြီး မာန်တက်နေတာကိုး " လို့ ပြောပြ ပါတယ်။

ဒီတော့ မြွေပွေးဟာ ဘာကြောင့် သေရသလဲ ၊ ' အဆိပ် ပြင်းတယ် ဆိုပြီး မာန်တတ်နေလို့ ' ပဲ။ အရပ်ထဲ မှာလည်း မာန်တက်နေတဲ့ လူတွေ အများကြီး ရှိတယ်။ အဲဒါ မြွေပွေးလို လူပဲ။

အောင်မြင်မှုတွေ ရလာပြီ ၊ နာမည်တွေ ကျော်ကြားလာပြီ ဆိုရင် မာန်တက် တတ်တယ်။ အဲဒီလို မာန်တက်လာရင် ' မှန်ကင်းကနေ ထင်းဖြစ် ' သွားနိုင်တယ်လေ။

မာန ဝင်လာပြီ ဆိုရင် ကိုယ့်ရဲ့ ဦးခေါင်းပေါ်မှာ မှိန်းကြီး ရောက်လာလိမ့်မယ် ဆိုတာကို သတိရပါ ။ မှိန်းဆိုတာ အခြား မဟုတ်ဘူး၊ အကုသိုလ် ကံကြမ္မာပဲ။ ဒါကြောင့် သတိပေးချင် ပါတယ်။ မြွေပွေးလို လူ မဖြစ်ပါ စေနဲ့ ။

crd

Zawgyi

ေႁမြေပြးနွင့္တူေသာသူ

ကရင္ျပည္နယ္ ၊ ဘားအံဘက္မွာ ေႁမြဖမ္း အလြန္ ကြၽမ္းက်င္တဲ့ ကရင္ႀကီး တေယာက္ ရွိတယ္။ အဲဒီ ကရင္ႀကီးဟာ ေျခေထာက္ တဖက္လည္း မသန္ရွာဘူး။ ဒါေပမဲ့ ေႁမြဖမ္းတဲ့ ေနရာမွာေတာ့ အလြန္ ေတာ္တယ္။

တညကို ၂ ေကာင္ ၃ ေကာင္ ေလာက္ ရတယ္ ။ သူ ဖမ္းလိုက္ရင္လည္း ေႁမြေပြးပဲ ။ တေကာင္ကို တေသာင္းေလာက္ ရတာကိုး ။ လူငယ္ေလး တေယာက္က " ဖထီး ေႁမြေပြးကို ဘယ္လို ဖမ္းလဲဗ် " လို႔ ကရင္ႀကီးကို ေမးတယ္။

" ငါက ေျခေထာက္ မသန္ေတာ့ လင္းေႁမြတို႔ ေရေႁမြတို႔ကို မဖမ္းႏိုင္ဘူး။ အဲဒီေကာင္ေတြက လူေတြ႕ရင္ ထြက္ေျပး တာကိုး။ ဒါေၾကာင့္ ငါက ေႁမြေပြးပဲ ဖမ္းတယ္ ။

ေႁမြေပြး က်ေတာ့ လူေတြ႕ရင္ မေျပးဘူး၊ ငါ့ ထိရင္ ကိုက္မယ္ ဆိုၿပီး ၿငိမ္ေနတာ၊ လာမထိနဲ႔ ေသသြားမယ္ ဆိုတဲ့ ပုံစံမ်ိဳးေပါ့ ။ သူ႔ကို မထိေသးရင္ ဘာမွ မလုပ္ဘူး ။

ဒီေတာ့ သူ႔ဦးေခါင္းနားကို မွိန္းနဲ႔ အသာေလး ကပ္သြားၿပီး ဦးေခါင္းကို မွိန္းႏွင့္ တခါထဲ ထိုးခ်လိုက္တယ္။ ဒီေကာင္ မလႈပ္ႏိုင္ ေတာ့ဘူး ။ ေႁမြထဲမွာ ေႁမြေပြးက ဖမ္းလို႔ အလြယ္ဆုံးပဲ၊ အဆိပ္ ျပင္းတယ္ ဆိုၿပီး မာန္တက္ေနတာကိုး " လို႔ ေျပာျပ ပါတယ္။

ဒီေတာ့ ေႁမြေပြးဟာ ဘာေၾကာင့္ ေသရသလဲ ၊ ' အဆိပ္ ျပင္းတယ္ ဆိုၿပီး မာန္တတ္ေနလို႔ ' ပဲ။ အရပ္ထဲ မွာလည္း မာန္တက္ေနတဲ့ လူေတြ အမ်ားႀကီး ရွိတယ္။ အဲဒါ ေႁမြေပြးလို လူပဲ။

ေအာင္ျမင္မႈေတြ ရလာၿပီ ၊ နာမည္ေတြ ေက်ာ္ၾကားလာၿပီ ဆိုရင္ မာန္တက္ တတ္တယ္။ အဲဒီလို မာန္တက္လာရင္ ' မွန္ကင္းကေန ထင္းျဖစ္ ' သြားႏိုင္တယ္ေလ။

မာန ဝင္လာၿပီ ဆိုရင္ ကိုယ့္ရဲ႕ ဦးေခါင္းေပၚမွာ မွိန္းႀကီး ေရာက္လာလိမ့္မယ္ ဆိုတာကို သတိရပါ ။ မွိန္းဆိုတာ အျခား မဟုတ္ဘူး၊ အကုသိုလ္ ကံၾကမၼာပဲ။ ဒါေၾကာင့္ သတိေပးခ်င္ ပါတယ္။ ေႁမြေပြးလို လူ မျဖစ္ပါ ေစနဲ႔ ။

crd

Post a Comment

0 Comments