ချောမွတ်လှပတဲ့ အသားအရေအတွက် လျှို့ဝှက်ချက် (၇) ချက်

ချောမွတ်လှပတဲ့ အသားအရေကို မိန်းကလေးတိုင်း လိုချင်ကြပါတယ်။ အဲဒီအတွက် အများကြီး ခေါင်းရှုပ်စရာ မလိုတော့ပါဘူး။ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ

ဝိတ်ကျသွားရင် cellulite တွေ ပျောက်သွားလိမ့်မယ်လို့ လူတွေက ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ချောမွတ်တဲ့ အသားအရေလေးရဖို့

- ပရိုတိန်း

- ဥအမျိုးမျိုး၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်ရွက်

- ငါး၊ သံလွင်ဆီ၊ ထောပတ်သီး

- အဆီကျစေတဲ့ အသီးအနှံတွေကို စားပေးပါ။

၂။ ရေ

ကိုယ်ခန္ဓာသွယ်လျဖို့ အရေးကြီးဆုံးက ရေများများ သောက်ဖို့ပါ။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အခြားသောက်စရာတွေ မပါဘဲ တစ်နေ့ကို ၁.၅ လီတာကနေ ၂ လီတာာအထိ သောက်ပါ။

၃။ လေ့ကျင့်ခန်း

လောင်ကျွမ်းနိုင်တဲ့ ကယ်လိုရီထက် ပိုစားရင် တဖြည်းဖြည်း ဝလာမှာပါ။ ကိုယ်ကာယ လေ့ကျင့်ခန်းတွေက ပိုနေတဲ့ ကယ်လိုရီတွေကို လောင်စေပြီး ကိုယ်ခန္ဓာကို လှစေပါတယ်။ ကြိုးခုန်တာ၊ ပြေးတာ၊ အေရိုးဗစ်ကတာ စတဲ့နည်းလမ်းတွေက ထိရောက်ပါတယ်။

၄။ နှိပ်နယ်ခြင်း

အဆီတွေကျဖို့ Brush နဲ့ ကိုယ်တိုင်အိမ်မှာ နှိပ်နယ်လို့ရသလို ဆေးခန်းမှာ နှိပ်နယ်တာကလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ နှိပ်တဲ့အခါ ရနံ့ဆံကို အသုံးပြုပေးရင် အရေပြားအပေါ်ယံလွှာအထိ စိမ့်ဝင်ပြီး အဆီတွေ လောင်ကျွမ်းစေပါတယ်။

၅။ Scrubs

ချောမွေ့ပြီး ဆဲလ်သေတွေကို ဖယ်ရှားဖို့ scrub တွေကိုလည်း မေ့ထားလို့မရပါဘူး။ ကော်ဖီ scrub နဲ့ cellulite scrub က အသားအရေကို ချောမွတ်စေပြီး cellulite တွေကို အရောင်မှိန်စေပါတယ်။

၆။ ရေပူနဲ့ရေအေး ရောချိုးခြင်း

ရေချိုးနေချိန်မှာ ရေပူနဲ့ ရေအေးကို တစ်လှည့်စီချိုးတာက သွေးလည်ပတ်မှုကို တိုးတက်စေပါတယ်။ ရေချိုးနေတဲ့အခါ တစ်ကိုယ်လုံးကို နှိပ်နယ်ပေးရင် အကျိုးရလဒ်က ပိုသိသာပါတယ်။

၇။ ပေါင်းခံ ချွေးထုတ်ခြင်း

အပူချိန်မြင့်မြင်နဲ့ ချွေးထုတ်တာက သွေးလည်ပတ်မှုကို ကောင်းစေပြီး အသားအရေကို တင်းရင်းစေပါတယ်။ ချွေးထုတ်တဲ့အခါ ချွေးဂလင်းတွေ ပွင့်လာပြီး အရေပြားကနေတစ်ဆင့် အဆိပ်အတောက်တွေ ထွက်လာပါတယ်။ တစ်ပတ်ကို တစ်ခါလောက် ချွေးထုတ်ပေးသင့်ပါတယ်။

Zombie (lovemedia)

for zawgyi

ေခ်ာမြတ္လွပတဲ့ အသားအေရအတြက္ လွ်ိဳ႕ဝွက္ခ်က္ (၇) ခ်က္

ေခ်ာမြတ္လွပတဲ့အသားအေရကို မိန္းကေလးတိုင္း လိုခ်င္ၾကပါတယ္။ အဲဒီအတြက္ အမ်ားႀကီး ေခါင္းရႈပ္စရာ မလိုေတာ့ပါဘူး။ နည္းလမ္းေလးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာ

ဝိတ္က်သြားရင္ cellulite ေတြ ေပ်ာက္သြားလိမ့္မယ္လို႔ လူေတြက ထင္ၾကပါတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ ေခ်ာမြတ္တဲ့ အသားအေရေလးရဖို႔

- ပ႐ိုတိန္း

- ဥအမ်ိဳးမ်ိဳး၊ ခရမ္းခ်ဥ္သီး၊ ဟင္းႏုႏြယ္႐ြက္

- ငါး၊ သံလြင္ဆီ၊ ေထာပတ္သီး

- အဆီက်ေစတဲ့ အသီးအႏွံေတြကို စားေပးပါ။

၂။ ေရ

ကိုယ္ခႏၶာသြယ္လ်ဖို႔ အေရးႀကီးဆုံးက ေရမ်ားမ်ား ေသာက္ဖို႔ပါ။ ေကာ္ဖီ၊ လက္ဖက္ရည္နဲ႔ အျခားေသာက္စရာေတြ မပါဘဲ တစ္ေန႔ကို ၁.၅ လီတာကေန ၂ လီတာာအထိ ေသာက္ပါ။

၃။ ေလ့က်င့္ခန္း

ေလာင္ကြၽမ္းႏိုင္တဲ့ ကယ္လိုရီထက္ ပိုစားရင္ တျဖည္းျဖည္း ဝလာမွာပါ။ ကိုယ္ကာယ ေလ့က်င့္ခန္းေတြက ပိုေနတဲ့ ကယ္လိုရီေတြကို ေလာင္ေစၿပီး ကိုယ္ခႏၶာကို လွေစပါတယ္။ ႀကိဳးခုန္တာ၊ ေျပးတာ၊ ေအ႐ိုးဗစ္ကတာ စတဲ့နည္းလမ္းေတြက ထိေရာက္ပါတယ္။

၄။ ႏွိပ္နယ္ျခင္း

အဆီေတြက်ဖို႔ Brush နဲ႔ ကိုယ္တိုင္အိမ္မွာ ႏွိပ္နယ္လို႔ရသလို ေဆးခန္းမွာ ႏွိပ္နယ္တာကလည္း အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။ ႏွိပ္တဲ့အခါ ရနံ႔ဆံကို အသုံးျပဳေပးရင္ အေရျပားအေပၚယံလႊာအထိ စိမ့္ဝင္ၿပီး အဆီေတြ ေလာင္ကြၽမ္းေစပါတယ္။

၅။ Scrubs

ေခ်ာေမြ႕ၿပီး ဆဲလ္ေသေတြကို ဖယ္ရွားဖို႔ scrub ေတြကိုလည္း ေမ့ထားလို႔မရပါဘူး။ ေကာ္ဖီ scrub နဲ႔ cellulite scrub က အသားအေရကို ေခ်ာမြတ္ေစၿပီး cellulite ေတြကို အေရာင္မွိန္ေစပါတယ္။

၆။ေရပူနဲ႔ေရေအး ေရာခ်ိဳးျခင္း

ေရခ်ိဳးေနခ်ိန္မွာ ေရပူနဲ႔ ေရေအးကို တစ္လွည့္စီခ်ိဳးတာက ေသြးလည္ပတ္မႈကို တိုးတက္ေစပါတယ္။ ေရခ်ိဳးေနတဲ့အခါ တစ္ကိုယ္လုံးကို ႏွိပ္နယ္ေပးရင္ အက်ိဳးရလဒ္က ပိုသိသာပါတယ္။

၇။ ေပါင္းခံ ေခြၽးထုတ္ျခင္း

အပူခ်ိန္ျမင့္ျမင္နဲ႔ ေခြၽးထုတ္တာက ေသြးလည္ပတ္မႈကို ေကာင္းေစၿပီး အသားအေရကို တင္းရင္းေစပါတယ္။ ေခြၽးထုတ္တဲ့အခါ ေခြၽးဂလင္းေတြ ပြင့္လာၿပီး အေရျပားကေနတစ္ဆင့္ အဆိပ္အေတာက္ေတြ ထြက္လာပါတယ္။ တစ္ပတ္ကို တစ္ခါေလာက္ ေခြၽးထုတ္ေပးသင့္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments