ပုဏ္ဏား ၆ ယောက်

တခါတုန်းက မျက်စိ မမြင်ရတဲ့ ပုဏ္ဏား ၆ ယောက်ဟာ အရာရာသော အမှုကိစ္စတွေမှာ ကျွမ်းကျင် လိမ္မာချင်တယ် ဆိုပြီး ဆင်ရဲ့ ပုံသဏ္ဍာန်ဟာ ဘယ်လိုလဲ ဆိုတာ သိအောင် ဆင်တကောင်ကို စမ်းသပ်ကြသတဲ့။

၁။ ပထမ ပုဏ္ဏားက ဆင်ရဲ့ ကျယ်ဝန်းတဲ့ နံဘေးကို စမ်းမိပြီးတော့ "ဆင်ဟာ အုတ်နံရံ တံတိုင်းနဲ့ တူတာပဲ" လို့ ပြောသတဲ့။

၂။ ဒုတိယ ပုဏ္ဏားကတော့ အစွယ်ကို စမ်းမိပြီး "ဆင်ဟာ ချောမွေ့တယ်၊ လုံးလည်း လုံးတယ်၊ ထက်မြတ်တဲ့ အစွမ်းလည်း ရှိတယ်" လို့ ထင်မှတ်ပြီး ဆင်းရဲ့ သဏ္ဍာန်ဟာ လှံတံနဲ့ တူတယ်" လို့ ပြောသတဲ့။

၃။ တတိယ ပုဏ္ဏားကလည်း ပျော့ပြောင်း တွန့်လိမ့်နေတဲ့ ဆင်ရဲ့ နှာမောင်းကို ကိုင်မိတယ်တဲ့ ဒီတော့ "အလို၊ ဆင် ဆိုတာ မြွေကြီးလို ပါပဲလား" လို့ ပြောသတဲ့။

၄။ စတုတ္ထ ပုဏ္ဏားကတော့ ခြေထောက်ကို စမ်းမိပြီး "ဆင်ဟာ အမှန်အားဖြင့် ကျွန်းတိုင်ကြီးနဲ့ တူတာပါကွာ" လို့ ဆိုသတဲ့။

၅။ ပဉ္စမ ပုဏ္ဏား အလှည့် ရောက်တော့ ဘယ်ညာ လှုပ်ရမ်းနေတဲ့ ဆင်ရဲ့ နားရွက်ကို စမ်းမိပြီး "ဆင်ဟာ မင်းတို့ ၄ ယောက် ပြောသလို မဟုတ်ပါဘူးကွာ။ ဆင် ဆိုတာ ယပ်တောင်နဲ့သာ တူတာပါဟ" လို့ ပြောတယ်တဲ့။

၆။ နောက်ဆုံးဖြစ်တဲ့ ပုဏ္ဏားကလည်း စမ်းရန် လျှောက်သွားတော့ အမြီးကို ကိုင်မိတယ် ဆိုရင်ပဲ "မင်းတို့အားလုံး မှားတယ်၊ ဆင် ဆိုတာ ကြိုးနဲ့သာ တူတာဟ" လို့ အော်ပြောလိုက် သတဲ့။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ဒီပုံပြင်လေးကတော့  ကိုယ်သိသလောက် ကိုယ်တွေ့သလောက်လေးနဲ့ ရမ်းမပြောပါနဲ့၊ မှားတတ်ပါတယ်လို့ သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။

ကိုယ့်ဘက်က မှန်တယ် ထင်ပေမယ့် သူ့အမြင်နဲ့ဆို မှားရင်လည်း မှားနေတတ် ပါတယ်။ ဒါကြောင့် ဘယ်လို ကိစ္စမဆို သူ့ဘက် ကိုယ့်ဘက် မျှတွေးတာဟာ အကောင်းဆုံးပါ။

crd

Zawgyi

ပုဏၰား ၆ ေယာက္

တခါတုန္းက မ်က္စိ မျမင္ရတဲ့ ပုဏၰား ၆ ေယာက္ဟာ အရာရာေသာ အမႈကိစၥေတြမွာ ကြၽမ္းက်င္ လိမၼာခ်င္တယ္ ဆိုၿပီး ဆင္ရဲ႕ ပုံသ႑ာန္ဟာ ဘယ္လိုလဲ ဆိုတာ သိေအာင္ ဆင္တေကာင္ကို စမ္းသပ္ၾကသတဲ့။

၁။ ပထမ ပုဏၰားက ဆင္ရဲ႕ က်ယ္ဝန္းတဲ့ နံေဘးကို စမ္းမိၿပီးေတာ့ "ဆင္ဟာ အုတ္နံရံ တံတိုင္းနဲ႔ တူတာပဲ" လို႔ ေျပာသတဲ့။

၂။ ဒုတိယ ပုဏၰားကေတာ့ အစြယ္ကို စမ္းမိၿပီး "ဆင္ဟာ ေခ်ာေမြ႕တယ္၊ လုံးလည္း လုံးတယ္၊ ထက္ျမတ္တဲ့ အစြမ္းလည္း ရွိတယ္" လို႔ ထင္မွတ္ၿပီး ဆင္းရဲ႕ သ႑ာန္ဟာ လွံတံနဲ႔ တူတယ္" လို႔ ေျပာသတဲ့။

၃။ တတိယ ပုဏၰားကလည္း ေပ်ာ့ေျပာင္း တြန႔္လိမ့္ေနတဲ့ ဆင္ရဲ႕ ႏွာေမာင္းကို ကိုင္မိတယ္တဲ့ ဒီေတာ့ "အလို၊ ဆင္ ဆိုတာ ေႁမြႀကီးလို ပါပဲလား" လို႔ ေျပာသတဲ့။

၄။ စတုတၳ ပုဏၰားကေတာ့ ေျခေထာက္ကို စမ္းမိၿပီး "ဆင္ဟာ အမွန္အားျဖင့္ ကြၽန္းတိုင္ႀကီးနဲ႔ တူတာပါကြာ" လို႔ ဆိုသတဲ့။

၅။ ပၪၥမ ပုဏၰား အလွည့္ ေရာက္ေတာ့ ဘယ္ညာ လႈပ္ရမ္းေနတဲ့ ဆင္ရဲ႕ နား႐ြက္ကို စမ္းမိၿပီး "ဆင္ဟာ မင္းတို႔ ၄ ေယာက္ ေျပာသလို မဟုတ္ပါဘူးကြာ။ ဆင္ ဆိုတာ ယပ္ေတာင္နဲ႔သာ တူတာပါဟ" လို႔ ေျပာတယ္တဲ့။

၆။ ေနာက္ဆုံးျဖစ္တဲ့ ပုဏၰားကလည္း စမ္းရန္ ေလွ်ာက္သြားေတာ့ အၿမီးကို ကိုင္မိတယ္ ဆိုရင္ပဲ "မင္းတို႔အားလုံး မွားတယ္၊ ဆင္ ဆိုတာ ႀကိဳးနဲ႔သာ တူတာဟ" လို႔ ေအာ္ေျပာလိုက္ သတဲ့။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ဒီပုံျပင္ေလးကေတာ့  ကိုယ္သိသေလာက္ ကိုယ္ေတြ႕သေလာက္ေလးနဲ႔ ရမ္းမေျပာပါနဲ႔၊ မွားတတ္ပါတယ္လို႔ သင္ခန္းစာ ေပးထားတာပဲ ျဖစ္ပါတယ္။

ကိုယ့္ဘက္က မွန္တယ္ ထင္ေပမယ့္ သူ႔အျမင္နဲ႔ဆို မွားရင္လည္း မွားေနတတ္ ပါတယ္။ ဒါေၾကာင့္ ဘယ္လို ကိစၥမဆို သူ႔ဘက္ ကိုယ့္ဘက္ မွ်ေတြးတာဟာ အေကာင္းဆုံးပါ။

crd

Post a Comment

0 Comments