ဆရာငြိမ်း၏ ၂.၁၂.၂၀၂၁ မှ ၈.၁၂.၂၀၂၁ အထိ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီတစ်ပတ်အတွင်း အတွေးမှား၊ အလုပ်မှားတွေ များနေတတ်ပါတယ်။ အမှန်တော့ မိမိကိုယ်တိုင်က အမှားကို အမှန်မြင်နေတတ်ပါတယ်။ ကောင်းသောအတွေးအခေါ်၊ ဆင်ခြင်တုံတရားရှိသူကို အကြံဉာဏ်တောင်းပြီးမှ အရေးကြီးတာ ဆောင်ရွက်စေချင်ပါတယ်။ အလုပ်ပြောင်း နေရာပြောင်း ကြုံရတတ်ပါတယ်။ ပြစ်ချက်ကြောင့် ရာထူးတစ် ဆင့်ကျတာမျိုး၊ မကောင်းတဲ့နေရာ အပို့ခံရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

လူငယ်များ အကြီးအကဲတွေနဲ့ အတိုက်အခံဖြစ်ပြီး အိမ်က ထွက်သွားချင်တာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ကံအားနည်းနေတဲ့ ကာလပါပဲ။ ပင်ပန်းရတတ် တယ်။ ခရီးတို ခရီးရှည်တွေ ထွက်နေရလိမ့်မယ်။ အနီးကပ်လူယုံရဲ့ ဒုက္ခပေးခြင်းကြုံရမည်။ အောက်လက်ငယ်သား တော်လှန်ခြင်း ကြုံမည်။ စီးပွားရေး အဆင်မပြေ ဖြစ်တတ်တယ်။ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေ အနားမှာရှိပေမဲ့ မိမိကို ဒုက္ခပေးမဲ့သူသာ များပါလိမ့်မည်။

ကျန်းမာရေးလဲ အနည်းငယ် ညံ့နေတတ်ပါတယ်။ အာရုံကြော၊ လည်ချောင်း အားနည်းတာကို တွေ့ရပါတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းများလက်ဆောင် ရပါက ကံပြန်မြင့်လာတတ်ပါ တယ်။ ဘာသာတရားဆည်းကပ်ခြင်း၊ အလှူဒါနများများ လုပ်ပေးခြင်းဖြင့် အညံ့အဆိုးတွေ ပြေပျောက်ပါလိမ့်မယ်။ အချစ်ရေး အိမ်ထောင်ရေးကိစ္စတွေမှာ မိမိထင်သလို မဖြစ်ပေမဲ့ အရမ်းညံ့နေတာမျိုး မတွေ့ရတတ်ပါ။

အကျိုးပေးဂဏန်း ၅၊ ၉၊ ၁

အထူးဟော အနည်းငယ် ကံညံ့နေပါသည်

ယတြာ ဆိတ်သားဟင်းအကျန်နဲ့ ထမင်းနဲ့နယ်ပြီး လမ်းဘေးခွေးလေခွေးလွင့်တွေကို ကျွေးလိုက်ပါ။

တနင်္လာ

ကျန်းမာရေးအတွက်သာ ဒီအပတ်က စိတ်ပူဖို့လိုပါတယ်။ ငွေကုန်စရာရှိလဲ ကျန်းမာရေးကြောင့် ငွေကုန်ဖို့ များနေတတ်ပါတယ်။ အလုပ်ပြောင်း၊ နေရာပြောင်း၊ ဌာနပြောင်းဆိုတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ ဖိအားတွေ၊ စိတ်ဖိစီးမှုတွေ များတတ်သလို customer တွေရဲ့ complain တွေလဲ ခေါင်းခံဖြေရှင်း ရတတ်ပါတယ်။ အရည်နဲ့ပတ်သက်ပြီး အားနည်းနေချိန်မို့ အရက်၊ ပင်လယ်စာ၊ ရေထွက်ပစ္စည်းတွေ စားသုံးခြင်း၊ ရေလမ်းခရီးသွားခြင်းတွေ အထူး ရှောင်ပါ။

လူငယ်များ မေတ္တာရေးကိစ္စတွေမှာ ကြေကွဲစရာ၊ ဝမ်းနည်းစရာတွေ ကြုံရတတ်ပါတယ်။ ကိုယ်ချစ်ရသူက တစ်ခြားသူနဲ့ လက်ထပ်တော့မဲ့ သတင်းတွေလဲ ကြားရတတ်ပါတယ်။ ကိုယ်ခံအားနည်းနေတတ်တယ်။ စိတ်ရော ကိုယ်ပါ ပင်ပန်းရခြင်းတွေ ကြုံရမည်။ အိမ်ထောင်သည်များ စုတ်ကိစ္စ ရှုပ်ထွေးမှုတွေကြောင့် အိမ်ထောင်ရေး ကတောက်ကဆ ဖြစ်မည်။ လူငယ်တွေ လူကြီးမိဘတွေရဲ့ ဆူပူမှုကြောင့် အိမ်မကပ်ချင် ဖြစ်နေမည်။

နှလုံးသား ရေး ကိစ္စ ၊အချစ်ရေးကိစ္စတွေတော့ အသစ်တွေ့ ရလိမ့်မယ်။ ခရီးဝေးသွားဖို့ အကြောင်းဖန်လာရင် မသွားတာပို ကောင်းပါ လိမ့်မယ်။ ခရီးဝေးသွားလိုက်ပါက ကျန်းမာရေး ညံ့သွားတတ်လို့ပါပဲ။ တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားသိပ်ပြီး မလုပ်သင့်တဲ့ အချိန်ပါပဲ။ ရန်များခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း ကိစ္စတွေမှာ မိမိကြားဝင်ပါလာခြင်းမျိုး ကြုံရတတ်၍ အိမ်မှာ GAME ဆော့နေတာက ရန်ကင်းပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၉၊ ၁၊ ဝ

အထူးဟော ကံအားနည်းနေသည်။

ယတြာ လက်ဖက်လေးကို ကြွေပန်းကန်တစ်ချပ်ထဲ ၉ပုံပုံပြီး ဘုရားကပ်လှူပါ။

အင်္ဂါ

ကံကောင်းနေတယ်လို့ ပြောလို့ရပေမဲ့.. အဓိကတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်တွေ ဒီအပတ်ထဲ ခံစားရတတ်ပါတယ်။ ငွေရှာလို့ကောင်းသလို ငွေရဖို့ အလုပ်လဲ မနားမနေ လုပ်နေရတတ်ပါတယ်။ ဒါကြောင့် အား ရှိအောင် နေထိုင်စားသောက်ပြီး အလုပ်ကြောင့် ကိုယ်မပန်းအောင် နေထိုင်ဖို့အထူးလိုအပ်ပါတယ်။ စီးပွားရေးနဲ့ပတ် သက်တဲ့ မိတ်ဆွေကောင်းတွေ ရလာတတ်ပါတယ်။

စက်ပစ္စည်း၊ အိုင်တီပစ္စည်းတွေ ဝယ်မယ်ဆို ဒီကာလမှာ ဝယ်ရင် အထူးအကျိုးပေးပါတယ်။ မိမိလုပ်ငန်းအတွက် ဝန်ထမ်းတွေ ခန့်မယ်ဆို ဒီကာလမှာ အင်တာဗျူး လုပ်ပြီး စခန့်လို့ ကောင်းပါတယ်။ ဇာတာရှင်အနေနဲ့က ဒီတစ်ပတ် အညံ့အဆိုးကင်းနေပါတယ်။ အဘက်ဘက်က အဆင်ပြေမှုတွေ ကြုံရ ပါလိမ့်မယ်။ အိမ်ခြံမြေကိစ္စ ၊အလုပ်ကိစ္စ အထူးအဆင်ပြေမယ်။ ကံစမ်းမဲပေါက်ခြင်း၊ငွေအစုလိုက်ဝင်ခြင်းတွေ ရှိနိုင်တဲ့ကာလပါ။

ထီထိုးလို့ အကောင်းဆုံးအချိန်ပါပဲ။၁အစ၊ ၀ အစ ထီထိုးပါ။ ဒီကာလအတွင်း အနီရောင် များများပါသောအဝတ်ကို အားပြုဝတ်ဆင်ပါ။ ကျန်းမာရေးတော့ အနည်းငယ် အားနည်းလာနိုင်စရာ ရှိနေပါတယ်။ အချစ်ရေးက အဆင်ပြေလိုက် မပြေလိုက် ဖြစ်နေမဲ့အချိန်ပါ။ စီးပွားရေး အထူးကောင်းလာနိုင်ပါတယ်။ ဘာသာရေး ကိစ္စ၊ ပရဟိတ ကိစ္စတွေမှာလဲ ဝင်ရောက်ကူညီ ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၇၊ ဝ ၊၁

အထူးဟော ကံအထူးကောင်းသည်။

ယတြာ အုန်းသီးစိပ်လေး ၆ စိပ် ကပ်လှူလိုက်ပါ

ဗုဒ္ဓဟူး၊ ရာဟု

ငွေရှာနေသူများ ငွေရလာလိမ့်မယ်။ ငွေကံနီးတဲ့ ကာလအပိုင်းအခြားပါပဲ။ ငွေကြေးအတွက် ပူပန်သောကတွေ ပြေလည်ဖို့ အထူးအကြောင်းဖန်လာတတ်ပါတယ်။ အတတ်ပညာကောင်း၊ အသိပညာကောင်းတွေ ရလာတတ်ပါ တယ်။ လူမှုဆက်ဆံရေးကိစ္စတွေ ညှိနှိုင်းဆောင်ရွက်တဲ့ကိစ္စတွေ ပြေလည်မှုတွေ ရလာတတ်ပါတယ်။ သားသမီးရဲ့ အကူအညီ အထောက်အပံ့တွေ ရလာတတ်ပါတယ်။

မိမိခန္ဓာကိုယ်ကို အလှပြုပြင်ခြင်းများ၊ မျက်နှာ၊ဆံပင်အလှ ပြုပြင်ခြင်းများဆောင်ရွက်လို့ အထူးကောင်းပါတယ်။မေတ္တာရေးကိစ္စ ၊အချစ်ရေးကိစ္စ တွေနဲ့ပတ်သက်ပြီး ကြီးကျယ်စွာ သောက ရောက်တတ်တယ်။ အထင်လွဲမှုတွေ၊စိတ်ဝမ်းကွဲမှုတွေ ကြုံလာစရာ ရှိနေပါတယ်။ အိမ်ထောင်သည် တွေ အနေနဲ့လဲ အိမ်ထောင်ရေး သာယာချမ်းမြေ့မှု နည်းတတ်ပါတယ်။

လက်ရှိအလုပ်ကလွဲပြီး တိုးချဲ့လုပ် ကိုင် ခြင်း ၊စီးပွားချဲ့ခြင်း မလုပ်ပါနဲ့အုံး။ ကျန်းမာရေး ဒေါင်ဒေါင်မည်နေပါလိမ့်မယ်။ ငွေကြေးကိစ္စ၊ စပ်တူရှယ်ရာကိစ္စ အဆင်ပြေမည်။ ကျောက်လုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း ၊ငါးလုပ်ငန်း ၊ရေထွက်ပစ္စည်း ဆက်စပ်လုပ်ငန်း လုပ်ကိုင်နေသူများ အထူးအကျိုးဖြစ်ထွန်းမည်။ ဘာသာရေးနဲ့ပတ်သက်သောအလုပ်များ ကူညီလုပ်ကိုင်ပေးခြင်းဖြင့် ကံကောင်းခြင်းတွေ ရယူလိုက်ပါ။

အကျိုးပေးဂဏန်း ၆၊ ၂၊ ၅

အထူးဟော လူမှုရေးကိစ္စ၊ အချစ်ရေးကိစ္စများ အထူးညံ့သည်။

ယတြာ ဂန္ဓာမာပန်းလေး ၇ ပွင့် ဘုရား ကပ်လှူပါ။

ကြာသပတေး

အခက်အခဲလို့ ပြောနိုင်တာက ငွေကြေးပါ။ ငွေကံ သိပ်ညံ့နေတဲ့အချိန်တွေလို့ ဒီအပတ်ကို ပြောလို့ရပါတယ်။ အတွေးအခေါ် ဉာဏ်ပညာအား နည်းနေတတ်ပါတယ်။ အပျော်အပါးအတွက် အချိန်ကုန် နေတတ်ပါတယ်။ကောင်းတဲ့ အကြံဉာဏ်တွေရပေမဲ့ မိမိကို ဆရာလာလုပ်တယ်လို့ ကိုယ်တိုင်က လွဲမှားစွာထင်နေမိတတ်ပါတယ်။ လက်ကား အလုပ်များ၊ ငွေကုန်မြုပ်နှံရတဲ့ အလုပ်များ ထင်သလို အဆင်မပြေတတ်ပါဘူး။

မိမိလေးစားရတဲ့ ဆရာသမားတွေရဲ့ နာ ရေးသတင်းတွေ ကြားရတတ်ပါတယ်။ နည်းနည်းတော့ စိတ်ညစ်ရမဲ့ ကာလပါပဲ။ အလိုလိုနေရင်း စိတ်ရှုပ်နေတတ် သည်။ သူများကိစ္စ ကြားကနေ ဖြေရှင်းပေးရတတ်သည်။ ဓားခုတ်ရာလက်ရှိုတာမျိုး ကြုံရတတ်သည်။ သီးသန့် နေ ခြင်း အများနဲ့ကင်းကင်းနေခြင်းက ဒီတစ်ပတ်အတွက် အကောင်းဆုံး ဖြစ်လာပါလိမ့်မယ်။ လုပ်ငန်းစီးပွားလဲ အားနည်းနေ တတ်တယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်များ အလုပ်ပါးနေတတ်တယ်။

ငွေကလဲ အဝင်ထက် အထွက်များနေ တတ်ပါတယ်။ ကံညံ့မှုတွေကြားထဲက ကံကောင်းခြင်းလို့ ပြောရမဲ့ကိစ္စကတော့ အချစ်ရေးကိစ္စများ ၊ မေတ္တာရေးကိစ္စများ ချောမွေ့ပါလိမ့်မယ်။ အားပေးမဲ့ချစ်သူ အနားမှာရှိမဲ့ အချိန်လေးပါပဲ။ပညာရေးနဲ့ဆိုင်သော အလုပ်များ အဆင်ပြေ တတ်ပါတယ်။ ဒီတစ်ပတ်မှာ ရာထူးစာမေးပွဲ၊ အင်တာဗျူး ကိစ္စတွေရှိရင် ရလဒ်ကောင်းတတ်ပါတယ်။

အကျိုးပေးဂဏန်း - ၅၊ ၁၊ ၂

အထူးဟော ကံညံ့နေပါတယ်။

ယတြာ - စံပယ်ပန်း ဘုရားတင်လှူလိုက်ပါ။

သောကြာ

စိတ်ချမ်းမြေ့စရာ သတင်းကောင်းတွေ ရလာတတ်ပါတယ်။ မိသားစုအတွင်း စိတ်ချမ်းသာမှုတွေ အပြည့်အဝ ရလာတတ်ပါတယ်။ ကောင်းသောခရီး၊မင်္ဂလာရှိသော ခရီးတွေ သွားရတတ်ပါတယ်။ ငွေကံကောင်းပေမဲ့ ငွေကြေးနဲ့ ပတ်သက်ပြီး အကူအညီတွေ မိမိကပေးမိရင် (သူများကို ပိုက်ဆံချေးမိရင်တော့ ) ပြန်ရဖို့ ခက်ခဲတတ်ပါတယ်။ အလုပ်ကံ ကောင်းလာတတ်ပါတယ်။ ရပ်ဝေးက အလုပ်တွေ အခြေအနေကောင်းပါတယ်။

စန်းအားကောင်းပြီး လူချစ် လူခင်များနေတတ်ပါတယ်။ လူကြီးသူမတွေ ကူညီခြင်းကြုံရတတ်သလို၊ မိမိကို စောင့်ရှောက်တဲ့ပုဂ္ဂိုလ်တွေရဲ့ မစ ခြင်းတွေကိုလဲ ကြုံရနိုင်ပါသေးတယ်။ မနာလိုခြင်း ၊အတိုက်အခိုက်ခံရခြင်း၊ မိမိကို ချောက် ချခြင်းတွေ ကြုံရပါလိမ့် မယ်။ နေရာလုခြင်း မျိုးတွေလဲ တွေ့ရပါလိမ့်မယ်။ မေတ္တာတရားနဲ့သာ ဖြေရှင်းပါ။ မိမိသာ အနိုင်ရပါလိမ့်မည်။

ဒီကာလအတွင်း အိမ်အတွက် ၊မိသားစုအတွက် ပူပန်ရတတ်ပါတယ်။ လူငယ်တွေအတွက်ကတော့ အချစ်ရေး အဆင်ပြေမဲ့ကာလပါ။ လက်ထပ်ဖို့ ကိစ္စတော်တော်များများ အလေးပေးဆောင်ရွက်လို့ အထူးကောင်းတာကို တွေ့ ရပါ တယ်။ ပညာရေး အထူးကောင်းမည်။ ကျန်းမာရေးကတော့ တရှောင်ရှောင် ဖြစ်လွယ်ပါသည်။ ဒီကာလအတွင်း အဖြူရောင် များများပါသော အဝတ်အစားများအား ပြုဝတ်ဆင်သင့်ပါတယ်ဗျ။

အကျိုးပေးဂဏန်း - ၈၊ ၄ ၊၅

အထူးဟော - ကံသင့်ပါသည်။

ယတြာ - တနင်္လာသားတစ်ယောက်ကို ဒိန်ချဉ် လက်ဆောင်ပေးလိုက်ပါ။

စနေ

စီးပွားရေးအတွက် စွန့်စွန့်စားစား လုပ်ကိုင်ချင်နေတာမျိုးဆို ဒီကာလမှာ လုပ်လို့ကောင်းပါတယ်။ ငွေကြေးနဲ့ ပတ်သက်သော အကူအညီတွေရလာနိုင်ပါတယ်။ စုတ်အားတွေကောင်းနေတာမျိုး အိမ်ထောင်သည်များ လိင်ကိစ္စတွေ သတိထားရှောင်ပါ။ အောက်လက်ငယ်သားတွေကို အားကိုးရမဲ့ကာလပါပဲ။ ခရီးတိုလေးတွေ မထင်မှတ်ဘဲသွားရ တတ်ပါတယ်။ မိသားစု စီးပွားရေးများ၊ အိမ်တွင်းအလုပ်များ တိုးတတ်လာဖွယ် ရှိနေတာကိုတွေ့ရပါတယ်။

စီးပွားရေး၊ အလုပ်အကိုင် တဟုန်ထိုးတိုးတတ်မည်။ လုပ်လို့ကိုင်လို့ အလွန်အဆင်ပြေနေချိန်ပါပဲ။ ဝန်ထမ်းဆိုရင်တောင် ဘေးပေါက် အလုပ်လေးတွေကြောင့် အဆင်ပြေလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်သူများ လုပ်ငန်းချဲ့ထွင်နိုင် လိမ့် မည်။ ငွေလဲ အဘက်ဘက်က ဝင်နေမဲ့အချိန်ပါပဲ။ မိတ်ဆွေ၊သူငယ်ချင်း၊ လူကြီးသူမများရဲ့အကူအညီတွေ အများကြီး ရခြင်း ကြောင့် ပိုပြီးအဆင့်မြင့်တဲ့ နေရာကိုတက်လှမ်းနိုင်မည်။

ကျန်းမာရေး ညံ့ဖျင်းနေမှုတွေလဲ ဒီကာလမှာ ပိန်းကြာရွက် ပေါ် ရေမတင်သကဲ့သို့ လျော့ကျ ပျောက်ကင်းသွားပါလိမ့်မယ်။ ပညာရေးကိစ္စ၊ အင်တာဗျူး ကိစ္စ၊ သင်တန်းကိစ္စတွေ လဲအဆင်ပြေ ချောမွေ့ပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေမှာ နားလည်မှုပေးတဲ့ ချစ်သူကြောင့် စိတ်ချမ်းသာခွင့်ရတတ်ပါ တယ်။ အိမ်ထောင်သည်များ လိင်မတူသူ တစ်စိမ်းတွေနဲ့ နီးနီးကပ်ကပ် နေထိုင်ခြင်းမျိုး မပြုလုပ်သင့်ပါ။

အကျိုးပေးဂဏန်း ၁၊ ၅ ၊၄

အထူးဟော ကံမြင့်နေသည်။

ယတြာ အပွင့်ပါသော ပန်းပေါင်းစုံ ၅ မျိုး ဘုရားကပ်လှူလိုက်ပါ။

၇ ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

for zawgyi

ဆရာၿငိမ္း၏ ၂.၁၂.၂၀၂၁ မွ ၈.၁၂.၂၀၂၁ အထိ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီတစ္ပတ္အတြင္း အေတြးမွား၊ အလုပ္မွားေတြ မ်ားေနတတ္ပါတယ္။ အမွန္ေတာ့ မိမိကိုယ္တိုင္က အမွားကို အမွန္ျမင္ေနတတ္ပါတယ္။ ေကာင္းေသာအေတြးအေခၚ၊ ဆင္ျခင္တုံတရားရွိသူကို အႀကံဉာဏ္ေတာင္းၿပီးမွ အေရးႀကီးတာ ေဆာင္႐ြက္ေစခ်င္ပါတယ္။ အလုပ္ေျပာင္း ေနရာေျပာင္း ႀကဳံရတတ္ပါတယ္။ ျပစ္ခ်က္ေၾကာင့္ ရာထူးတစ္ ဆင့္က်တာမ်ိဳး၊ မေကာင္းတဲ့ေနရာ အပို႔ခံရတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

လူငယ္မ်ား အႀကီးအကဲေတြနဲ႔ အတိုက္အခံျဖစ္ၿပီး အိမ္က ထြက္သြားခ်င္တာမ်ိဳးေတြ ျဖစ္ေနတတ္ပါတယ္။ ကံအားနည္းေနတဲ့ ကာလပါပဲ။ ပင္ပန္းရတတ္ တယ္။ ခရီးတို ခရီးရွည္ေတြ ထြက္ေနရလိမ့္မယ္။ အနီးကပ္လူယုံရဲ႕ ဒုကၡေပးျခင္းႀကဳံရမည္။ ေအာက္လက္ငယ္သား ေတာ္လွန္ျခင္း ႀကဳံမည္။ စီးပြားေရး အဆင္မေျပ ျဖစ္တတ္တယ္။ မိတ္ေဆြေတြ လုပ္ေဖာ္ကိုင္ဖက္ေတြ အနားမွာရွိေပမဲ့ မိမိကို ဒုကၡေပးမဲ့သူသာ မ်ားပါလိမ့္မည္။

က်န္းမာေရးလဲ အနည္းငယ္ ညံ့ေနတတ္ပါတယ္။ အာ႐ုံေၾကာ၊ လည္ေခ်ာင္း အားနည္းတာကို ေတြ႕ရပါတယ္။ ဘာသာေရးနဲ႔ ပတ္သက္တဲ့ ပစၥည္းမ်ားလက္ေဆာင္ ရပါက ကံျပန္ျမင့္လာတတ္ပါ တယ္။ ဘာသာတရားဆည္းကပ္ျခင္း၊ အလႉဒါနမ်ားမ်ား လုပ္ေပးျခင္းျဖင့္ အညံ့အဆိုးေတြ ေျပေပ်ာက္ပါလိမ့္မယ္။ အခ်စ္ေရး အိမ္ေထာင္ေရးကိစၥေတြမွာ မိမိထင္သလို မျဖစ္ေပမဲ့ အရမ္းညံ့ေနတာမ်ိဳး မေတြ႕ရတတ္ပါ။

အက်ိဳးေပးဂဏန္း ၅၊ ၉၊ ၁

အထူးေဟာ အနည္းငယ္ ကံညံ့ေနပါသည္

ယၾတာ ဆိတ္သားဟင္းအက်န္နဲ႔ ထမင္းနဲ႔နယ္ၿပီး လမ္းေဘးေခြးေလေခြးလြင့္ေတြကို ေကြၽးလိုက္ပါ။

တနလၤာ

က်န္းမာေရးအတြက္သာ ဒီအပတ္က စိတ္ပူဖို႔လိုပါတယ္။ ေငြကုန္စရာရွိလဲ က်န္းမာေရးေၾကာင့္ ေငြကုန္ဖို႔ မ်ားေနတတ္ပါတယ္။ အလုပ္ေျပာင္း၊ ေနရာေျပာင္း၊ ဌာနေျပာင္းဆိုတာမ်ိဳးေတြလဲ ႀကဳံရတတ္ပါတယ္။ ဖိအားေတြ၊ စိတ္ဖိစီးမႈေတြ မ်ားတတ္သလို customer ေတြရဲ႕ complain ေတြလဲ ေခါင္းခံေျဖရွင္း ရတတ္ပါတယ္။ အရည္နဲ႔ပတ္သက္ၿပီး အားနည္းေနခ်ိန္မို႔ အရက္၊ ပင္လယ္စာ၊ ေရထြက္ပစၥည္းေတြ စားသုံးျခင္း၊ ေရလမ္းခရီးသြားျခင္းေတြ အထူး ေရွာင္ပါ။

လူငယ္မ်ား ေမတၱာေရးကိစၥေတြမွာ ေၾကကြဲစရာ၊ ဝမ္းနည္းစရာေတြ ႀကဳံရတတ္ပါတယ္။ ကိုယ္ခ်စ္ရသူက တစ္ျခားသူနဲ႔ လက္ထပ္ေတာ့မဲ့ သတင္းေတြလဲ ၾကားရတတ္ပါတယ္။ ကိုယ္ခံအားနည္းေနတတ္တယ္။ စိတ္ေရာ ကိုယ္ပါ ပင္ပန္းရျခင္းေတြ ႀကဳံရမည္။ အိမ္ေထာင္သည္မ်ား စုတ္ကိစၥ ရႈပ္ေထြးမႈေတြေၾကာင့္ အိမ္ေထာင္ေရး ကေတာက္ကဆ ျဖစ္မည္။ လူငယ္ေတြ လူႀကီးမိဘေတြရဲ႕ ဆူပူမႈေၾကာင့္ အိမ္မကပ္ခ်င္ ျဖစ္ေနမည္။

ႏွလုံးသား ေရး ကိစၥ ၊အခ်စ္ေရးကိစၥေတြေတာ့ အသစ္ေတြ႕ ရလိမ့္မယ္။ ခရီးေဝးသြားဖို႔ အေၾကာင္းဖန္လာရင္ မသြားတာပို ေကာင္းပါ လိမ့္မယ္။ ခရီးေဝးသြားလိုက္ပါက က်န္းမာေရး ညံ့သြားတတ္လို႔ပါပဲ။ တတ္ႏိုင္သမွ် လႈပ္လႈပ္ရွားရွားသိပ္ၿပီး မလုပ္သင့္တဲ့ အခ်ိန္ပါပဲ။ ရန္မ်ားျခင္း၊ ခိုက္ရန္ျဖစ္ပြားျခင္း ကိစၥေတြမွာ မိမိၾကားဝင္ပါလာျခင္းမ်ိဳး ႀကဳံရတတ္၍ အိမ္မွာ GAME ေဆာ့ေနတာက ရန္ကင္းပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၉၊ ၁၊ ဝ

အထူးေဟာ ကံအားနည္းေနသည္။

ယၾတာ လက္ဖက္ေလးကို ေႂကြပန္းကန္တစ္ခ်ပ္ထဲ ၉ပုံပုံၿပီး ဘုရားကပ္လႉပါ။

အဂၤါ

ကံေကာင္းေနတယ္လို႔ ေျပာလို႔ရေပမဲ့.. အဓိကေတာ့ ကိုယ့္ရဲ႕ႀကိဳးစားအားထုတ္မႈရဲ႕ အသီးအပြင့္ေတြ ဒီအပတ္ထဲ ခံစားရတတ္ပါတယ္။ ေငြရွာလို႔ေကာင္းသလို ေငြရဖို႔ အလုပ္လဲ မနားမေန လုပ္ေနရတတ္ပါတယ္။ ဒါေၾကာင့္ အား ရွိေအာင္ ေနထိုင္စားေသာက္ၿပီး အလုပ္ေၾကာင့္ ကိုယ္မပန္းေအာင္ ေနထိုင္ဖို႔အထူးလိုအပ္ပါတယ္။ စီးပြားေရးနဲ႔ပတ္ သက္တဲ့ မိတ္ေဆြေကာင္းေတြ ရလာတတ္ပါတယ္။

စက္ပစၥည္း၊ အိုင္တီပစၥည္းေတြ ဝယ္မယ္ဆို ဒီကာလမွာ ဝယ္ရင္ အထူးအက်ိဳးေပးပါတယ္။ မိမိလုပ္ငန္းအတြက္ ဝန္ထမ္းေတြ ခန႔္မယ္ဆို ဒီကာလမွာ အင္တာဗ်ဴး လုပ္ၿပီး စခန႔္လို႔ ေကာင္းပါတယ္။ ဇာတာရွင္အေနနဲ႔က ဒီတစ္ပတ္ အညံ့အဆိုးကင္းေနပါတယ္။ အဘက္ဘက္က အဆင္ေျပမႈေတြ ႀကဳံရ ပါလိမ့္မယ္။ အိမ္ၿခံေျမကိစၥ ၊အလုပ္ကိစၥ အထူးအဆင္ေျပမယ္။ ကံစမ္းမဲေပါက္ျခင္း၊ေငြအစုလိုက္ဝင္ျခင္းေတြ ရွိႏိုင္တဲ့ကာလပါ။

ထီထိုးလို႔ အေကာင္းဆုံးအခ်ိန္ပါပဲ။၁အစ၊ ၀ အစ ထီထိုးပါ။ ဒီကာလအတြင္း အနီေရာင္ မ်ားမ်ားပါေသာအဝတ္ကို အားျပဳဝတ္ဆင္ပါ။ က်န္းမာေရးေတာ့ အနည္းငယ္ အားနည္းလာႏိုင္စရာ ရွိေနပါတယ္။ အခ်စ္ေရးက အဆင္ေျပလိုက္ မေျပလိုက္ ျဖစ္ေနမဲ့အခ်ိန္ပါ။ စီးပြားေရး အထူးေကာင္းလာႏိုင္ပါတယ္။ ဘာသာေရး ကိစၥ၊ ပရဟိတ ကိစၥေတြမွာလဲ ဝင္ေရာက္ကူညီ ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၇၊ ဝ ၊၁

အထူးေဟာ ကံအထူးေကာင္းသည္။

ယၾတာ အုန္းသီးစိပ္ေလး ၆ စိပ္ ကပ္လႉလိုက္ပါ

ဗုဒၶဟူး၊ ရာဟု

ေငြရွာေနသူမ်ား ေငြရလာလိမ့္မယ္။ ေငြကံနီးတဲ့ ကာလအပိုင္းအျခားပါပဲ။ ေငြေၾကးအတြက္ ပူပန္ေသာကေတြ ေျပလည္ဖို႔ အထူးအေၾကာင္းဖန္လာတတ္ပါတယ္။ အတတ္ပညာေကာင္း၊ အသိပညာေကာင္းေတြ ရလာတတ္ပါ တယ္။ လူမႈဆက္ဆံေရးကိစၥေတြ ညႇိႏႈိင္းေဆာင္႐ြက္တဲ့ကိစၥေတြ ေျပလည္မႈေတြ ရလာတတ္ပါတယ္။ သားသမီးရဲ႕ အကူအညီ အေထာက္အပံ့ေတြ ရလာတတ္ပါတယ္။

မိမိခႏၶာကိုယ္ကို အလွျပဳျပင္ျခင္းမ်ား၊ မ်က္ႏွာ၊ဆံပင္အလွ ျပဳျပင္ျခင္းမ်ားေဆာင္႐ြက္လို႔ အထူးေကာင္းပါတယ္။ေမတၱာေရးကိစၥ ၊အခ်စ္ေရးကိစၥ ေတြနဲ႔ပတ္သက္ၿပီး ႀကီးက်ယ္စြာ ေသာက ေရာက္တတ္တယ္။ အထင္လြဲမႈေတြ၊စိတ္ဝမ္းကြဲမႈေတြ ႀကဳံလာစရာ ရွိေနပါတယ္။ အိမ္ေထာင္သည္ ေတြ အေနနဲ႔လဲ အိမ္ေထာင္ေရး သာယာခ်မ္းေျမ့မႈ နည္းတတ္ပါတယ္။

လက္ရွိအလုပ္ကလြဲၿပီး တိုးခ်ဲ႕လုပ္ ကိုင္ ျခင္း ၊စီးပြားခ်ဲ႕ျခင္း မလုပ္ပါနဲ႔အုံး။ က်န္းမာေရး ေဒါင္ေဒါင္မည္ေနပါလိမ့္မယ္။ ေငြေၾကးကိစၥ၊ စပ္တူရွယ္ရာကိစၥ အဆင္ေျပမည္။ ေက်ာက္လုပ္ငန္း၊ အေဖ်ာ္ယမကာလုပ္ငန္း ၊ငါးလုပ္ငန္း ၊ေရထြက္ပစၥည္း ဆက္စပ္လုပ္ငန္း လုပ္ကိုင္ေနသူမ်ား အထူးအက်ိဳးျဖစ္ထြန္းမည္။ ဘာသာေရးနဲ႔ပတ္သက္ေသာအလုပ္မ်ား ကူညီလုပ္ကိုင္ေပးျခင္းျဖင့္ ကံေကာင္းျခင္းေတြ ရယူလိုက္ပါ။

အက်ိဳးေပးဂဏန္း ၆၊ ၂၊ ၅

အထူးေဟာ လူမႈေရးကိစၥ၊ အခ်စ္ေရးကိစၥမ်ား အထူးညံ့သည္။

ယၾတာ ဂႏၶာမာပန္းေလး ၇ ပြင့္ ဘုရား ကပ္လႉပါ။

ၾကာသပေတး

အခက္အခဲလို႔ ေျပာႏိုင္တာက ေငြေၾကးပါ။ ေငြကံ သိပ္ညံ့ေနတဲ့အခ်ိန္ေတြလို႔ ဒီအပတ္ကို ေျပာလို႔ရပါတယ္။ အေတြးအေခၚ ဉာဏ္ပညာအား နည္းေနတတ္ပါတယ္။ အေပ်ာ္အပါးအတြက္ အခ်ိန္ကုန္ ေနတတ္ပါတယ္။ေကာင္းတဲ့ အႀကံဉာဏ္ေတြရေပမဲ့ မိမိကို ဆရာလာလုပ္တယ္လို႔ ကိုယ္တိုင္က လြဲမွားစြာထင္ေနမိတတ္ပါတယ္။ လက္ကား အလုပ္မ်ား၊ ေငြကုန္ျမဳပ္ႏွံရတဲ့ အလုပ္မ်ား ထင္သလို အဆင္မေျပတတ္ပါဘူး။

မိမိေလးစားရတဲ့ ဆရာသမားေတြရဲ႕ နာ ေရးသတင္းေတြ ၾကားရတတ္ပါတယ္။ နည္းနည္းေတာ့ စိတ္ညစ္ရမဲ့ ကာလပါပဲ။ အလိုလိုေနရင္း စိတ္ရႈပ္ေနတတ္ သည္။ သူမ်ားကိစၥ ၾကားကေန ေျဖရွင္းေပးရတတ္သည္။ ဓားခုတ္ရာလက္ရႈိတာမ်ိဳး ႀကဳံရတတ္သည္။ သီးသန႔္ ေန ျခင္း အမ်ားနဲ႔ကင္းကင္းေနျခင္းက ဒီတစ္ပတ္အတြက္ အေကာင္းဆုံး ျဖစ္လာပါလိမ့္မယ္။ လုပ္ငန္းစီးပြားလဲ အားနည္းေန တတ္တယ္။ ကိုယ္ပိုင္လုပ္ငန္းရွင္မ်ား အလုပ္ပါးေနတတ္တယ္။

ေငြကလဲ အဝင္ထက္ အထြက္မ်ားေန တတ္ပါတယ္။ ကံညံ့မႈေတြၾကားထဲက ကံေကာင္းျခင္းလို႔ ေျပာရမဲ့ကိစၥကေတာ့ အခ်စ္ေရးကိစၥမ်ား ၊ ေမတၱာေရးကိစၥမ်ား ေခ်ာေမြ႕ပါလိမ့္မယ္။ အားေပးမဲ့ခ်စ္သူ အနားမွာရွိမဲ့ အခ်ိန္ေလးပါပဲ။ပညာေရးနဲ႔ဆိုင္ေသာ အလုပ္မ်ား အဆင္ေျပ တတ္ပါတယ္။ ဒီတစ္ပတ္မွာ ရာထူးစာေမးပြဲ၊ အင္တာဗ်ဴး ကိစၥေတြရွိရင္ ရလဒ္ေကာင္းတတ္ပါတယ္။

အက်ိဳးေပးဂဏန္း - ၅၊ ၁၊ ၂

အထူးေဟာ ကံညံ့ေနပါတယ္။

ယၾတာ - စံပယ္ပန္း ဘုရားတင္လႉလိုက္ပါ။

ေသာၾကာ

စိတ္ခ်မ္းေျမ့စရာ သတင္းေကာင္းေတြ ရလာတတ္ပါတယ္။ မိသားစုအတြင္း စိတ္ခ်မ္းသာမႈေတြ အျပည့္အဝ ရလာတတ္ပါတယ္။ ေကာင္းေသာခရီး၊မဂၤလာရွိေသာ ခရီးေတြ သြားရတတ္ပါတယ္။ ေငြကံေကာင္းေပမဲ့ ေငြေၾကးနဲ႔ ပတ္သက္ၿပီး အကူအညီေတြ မိမိကေပးမိရင္ (သူမ်ားကို ပိုက္ဆံေခ်းမိရင္ေတာ့ ) ျပန္ရဖို႔ ခက္ခဲတတ္ပါတယ္။ အလုပ္ကံ ေကာင္းလာတတ္ပါတယ္။ ရပ္ေဝးက အလုပ္ေတြ အေျခအေနေကာင္းပါတယ္။

စန္းအားေကာင္းၿပီး လူခ်စ္ လူခင္မ်ားေနတတ္ပါတယ္။ လူႀကီးသူမေတြ ကူညီျခင္းႀကဳံရတတ္သလို၊ မိမိကို ေစာင့္ေရွာက္တဲ့ပုဂၢိဳလ္ေတြရဲ႕ မစ ျခင္းေတြကိုလဲ ႀကဳံရႏိုင္ပါေသးတယ္။ မနာလိုျခင္း ၊အတိုက္အခိုက္ခံရျခင္း၊ မိမိကို ေခ်ာက္ ခ်ျခင္းေတြ ႀကဳံရပါလိမ့္ မယ္။ ေနရာလုျခင္း မ်ိဳးေတြလဲ ေတြ႕ရပါလိမ့္မယ္။ ေမတၱာတရားနဲ႔သာ ေျဖရွင္းပါ။ မိမိသာ အႏိုင္ရပါလိမ့္မည္။

ဒီကာလအတြင္း အိမ္အတြက္ ၊မိသားစုအတြက္ ပူပန္ရတတ္ပါတယ္။ လူငယ္ေတြအတြက္ကေတာ့ အခ်စ္ေရး အဆင္ေျပမဲ့ကာလပါ။ လက္ထပ္ဖို႔ ကိစၥေတာ္ေတာ္မ်ားမ်ား အေလးေပးေဆာင္႐ြက္လို႔ အထူးေကာင္းတာကို ေတြ႕ ရပါ တယ္။ ပညာေရး အထူးေကာင္းမည္။ က်န္းမာေရးကေတာ့ တေရွာင္ေရွာင္ ျဖစ္လြယ္ပါသည္။ ဒီကာလအတြင္း အျဖဴေရာင္ မ်ားမ်ားပါေသာ အဝတ္အစားမ်ားအား ျပဳဝတ္ဆင္သင့္ပါတယ္ဗ်။

အက်ိဳးေပးဂဏန္း - ၈၊ ၄ ၊၅

အထူးေဟာ - ကံသင့္ပါသည္။

ယၾတာ - တနလၤာသားတစ္ေယာက္ကို ဒိန္ခ်ဥ္ လက္ေဆာင္ေပးလိုက္ပါ။

စေန

စီးပြားေရးအတြက္ စြန႔္စြန႔္စားစား လုပ္ကိုင္ခ်င္ေနတာမ်ိဳးဆို ဒီကာလမွာ လုပ္လို႔ေကာင္းပါတယ္။ ေငြေၾကးနဲ႔ ပတ္သက္ေသာ အကူအညီေတြရလာႏိုင္ပါတယ္။ စုတ္အားေတြေကာင္းေနတာမ်ိဳး အိမ္ေထာင္သည္မ်ား လိင္ကိစၥေတြ သတိထားေရွာင္ပါ။ ေအာက္လက္ငယ္သားေတြကို အားကိုးရမဲ့ကာလပါပဲ။ ခရီးတိုေလးေတြ မထင္မွတ္ဘဲသြားရ တတ္ပါတယ္။ မိသားစု စီးပြားေရးမ်ား၊ အိမ္တြင္းအလုပ္မ်ား တိုးတတ္လာဖြယ္ ရွိေနတာကိုေတြ႕ရပါတယ္။

စီးပြားေရး၊ အလုပ္အကိုင္ တဟုန္ထိုးတိုးတတ္မည္။ လုပ္လို႔ကိုင္လို႔ အလြန္အဆင္ေျပေနခ်ိန္ပါပဲ။ ဝန္ထမ္းဆိုရင္ေတာင္ ေဘးေပါက္ အလုပ္ေလးေတြေၾကာင့္ အဆင္ေျပလိမ့္မယ္။ ကိုယ္ပိုင္စီးပြားေရးလုပ္သူမ်ား လုပ္ငန္းခ်ဲ႕ထြင္ႏိုင္ လိမ့္ မည္။ ေငြလဲ အဘက္ဘက္က ဝင္ေနမဲ့အခ်ိန္ပါပဲ။ မိတ္ေဆြ၊သူငယ္ခ်င္း၊ လူႀကီးသူမမ်ားရဲ႕အကူအညီေတြ အမ်ားႀကီး ရျခင္း ေၾကာင့္ ပိုၿပီးအဆင့္ျမင့္တဲ့ ေနရာကိုတက္လွမ္းႏိုင္မည္။

က်န္းမာေရး ညံ့ဖ်င္းေနမႈေတြလဲ ဒီကာလမွာ ပိန္းၾကာ႐ြက္ ေပၚ ေရမတင္သကဲ့သို႔ ေလ်ာ့က် ေပ်ာက္ကင္းသြားပါလိမ့္မယ္။ ပညာေရးကိစၥ၊ အင္တာဗ်ဴး ကိစၥ၊ သင္တန္းကိစၥေတြ လဲအဆင္ေျပ ေခ်ာေမြ႕ပါလိမ့္မယ္။ အခ်စ္ေရးကိစၥေတြမွာ နားလည္မႈေပးတဲ့ ခ်စ္သူေၾကာင့္ စိတ္ခ်မ္းသာခြင့္ရတတ္ပါ တယ္။ အိမ္ေထာင္သည္မ်ား လိင္မတူသူ တစ္စိမ္းေတြနဲ႔ နီးနီးကပ္ကပ္ ေနထိုင္ျခင္းမ်ိဳး မျပဳလုပ္သင့္ပါ။

အက်ိဳးေပးဂဏန္း ၁၊ ၅ ၊၄

အထူးေဟာ ကံျမင့္ေနသည္။

ယၾတာ အပြင့္ပါေသာ ပန္းေပါင္းစုံ ၅ မ်ိဳး ဘုရားကပ္လႉလိုက္ပါ။

၇ ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

Post a Comment

0 Comments